Elavil ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Elavil Brand Name(s): Elavil.

အသုံးပြုပုံများ

Elavil ကို ဘာအတွက်အသုံးပြုကြသလဲ

Elavil®ဟာ tricyclic အုပ်စုဝင် စိတ်ကျကုသဆေး ဖြစ်ပါတယ်။ Elavil® မှာ စိတ်ကျဝေဒနာ ခံစားရသူတွေမှာ တွေ့ရတတ်တဲ့ ဦးနှောက်တွင်း ဓာတုပစ္စည်း မညီမျှမှုတွေကို ထိန်းညှိပေးတဲ့ အစွမ်းရှိတာမို့ စိတ်ကျဝေဒနာကို ကုသရန် အသုံးပြုပါတယ်။

Elavil ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်းသောက်ပါ။ ဆေးညွှန်းစာမှ အချက်အလက်အားလုံးကို လိုက်နာပါ။ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်း၊ အချိန်ကြာကြာသောက်ခြင်း မပြုပါနဲ့။ ဝေဒနာတွေက သက်သာအောင် လေးပတ်လောက်အထိ စွဲသောက်ရနိုင်ပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပေမယ့် ဝေဒနာမသက်သာရင် ဆရာဝန်နဲ့ ပြန်လည်ပြသပါ။

Elavil® သောက်နေစဉ်မှာ ခွဲစိတ်မှုခံယူဖို့ ရှိလာရင် ဆရာဝန်ကို ကြိုပြောပါ။ ဆေးသုံးစွဲခြင်းကို ခဏလောက် ရပ်တန့်ထားဖို့ လိုအပ်ပါတယ်။ Elavil®ကို ရုတ်တရက် မဖြတ်လိုက်ပါနဲ့။ ဆေးဖြတ်လိုက်ချိန်မှာ မလိုလားအပ်တဲ့ လက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ Elavil® ကို ဘေးကင်းအောင် ဘယ်လိုရပ်တန့်ရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

Elavil ဘယ်လိုသိမ်းဆည်းရမလဲ

Elavil®ကို အခန်းအပူချိန်မှာ တိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထား ပျက်ယွင်းခြင်း မဖြစ်ရအောင် ရေချိုးခန်းတွင်း သိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်း မပြုရပါ။ Elavil®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းခြင်းမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Elavil®ကို အိမ်သာတွင်းထဲ ပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်း မလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်း ကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လို စွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Elavil အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများ စတာတွေလည်း ပါဝင်ပါတယ်။
  • Elavil®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြား ရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

လတ်တလော နှလုံးထိခိုက်ထားဖူးခြင်းရှိရင် Elavil® မသောက်သင့်ပါဘူး။ လွန်ခဲ့တဲ့ ၁၄ရက်အတါင်း MAOI အုပ်စုဝင်ဆေးကို သုံးထားဖူးရင် Elavil® ကို မသုံးသင့်ပါဘူး။ အန္တရာယ်ရှိတဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ပေါ်လာနိုင်ပါတယ်။ MAOI ဆေးအမျိုးအစားတွေကတော့ isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, tranylcypromine စတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

လူငယ်အချို့မှာ စိတ်ကျဆန့်ကျင်ဆေး စတင်သုံးချိန်မှာ သေကြောင်းကြံစည်လိုတဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ထိတွေ့သင့်ပါတယ်။ မိသားစုဝင်တွေကရော ပြုစုစောင့်ရှောက်နေသူတွေပါ လူနာရဲ့ စိတ်ပြောင်းလဲမှု အခြေအနေကို သတိပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Elavil ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Elavil®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီ ဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

Elavil®ဆေးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေ အဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Elavil ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့အင်ပျဉ်ထခြင်း၊အရေပြားပေါ်အကွက်ဖြစ်ခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှူခက်ခြင်း၊မျက်နှာနှုတ်ခမ်းလျှာလည်ချောင်းစတာတွေ ရောင်ရမ်းခြင်းများ ဖြစ်ပွားရင်အရေးပေါ် ဆေးကုသမှုခံယူပါ။

လက္ခဏာအသစ်တွေပေါ်လာရင် ပိုမို ဆိုးရွားလာခြင်းရှိရင် ဆရာဝန်ပြပါ။ ဥပမာ စိတ်ပိုင်းနှင့် အမူအကျင့်ဆိုင်ရာ ပြောင်းလဲခြင်း၊ စိတ်ပူပန်ခြင်း၊ ကြောက်လန့်ခြင်း၊ အိပ်မပျော်ခြင်း၊ တခုခုကို မလုပ်ဘဲ မနေနိုင်ခြင်း၊ တည်ငြိမ်မှု မရှိခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ ဆောက်တည်ရာမရခြင်း၊ စိတ်ဓာတ်ပိုကျဆင်းခြင်း၊ မိမိကိုယ်ကု ဒုက္ခပေးစိတ် သေကြောင်းကြံစည်စိတ်များ ပေါ်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန် ချက်ချင်းပြပါ။

  • ပုံမှန်မဟုတ်သော အတွေးများ၊ အမူအကျင့်များ
  • မူးမေ့သတိလစ်သကဲ့သို့ဖြစ်ခြင်း
  • ရင်ဘတ်အောင့်ခြင်း၊ ကြပ်ခြင်း၊ မေးရိုးနှင့် ပခုံးသို့ နာကျင်မှုပျံ့သွားခြင်း၊ ပျို့အန်ခြင်း၊ ချွေးထွက်ခြင်း
  • နှလုံးခုန်ပိုပြင်းလာခြင်း
  • စိတ်ရှုပ်ခြင်း၊ အာရုံခြောက်ခြားခြင်း
  • တက်ခြင်း
  • ဆီးသွားစဉ်နာကျင်ခြင်း၊ ဆီးသွားရခက်ခြင်း
  • ဆိုးရွားစွာ ၀မ်းချုပ်ခြင်း
  • သွေးခြေဥလွယ်၊ သွေးထွက်လွယ်ခြင်း
  • ရုတ်တရက် အားနည်းခြင်း၊ နေမကောင်းဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ပါးစပ်အနာဖြစ်ခြင်း၊ သွားဖုံးများ နီရဲရောင်ရမ်းခြင်း၊ အစာမျိုရန်ခက်ခြင်း

တွေ့ရများတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ၀မ်းချုပ်ခြင်း၊ ၀မ်းပျက်ခြင်း
  • ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း
  • ပါးစပ်နာခြင်း၊ အရသာပြောင်းခြင်း၊ လျှာမည်းခြင်း
  • အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် ပြောင်းခြင်း
  • ပုံမှန်ထက် ဆီးသွားနည်းခြင်း
  • ယားယံခြင်း၊ အရေပြားအကွက်ဖြစ်ခြင်း
  • ရင်သားများ ရောင်ရမ်းခြင်း (အမျိုးသားများရော အမျိုးသမီးများပါ)

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရချိန်မှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Elavil နဲ့ ဓာတ်ပြုနိုင်သလဲ

Elavil®ဟာ သင်ယခု သောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်း လုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲ သောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကို ပြောင်းလဲခြင်းများ မပြုလုပ်ရပါ။

အောက်ပါဆေးဝါးများဟာ Citalopram နဲ့ ဓာတ်ပြုမှု ရှိပါတယ်။

  • အခြားစိတ်ကျကုသဆေးများ
  • Cimetidine
  • flecainide, propafenone, quinidine နှင့် နှလုံးခုန်ခြင်းအပေါ် သက်ရောက်သော အခြားဆေးများ
  • စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ကုသသောဆေးများ

အစားအသောက်တွေနဲ့ အရက်က Elavil နဲ့ ဓာတ်ပြုနိုင်သလား

Elavil®ဟာ အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိ မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Elavil နဲ့ ဓာတ်ပြုနိုင်သလဲ

Elavil®ဟာ သင့်ကျန်းမာရေး အခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါရောဂါများရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • စိတ်ကြွစိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျား ရောဂါ
  • စိတ်ပိုင်းဆိုင်ရာ ရောဂါရာဇ၀င်ရှိခြင်း
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ တက်ခြင်း ရောဂါရာဇ၀င်ရှိသူများ
  • ဆီးချို
  • ရေတိမ်
  • ဆီးသွားရခက်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Elavil ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပြင်ပလူနာများ

  • ပုံမှန်ပမာဏ။ တရက်လျှင် ၇၅ မီလီဂရမ် သောက်ဆေးအနေဖြင့် အချိန်ခွဲသောက်ရန်၊ လိုအပ်ရင် တရက်ကို စုစုပေါင်း ၁၅၀ မီလီဂရမ်ထိ သောက်နိုင်ပါတယ်။
  • အခြားပမာဏ။ ၄၀ မှ ၁၀၀ မီလီဂရမ်ထိ အိပ်ရာဝင်ချိန်တွင် သောက်ဆေးအနေဖြင့် သောက်ရန်။ လိုအပ်ရင် ၂၅ (သို့) ၅၀ မီလီဂရမ်ထိ တိုးမြှင့်နိုင်ပြီး တရက်ကို စုစုပေါင်း ၁၅၀ မီလီဂရမ်ထိ သောက်သုံးနိုင်ပါတယ်။
  • အများဆုံးပမာဏ။ တရက်လျှင် ၁၅၀ မီလီဂရမ် သောက်ဆေးအနေဖြင့်

အတွင်းလူနာ

  • ကနဦးပမာဏ။ တရက်လျှင် ၁၀၀ မီလီဂရမ် သောက်ဆေးအနေဖြင့်
  • ဆက်လက်သောက်သုံးရမည့် ပမာဏ။ ၄၀ မှ ၁၀၀ မီလီဂရမ်ထိ အိပ်ရာဝင်ချိန်တွင် သောက်ဆေးအနေဖြင့် သောက်ရန်။
  • အများဆုံးပမာဏ။ တရက်လျှင် ၃၀၀ မီလီဂရမ် သောက်ဆေးအနေဖြင့်

သက်ကြီးပိုင်းများ စိတ်ကျခြင်းအတွက်

တခါသောက် ၁၀မီလီဂရမ်ဖြင့် တရက်လျှင် ၃ကြိမ်နှင့် ညအိပ်ရာဝင်ချိန်တွင် ၂၀ မီလီဂရမ်သောက်ရန်။

ကလေးတွေအတွက် Elavil ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ စိတ်ကျခြင်းအတွက်

အသက် ၁၂နှစ်နှင့်အထက်

တခါသောက် ၁၀မီလီဂရမ်ဖြင့် တရက်လျှင် ၃ကြိမ်နှင့် ညအိပ်ရာဝင်ချိန်တွင် ၂၀ မီလီဂရမ်သောက်ရန်။

Elavil ကိုဘယ်လိုရရှိနိုင်သလဲ

Elavil®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်

  • ဆေးပြားများ။ suvorexant မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့အခြေအနေများမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Elavil®ဆေးကို သောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံး သုံးစွဲပါ။ ဒါပေမယ့် နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကို ကျော်ပြီးပုံမှန်အချိန်မှာသာ သုံးစွဲပါ။ ဆေးပမာဏကို နှစ်ဆတိုးသုံးစွဲခြင်း မလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 21, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။