Generic Name: Ecazide (အီကာဇစ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ecazide (အီကာဇစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ECAZIDE(အီကာဇစ်) သည် captopril နှင့် hydrochlorothiazide ပေါင်းထားသောဆေးဖြစ်ပြီး သွေးတိုးသမားများတွင် အများဆုံးသုံးသော ဆေးအမျိုးအစားဖြစ်သည်။

ထို့ပြင် အခြားသောရောဂါ အခြေအနေများတွင်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း အသုံးပြုနိုင်ပါသည်။

Ecazide (အီကာဇစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ECAZIDE(အီကာဇစ်)ကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း သို့မဟုတ်

သောက်ဆေးများကို ဆေးဘူးပေါ်တွင် ညွှန်ကြားထားသည့် အတိုင်းသောက်သင့်ပါသည်။

ဆေးကို အစာမစားမီ ၁ နာရီအလိုတွင် သို့မဟုတ် အစာနှင့်ခြားပြီး သောက်ပါ။

ယခုဆေးသည် စသောက်သည့်အချိန်တွင် ဆီးမကြာခဏသွားရခြင်း၊ ဆီးများခြင်းကို ဖြစ်စေသည့်အတွက် သင့်ကို အိပ်ရေးပျက်စေနိုင်ပါသည်။ ထို့ကြောင့် ညနေ ၆နာရီမတိုင်မီတွင် သောက်သင့်ပါသည်။ ဆေးကို အချိန်မှန်မှန်သောက်ခြင်းက ပိုထိရောက်စေပါသည်။ သင်သည် နေမကောင်းမဖြစ်လည်း ဆေးကို မပျက်မကွက် ဆက်သောက်ရမည်ဖြစ်ပါသည်။

သိလိုသည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

Ecazide (အီကာဇစ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

ECAZIDE(အီကာဇစ်)

ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ ECAZIDE(အီကာဇစ်)

ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ ECAZIDE(အီကာဇစ်)

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

ECAZIDE(အီကာဇစ်) ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

ECAZIDE(အီကာဇစ်)

 ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ecazide (အီကာဇစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • ECAZIDE(အီကာဇစ်)

ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်၊ sulfonamide ဆေးများ(sulfamethoxazole)  နှင့် ဓာတ်မတည့်လျှင်၊ ACE inhibitor ဆေးများ (enalapril).နှင့် ဓာတ်မတည့်လျှင်

  • ယခင်က ACE inhibitor ဆေးများနှင့် ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)ဖြစ်ဖူးလျှင်
  • ကိုယ်ဝန်ရှိလျှင်
  • ဆီးမသွားနိုင်လျှင်
  • ကျောက်ကပ်ဆေးနေလျှင်၊ ကျောက်ကပ်တုများဖြင့် ကုသနေရလျှင်၊ ခွဲစိတ်ရန်၊ မေ့ဆေးပေးရန် စီစဉ်ထားလျှင်
  • ပျားတုတ်ခံရခြင်း စသည်တို့ကြောင့် ကုသမှုများခံယူနေရလျှင်
  • မကြာသေးမီက အချို့သော အာရုံကြောဆိုင်ရာ ခွဲစိတ်မှုများ ခံယူထားလျှင်

ထို့ပြင် အောက်ပါတို့သည် Ecazide နှင့် ပတ်သက်ပြီး သင်သိထားသင့်သော အချက်များဖြစ်ပါသည်။

  • Ecazide သည်မူးဝေခြင်း၊ မိုက်ခနဲဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင် အရက်သောက်သူများ၊ ရာသီဥတုပူခြင်း၊ လေ့ကျင့်ခန်းလုပ်သူများ၊ အဖျားရှိသူများတွင် ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။
  • ထိုသို့မဖြစ်အောင် အထိုင်အထကို ဖြေးဖြေးလုပ်ပါ။ အထူးသဖြင့် မနက်ပိုင်းတွင် ပိုဂရုစိုက်ပါ။ ခေါင်းမူးခြင်း၊ ရိတ်ခနဲဖြစ်ခြင်းများဖြစ်လာပါက ထိုင်ချလိုက်ခြင်း၊ လှဲလျောင်းနေခြင်းတို့ပြုလုပ်ပါ။
  • ထို့ကြောင့် ဆေးသောက်နေစဉ် စက်ယန္တရားများနှင့် လုပ်ဆောင်ခြင်း၊ တာဝန်များကို ထမ်းဆောင်ခြင်း၊ ကားမောင်းခြင်းများသည် စိတ်မချရပါ။
  • အထက်ပါအတိုင်း ခေါင်းမူးခြင်း၊မိုက်ခနဲဖြစ်ခြင်းတို့ဖြစ်လာလျှင် ဆရာဝန်ထံချက်ချင်းဆက်သွယ်ပါ။ ၀မ်းလျှောခြင်း၊ အန်ခြင်း၊ ချွေးထွက်များခြင်း ၊ ရေဓာတ်မပြည့်ဝခြင်း ၊ ကိုယ်ထဲတွင် ဆားဓာတ် (ဆိုဒီယံ)နည်းခြင်းတို့ဖြစ်လျှင် ဆေးဒဏ်ကို ပိုခံရနိုင်ပါသည်။
  • Ecazide ၏ ဆေးအာနိသင်ကို အပြည့်အ၀ရရန် ၆ ပတ်မှ ၈ ပတ်အထိကြာပါသည်။ ထို့ကြောင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးရပ်ခြင်း၊ အခြားဆေးပြောင်းသောက်ခြင်းများ မပြုလုပ်ရပါ။
  • ခွဲစိတ်မှုများ၊ အရေးပေါ်ကုသမှုများ၊ သွားနှင့် ခံတွင်းကုသမှုများမခံယူမီတွင် ဆေးသောက်နေကြောင်း ဆရာဝန်အားပြောပြထားရမည်။
  • Ecazide တွင် ပါဝင်သော sulfonamide , hydrochlorothiazide သည် အချို့သော မျက်လုံးရောဂါများကို ဖြစ်စေသည်။(ဥပမာ အဝေးမှုန်ခြင်း၊ ရေတိမ်ဖြစ်ခြင်း)
  • အထူးသဖြင့် သင်သည် sulfonamide ဆေးများ(sulfamethoxazole)  နှင့် ဓာတ်မတည့်လျှင်၊ penicillin ( amoxicillin).နှင့် ဓာတ်မတည့်လျှင် ဆေး၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေများပါသည်။ မျက်လုံးရေတိမ်ဖြစ်ခြင်းသည် ဆေးစသောက်ပြီး နာရီပိုင်းမှ ရက်သတ္တပတ်အချို့အတွင်းစဖြစ်ပြီး ယင်းကို မကုဘဲထားပါက မျက်စိလုံးဝကွယ်သွားနိုင်ပါသည်။ ထို့ကြောင့် ဆေးသောက်ပြီး အမြင်မကြည်လင်ခြင်းများကို ခံစားလာရပါက ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ရမည်ဖြစ်ပါသည်။
  • ဆရာဝန်က သင့်ကို ပိုတက်ဆီယံဆေးများတိုက်ထားလျှင် ဆရာဝန်ညွှန်ကြားသည့်ဆေးပမာဏအတိုင်းသောက်ပါ။ Ecazide ကိုသောက်နေစဉ် ပိုတက်ဆီယံဓာတ်များသော အစားအစာများပိုစားခြင်း၊ ဆေးပိုသောက်ခြင်းများ မပြုလုပ်ရပါ။
  • Ecazide သည် ချောင်ခြောက်ဆိုးခြင်းကိုဖြစ်စေနိုင်ပါသည်။ ဆေးရပ်လိုက်လျှင် ပျောက်သွားမည်ဖြစ်ပါသည်။
  • Ecazide သည် နေနှင့်ထိလျှင် ဓာတ်ပြုမှုများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆေးသောက်ထားစဉ် နေရာင်နှင့် ထိတွေ့ခြင်း၊ နေပူစာလှုံခြင်းများရှောင်ကျဉ်ပါ။ နေပူထဲသို့ အချိန်ကြာမြင့်စွာ ထွက်ရမည်ဆိုပါက လုံခြုံသော အ၀တ်အစားများဝတ်ခြင်း၊ နေရောင်ကာခရင်မ်များ လိမ်းခြင်းပြုလုပ်ပါ။
  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း များခံစားရပါက ဆရာဝန်နှင့် ချက်ချင်းပြသရမည်ဖြစ်သည်။

(အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)

  • Ecazideသည် ကိုယ်ခန္ဓာ၏ ရောဂါများကို တိုက်ဖျက်နိုင်စွမ်းကိုလျော့နည်းစေပါသည်။ ထို့ကြောင့် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါများရှိသူများတွင် ဘေးထိုးဆိုးကျိုးများပိုခံစားရခြင်းကြောင့် ဆေးသောက်ရင်း ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အနီကွက်များ ပေါ်လာခြင်းဖြစ်ပါက ဆရာဝန်အား ချက်ချင်းပြသပါ။
  • သို့သော် Ecazideသည် လူမည်းများတွင် ဆိုးကျိုးနည်းပါသည်။ ရောဂါသက်သာလာခြင်းမ၇ှိခြင်း၊ ပိုဆိုးလာခြင်းများ၇ှိပါက ဆရာဝန်အား ချက်ချင်းပြသပါ။
  • သင့်တွင် သွေးတိုးရောဂါရှိပါက ဆရာဝန်မညွှန်ကြားထားသောဆေးများကို မသောက်ပါနှင့် ။ ဥပမာ- ဓာတ်စာများ၊ အအေးစာများမှီဝဲခြင်း မပြုလုပ်သင့်ပါ။ တိကျစွာသိလိုသော် ဆရာဝန်နှင့် တိုင်ပင်ပါ။
  • ဆီးချိုသမားများသည် Ecazide ကိုသောက်နေစဉ်တွင် သွေးတွင်းရှိ အချိုဓာတ်များ အပြောင်းအလဲဖြစ်နိုင် ပြီး ဆီးစစ်ခြင်း၊ ကီတုန်းစစ်ခြင်းအဖြေများမှားယွင်ခြင်းများဖြစ်နိုင်သောကြောင့် သင်သည် ဆီးချိုရောဂါ ရှိပါက ဆေးသောက်နေစဉ်အတွင်း သွေးတွင်းရှိ အချိုဓာတ်များ အပြောင်းအလဲဖြစ်လာလျှင် ဆရာဝန်အားပြောပါ။ သွေးထဲတွင် အချိုဓာတ်များခြင်း၏ လက္ခဏာများမှာ စိတ်အာရုံများ ရှုပ်ထွေးခြင်း၊ မူးဝေခြင်း၊ ထိုင်းမှိုင်းခြင်း၊ရေဆာခြင်း၊ မျက်နှာနီလာခြင်း၊ အသက်ရှုမြန်ခြင်း၊ ခံတွင်းနံ့သည် စိမ်းရွှင်ရွှင်ဖြစ်လာခြင်း စသည်တို့ဖြစ်ပြီး ယင်းတို့ခံစားရပါက ဆရာဝန်ထံ ချက်ချင်းသွားပြပါ။
  • Ecazide သည် ဓာတ်ခွဲစမ်းသပ်မှု အဖြေများကို မှားစေနိုင်သောကြောင့်ဆေးသောက်နေလျှင် ဓာတ်ခွဲပညာရှင်အား ကြိုပြောထားပါ။
  • သွေးပေါင်တိုင်းခြင်း၊ သွေးထဲရှိ ပိုတက်ဆီယံနှင့် အခြားသော ဓာတ်များကို စစ်ခြင်း၊ ကျောက်ကပ်ဆေးစစ်ခြင်း၊ ဆီးစစ်ခြင်း စသည့်ရလဒ်များသည် Ecazide သောက်နေစဉ်တွင် မှားယွင်းနေနိုင်ပါသည်။ ထိုဓာတ်ခွဲစမ်းသပ်မှုများကို ပြုလုပ်နေစဉ် သင့်အခြေအနေနှင့် ဘေးထွက်ဆိုးကျိုးများကို စောင့်ကြည့်နေရပါမည်။
  • Ecazide သည် ကလေးများတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် အတွက် ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ecazide (အီကာဇစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်  C     (ကိုယ်ဝန် အစောပိုင်း ၃ လခန့်အထိ)   နှင့်  ထိခိုက်နိုင်ချေအဆင့်  D   (ကိုယ်ဝန် အစောပိုင်း ၃ လနောက်ပိုင်းကာလများတွင်)  ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ecazide (အီကာဇစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့သည် မခံမရပ်နိုင်အောင် ပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

  • ချောင်းဆိုးခြင်း
  • အထိုင်အထပြုလုပ်ချိန်တွင် မူးမိုက်ခြင်း
  • ခံတွင်းပျက်ခြင်း

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ခြေလက်များ ထုံခြင်း၊ ကျဉ်ခြင်း၊ မီးစနှင့် ထိုးသလို နာခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • စိတ်အာရုံ ရှုပ်ထွေးခြင်း
  • ဆီးနည်းသွားခြင်း
  • စိတ်ကျရောဂါဖြစ်ခြင်း
  • ထိုင်းမှိုင်းခြင်း
  • မျက်လုံးများ နာကျင်ခြင်း
  • မူးခနဲမိုက်ခနဲဖြစ်သွားခြင်း
  • ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ အာသီးရောင်ခြင်းများ မသက်သာခြင်း
  • အဆစ်များ နာကျင်ခြင်း
  • ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း
  • ခြေ၊ လက်များ ထုံကျဉ်ခြင်း
  • ခြေ၊လက် တစ်ဖက် အားနည်းခြင်း
  • အရေပြားများ နီခြင်း၊ ရောင်ခြင်း၊ အဖတ်များ ကွာကျခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • တက်ခြင်း
  • ခေါင်းတောက်လျှောက်မူးနေခြင်း၊ ပြင်းထန်စွာမူးခြင်း
  • ပျို့ခြင်း၊ အန်ခြင်းများ ပြင်းထန်စွာ အဆက်မပြတ်ဖြစ်ခြင်း
  • အသက်ရှုမြန်ခြင်း
  • နှလုံးခုန်မမှန်ခြင်း
  • စကားပြောလျှင် ဗလုံးဗထွေးဖြစ်လာခြင်း
  • ဗိုက်အောင့်ခြင်း
  • ရုတ်တရက် ခေါင်းကိုက်ခြင်း၊ အန်ခြင်း
  • ခြေ၊ လက်များ ဖောရောင်ခြင်း
  • အသည်းကျွမ်း လက္ခဏာများ ခံစားရခြင်း (ဆီးအရောင်မဲခြင်း၊ ၀မ်းအရောင်ဖော့ခြင်း၊ ခံတွင်းပျက်ခြင်း၊ အရေပြားနှင့် မျက်လုံးများ ၀ါခြင်း)
  • သွေးခြေဥလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း
  • အာခေါင်ခြောက်ခြင်း
  • ရေဆာခြင်း
  • ပုံမှန်ထက် မောပန်းခြင်း၊ အားနည်းခြင်း
  • မျက်စိ အမြင် မကြည်လင်ခြင်း၊ ၀ါးခြင်း တို့ဖြစ်ပါသည်။

(ယေဘူယျအသိပေးချက် –ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Ecazide (အီကာဇစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ECAZIDE(အီကာဇစ်)

ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။ ECAZIDE(အီကာဇစ်) နှင့် ဓာတ်ပြုနိုင်သောဆေးများမှာ အောက်ပါတို့ဖြစ်ပါသည်။

  • နှလုံးခုန်နှုန်းများကို မူမမှန်ဖြစ်စေနိုင်သော Digoxin, dofetilide, ketanserin ဆေးများ
  • Eplerenone ,ပိုတက်ဆီယမ်ဓာတ်ဆေးများ၊ ပိုတက်ဆီယမ်ဓာတ်မျှအောင်လုပ်ပေးသော ဆီးဆေးများ (triamterene), ပိုတက်ဆီယမ် သို့မဟုတ် trimethoprim ပါဝင်သော ဆေးများ စသည်တို့သည် သွေးတိုးကို ပိုဆိုးစေပါသည်။
  • Everolimus ,sirolimus ဆေးများသည် ဓာတ်မတည့်ခြင်းကြောင့် ရောင်ရမ်းမှုများ ပိုဖြစ်စေပါသည်။
  • Aliskiren , angiotensin receptor blockers (ARBs) ( losartan) ဆေးများသည် ကျောက်ကပ်ကို ထိခိုက်ခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်များခြင်းတို့ကို ဖြစ်စေပါသည်။
  • ရွှေပါဝင်သော ဆေးများ (e.g., sodium aurothiomalate)သည် မျက်နှာနီခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ သွေးပေါင်ကျခြင်းကို ဖြစ်စေပါသည်။
  • ACTH ဟော်မုန်းဆေးများ ၊ amphotericin B ၊ barbiturates (phenobarbital) ၊ beta-blockers  propranolol) ၊ ကယ်လ်ဆီယမ်အားဆေးများ ၊ စတီးရွိုက်အရောင်ကျဆေးများ (prednisone)၊ monoamine oxidase inhibitors (MAOIs) (phenelzine) ၊ ဆီးဆေးများ( furosemide)၊ dextran sulfate ၊ diazoxide ၊ အနာပျောက်ဆေးများ( codeine, fentanyl, morphine) ၊ နိုက်တရိတ် သွေးပေါင်ကျဆေးများ ( nitroglycerin)နှင့် အခြားသော သွေးပေါင်ကျဆေးများနှင့် တွဲလျှင် ဘေးထွက်ဆိုးကျိုးများ ပိုဖြစ်စေပါသည်။
  • NSAIDs အနာပျောက်ဆေး၊ အရောင်ကျဆေးများ ( celecoxib, ibuprofen, indomethacin) သည် Ecazide၏ အာနိသင်ကို လျော့နည်းစေပြီး ကျောက်ကပ်ကို ပိုထိခိုက်စေပါသည်။
  • Cholestyramine, colestipol, salicylates ( aspirin) ဆေးများသည် Ecazide၏ အာနိသင်ကို လျော့နည်းစေပါသည်။
  • လစ်သီယမ်၊ သိုင်ရိုပျူရင်း (azathioprine)ဆေးများသည် Ecazide ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • သွေးကျဲဆေးများ (e.g., warfarin)၊ အင်နူလင် သို့မဟုတ်အခြားသော ဆီးချိုဆေးများ(e.g., glyburide) ၊ methenamine ၊ probenecid ၊ sulfinpyrazone စသည့်ဆေးများသည် Ecazide၏ အာနိသင်ကို လျော့နည်းစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Ecazide (အီကာဇစ်) နဲ့ ဓာတ်ပြုနိုင်သလား

ECAZIDE(အီကာဇစ်) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ecazide (အီကာဇစ်) နဲ့ ဓာတ်ပြုနိုင်သလဲ

ECAZIDE(အီကာဇစ်)

ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ Ecazide ကိုသုံးသင့်ပါသည်။

  • ဓာတ်မတည့်ခြင်းကြောင့် ရောင်ရမ်းမှုများဖြစ်ဖူးလျှင်
  • ရိုးတွင်းချဉ်ဆီရောဂါများရှိလျှင်
  • နှလုံးနှင့် ဦးနှောက်သွေးကြောရောဂါများရှိလျှင်
  • ကျောက်ကပ်ရောဂါများ (ကျောက်ကပ် သွေးကြောကျဉ်းခြင်း)
  • ကျောက်ကပ်အစားထိုးထားခြင်း
  • နှလုံးလုပ်ဆောင်ရည်ကျဆင်းခြင်း
  • အသည်းရောဂါများ
  • ဆီးချိုရောဂါ
  • ပါရာသိုင်းရွိုက်ဂလင်းရောဂါ
  • သွေးထဲတွင် ကယ်လ်ဆီယံ။ မဂ္ဂနီဆီယမ်၊ ကလိုရိုက်ဓာတ်များ မူမမှန်ခြင်း
  • ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့် ဖြစ်သောရောဂါများ (အဆစ်ရောင်ခြင်း၊အရေပြားရောဂါဖြစ်ခြင်း)
  • ဂေါက်ရောဂါ
  • ပန်းနာရင်ကျပ်ရောဂါ
  • သွေးတွင်း အဆီဓာတ်များခြင်း
  • ရေဓာတ်ခမ်းခြောက်ခြင်း
  • သွေးထဲတွင် ပိုတက်ဆီယမ်ဓာတ်များခြင်း
  • သွေးအားနည်းခြင်း
  • သွေးထဲတွင် ဆိုဒီယမ် ဆားဓာတ်နည်းခြင်း
  • ဆိုဒီယမ် ဆားဓာတ်နည်းသော အစားအစာများစားခြင်း တို့ဖြစ်ပါသည်။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ecazide (အီကာဇစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စသောက်ရမည့် ပမာဏမှာ Captopril 25 mg နှင့် Hydrochlorothiazide 15 mg ဖြစ်ပြီး တနေ့တွင် အများဆုံးသောက်ရမည့် ပမာဏမှာ Captopril 150 mg နှင့် Hydrochlorothiazide 50 mg ဖြစ်ပါသည်။

၆ ပတ်အတွင်း လူနာ၏ရောဂါ အခြေအနေတိုးတက်မှုအပေါ် မူတည်ပြီး ဆေးပမာဏ အတိုးအလျှော့ ကွာခြားပါသည်။

ဆေး၏ မလိုအပ်သော ဘေးထွက် ဆိုးကျိုးများကို လျှော့ချရန်အတွက် လူနာသည် သွေးတိုးကျဆေး တစ်မျိုးတည်းနှင့် မတိုးမှသာ နှစ်မျိုးပေါင်းသောက်သင့်ပါသည်။

  • ကျောက်ကပ်ရောဂါ

CrCl သည် 30 ml/min ထက်များလျှင် ဆေးပမာဏ ညှိရန်မလိုပါ။

CrCl သည် 30 ml/min ထက်နည်းလျှင် ဆေးပမာဏကို ထောက်ခံချက်များ မဖော်ပြထားပါ။

ကလေးတွေအတွက် Ecazide (အီကာဇစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Ecazide (အီကာဇစ်) ကိုဘယ်လိုရရှိနိုင်သလဲ

ECAZIDE(အီကာဇစ်)

 ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Captopril 50 mg နှင့် Hydrochlorothiazide 25 mg ပါဝင်သော ECAZIDE(အီကာဇစ်) ဆေးပြား

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ECAZIDE(အီကာဇစ်)

 ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 16, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 16, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ