backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Duralyn Cr (ဒူရာလင်း စီအာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Duralyn Cr (ဒူရာလင်း စီအာ) ကို ဘာအတွက်အသုံးပြုကြသလဲ

duralyn CR(theophylline) ကို အများအားဖြင့် ပန်းနာရင်ကျပ်ဝေဒနာသည်များတွင် အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်းနှင့် အဆုတ်တွင် လေအိတ်ငယ်များဖြစ်ခြင်းကြောင့် ရုတ်တရက် မောကျပ်ခြင်းကို ကာကွယ်ရန်နှင့် ကုသရန် အသုံးပြုပါသည်။

duralyn CR(theophylline) ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

  • duralyn CR ကို မဝါးပါနှင့်။ မချေပါနှင့်။ ဆေးတောင့် တစ်တောင့်လုံးကို ရေဖြင့် မြိုချပါ။ ဆေးကို အစာစားချိန်အပြီးတွင် သောက်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
  • သို့သော် အချို့သော အစားအစာများသည် ဆေး၏ အာနိသင်ကို ပြောင်းလဲစေနိုင်သောကြောင့် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။
  • ဆရာဝန်မညွှန်ကြားဘဲနှင့် အစားအသောက်ပုံစံများကို ပြောင်းလဲခြင်း မပြုရပါ။
  • duralyn CR ကို အချိန်မှန်မှန် ခြားပြီးသောက်ရပါမည်။ သူ့အချိန်နှင့် အသူမှန်မှန်သောက်လျှင် အကောင်းဆုံး ဖြစ်ပါသည်။
  • မရှင်းလင်းသည်များရှိလျှင် ဆရာဝန်သို့မဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများနှင့် တိုင်ပင်သင့်ပါသည်။

duralyn CR(theophylline) ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

duralyn CR(theophylline) ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ duralyn CR(theophylline) ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ duralyn CR(theophylline) ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

duralyn CR(theophylline) ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

duralyn CR(theophylline) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Duralyn Cr (ဒူရာလင်း စီအာ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

duralyn CR(theophylline) မသောက်ခင် အောက်ပါအချက်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

  • မိမိတွင်ကိုယ်ဝန်ရှိလျှင် သို့မဟုတ် နို့တိုက်သောမိခင်ဖြစ်လျှင်
  • သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ရှိလျှင်
  • မိမိတွင် အခြားသောဆေးများ၊ အစားအစာ၊ တာရှည်ခံ ပစ္စည်းများ၊ ဆိုးဆေးများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်

အောက်ပါ အခြေအနေများတွင် duralyn CR ကိုလုံး၀ မသုံးရပါ။

  • Xanthine အမျိုးအစားဆေးများနှင့် ဓါတ်မတည့်လျှင်
  • အစာအိမ် အနာဖြစ်လျှင်
  • အတက်ရောဂါကြောင့် အတက်ပျောက်ဆေးများ သောက်နေလျှင်

ရုတ်တရက် အမောထဖောက်ခြင်းမျိုးဖြစ်ခဲ့လျှင် ပုံမှန်သုံးနေကျဆေးများနှင့် မလုံလောက်ပါ။ Theophylline သောက်ဆေး တစ်မျိုးတည်းဖြင့်လည်း မလုံလောက်ပါ။ အရေးပေါ်ဆေးကုသမှု ခံယူရမည့် အခြေအနေဖြစ်ပါသည်။

Theophylline သည်နှလုံးခုန် စည်းချက်မမှန်ခြင်း၊ ပိုဆိုးသွားစေခြင်းတို့ကို ဖြစ်စေပါသည်။ ထို့ကြောင့် Theophylline သောက်နေစဉ်တွင် နှလုံးခုန်နှုန်းနှင့် စည်းချက်များကို ဂရုပြုစောင့်ကြည့်သင့်ပါသည်။

Theophylline ကို အခြားသော xanthines ဆေးများနှင့် တွဲမပေးသင့်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Duralyn Cr (ဒူရာလင်း စီအာ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့သည် မခံမရပ်နိုင်အောင် ပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

  • ပျို့ခြင်း
  • အန်ခြင်း
  • ရင်ညွန့်အောင့်ခြင်း
  • ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • အိပ်မပျော်ခြင်း
  • ကြွက်သားများ တုန်ခြင်း
  • ကြွက်သားများ တောင့်တင်းပြီး တက်ခြင်း
  • ရင်တုန်ခြင်း
  • နှလုံးခုန်မြန်ခြင်း
  • နှလုံးခုန်စည်းချက်များ ပိုနေခြင်း
  • မျက်နှာ နီနေခြင်း
  • သွေးပေါင်ကျခြင်း
  • နှလုံးအောက်ခန်း စည်းချက်မမှန်ခြင်း
  • မောခြင်း
  • ဆီးအသွားများခြင်း
  • ဆံပင်ကျွတ်ပြီး ထိပ်ပြောင်ခြင်း
  • အနီကွက်များဖြစ်ခြင်းတို့ ဖြစ်ပါသည်။

အခြားသောဘေးထွက်ဆိုးကျိုးများစွာရှိနိုင်ပါသေးသည်။ duralyn CR(theophylline) သောက်သူတိုင်း ထိုဘေးထွက်ဆိုးကျိုးများခံစားရသည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်သည်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Duralyn Cr (ဒူရာလင်း စီအာ) နဲ့ ဓါတ်ပြုနိုင်သလဲ

duralyn CR(theophylline) သည် မိမိယခုလက်ရှိသောက်သုံးနေသော ဆေးဝါးများ၏ အာနိသင်များပြောင်းလဲသွားနိုင်ပြီး ဘေးထွက်ဆိုးကျိုးများကိုလည်းပိုဆိုးစေနိုင်ပါသည်။

ထို့ကြောင့်ဖြစ်နိုင်ခြေရှိသော ဓါတ်မတည့်မှုများကိုလျှော့ချရန် သင်သောက်နေသော ဆေးများ (ဆေးညွှန်းပါ/မပါသောဆေးများ၊တိုင်းရင်းဆေးများ)ကိုစာရင်းလုပ်ပြီး ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်၏ ခွင့်ပြုချက်မပါဘဲ ဆေးများကိုမိမိသဘောနှင့်အတိုးအလျှော့ပြုခြင်း၊ ဆေးဖြတ်လိုက်ခြင်းတို့ မပြုလုပ်ရပါ။ အောက်ပါဆေးများသည် duralyn CR နှင့် ဓါတ်ပြုနိုင်သောဆေးများဖြစ်ပါသည်။

  • Aminoglutethimide, barbiturates (e.g., phenobarbital), carbamazepine, hydantoins (e.g., phenytoin), isoproterenol, moricizine, rifampin, St. John’s wort, sulfinpyrazone စသည့် ဆေးများသည် duralyn CR ၏ အာနိသင်ကို နည်းစေပါသည်။
  • Allopurinol, beta-blockers (e.g., propranolol), cimetidine, disulfiram, enoxacin, estrogen, febuxostat, fluvoxamine, interferon alpha, macrolide အမျိုးအစားပိုးသတ်ဆေးများ(e.g., clarithromycin, erythromycin), methotrexate, mexiletine, ကိုယ်ဝန်တားဆေးသောက်ဆေးများ, pentoxifylline, propafenone, quinolone အမျိုးအစားပိုးသတ်ဆေးများ(e.g., ciprofloxacin), tacrine, thiabendazole, ticlopidine, troleandomycin, verapamil, viloxazine, or zileuton ဆေးများသည် duralyn CR ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • Ephedrine သည် duralyn CR ၏ဘေးထွက်ဆိုးကျိုးများ ဖြစ်သော ပျို့ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အိပ်မပျေြာ်ခင်း တို့ကို ပိုဆိုးစေပါသည်။
  • Halothane သည် duralyn CR ၏ဘေးထွက်ဆိုးကျိုးများ ဖြစ်သော နှလုံးခုန် မမှန်ခြင်းကို ပိုဆိုးစေပါသည်။
  • Ketamine သည် အတက်ရောဂါကို ဖြစ်နိုင်ချေပိုများစေပါသည်။
  • Adenosine, benzodiazepines အိပ်ဆေးများ (e.g., diazepam, flurazepam, lorazepam, midazolam), dipyridamole အကြောထိုးဆေး
  • lithium, ကြွက်သားများကို ပြေလျော့စေသောဆေးများ

    (e.g., pancuronium) ဆေးများသည် duralyn CR ၏ အာနိသင်ကို နည်းစေပါသည်။

    အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက duralyn CR(theophylline) နဲ့ ဓါတ်ပြုနိုင်ပါသလား။

    duralyn CR(theophylline) က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အသည်းကို ပို၍အဆိပ်အတောက်ဖြစ်စေပါသည်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေ ရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    duralyn CR(theophylline) သည်မည်သည့်ရောဂါအမျိုးအစားများနှင့်ဓါတ်ပြုနိုင်ပါသနည်း။

    duralyn CR(theophylline) ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြးီပါတယ်။

    အထူးသဖြင့်သင့်မှာ

    • နှလုံးရောဂါ ဖြစ်ဖူးခြင်း(နှလုံး အလုပ်မလုပ်ခြင်း၊ အဆုတ်ကြောင့် နှလုံးကြီးခြင်း)
    • နှလုံးခုန် မမှန်ခြင်း
    • အသည်းရောဂါ(အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း)
    • ဗိုင်းရပ်ရောဂါများ ကူးစက်ခြင်း
    • ကိုယ်ထဲတွင် အက်ဆစ်ဓါတ်များခြင်း
    • ဦးနှောက်နှင့် အာရုံကြော ပြသနာများ
    • တက်ခြင်း
    • သွေးလန့်ခြင်း
    • ဖျားခြင်း
    • အစာအိမ် အနာဖြစ်ခြင်း
    • ပြင်းထန်သော ကူးစက်ရောဂါများ ဖြစ်ခြင်း
    • ကိုယ်အပူချိန် လွန်ကဲခြင်း
    • သွေးတိုးခြင်း
    • နှလုံးရောဂါ
    • နှလုံး အလုပ်မလုပ်ခြင်း
    • အရက်စွဲခြင်း များ ရှိပါက ပို၍အရေးကြီးပါသည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Duralyn Cr (ဒူရာလင်း စီအာ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    သတ်မှတ်ထားသော ပမာဏမှာ ညနေ ၆ နာရီမှ ၈ နာရီအတွင်း တနေ့၁ ပြား ဖြစ်ပါသည်။

    ကလေးငယ်တွေမှာ duralyn CR(theophylline) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

    ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှု ရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှု အနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

    duralyn CR(theophylline) ကိုဘယ်လိုပုံစံမျိုးအချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

    duralyn CR(theophylline)ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံနှင့် အချိုးအစားဖြင့် ရရှိနိုင်ပါတယ်။

    • ၂၀၀ မီလီဂရမ် duralyn CR(theophylline) ဆေးတောင့်

    အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

    duralyn CR(theophylline) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement