Generic Name: Duofilm (ဂျူရိုဖင်မ်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Duofilm ကို မည့် သည့် အကြောင်းအရာများ အတွက် အသုံးပြုကြပါသလဲ။

Duofilmကို အရေပြားနှင့် ခြေဖဝါးပေါ်ရှိ ကြွက်နို့  ပျောက်ကင်းစေဖို့ အများဆုံး အသုံးပြုပါတယ်။ Salicylic acid ဟာ ကြွက်နို့ များကို တဖြည်းဖြည်း ကြွေကျစေအောင် ကူညီပေးပါတယ်။ ဒီDuofilm ဆိုတဲ့ ဆေးဟာ အသားမာတက်ခြင်းကိုလည်း ပျောက်ကင်းစေပါတယ်။ ဒါပေမယ့် မျက်နှာ ၊ မှဲ့ ၊ မွေးရာပါအမှတ်များ၊ ဆံသားနှင့် တွဲပြီး ဖြစ်တဲ့ ကြွက်နို့၊ လိင်အင်္ဂါ (သို့ ) စအို အနီးအနားမှာ ဖြစ်တဲ့ ကြွက်နို့ များမှာ အသုံးပြုလို့ မရပါ။

Salicylic acid ဟာ Keratin အလွှာကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ Aspirin(Salicylates) အုပ်စုဝင် ဖြစ်ပါတယ်။ အရေပြားပေါ်ရှိ စိုစွတ်သိပ်သည်းဆ ကို မြင့်တက်စေပြီး အရေပြားဆဲလ်နှင့် ကပ်နေတဲ့ အရာတွေကို ပျော်ဝင်စေပါတယ်။ ဒီလိုပျော်ဝင်စေခြင်းဖြင့် အရေပြားဆဲလ်များကို ကွာကျစေပါတယ်။ ကြွက်နို့ များဟာ ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်ရတာပါ။ Salicylic acidဟာ ဗိုင်းရပ်စ်ပိုးကိုတော့ သက်ရောက်မှုမရှိပါ။

 

 

Duofilm ကို ဘယ်လိုအသုံးပြု သင့်ပါသလဲ။

ထုပ်ပိုးမှုပေါ်တွင်ပါသော ညွှန်ကြားချက်များကို လိုက်နာပါ။ အသေးစိတ်သိရှိလိုပါက သင့်ရဲ့ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးဟာ အရေပြားပေါ်တွင်သာ အသုံးပြုရန် ဖြစ်ပါတယ်။ ကျိန်းစပ်ခြင်း(သို့ ) အသားလောင်ခြင်း မဖြစ်စေဖို့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ပေါင်ခြံကြား (သို့ ) အရေပြားပေါက်ပြဲနေတဲ့ နေရာများနဲ့ ထိတွေ့ မှု မရှိအောင် သတိထားပါ။ အကယ်လို့ ထိတွေ့ မှုရှိမိရင် ထိတွေ့ တဲ့နေရာကို ရေအေးအေးနဲ့ ၁၅ မိနစ်ခန့်  ဆေးပေးပါ။ ဆေးကို အသုံးပြုပြီးတိုင်း လက်ကို စင်ကြယ်စွာ ဆေးပါ။

  • ဆေးအသုံးပြုမယ့်နေရာကို စင်ကြယ်စွာ ဆေးပါ။
  • ကြွက်နို့ ကို ရေနွေးထဲမှာ ၅ မိနစ်ခန့်  စိမ်ထားပါ။
  • သေချာစွာ အခြောက်ခံပါ။
  • ကြွက်နို့ (သို့ ) အသားပို တစ်လုံးချင်းစီကို ဆေးအရည် ၁ စက်စီနှင့် သေချာစွာ လိမ်းပေးပါ။
  • ပြီးရင် အခြောက်ခံထားပါ။
  • အပေါ်မှ ပလာစတာနှင့် အုပ်ထားနိုင်ပါတယ်။
  • နေ့ စဉ် ၁ ကြိမ် (သို့ ) ၂ ကြိမ်ထိ လိုအပ်သလို (အသားပို (သို့ ) ကြွက်နို့  ကွာကျတဲ့ အထိ) ၁၂ ပတ်အထိ အသုံးပြုနိုင်ပါတယ်။

သိမ်းဆည်းနည်း

Duofilm ကို ဘယ်လိုသိုလှောင်သိမ်းဆည်း ထားသင့်ပါသလဲ။

ဆေးကို အခန်းအပူချိန်မှာ အဖုံးလုံတဲ့ ပုလင်း(သို့ ) ဘူးထဲမှာ သိမ်းဆည်းနိုင်ပါတယ်။ အပူ၊ စိုစွတ်မှု နှင့် တိုက်ရိုက်နေရောင်ခြည်နှင့် ထိရောက်မှု မရှိအောင် ထားပါ။ အေးခဲပြီးထားခြင်းကို ရှောင်ကြဉ်ပါ။

ကလေးများနှင့် ဝေးရာမှာ ထားပါ။

သက်တမ်းလွန်နေတဲ့ (သို့ ) အသုံးမလိုတော့တဲ့ ဆေးကို သိမ်းထားခြင်း မပြုပါနှင့်။

အသုံးမလိုတော့တဲ့ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့် ပစ်ရမယ် ဆိုတာနဲ့ ပတ်သက်လို့ သင်ရဲ့

ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Duofilm ကို အသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Salicylic acidကို အသုံးမပြုခင် သင့်မှာ salicylic acid နှင့် ဓာတ်မတည့်ခြင်း၊ စတီးရွိုက်မပါသော အကိုက်အခဲ ပျောက်ဆေးများ (ဥပမာ – Aspirin, Ibuprofen, Naproxen) နှင့် ဓာတ်မတည့်ခြင်း (သို့ ) အခြားသော ဓာတ်မတည့်ခြင်းများ ရှိရင် သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြပါ။ ဒီဆေးမှာ ဓာတ်မတည့်ခြင်းနှင့် အခြားသော ပြသာနာများကို ဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းများ ပါဝင်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သင့်ရဲ့ ဆေးဝါးကျွမ်းကျင် ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးကို ကလေးများနဲ့ ဖျားနာနေတဲ့ (သို့ ) အအေးမိတဲ့ လက္ခဏာရှိတဲ့ (သို့ ) ရေကျောက်ပေါက်နေတဲ့ လူငယ်တွေမှာ အသုံးမပြုသင့်ပါ။ Salicylic acidကို အသုံးပြုခြင်းဖြင့် ကလေးတွေမှာ လွန်စွာဆိုးရွားပြီး တစ်ခါတစ်လေ အသက်ပါ ဆုံးရှုံးနိုင်တဲ့ Reye’s syndrome (ဆိုးရွားပြင်းထန် ဦးနှောက်နဲ့ အသည်း ရောင်သောရောဂါ) ဆိုတာ ဖြစ်နိုင်ပါတယ်။

 

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့ တိုက်နေတဲ့ အချိန်မှာ သောက်သုံးဖို့ စိတ်ချလို့  ရပါသလား။

Duofilm သည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C အဆင့်ရှိသည် လို့ သတ်မှတ်ထားပါတယ်။ Salicylic acid လိမ်းဆေးဟာ သန္ဓေသားကို ထိခိုက်မှုရှိမရှိ မသိသေးပါ။ ကိုယ်ဝန်ဆောင်နေစဉ် ဆရာဝန်ညွှန်ကြားချက် မရှိဘဲ အသုံးမပြုပါနှင့်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

မိခင်နို့ ရည်ထဲ မှာ ဆေးပျော်ဝင်မှုရှိမရှိ (သို့ ) နို့ စို့ နေတဲ့ကလေးကို ထိခိုက်မှုရှိမရှိကို ထုတ်ပြန်ထားခြင်း မရှိပါ။ ကလေးနို့ တိုက်နေစဉ် ဆရာဝန်ညွှန်ကြားချက် မရှိဘဲ အသုံးမပြုပါနှင့်။

 

 

ဘေးထွက်ဆိုးကျိုးများ

Duofilm က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ။

အရေပြား အနည်းငယ် ပူစပ်ပူလောင်ဖြစ်ခြင်း၊ နီလာခြင်း နှင့် အရေပြား ကွာခြင်း တို့ ဖြစ်နိုင်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများ ပိုမိုဆိုးရွားလာရင် တော့ သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်ဆီမှာ ချက်ချင်းသွားရောက် ပြသပါ။

သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့  ဆေးကို အသုံးပြုတာ ဆိုရင်တော့ ဆေးမပေးခင်ကတည်းက ဆရာဝန်မှာ ဆေးရဲ့ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆပြီးဖြစ်ပါတယ်။ အများစု အသုံးပြုသူများမှာ ဆိုးရွားလွန်းတဲ့ ဘေးထွက်ဆိုးကျိုးများကို မခံစားရပါ။

ဖြစ်ခဲသော ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးများ (ဥပမာ – ဆေးလိမ်းထားသော နေရာတွင် အရေပြားနီခြင်း ပျံ့ နှံ့ သွားခြင်း၊ ရောဂါပိုးဝင်သော လက္ခဏာများရှိခြင်း (ပြည် (သို့ ) နို့ ရည်ကဲ့သို့ အရည်များ (သို့ ) သွေးထွက်ခြင်း) နှင့် ဆေးလိမ်းထားသော နေရာတွင် အနာဖြစ်ခြင်း) ဖြစ်ခဲ့ရင် သင့်ရဲ့ ဆရာဝန်နှင့် ချက်ချင်းပြသပါ။

ဒီဆေးနဲ့ ဆိုးရွားသော ဓာတ်မတည့်မှုဖြစ်ခြင်းဟာ ဖြစ်ခဲပါတယ်။ သို့ သော်လည်း ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ (အနီကွက်ထွက်ခြင်း၊ မျက်နှာ၊ လျှာနှင့် လည်ချောင်း ယားယံရောင်ရမ်းခြင်း၊ အလွန်အမင်း ခေါင်းမူးခြင်း နှင့် အသက်ရှုရခက်ခဲခြင်း) ဖြစ်ပေါ်ရင် ဆေးကုသမှုချက်ချင်းခံယူပါ။

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက သင်ရဲ့ဆရာဝန် သို့ မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Duofilm နဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်သလဲ။

ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးကိုအသုံးပြုရင် ဖြစ်နိုင်ချေရှိသော ဓာတုဓာတ်ပြုမှုများကို သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်မှာ သိရှိပြီးဖြစ်ပြီး လိုအပ်သော စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ပါတယ်။ သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်ခြင်း မရှိပဲ ဆေးဝါးတွေကို သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနှင့်။ ဖော်ပြပါ ဆေးကို အသုံးမပြုခင် အခြားသော ဆေးများကို အရေပြားပေါ်မှာ အသုံးပြုထားရင် သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြပါ။

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Duofilm နဲ့ ဓာတ်ပြုနိုင်ပါသလား။

အချို့ သော ဆေးဝါးများဟာ ဓာတုဓာတ်ပြုမှုများ ဖြစ်နိုင်တဲ့အတွက် အချို့ သော အစားအသောက်များ စားပြီးချိန်မှာ အသုံးပြုလို့ မရပါ။ အရက်သေစာ သောက်သုံးခြင်းနှင့် ဆေးရွက်ကြီး သုံးစွဲခြင်းဟာ လည်း ဓာတုဓာတ်ပြုမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင် ဆေးမသောက်မီကတည်းက အစားအသောက် (သို့ ) အရက်သေစာနှင့် ဓာတ်ပြုနိုင်ချေ ရှိမရှိကို သင့်ရဲ့ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

ဘယ်လို ကျန်းမာရေးအခြေအနေတွေက Duofilm နဲ့ သက်ရောက်ဓာတ်ပြုမှုတွေ ရှိသလဲ။

သင့်မှာ အခြားသော ရောဂါအခံများ အထူးသဖြင့်

  • အသည်း (သို့ ) ကျောက်ကပ်ရောဂါ
  • ဆီးချိုသွေးချို နှင့်
  • သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ ရှိရင် ဆေးအသုံးပြုရာမှာ စိတ်ချရမှုရှိမရှိ သင့်ရဲ့ဆရာဝန် (သို့ ) ဆေးဝါး ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင် ဆွေးနွေးပါ။

 

ဆေးအသုံးပြုရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြုံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် ဖြစ်စေ အမြဲတိုင်ပင်ဆွေးနွေးပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Duofilm ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

အသုံးပြုရသင့်တဲ့ ဆေးအချိုးအစားဟာ ရောဂါအခြေအနေ၊ ဆေးထုတ်လုပ်မှုပုံစံ နှင့် ကုသမှုရလဒ်ပေါ်မှာ မူတည်ပါတယ်။ လိုအပ်တာထက် ပမာဏနှင့် အခေါက်ရေ ပိုများပြီး ညွှန်ကြားထားတာထက် ကြာရှည်စွာ အသုံးမပြုရပါ။ ဒီလို အသုံးပြုခြင်းကြောင့် ရောဂါလက္ခဏာများ မြန်မြန်ဆန်ဆန် ပျောက်ကင်းမှာ မဟုတ်ပဲ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများသာ ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

ဆေးအချိုးအစားဟာ တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အသုံးပြုပါ။ အောက်ဖော်ပြပါ အချက်အလက်များဟာ ယေဘူယျ သုံးလေ့သုံးထရှိတဲ့ ဆေးအချိုးအစား ဖြစ်ပါတယ်။ ဆေးအချိုးအစားမတူညီပါက ဆရာဝန်ညွှန်ကြားချက် မရှိပဲ ပြောင်းလဲခြင်း မပြုရပါ။ အသုံးပြုရမယ့် ဆေးအချိုးအစားဟာ ဆေးပြင်းအားပေါ်မှာ မူတည်ပါတယ်။ ဆေးအသုံးပြုရမယ့် အခေါက်အရေ၊ တစ်ခေါက်နှင့် တစ်ခေါက်ကြား အချိန်ကွာခြားချက် နှင့် ဆေးအသုံးပြုရမယ့် ကာလ ဟာ ဖြစ်နေတဲ့ ရောဂါပေါ်မှာ မူတည်ပါတယ်။

 

ကလေးငယ်တွေမှာ Duofilm ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများအတွက် သောက်သုံးရမယ့် အချိုးအစားကို သက်သေပြထားခြင်း မရှိပါ။ သင့်ရဲ့ကလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုသော အကြောင်းအရာများကို သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ 

တိုင်ပင်ဆွေးနွေးပါ။ ဒီဆေးဟာ အသက် (၂) နှစ် အောက် ကလေးငယ်တွေမှာ အသုံးပြုလို့ မရပါ။

 

 

Duofilm ကို ဘယ်လိုပုံစံအချိုးအစားတွေနဲ့  ရရှိနိုင်သလဲ။

Duofilm ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ၁ မီလီလီတာ တွင် Salicyclic acid ၁၅၀.၂၈ မီလီဂရမ် ပါဝင်သော ပုံစံ
  • ဆေးရည် ၉.၈ မီလီလီတာ ဆေးပုလင်း အနေနှင့် ရရှိနိုင်ပါတယ်။

 

 

အရေးပေါ်အခြေအနေ သို့ မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့ မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ နီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းများတွင် သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

 

 

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Duofilm ကို အသုံးပြုဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာ အမြန်ဆုံးလိမ်းပါ။ သို့ သော်လည်း နောက်တစ်ကြိမ် လိမ်းရမယ့် အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ လိမ်းလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးအသုံးပြုတာမျိုး မလုပ်ပါနှင့်။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
ပုံစံတူသောဆောင်းပါးများ
ဝက်ခြံကုသခြင်း
ဝက်ခြံကုသခြင်း