Dulera ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Dulera Brand Name(s): Dulera.

အသုံးပြုပုံများ

Dulera ကို ဘာအတွက်အသုံးပြုကြသလဲ

Dulera® ရှူဆေးမှာformoterolနဲ့mometasoneတို့ ပေါင်းစပ်ပါဝင်ပါတယ်။ formoterolဟာရေရှည်အာနိသင် သက်ရောက်တဲ့ အဆုတ်လေပြွန်များကျယ်စေတဲ့ဆေးဖြစ်ပြီးအသက်ကောင်းကောင်း ရှူနိုင်အောင်အားပေးပါတယ်။mometasoneကတော့ စတီးရွိုက်အမျိုးအစားဖြစ်ပြီးရောင်ရမ်းမှုကိုကာကွယ်ပေးပါတယ်။

Dulera® ရှူဆေးကိုအရွယ်ရောက်ပြီးသူတွေနဲ့ အသက်၁၂နှစ်အရွယ်ကလေးငယ်တွေရဲ့ ရင်ကျပ်ပန်းနာကိုရေရှည်ထိန်းသိမ်းကုသရာမှာအသုံးပြုပါတယ်။ ရုတ်တရက်ဖြစ်တတ်တဲ့ လေပြွန်ကျဉ်းပြီးထိခိုက်မှုနဲ့ ရင်ကျပ်ပန်းနာမှာတော့ အသုံးမပြုပါဘူး။အခုဖော်ပြထားတဲ့ ဆေးပညာဆိုင်ရာလမ်းညွှန်ချက်တွေမှာမပါသေးတဲ့ အသုံးပြုမှုတွေလည်းရှိပါသေးတယ်။

Dulera ဘယ်လိုသောက်သုံးသင့်သလဲ

Dulera® ရှူဆေးကိုဘယ်လိုသုံးရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေဟာဆေးဗူးနဲ့ တခါတည်းတွဲပါတတ်ပါတယ်။ အဲဒီညွှန်ကြားချက်တွေကိုသေချာလိုက်နာပါ။ သိလိုတာတွေရှိရင် ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်သူများထံမေးမြန်းပါ။

Formoterolဟာပန်းနာရင်ကျပ်နဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေကို မြင့်မားစေနိုင်ပါတယ်။ Dulera®ကိုသု့းစွဲရင် ဆရာဝန်ညွှန်သလောက်သာသုံးပါ။ ဆရာဝန်ထောက်ခံမှုပြုထားတဲ့ ပမာဏထက် ပိုမသုံးပါနဲ့။ ဘေးကင်းစိတ်ချစွာသုံးနိုင်အောင် ညွှန်ကြားချက်များကိုလိုက်နာပါ။ တဦးချင်းသုံးစွဲရာမှာ ကြုံရမယ့် အကျိုးအပြစ်များကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

Dulera® ရှူဆေးဟာပန်းနာရင်ကျပ်ရောဂါ ထဖောက်လာရင် ကုသပေးနိုင်လောက်အောင် အာနိသင် မြန်မြန်မပြပါဘူး။ ပန်းနာရင်ကျပ် ဖောက်လာရင် လျင်မြန်စွာသက်သာစေမယ့် ရှူဆေးကိုအရင်သုံးပါ။

ယခင်သုံးနေကြဆေးတွေနဲ့ အဆင်မပြေဘူးထင်ရင် ဆေးရုံဆေးခန်းပြပြီး ဆေးဝါးကုသမှုခံယူပါ။ အရင်ကထက် ပိုပြီးအာနိသင်ကောင်းတဲ့ ဆေးတွေကိုလိုအပ်တယ်ဆိုတာပန်းနာရင်ကျပ်ဟာဆိုးရွားစွာထဖောက်လာနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

Dulera®ကိုမသုံးခင် သေချာလှုပ်ပါ။ ရှူမယ့်နေရာကအဖုံးကိုချွတ်ပါ။

ပါးစပ်အတွင်း မှိုစွဲခြင်းဖြစ်နိုင်တာကြောင့် ရှူဆေးကိုသုံးပြိး၇င် ပါးလုပ်ကျင်းပါ။ ရေကို မြိုမချပါနဲ့။

ဝေဒနာတွေသက်သာလာအောင် ၁ပတ်လောက်အထိတော့ သုံးရနိုင်ပါတယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သုံးစွဲနေရင်း ၁ပတ်ကျော်လို့ မသက်သာရင် ဆရာဝန်ပြသပါ။

စတီးရွိုက်ဆေးတွေလည်းသုံးနေရရင် Dulera®သုံးစွဲခြင်းကိုရုတ်တရက် မရပ်လိုက်ပါနဲ့။ သုံးစွဲမှုကိုဘယ်လိုလျှော့ချသွားရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ပန်းနာရင်ကျပ်ဟာ ဆေးဝါးတွေ ပေါင်းစပ်ပြီးကုသရလေ့ရှိပါတယ်။ ဆရာဝန်ပေးတဲ့ ဆေးမှန်သမျှ သုံးစွဲပါ။ တမျိုးချင်းစီအတွက် လမ်းညွှန်ချက်တွေကိုသေချာဖတ်ပါ။ ဆရာဝန်အကြံပြုတာမျိုးမဟုတ်ဘဲမိမိသဘောနဲ့ ဆေးပမာဏနဲ့ သုံစွဲချိန်ကိုပြောင်းလဲခြင်းမပြုပါနဲ့။

Dulera ဘယ်လိုသိမ်းဆည်းရမလဲ

Dulera® ရှူဆေးကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Dulera® ရှူဆေးဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Dulera® ရှူဆေးကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dulera အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများစတာတွေလည်း ပါဝင်ပါတယ်။
  • Dulera® ရှူဆေးတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

formoterol (Foradil, Perforomist, Symbicort) (သို့)mometasone (Asmanex)နဲ့ ဓာတ်မတည့်ရင် Dulera®ကိုမသုံးစွဲသင့်ပါဘူး။ Dulera®သုံးစွဲရာမှာစိတ်ချရအောင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ဖွင့်ပြောပါ။

  • ရောဂါပိုးကူးစက်မှု တခုခုရှိခြင်း
  • နှလုံးရောဂါ
  • အသည်းရောဂါ
  • အရိုးတွင်းသတ္တုဓာတ်များသိပ်သည်းမှု နည်းခြင်း
  • ရေတိမ်၊ အတွင်းတိမ်
  • အတက်ရောဂါ
  • ဆီးချို
  • အဒရီနယ်ဂလင်းအကျိတ်ဖြစ်ခြင်း
  • သိုင်းရွိုက်ပြသနာ
  • သွေးကြောထုံးဖူးသည့် ရာဇ၀င်ရှိခြင်း

Dulera® ရှူဆေးကို ဆရာဝန်ညွှန်တာ မဟုတ်ရင် အစက် ၁၂နှစ်အောက်ကလေးတွေမှာမသုံးပါနဲ့။

စတီးရွိုက်ကိုရေရှည်သုံးစွဲရင် အရိုးပွခြင်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆေးလိပ်သောက်၇င်၊ လေ့ကျင့်ခန်းမလုပ်ရင်၊ ဗီတာမင်ဒီနဲ့ ကယ်လ်ဆီယမ်ကိုလုံလောက်စွာမစားရင်၊ မိသားစုတွင်းအရိုးပွသူရှိရင် ဖြစ်နိုင်ခြေပိုများပါတယ်။အရိုးပွခြင်းအကြောင်းကိုသိရအောင် ဆရာဝန်နဲ့ ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dulera ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Dulera® ရှူဆေးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

Dulera® ရှူဆေးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Dulera ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အရေပြားပေါ် အကွက်ဖြစ်ခြင်း၊ အင်ပျဉ်ထခြင်း၊ ပါးစပ် မျက်နှာ နှုတ်ခမ်း လျှာ လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်းစတာတွေဖြစ်ရင် ဆေးကုသမှု ခံယူပါ။

အောက်ပါလက္ခဏာတွေရှိရင် ဆေးသုံးတာကိုရပ်ပြီး ဆရာဝန်နဲ့ပြသပါ။

  • ပါးစပ်နှင့်လည်ချောင်းတွင်းအနာများ၊ အဖြူကွက်များ ဖြစ်ခြင်း
  • ဆေးသုံးပြီးနောက် အသက်ရှူစဉ် အသံမြည်ခြင်း၊ သီးခြင်းနှင့် အခြားအသက်ရှူခြင်းနှင့်ပတ်သက်သော ပြသနာများရှိခြင်း
  • အမြင်အာရုံေ၀၀ါးခြင်း၊ မျက်လုံးအောင့်ခြင်း၊ အလင်းရောင်များတွင် ရောင်ခြည်စက်ဝန်းများ မြင်ရခြင်း
  • ကိုယ်ခန္ဓာတွင် အဆီဓာတ်များပုံစံနှင့် တည်နေရာပြောင်းလာခြင်း (အထူးသဖြင့် လက်မောင်း၊ ခြေထောက်၊ မျက်နှာ၊ လည်ပင်း၊ ရင်သားနှင့် ခါး)
  • ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်ပြင်းခြင်း မြန်ခြင်း၊ ခြေတုန်လက်တုန်ဖြစ်ခြင်း၊ ဂနာမငြိမ်ခြင်း၊ တက်ခြင်း
  • ပိုတက်ဆီယမ်နည်းခြင်း (စိတ်ရှုပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရေအလွန်ငတ်ခြင်း၊ ဆီးသွားများခြင်း၊ ခြေထောက်နာခြင်း၊ ကြွက်သားအားနည်းခြင်း၊
  • သွေးတွင်းသကြားဓာတ်များခြင်း (ရေငတ်ခြင်း၊ ဆီးသွားများခြင်း၊ ဗိုက်ဆာခြင်း၊ အသက်ရှူထုတ်စဉ် သစ်သီးနံ့ရခြင်း၊ အိပ်ငိုက်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ ကိုယ်အလေးချိန် ကျခြင်း
  • ပန်းနာရင်ကျပ်လက္ခဏာများပိုဆိုးလာခြင်း

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ခေါင်းကိုက်ခြင်း
  • နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းရင်းနာခြင်း
  • ချောင်ဆိုးခြင်း၊ လည်ချောင်းနာခြင်း
  • တုတ်ကွေးလက္ခဏာများ

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Dulera နဲ့ ဓာတ်ပြုနိုင်သလဲ

Dulera® ရှူဆေးဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။ အောက်ပါဆေးဝါးတွေနဲ့ ဓာတ်ပြုမှု ဖြစ်နိုင်ပါတယ်။

  • Nefazodone
  • ပဋိဇီဝဆေးများ – clarithromycin, telithromycin
  • မှိုစွဲခြင်းကုသသောဆေးများ – itraconazole, ketoconazole, posaconazole, voriconazole
  • နှလုံးဆေးများ – nicardipine, quinidine
  • အသည်းရောင်အသားဝါ စီပိုး (သို့) HIV/AIDSကိုကုသသော ဗိုင်းရပ်စ်ဆေးဝါးများ – atazanavir, boceprevir, cobicistat, delavirdine, fosamprenavir, indinavir, nelfinavir, ritonavir, saquinavir

အစားအသောက်တွေနဲ့ အရက်က Dulera နဲ့ ဓာတ်ပြုနိုင်သလား

Dulera® ရှူဆေးဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dulera နဲ့ ဓာတ်ပြုနိုင်သလဲ

Dulera® ရှူဆေးဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာရောဂါတခုခုခံစားနေရရင် သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Dulera ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးများ၏ ပန်းနာရင်ကျပ်ဝေဒနာကို ထိန်းထားနိုင်ရန်

formoterol-mometasoneနဲ့ ကုသရာမှာစတင်သုံးစွဲရမယ့် ပမာဏကတော့ အရင်ကပန်းနာကုသတဲ့ပုံစံပေါ် မူတည်ပါတယ်။

ယခင်ကကော်တီကိုစတီးရွိုက်ကိုအလယ်အလတ် ပမာဏလောက် ရှူခဲ့ရမယ်ဆိုရင် ၅-၁၀၀ မိုက်ခရိုဂရမ်ကိုနေ့စဉ် ၂ကြိမ် ရှူရပါတယ်။ အများဆုံးပမာဏ ၂၀-၄၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။

ယခင်ကကော်တီကိုစတီးရွိုက်ကိုမြင့်မားတဲ့ပမာဏ ရှူခဲ့ရမယ်ဆိုရင် ၅-၂၀၀ မိုက်ခရိုဂရမ်ကိုနေ့စဉ် ၂ကြိမ် ရှူရပါတယ်။ အများဆုံးပမာဏ ၂၀-၈၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။

တနေ့ကို ၂ကြိမ် မနက်ပိုင်းနဲ့ ညနေပိုင်းမှာပါးစပ်ကနေ ရှူရပါတယ်။ မရှူခင်မှာသေချာလှုပ်ပေးရပါတယ်။

ကလေးတွေအတွက် Dulera ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ၏ ပန်းနာရင်ကျပ်ဝေဒနာကို ထိန်းထားနိုင်ရန်

formoterol-mometasoneနဲ့ ကုသရာမှာစတင်သုံးစွဲရမယ့် ပမာဏကတော့ အရင်ကပန်းနာကုသတဲ့ပုံစံပေါ် မူတည်ပါတယ်။

အသက်၁၂နှစ်နှင့်အထက်။

ယခင်ကကော်တီကိုစတီးရွိုက်ကိုအလယ်အလတ် ပမာဏလောက် ရှူခဲ့ရမယ်ဆိုရင် ၅-၁၀၀ မိုက်ခရိုဂရမ်ကိုနေ့စဉ် ၂ကြိမ် ရှူရပါတယ်။ အများဆုံးပမာဏ ၂၀-၄၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။

ယခင်ကကော်တီကိုစတီးရွိုက်ကို မြင့်မားတဲ့ ပမာဏ ရှူခဲ့ရမယ်ဆိုရင် ၅-၂၀၀ မိုက်ခရိုဂရမ်ကိုနေ့စဉ် ၂ကြိမ် ရှူရပါတယ်။ အများဆုံးပမာဏ ၂၀-၈၀၀ မိုက်ခရိုဂရမ် ဖြစ်ပါတယ်။

တနေ့ကို ၂ကြိမ် မနက်ပိုင်းနဲ့ ညနေပိုင်းမှာပါးစပ်ကနေ ရှူရပါတယ်။ မရှူခင်မှာသေချာလှုပ်ပေးရပါတယ်။

Dulera ကိုဘယ်လိုရရှိနိုင်သလဲ

Dulera® ရှူဆေးကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများ၊အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်

  • ရှူဆေးဘူးmometasonefuroate 100ug, formoterolfumarate 5ug

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Dulera® ရှူဆေးကိုသုံးစွဲဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 20, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။