Dristan Cold Multi-Symptom (Dristan) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Dristan Cold Multi-Symptom (Dristan) Brand Name(s): Dristan Cold Multi-Symptom (Dristan).

အသုံးပြုပုံများ

Dristan Cold Multi-Symptom (Dristan) ကို ဘာအတွက်အသုံးပြုကြသလဲ

Dristan® Cold Multi Symptom ကိုသာမန်အအေးမိခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း၊ ဓာတ်မတည့်မှုကြောင့်ဖျားနာခြင်း၊ နှာခေါင်းဝန်းကျင် သွေးကြောများကျဉ်းစေသောဓာတ်မတည့်ခြင်းစတာတွေကိုယာယီသက်သာစေဖို့၊ နှာစေးနှာပိတ်ခြင်းလျော့ကျစေဖို့ အသုံးပြုပါတယ်။

Dristan Cold Multi-Symptom (Dristan) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးပြားအနေနဲ့ လာပါတယ်။ ဆေးတပြားလုံးကိုရေများများနဲ့အတူသောက်ပါ။ ဆေးကိုဝါးစားခြင်း၊ ချေခြင်းမပြုပါနဲ့။

Dristan Cold Multi-Symptom (Dristan) ဘယ်လိုသိမ်းဆည်းရမလဲ

Dristan® Cold Multi Symptom ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Dristan® Cold Multi Symptom ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။  ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

Dristan® Cold Multi Symptom ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dristan Cold Multi-Symptom (Dristan) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ၀ယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများစတာတွေလည်း ပါဝင်ပါတယ်။
  • Dristan® Cold Multi Symptom တွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dristan Cold Multi-Symptom (Dristan) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

Dristan® Cold Multi Symptom ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

Dristan® Cold Multi Symptom ဆေးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Nရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Dristan Cold Multi-Symptom (Dristan) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မူးဝေခြင်း
  • အိပ်ငိုက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • အမြင်အာရုံေ၀၀ါးခြင်း
  • အာခေါင် နှာခေါင်းလည်ချောင်းခြောက်ခြင်း
  • ၀မ်းချုပ်ခြင်း
  • တုန်လှုပ်ခြင်း
  • အိပ်မပျော်ခြင်း

အောက်ပါလက္ခဏာတွေ ကြုံရရင် ဆေးသောက်တာကိုရပ်ပြီးဆရာဝန်ချက်ချင်းပြပါ။

  • ရင်ဘတ်အောင့်ခြင်း
  • သွေးခုန်နှုန်းမြန်ခြင်း
  • နှလုံးခုန်နှုန်းမြန်ခြင်း၊ ပုံမှန်မဟုတ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း
  • အာရုံခြောက်ခြားခြင်း
  • ဆိုးဆိုးရွားရွားတုန်လှုပ်ခြင်း
  • ခြေတုန်လက်တုန်ဖြစ်ခြင်း
  • တက်ခြင်း
  • သွေးခြေဥလွယ် သွေးထွက်လွယ်ခြင်း
  • ပုံမှန်မဟုတ်ဘဲအားနည်းခြင်း
  • ဆီးနည်းခြင်း၊ ဆီးမသွားခြင်း
  • ပျို့ခြင်း
  • အစာအိမ်အထက်ပိုင်းအောင့်ခြင်း
  • ယားယံခြင်း
  • အစားအသောက်ပျက်ခြင်း
  • ဆီးမည်းခြင်း
  • ရွှံ့အရောင်ဝမ်းသွားခြင်း
  • အသားဝါခြင်း (အရေပြားနှင့်မျက်လုံး)
  • အန္တရာယ်ရှိလောက်အောင် သွေးတိုးခြင်း (ဆိုးရွားစွာခေါင်းကိုက်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ နားအူခြင်း၊ စိတ်ပူပန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလု့းခုန်သံပုံမှန်မဟုတ်ခြင်း၊ တက်ခြင်း)

အသက်ကြီးသူတွေမှာအာခေါင်ခြောက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ စိတ်ရှုပ်ခြင်းစတဲ့ လက္ခဏာတွေ တွေ့ရများပါတယ်။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Dristan Cold Multi-Symptom (Dristan) နဲ့ ဓာတ်ပြုနိုင်သလဲ

Dristan® Cold Multi Symptom ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အစားအသောက်တွေနဲ့ အရက်က Dristan Cold Multi-Symptom (Dristan) နဲ့ ဓာတ်ပြုနိုင်သလား

Dristan® Cold Multi Symptom ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓာတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dristan Cold Multi-Symptom (Dristan) နဲ့ ဓာတ်ပြုနိုင်သလဲ

Dristan® Cold Multi Symptom ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ လတ်တလောခံစားနေရတဲ့ ရောဂါတွေရှိရင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Dristan Cold Multi-Symptom (Dristan) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အအေးမိခြင်းလက္ခဏာများ

နေ့အချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် တနေ့လျှင် ၈ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ညအချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် (နေ့အချိန်သောက်ခဲ့သောဆေးနှင့် ၄ာရီထက် မနီးစေဘဲ) တနေ့လျှင် ၄ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ထိပ်ကပ်နာ၊ နှာပိတ်ခြင်းလက္ခဏာများ

နေ့အချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် တနေ့လျှင် ၈ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ညအချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် (နေ့အချိန်သောက်ခဲ့သောဆေးနှင့် ၄ာရီထက် မနီးစေဘဲ) တနေ့လျှင် ၄ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ကလေးတွေအတွက် Dristan Cold Multi-Symptom (Dristan) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အအေးမိခြင်းလက္ခဏာများ

အသက် ၁၂နှစ်နှင့်အထက် –

နေ့အချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် တနေ့လျှင် ၈ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ညအချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် (နေ့အချိန်သောက်ခဲ့သောဆေးနှင့် ၄ာရီထက် မနီးစေဘဲ) တနေ့လျှင် ၄ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ထိပ်ကပ်နာ၊ နှာပိတ်ခြင်းလက္ခဏာများ

အသက် ၁၂နှစ်နှင့်အထက် –

နေ့အချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် တနေ့လျှင် ၈ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

ညအချိန်သောက်ရန်။ ၄နာရီကြာတိုင်း ဆေး၂ပြားနှုန်းဖြင့် (နေ့အချိန်သောက်ခဲ့သောဆေးနှင့် ၄ာရီထက် မနီးစေဘဲ) တနေ့လျှင် ၄ပြားထက် မကျော်စေဘဲနေ့စဉ်သောက်ရန်။

Dristan Cold Multi-Symptom (Dristan) ကိုဘယ်လိုရရှိနိုင်သလဲ

Dristan® Cold Multi Symptom ကိုဆေးပြားအနေနဲ့ရရှိနိုင်ပါတယ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေများမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Dristan® Cold Multi Symptom ဆေးကိုသောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ