backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Domperidone (ဒွန်ပယ်ရီဒုံး)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Domperidone (ဒွန်ပယ်ရီဒုံး) ကို ဘာအတွက်အသုံးပြုကြသလဲ

Domperidone သည် အစာအိမ်ကို ကျုံ့စေပြီး လှုပ်ရှားမှုကိုတိုးစေသော ဆေးဖြစ်ပါသည်။ Domperidoneပါကင်ဆန်ရောဂါ (Parkinson’s disease)ကုဆေးများကဲ့သို့ တခြားဆေးများကြောင့်ဖြစ်တတ်သော ပျို့အန်ခြင်းများကို ကုသရန်အတွက်လဲ အသုံးပြု၏။

Domperidone (ဒွန်ပယ်ရီဒုံး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်မှသင့်အား ညွှန်ကြားသည့်အတိုင်း ဆေးပြားများကို အမြဲသောက်ပါ။ မသေမချာဖြစ်နေလျှင် ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်နှင့် အမြဲတိုင်ပင်ပါ။

Domperidone အား ရေတစ်ခွက်နှင့်မျှောပြီး မျိုချပါ။ အစာမစားခင် ၁၅ မှ ၃၀ မိနစ်အလိုတွင် သောက်ပါ။ လိုအပ်ပါက အိပ်ယာမဝင်ခင်တွင်လဲ သောက်နိုင်ပါသည်။ ကြိတ်ချေခြင်း ဝါးစားခြင်း မလုပ်ပါနှင့်။

Domperidone (ဒွန်ပယ်ရီဒုံး) ဘယ်လိုသိမ်းဆည်းရမလဲ

Domperidoneကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Domperidone ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့်ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Domperidone ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။

Domperidone အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

Domperidone အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Domperidone (ဒွန်ပယ်ရီဒုံး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်၌အောက်ပါတို့ရှိလျှင် ဆရာဝန်ကိုပြောပါ။

• Domperidone နှင့်မတည့်လျှင် သို့မဟုတ် Domperidone တွင်ပါသော ပါဝင်ပစ္စည်းတစ်ခုခုနှင့်မတည့်လျှင်

• အလက်ဂျစ်လက္ခဏာများဖြစ်သော အကွက်ထခြင်း၊ အသက်ရှူရ မျိုချရခက်ခြင်း၊ နှုတ်ခမ်း မျက်နှာ လည်ချောင်းနှင့် လျှာ ဖူးယောင်ခြင်း

• ပစ်ကျူထရီဂလင်း၌ အကျိတ်ရှိနေလျှင် (prolactinoma)

• ကတ္တရာရောင် ဝမ်းမည်းများသွားလျှင် သို့မဟုတ် ဝမ်းတွင်သွေးပါသည်ကို သတိထားမိလျှင်။ ၎င်းသည် အစာအိမ် သို့ အူများမှ သွေးယိုသည့်လက္ခဏာဖြစ်နိုင်သည်။

• အူပိတ်ခြင်း ဖောက်ခြင်းများဖြစ်နေလျှင်

• အသည်ပြဿနာများ ရှိလျှင် သို့ ရှိခဲ့ဖူးလျှင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Domperidone (ဒွန်ပယ်ရီဒုံး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Domperidone (ဒွန်ပယ်ရီဒုံး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တစ်ချို့ဘေးထွက်ဆိုးကျိုးများသည် ဆေးပညာအကူအညီရယူလောက်အောင် မကြီးမားပါ။ ထို ဘေးထွက်ဆိုးကျိုးများသည် ဆေးကို ခန္ဓါကိုယ်မှ လိုက်ညှိနေစဉ်အတွင်း အလိုလို ပျောက်သွားပါလိမ့်မည်။ ထို့အတူ သင့်ဆရာဝန်မှလဲ တစ်ချို့ဘေးထွက်ဆိုးကျိုးများကို သက်သာစေမည့် သို့ ကာကွယ်နိုင်မည့်နည်းလမ်းများကို ပြောပြကောင်း ပြောပြပါလိမ့်မည်။ အောက်ပါ ဘေးထွက်ဆိုးကျိုးများဖြစ်လာပါက သို့မဟုတ် ၎င်းတို့အကြောင်းသိလိုပါက ဆရာဝန်နှင့် စစ်ဆေးပေးပါ။

မပြင်းထန်သည့် ဆိုးကျိုးများမှာ

နို့ခေါင်းမှ နို့များစီးကျခြင်း၊ အာခြောက်ခြင်း၊ အမျိုးသားများတွင် ရင်သားဖောင်းလာခြင်း၊ ခေါင်းကိုက်ခြင်း၊ အင်ပျဉ်ထခြင်း၊ ပူခြင်း၊ အရေပြားယားခြင်း၊ မျက်လုံး နီခြင်း နာခြင်း ဖူးယောင်ခြင်း၊ ရာသီပုံမှန်မဟုတ်ခြင်း၊ ရင်သားနာခြင်း တို့ဖြစ်ပါသည်။

ရှားပါးသည့် ဘေးထွက်ဆိုးကျိုးများမှာ

ဆီးပေါက်ချင်စိတ်ပြောင်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဆီးသွားရာတွင် ပူခြင်း ခက်ခြင်း နာခြင်း၊ အာလေးခြင်း၊ ခေါင်းမူးခြင်း၊ ငိုက်မျဉ်းခြင်း၊ ရင်ပူခြင်း၊ ဆတ်ဆတ်ထိမခံဖြစ်ခြင်း၊ ခွန်အားကုန်ခမ်းခြင်း၊ ခြေထောက်ကြွက်တက်ခြင်း၊ စိတ်ရောဂွများ၊ စိတ်လှုပ်ရှားပူပန်ခြင်း၊ ရင်တုန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း တို့ဖြစ်သည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Domperidone (ဒွန်ပယ်ရီဒုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

Domperidoneသည်သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့်ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်လာစေရန်သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏ စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။)

အထူးသဖြင့်- Amifampridine, Bepridil, Cisapride, Darunavir, Dronedarone, Fluconazole, Ketoconazole, Mesoridazine, Pimozide, Piperaquine, Posaconazole, Saquinavir, Sparfloxacin, Thioridazine, Ziprasidone ဆေးများကို သတိထားပါ။

Domperidone အားအောက်ပါဆေးများနှင့် တွဲမသုံးရန် ညွှန်ပြထား၏။ သို့သော် တစ်ချို့အခြေအနေများတွင် သုံးကောင်းသုံးနိုင်ပါသည်။

Abiraterone Acetate, Alfuzosin, Alprazolam, Amiodarone, Amitriptyline, Amlodipine, Amoxapine, Amprenavir, Anagrelide, Apomorphine, Aprepitant, Aripiprazole, Arsenic Trioxide, Artemether, Asenapine, Astemizole, Atazanavir, Atorvastatin, Azithromycin, Bedaquiline, Bicalutamide, Boceprevir, Buserelin, Ceritinib, Chloroquine, Chlorpromazine, Cimetidine, Ciprofloxacin, Citalopram, Clarithromycin, Clomipramine, Clozapine, Cobicistat, Conivaptan, Crizotinib, Cyclobenzaprine, Cyclosporine, Dabrafenib, Dasatinib, Delamanid, Delavirdine, Desipramine, Deslorelin, Diltiazem, Disopyramide, Dofetilide, Dolasetron, Doxepin, Droperidol, Ebastine, Eribulin, Erythromycin, Escitalopram, Famotidine, Felbamate, Fingolimod, Flecainide, Fluoxetine, Fluvoxamine, Formoterol, Fosamprenavir, Fosaprepitant, Foscarnet, Fosphenytoin, Galantamine, Gatifloxacin, Gemifloxacin, Ginkgo Biloba, Goldenseal, Gonadorelin, Goserelin, Granisetron, Halofantrine, Haloperidol, Histrelin, Hydroquinidine, Ibutilide, Idelalisib, Iloperidone, Imatinib, Imipramine, Indinavir, Isoniazid, Itraconazole, Ivabradine, Lapatinib, Leuprolide, Levofloxacin, Lithium, Lopinavir, Lumefantrine, Mefloquine, Methadone, Metronidazole, Miconazole, Mifepristone, Mizolastine, Moxifloxacin, Nafarelin, Nefazodone, Nelfinavir, Netupitant, Nilotinib, Norfloxacin, Nortriptyline, Octreotide, Ofloxacin, Ondansetron, Paliperidone, Paroxetine, Pasireotide, Pazopanib, Pentamidine, Perflutren Lipid Microsphere, Perphenazine, Pipamperone, Probucol, Procainamide, Prochlorperazine, Promethazine, Propafenone, Protriptyline, Quetiapine, Quinidine, Quinine, Ranitidine, Ranolazine, Rilpivirine, Risperidone, Ritonavir, Salmeterol, Selegiline, Sertindole, Sevoflurane, Sodium Phosphate, Sodium Phosphate, Dibasic, Sodium Phosphate, Monobasic, Solifenacin, Sorafenib, Sotalol, Sunitinib, Tacrolimus, Tamoxifen, Telaprevir, Telavancin, Telithromycin, Terfenadine, Tetrabenazine, Ticagrelor, Tizanidine, Tolterodine, Toremifene, Trazodone, Trifluoperazine, Trimipramine, Triptorelin, Vandetanib, Vardenafil, Vemurafenib, Venlafaxine, Verapamil, Vilanterol, Vinflunine, Voriconazole, Vorinostat, Delavirdine, Desipramine, Deslorelin, Diltiazem, Disopyramide, Dofetilide, Dolasetron, Doxepin, Droperidol, Ebastine, Eribulin, Erythromycin, Escitalopram, Famotidine, Felbamate, Fingolimod, Flecainide, Fluoxetine, Fluvoxamine, Formoterol, Fosamprenavir, Fosaprepitant, Foscarnet, Fosphenytoin, Galantamine, Gatifloxacin, Gemifloxacin, Ginkgo Biloba, Goldenseal, Gonadorelin, Goserelin, Granisetron, Halofantrine, Haloperidol, Histrelin, Hydroquinidine, Ibutilide, Idelalisib, Iloperidone, Imatinib, Imipramine, Indinavir, Isoniazid, Itraconazole, Ivabradine, Lapatinib, Leuprolide, Levofloxacin, Lithium, Lopinavir, Lumefantrine, Mefloquine, Methadone, Metronidazole, Miconazole, Mifepristone, Mizolastine, Moxifloxacin, Nafarelin, Nefazodone, Nelfinavir, Netupitant, Nilotinib, Norfloxacin, Nortriptyline, Octreotide, Ofloxacin, Ondansetron, Paliperidone, Paroxetine, Pasireotide, Pazopanib, Pentamidine, Perflutren Lipid Microsphere, Perphenazine, Pipamperone, Probucol, Procainamide, Prochlorperazine, Promethazine, Propafenone, Protriptyline, Quetiapine, Quinidine, Quinine, Ranitidine, Ranolazine, Rilpivirine, Risperidone, Ritonavir, Salmeterol, Selegiline, Sertindole, Sevoflurane, Sodium Phosphate, Sodium Phosphate, Dibasic, Sodium Phosphate, Monobasic, Solifenacin, Sorafenib, Sotalol, Sunitinib, Tacrolimus, Tamoxifen, Telaprevir, Telavancin, Telithromycin, Terfenadine, Tetrabenazine, Ticagrelor, Tizanidine, Tolterodine, Toremifene, Trazodone, Trifluoperazine, Trimipramine, Triptorelin, Vandetanib, Vardenafil, Vemurafenib, Venlafaxine, Verapamil, Vilanterol, Vinflunine, Voriconazole, Vorinostat.

အထက်ပါဆေးတစ်ခုခုနှင့် တွဲသုံးသင့်ကြောင့် ညွှန်ထားပါက ဆရာဝန်သည် ဆေးပမာဏကိုချိန်ညှိခြင်း သို့ ဆေးတစ်ခုစီကို ဘယ်လောက်ကြအောင်သုံးသင့်သည်ဆိုတာမျိုးကို ပြောပါလိမ့်မည်။

အစားအသောက်တွေနဲ့ အရက်က Domperidone (ဒွန်ပယ်ရီဒုံး) နဲ့ ဓါတ်ပြုနိုင်သလား

Domperidone က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Domperidone (ဒွန်ပယ်ရီဒုံး) နဲ့ ဓါတ်ပြုနိုင်သလဲ

Domperidoneသည်သင်၏နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။ အထူးသဖြင့် –

• အစာအိမ်မှ သွေးယိုခြင်း သို့ တခြားသောအူဆိုင်ရာရောဂါများ

• ပစ်ကျူထရီဂလင်း အကျိတ် (ဦးနှောက်)

• အသည်းရောဂါ

• Domperidone နှင့်မတည့်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Domperidone (ဒွန်ပယ်ရီဒုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပျို့ခြင်း အန်ခြင်းအတွက်

• လူကြီး ။ 10-20 mg သောက်ဆေး၊ ၄-၈ နာရီခြားတစ်ခါ ။ အများဆုံး 80 mg/day ။

• လူကြီး ။ 60 mg တစ်နေ့နှစ်ကြိမ် စအိုသွင်းဆေးတောင့်

အစာအမကြေခြင်း (အစာအိမ်အနာမရှိ)

• လူကြီး ။ 10-20 mg ၊ သောက်ဆေး၊ တစ်နေ့သုံးကြိမ် နှင့် ညဖက်

ခေါင်းတစ်ခြမ်းကိုက်ခြင်း

• လူကြီး ။ 20 mg သောက်ဆေး ၄ နာရီတစ်ခါ paracetamol နှင့် လိုအပ်ရင် တွဲသုံးသည်။ အများဆုံး တစ်နေ့ ဆေးလေးကြိမ်

ကလေးတွေအတွက် Domperidone (ဒွန်ပယ်ရီဒုံး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာလိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

ပျို့ခြင်း အန်ခြင်း

• ကလေး ။ ၂ နှစ်အထက် နဲ့ ၃၅ ကီလိုဂရမ် အထက် ။ 10-20 mg သောက်ဆေး တစ်နေ့ ၃-၄ ကြိမ် ။ အများဆုံး တစ်နေ့ 80 ။

• ကလေး ။ 60 mg တစ်နေ့နှစ်ကြိမ် စအိုသွင်းဆေးတောင့်

Domperidone (ဒွန်ပယ်ရီဒုံး) ကိုဘယ်လိုရရှိနိုင်သလဲ

Domperidone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

• ဆေးပြား သောက်ဆေး – 10mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Domperidone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့်နီးကပ်နေပြီဆိုပါကလွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအားနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement