Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ကို ဘာအတွက်အသုံးပြုကြသလဲ

ငါးကြီးဆီတွင် တွေ့နိုင်သော omega-3 acid ethyl esters အဆီတစ်မျိုးဖြစ်ပြီး TAG ကဲ့သို့ သွေးထဲရှိအဆီများ လျော့ချဖို့ လေ့ကျင့်ခန်း၊ အစားအသောက်တို့ဖြင့် ယှဉ်တွဲအသုံးပြုပါတယ်။ အကျိုးပြုသော ကိုလက်စထရော HDL ကို လည်း မြင့်တင်ပေးပါတယ်။

ယေဘုယျအားဖြင့် အစားအသောက်ပုံစံပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အရက်လျော့သောက်ခြင်း၊ အ၀လွန်နေပါက ကိုယ်အလေးချိန်လျော့ချခြင်း၊ ဆီးချိုရှိနေပါက သွေးတွင်းသကြားဓာတ် ထိန်းချုပ်ခြင်းနှင် သိုင်းရွိုက်ဟော်မုန်း ထိန်းချုပ်ခြင်းလိုမျိုး ဆေးဝါးဖြင့်မဟုတ်သော ကုသနည်းတွေက သွေးတွင်းသကြားဓာတ်ကို ပြည့်ပြည့်၀၀ မထိန်းချုပ်နိုင်တော့တဲ့အခါမှာ အသုံးပြုပါတယ်။

Docosahexaenoic Acid (DHA) ဟာ မျက်လုံးနဲ့ အာရုံကြောတစ်ရှုး ဖွံ့ဖြိုးမှုမှာ အဓိကနေရာကနေ ပါဝင်နေပါတယ်။ သွေးပြစ်မှုကို လျော့နည်းစေခြင်း၊ သွေးတွင် အဆီဓာတ်ကို လျော့ချပေးခြင်းတို့ဖြင့် နှလုံးနှင့်သွေးကြောရောဂါ ဖြစ်နိုင်ခြေ နည်းသွားစေပါတယ်။

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ဘယ်လိုသောက်သုံးသင့်သလဲ

Docosahexaenoic Acid အား သောက်ဆေးအဖြစ် တစ်နေ့တစ်ကြိမ် (သို့) နှစ်ကြိမ် အစာဖြင့် တွဲသောက်ပေးပါ သို့မဟုတ်က ဆရာဝန် ညွှန်ကြားထားသည့် အတိုင်း သောက်သုံးပေးပါ။ ဆေးတစ်လုံးလုံးအား မြိုချပေးပါ။ မချေပါနှင့်၊ မ၀ါးပါနှင့်၊ ရေမဖျော်ပြစ်ပါနှင့်။

ဆရာဝန်ဖြင့် အရင်မတိုင်ပင်ပဲ အခြား အိုမီဂါ၃ဖက်တီးအက်စစ် (သို့) ငါးကြီးဆီတို့ဖြင့် အစားမထိုးပါနှင့်။ ထိုအရာများမှာ ပါဝင်သော ဖက်တီးအက်စစ် ပမာဏနဲ့ အမျိးအစားဟာ မူလဆေးနဲ့ တူချင်မှတူမှာပါ။

သောက်သုံးနိုင်မယ့် ပမာဏက သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ကုသမှုကို တုံ့ပြန်နိုင်စွမ်းတို့အပေါ်မှာ မူတည်နိုင်ပါတယ်။ ဆေး၏အကျိုးကျေးဇူးများ ရရှိဖို့ ပုံမှန် အသုံးပြုပေးရပါလိမ့်မယ်။ နေ့စဉ်သောက်နေကျ အချိန်တွင်သာ သောက်ဖို့ မမေ့ပါနှင့်။

နေကောင်းသွားရင်တောင်မှ ဆက်သောက်ဖို့ အရေးကြီးပါတယ်။ TAG များနေတဲ့ လူအများစုကတော့ နေမကောင်းဖြစ်တယ်လို့ ခံစားရမှာ မဟုတ်ပါဘူး။

အစားအသောက်၊ လေ့ကျင့်ခန်းတို့နဲ့ ပတ်သတ်ပြီး ဆရာဝန်၏ အကြံအဥာဏ်များအား ဆက်လက်လိုက်လာနေဖို့ အရေးကြီးပါတယ်။ ဆေး၏အကျိုးကျေးဇူး အပြည့်အ၀ရရှိရန် ၂လလောက်ထိ သောက်နေဖို့ လိုအပ်ပါတယ်။

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ဘယ်လိုသိမ်းဆည်းရမလဲ

နေရောင် တိုက်ရိုက်ထိတွေ့ခြင်းနှင့် အစိုဓာတ်တို့ဖြင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ကာ အခန်းအပူချိန်မှာ ထိန်းသိမ်းတာ အကောင်းဆုံးပါ။ Docosahexaenoic Acid ကို ရေချိုးခန်းနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းမယ်ဆိုရင် ဆေးပျက်စီးဆုံးရှုံးနိုင်ပါလိမ့်မယ်။

Docosahexaenoic Acid တံဆိပ် အမျိုးမျိုး ရှိသလို ထိန်းသိမ်းပုံလည်း အမျိုးမျိုး  ရှိနိုင်ပါတယ်။ ဆေးဘူးပေါ်မှာ ရေးထားတဲ့ ထိန်းသိမ်းနည်းကို ဂရုတစိုက် ဖတ်ဖို့ အရေးကြီးပါတယ်။ သို့မဟုတ်က ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။ ဘေးဥပါဒ် မဖြစ်စေရန်အတွက် ကလေးနဲ့ အိမ်မွေးတိရိစ္ဆာန်တို့ရဲ့ အဝေးတွင် ထားရှိပေးပါ။

Docosahexaenoic Acid ကို မညွန်းကြားထားပဲနဲ့ အိမ်သာထဲသို့ ရေမြောင်းအတွင်းသို့ မစွန့်ပြစ်သင့်ပါ။ သက်တမ်းကျော်သွားမယ် ဆိုရင်၊ မလိုတော့ဘူးဆိုရင် သေချာစွန့်ပြစ်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုစွန့်ပြစ်ရမလဲဆိုတာ ပိုမိုသိရှိလိုပါက ကျွမ်းကျင်သူတို့ကို မေးမြန်းပေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အိုမီဂါ၃အက်စစ် အီသိုင်းအက်စ်တာ အသုံးမပြုခင်တွင် အောက်ပါတို့ ပြုလုပ်ပေးပါ။

  • အိုမီဂါ၃အက်စစ် အီသိုင်းအက်စတာ၊ ငါးများ၊ အခွံမာ သတ္တ၀ါများ(ခုံးကောင်၊ကနုကမာကောင်၊ပုဇွန်သေး၊ ကျောက်ပုဇွန်၊ပုဇွန်စိတ်၊ဂဏန်း၊ယောက်သွားကောင်နှင့်အခြားကောင်များ)၊ အခြားဆေးဝါးများ၊ အိုမီဂါ၃ဆေးတောင့်ရှိ ပါဝင်ပစ္စည်းများ စသည်တို့ဖြင့် ဓာတ်မတည့်ပါက ဆရာဝန်အား ပြောပြပေးပါ။ ပါဝင်ပစ္စည်းများ သိရှိချင်ပါက ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းပါ။
  • သောက်သုံးလျှက်ရှိသော ဒါမှမဟုတ် သောက်သုံးရန် ကြံရွယ်နေသော ဆေးဝါးများ၊ ဗီတာမင်များ၊ ဖြည့်စွက်အာဟာရများနှင့် ဘယဆေးများအား ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့အား အသိပေးထားပါ။ အောက်ပါတို့သောက်သုံးနေကြောင်း ပြောပြဖြစ်အောင် ပြောပြပါ။
  • သွေးကြဲဆေးများ ဥပမာ warfarin; aspirin နှင့် aspirin ပါဝင်သော ပစ္စည်းများ; beta-blockers ဥပမာ atenolol (tenormin), labetalol (normodyne), metoprolol (lopressor, toprol xl), nadolol (corgard), နှင့် propranolol (inderal); clopidogrel (plavix); ဆီးဆေး (‘water pills’); အီစထရိုဂျင် ပါဝင်သော ကိုယ်ဝန်တားဆေးများ (ကိုဝန်တားသောက်ဆေး၊ကပ်ခွာ၊အကွင်းနှင့်ထိုးဆေးများ); အီစထရိုဂျင်အစားထိုးကုထုံးများ။

ဆရာဝန်က သောက်သုံးရမယ့်ဆေးပမာဏကို ပြောင်းလဲပေးနိင်သလို ဘေးထွက်ဆိုးကျိုးတွေအတွက် သေချာစောင့်ကြည့်နိုင်ပါတယ်။

  • တစ်နေ့ကို အရက်နှစ်ခွက်ထက် ပိုသောက်မယ် သို့မဟုတ် ဆီးချိုရောဂါ၊ အသည်းရောဂါ၊ သိုင်းရွိုက်ရောဂါနှင့် ပန်းကရိယရောဂါတွေ ဖြစ်နေမယ်၊ ဖြစ်ဖူးမယ်ဆိုရင် ဆရာဝန်အား အသိပေးထားပါ။
  • ကိုယ်ဝန်ရှိနေမယ်၊ ယူဖို့စီစဉ်နေမယ် ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေမယ်ဆိုရင်လည်း ဆရာဝန်အား ပြောပြထားပေးပါ။ အိုမီဂါ၃အက်စစ်အီသိုင်းအက်စ်တာ သောက်သုံးနေရင်း ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။
  • အိုမီဂါ၃အက်စစ်အီသိုင်းအက်စ်တာ သုံးနေရင်း အရက်သောက်သုံးနိုင်လား၊ မသောက်သုံးနိုင်ဘူးလားဆိုတာ ဆရာဝန်အား မေမြန်းပေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနှင့် နို့တိုက်နေစဉ်အတွင်းမှာ ယင်းဆေးဝါးကို အသုံးပြုခြင်းသည် ဘေးကင်းလား၊ မကင်းဘူးလား ဆိုတာကတော့ လုံလောက်တဲ့ လေ့လာမှုတွေမပြုလုပ်ရသေးပါဘူး။ ဆိုးကျိုးထက် ကောင်းကျိုးများ ရရှိစေရန် အသုံးမပြုခင် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဘေးထွက်ဆိုးကျိုးများ

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

DHA ဟာ သောက်ဆေးအဖြစ် အသုံးပြုမယ်ဆိုရင် လူအများစုအတွက်တော့ စိတ်ချရပါတယ်။ မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ အညိုအမဲစွဲခြင်းနှင့် သွေးမတိတ်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။

DHA ပါဝင်သော ငါးကြီးဆီတို့က ငါးညှီနံ့နံခြင်း၊ လေချဉ်တက်ခြင်း၊ နှာခေါင်းသွေးလျံခြင်းနှင့် ၀မ်းပျော့ခြင်းတို့ ဖြစ်စေနိုင်တယ်။ ယင်းဆိုးကျိုးများ လျော့ကျစေဖို့ အစာဖြင့်တွဲသောက်ပေးရပါမယ်။ တစ်နေ့ကို ၃ဂရမ်ထက် ပိုသုံးမယ်ဆိုရင်တော့ သွေးကြဲသွားနိုင်ပြီး သွေးထက်လွယ်စေနိုင်ပါတယ်။

လူတိုင်းတော့ ယင်းဆိုးကျိုးများ မကြုံတွေ့နိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော လက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ လက္ခဏာတစ်ခုခု ခံစားနေရပြီဆိုရင်တော့ ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) နဲ့ ဓာတ်ပြုနိုင်သလဲ

Docosahexaenoic Acid ကို အခြားဆေးဝါးတွေက ဆေးရဲ့ အလုပ်လုပ်ပုံကို ပြောင်းလဲပေးခြင်းအားဖြင့် သိုမဟုတ် ဆိုးကျိုးတွေကို ပိုမို ပြင်းထန်လာစေခြင်းအားဖြင့် သက်ရောက်ပါတယ်။

ပြင်းထန်တဲ့ ဆေးအချင်းချင်း ဓာတ်ပြုခြင်းတွေကို ရှောင်ကျဉ်ဖို့ သောက်သုံးလျှက်ရှိသော ဆေးဝါးတွေ( ဆရာဝန်ညွှန်ကြားထားသောဆေးများ၊ မညွှန်ကြားထားသော ဆေးများ၊ ဘယဆေးဝါးများ) ကို ချရေးပြီး သင့်ဆရာဝန်နဲ့ ကျွမ်းကျင်သူတို့ကို ပေးထားပါ။

ဘေးကင်းစေရန်အတွက် ဆေးသောက်တာကို ရပ်တန့်ခြင်း၊ သောက်သုံးလျှက်ရှိသော ပမာဏ ပြောင်းလဲခြင်းတို့အား ဆရာဝန် မညွှန်ကြားဘဲနဲ့ မိမိသဘောအတိုင်း မပြုလုပ်နှင့်။

DHA ဟာ Warfarin (Coumadin), Clopidogrel (Plavix) နှင့် Aspirin များကဲ့သို့ သွေးထွက်နိုင်ခြေများစေသော သွေးကြဲဆေးများဖြင့် တွဲသုံးမယ်ဆိုရင် အန္တရယ်ရှိနိုင်ပါတယ်။

DHA ဟာ သွေးတွင်းသကြားဓာတ်ကို ချပေးခြင်းအားဖြင့် ဆီးချိုဆေးဝါးတွေကို အားပိုပြင်းအောင် လုပ်ပေးပါတယ်။ ဆီးချိုကျဆေးနှင့် အင်ဆူလင် လနှင့်ချီ အသုံးပြုနေသော သူများအတွက် ဆေးဝါးကျွမ်းကျင်သူလိုမျိုး အရည်အချင်းပြည့်မှီသော ကျန်းမာရေးကျွမ်းကျင်သူတို့ဖြင့် အနီးကပ်စောင့်ကြည့်မှု ခံယူသင့်ပါတယ်။ ဆေးဝါးချိန်ညှိမှုလည်း လိုအပ်နိုင်ပါတယ်။

အိုမီဂါ၃တို့က သွေးပေါင်ကျစေခြင်းအားဖြင့် သွေးကျဆေးများကို အားပိုပြင်းအောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် သွေးပေါင်ကျခြင်းအန္တရယ် မြင့်တက်သွားစေနိုင်ပါတယ်။

အိုမီဂါ၃က ကိုယ်ခံအားစနစ်ပေါ်သက်ရောက်နေသော ဆေးဝါးများ၊ အာရုံကြောစနစ်အပေါ် သက်ရောက်နေသော ဆေးဝါးများ၊ အသည်းကို အဆိပ်ဖြစ်စေသော ဆေးဝါးများ၊ နှလုံးစည်းချက်မမှန်ခြင်းကို ကုသသော ဆေးဝါးများ၊ အဆစ်ရောင်ကုသသော ဆေးဝါးများ၊ ဂေါက်ရောဂါကုသသော ဆေးဝါးများ၊ ပန်းနာရင်ကြပ်ကုသသော ဆေးဝါးများ၊ နှလုံးရောဂါအတွက် ဆေးဝါးများ၊ HIV  အတွက်ဆေးဝါးများ၊ ဓာတ်မတည့်ခြင်းအတွက် ဆေးဝါးများ၊ အန်ဒရိုဂျင်ဆန့်ကျင်ဆေးဝါးများ၊ ကင်ဆာဆန့်ကျင်ဆေးဝါးများ၊ စိတ်ကျရောဂါအတွက် ဆေးဝါးများ၊ အီစထရိုဂျင်ဆန့်ကျင်ဆေးဝါးများ၊ အရောင်ကျဆေးများ၊ စိတ်ရောဂါဆေးများ၊ အက်စပရင်၊ အရိုးဆေးများ၊ ကိုလက်စထရောကျဆေးများ၊ ဆိုက်ကလိုစပိုရင်း၊ ဒက်ရှာမီသဆုံး၊ မျက်လုံးဆေးများ၊ ဟော်မုန်းဆေးများ၊ အသားပိုဆန့်ကျင်ဆေးဝါးများ၊ အရေပြားဆေးများနှင့် အစာအိမ်ဆေးများ စသည်တို့ဖြင့် ဓာတ်ပြုနိုင်ပါတယ်။

ဘယဆေးများ၊ ဖြည့်စွက်အစာများဖြင့် ဓာတ်ပြုနိုင်ပါတယ်။ ဘယဆေးများ၊ သွေးထွက်နိုင်ခြေမြင့်မားစေသော ပစ္စည်းများဖြင့် တွဲသုံးမယ်ဆိုရင် အန္တရယ်ရှိနိုင်ပါတယ်။ Ginkgo biloba ဖြင့်တွဲသုံးသောကြောင့် သွေးထွက်သွားနိုင်သော အခြေအနေ အမြောက်အများရှိပြီး ကြက်သွန်ဖြူ၊ ထန်းပင်တို့ဖြင့် တွဲသုံးမယ်ဆိုရင်လည်း အခြေအနေအနည်းငယ်တော့ ရှိပါတယ်။ အခြားပစ္စည်းအမြောက်အများသည် သက်သေမပြရသေးသော်လည်း သီအိုရီအရတော့ သွေးထွက်နိုင်ခြေအန္တရယ်ကို မြင့်မားစေနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) နဲ့ ဓာတ်ပြုနိုင်သလား

အရက်နဲ့ အစားအစာတွေက Docosahexaenoic Acid အပေါ်မှာ ဆေးရဲ့ အလုပ်လုပ်ပုံ ပြောင်းလဲပေးစေခြင်းဖြင့် ဒါမှမဟုတ် ဆိုးကျိုးတွေကို ပိုမို ပြင်းထန်စေခြင်းအားဖြင့် သက်ရောက်ပါတယ်။ ယင်းဆေးကို အသုံးမပြုခင်မှာ အရက်နှင့် အစားအစာတို့ဖြင့် ဓာတ်ပြုမှုရှိလား မရှိဘူးလားဆိုတာကို ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) နဲ့ ဓာတ်ပြုနိုင်သလဲ

ကျန်းမာရေးအခြေအနေတွေနဲ့  သက်ရောက်မှုတွေ ရှိပါတယ်။ ယင်းသက်ရောက်မှုတွေက ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးသွားစေနိုင်သလို ဆေးရဲ့ အလုပ်လုပ်ပုံကိုလည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန် နဲ့ ဆေးဝါးကျွမ်းကျင်သူတွေကို အမြဲတမ်းအသိပေးဖို့ အရေးကြီးပါတယ်။

အထူးသဖြင့် အောက်ပါတို့ပဲ ဖြစ်ပါတယ်။

  • ဆီးချိုသွေးချို
  • အသည်းရောဂါ
  • နှလုံးစည်းချက်မမှန်ခြင်း
  • ပန်ကရိယမကောင်းခြင်း
  • သိုင်းရွိုက် အလုပ်သိပ်မလုပ်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကျ၊စိတ်တက်ရောဂါအတွက် လူကြီးသောက်နိုင်မည့် ပမာဏ။ ဖြည့်စွက်ကုသနည်း။ တစ်နေ့ကို DHA 3.4g သောက်ဆေးအဖြစ် နေ့စဉ်သောက်သုံးပေးပါ။

အာရုံကြော Cyclosporine အဆိပ်သင့်ခြင်းအတွက် လူကြီးသောက်နိုင်မည့် ပမာဏ။ တစ်နေ့ကို 12g သောက်ဆေးအဖြစ် နေ့စဉ်သောက်သုံးပေးပါ။

 ရာသီလာစဉ်နာကျင်ခြင်းအတွက် လူကြီးသောက်သုံးနိုင်နည့် ပမာဏ။ တစ်နေ့ကို DHA 720mg သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

 ကိုလက်စထရောများနေခြင်းအတွက် လူကြီးသောက်သုံးနိုင်မည့် ပမာဏ။ တစ်နေ့ကို 4g သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

 သွေးတိုးအတွက် လူကြီးသောက်သုံးနိုင်မည့် ပမာဏ။  တစ်နေ့ကို 4g သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

 သွေးတွင်း အဆီများခြင်းအတွက် လူကြီးသောက်သုံးနိုင်မည့် ပမာဏ။ တစ်နေ့ကို 1-4g သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

 နှလုံးသွေးကြော လမ်းလွှဲကုသခြင်း CABG ပြီးနောက်အတွက် လူကြီးသောက်သုံးနိုင်မည့် ပမာဏ။ တစ်နေ့ကို 4g သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

 Raynaud’s Syndrome (သွေးကြောရောဂါ)အတွက် လူကြီးသောက်သုံးနိုင်မယ့် ပမာဏ။ တစ်နေ့ကို 2.64g DHA အား သောက်ဆေးအဖြစ် နေ့စဉ်သောက်သုံးပေးပါ။

 လေးဘက်နာရောဂါအတွက် လူကြီးသောက်သုံးနိုင်မည့် ပမာဏ။ တစ်နေ့ကို 2g DHA အား သောက်ဆေးအဖြစ် နေ့စဉ် သောက်သုံးပေးပါ။

ကလေးတွေအတွက် Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးများ သောက်နိုင်မယ့် ပမာဏကတော့ မထုတ်ပြန်ထားပါဘူး။ သုံးမယ်ဆိုရင် ဘေးမကင်းလောက်ပါဘူး။ အသုံးမပြုခင်မှာ ဆေးရဲ့ ဥပါဒ်တွေကို ပြည့်ပြည့်စုံစုံ သိထားဖို့လိုပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့နဲ့ ဆွေးနွေးတိုင်ပင်ပေးပါ။

Docosahexaenoic Acid (Dha) (ဒိုကိုဆဟတ်စ်ဇေနိုအစ် အက်ဆစ် ) ကိုဘယ်လိုရရှိနိုင်သလဲ

Docosahexaenoic Acid ကို အောက်ပါ ဆေးပုံစံ၊ ပြင်းအားများဖြင့် ၀ယ်ယူရရှိနိုင်ပါတယ်။

သောက်ဆေး၊ 1g ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးလွန်သွားတဲ့ အခါမှာ ဆေးရုံကားခေါ်ပါ ဒါမှမဟုတ် နီးစပ်ရာဆေးရုံသို့သွားပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Docosahexaenoic Acid သောက်ဖို့ လွတ်သွားမယ်ဆိုရင် တတ်နိုင်သမျှ မြန်မြန် ပြန်သောက်ပါ။ နောက်ထပ်ဆေးသောက်ဖိုအချိန်နဲ့  နီးနေမယ်ဆိုရင်တော့ လွတ်သွားတဲ့ ဆေးကို လွှတ်လိုက်ပြီး ပုံမှန်အတိုင်း ဆက်သောက်သွားပါ။ ဆေးကို နှစ်ခါမသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ