backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dobutamine (ဒိုဗျူတမင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Dobutamine (ဒိုဗျူတမင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Dobutamine သည် ခွဲစိတ်ခြင်းကြောင့်ဖြစ်စေ နှလုံးရောဂါကြောင့် ဖြစ်စေ နှလုံး အလုပ်မလုပ်သောသူများတွင် သုံးသောဆေး ဖြစ်ပါသည်။ ထို့ပြင် ဆရာဝန်ညွှန်ကြားချက်နှင့် အညီအခြားသော ကုသမှုများတွင်လည်း အသုံးပြုပါသည်။

Dobutamine သည် နှလုံးညှစ်အားကောင်းစေသည့် ဆေးအမျိုးအစား ဖြစ်ပါသည်။ နှလုံးညှစ်အားကောင်းစေခြင်းဖြင့် ကိုယ်အနှံ့သို့သွေးများရောက်အောင် နှလုံးမှ ညှစ်ပို့ပေးနိုင်ပါသည်။

Dobutamine ကိုဘယ်လိုသုံးသင့်ပါသလဲ။

Dobutamine သည် သွေးပြန်ကြောမှတဆင့် ပိုက်တပ်ပြီး ထိုးသွင်းရသော ဆေးအမျိုးအစား ဖြစ်ပါသည်။ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်က ထိုးပေးပါသည်။ ဆေးရုံများ၊ ဆေးခန်းများတွင် ထိုးပါမှ ဘေးထွက်ဆိုးကျိုးများ ခံစားရလျှင် ချက်ချင်းကုသနိုင်မည် ဖြစ်ပါသည်။

Dobutamine ကို အသုံးပြုနေစဉ်တွင် နှလုံးခုန်တိုင်းစက် (ECG စက်)များဖြင့် မှန်မှန် စစ်ဆေးနေရန် လိုအပ်ပါသည်။

Dobutamine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

(ယေဘူယျ အသိပေးချက် – ဆေးအများစုမှာအခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Dobutamine ကို အခန်းအပူချိန် မှာသိမ်းပါ။ တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Dobutamine ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Dobutamine ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Dobutamine ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Dobutamine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dobutamine (ဒိုဗျူတမင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမထိုးမီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Dobutamine ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်၊ အထူးသဖြင့် စိတ်ကျရောဂါသောက်ဆေးများ ၊ ဘီတာတားဆေးများ blockers (atenolol, carteolol, esmolol, labetalol, metoprolol, nadolol, propranolol, sotalol, and timolol) ၊ bretylium, guanethidine နှင့် ဗီတာမင်ဆေးများ သောက်နေလျှင်
  • နှလုံး အဆို့ရှင်နှင့် ပတ်သက်သော ရောဂါ၊ သွေးတိုးရောဂါများ ရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်၊ Dobutamine သောက်နေရင်း ကိုယ်ဝန်ရှိလာလျှင် ဆရာဝန်ကို ချက်ချင်းပြောရပါမည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာသောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Dobutamine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါတို့သည် အဖြစ်များသော ဘေးထွက်ဆိုးကျိုးများဖြစ်ပြီး ယင်းတို့သည် မခံမရပ်နိုင်အောင် ပြင်းထန်လာပါက ဆရာဝန်နှင့် ပြသသင့်ပါသည်။

  • ခေါင်းကိုက်ခြင်း
  • ပျို့ခြင်း

အောက်ပါ ပြင်းထန်သောဆိုးကျိုးများဖြစ်သော

  • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ရင်ဘတ်အောင့်ခြင်း
  • မူးမိုက်ခြင်း
  • မူးဝေခြင်း
  • ခေါင်းထဲတွင် မကြည်လင်ခြင်း၊ မူးခြင်း
  • နှလုံးခုန်မြန်ခြင်း၊ မမှန်ခြင်း
  • ရင်ဘတ်ထဲတွင် တထိတ်ထိတ်ဖြစ်ခြင်း
  • မောပန်းခြင်း တို့ကို ခံစားရလျှင် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားပြပြီး အရေးပေါ်ဆေးကုသမှု ခံယူရပါမည်။

(ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Dobutamine နဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Dobutamine ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။) အောက်ပါဆေးများသည် Dobutamine နှင့် ဓါတ်ပြုနိုင်သော ဆေးများ ဖြစ်ပါသည်။

  • Cimetidine , methyldopa တို့သည် Dobutamine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။
  • Catechol-O-methyltransferase (COMT) inhibitors ( entacapone) , droxidopa တို့သည် Dobutamine ၏ ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေပါသည်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Dobutamine နဲ့ ဓါတ်ပြုနိုင်ပါသလား။

Dobutamine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Dobutamine နဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Dobutamine ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်မှာ

  • နှလုံးအဆို့ရှင်ရောဂါများဖြစ်ဖူးခြင်း
  • အယ်ဒရီနယ်ဂလင်း အကြိတ်ဖြစ်ခြင်း
  • နှလုံးခုန် စည်းချက်မမှန်ခြင်း
  • နှလုံးသွေးကြောမကြီး ကျဉ်းနေခြင်းကြောင့် နှလုံးဘယ်ဘက်အခန်းကျဉ်းနေခြင်း တို့ဖြစ်လျှင် ပို အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေမှာ Dobutamine အချိုးအစားကဘယ်လောက်လဲ။

နှလုံး အလုပ်မလုပ်သော သူများအတွက် ပုံမှန်ပမာဏ

နှလုံးညှစ်အားကို 2.5 to 15 mcg/kg/min နှုန်းမြင့်တက်စေရန် ဆေးကိုသွင်းရပါမည်။ သွေးပေါင်ချိန်နှင့် ဆီးထွက်သော ပမာဏကို ထိန်းနိုင်ရန်အတွက် ပထမဆုံးပေးသော ပမာဏကို 2.5 mcg/kg/min နှင့် ခံနိုင်ရည်ရှိသလောက် တိုးပေးရပါမည်။

ပြင်းထန်သော လူနာများတွင် 40 mcg /kg/min အထိတိုးပေးနိုင်ပါသည်။

သွေးလည်ပတ်မှု ရပ်သွားသော သူများတွင်

နှလုံးညှစ်အားကို 2.5 to 15 mcg/kg/min နှုန်းမြင့်တက်စေရန် ဆေးကိုသွင်းရပါမည်။ သွေးပေါင်ချိန်နှင့် ဆီးထွက်သော ပမာဏကို ထိန်းနိုင်ရန်အတွက် ပထမဆုံးပေးသော ပမာဏကို 2.5 mcg/kg/min နှင့် ခံနိုင်ရည်ရှိသလောက် တိုးပေးရပါမည်။

ပြင်းထန်သော လူနာများတွင် 40 mcg /kg/min အထိတိုးပေးနိုင်ပါသည်။

ကလေးငယ်တွေမှာ Dobutamine အချိုးအစားကဘယ်လောက်လဲ။

(ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Dobutamine ကိုဘယ်လိုပုံစံမျိုးအချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Dobutamine ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးရည်၊ အကြောထိုးဆေး၊ ဟိုက်ဒြို ကလိုရိုက် 1 mg/mL (250 mL); 2 mg/mL (250 mL); 4 mg/mL (250 mL); 250 mg/20 mL (20 mL); 500 mg/40 mL (40 mL)
  • ဆေးရည်၊ အကြောထိုးဆေး၊ ဟိုက်ဒြို ကလိုရိုက်250 mg/ 20 mL (20 mL)

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်သွားသော လက္ခဏာများမှာ စိတ်ပူပန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန် မြန်ခြင်း၊ မမှန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ပျို့ခြင်း၊ ရင်ဘတ်ထဲတွင် တထိတ်ထိတ်ဖြစ်ခြင်း၊

မောပန်းခြင်း၊အန်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း တို့ဖြစ်ပါသည်။

ဆေးလွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Dobutamine ကို လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးထိုးပါ။ သို့သော်လည်းနောက်တစ်ကြိမ် ထိုးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲထိုးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုး တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement