Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Generic Name: Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Diphenoxylate + atropine ကို အများဆုံးအသုံးပြုကြသည်မှာ ၀မ်းလျောခြင်းအတွက်ပဲ ဖြစ်ပါတယ်။ ကိုယ်တွင်းအူများ လှုပ်ရှားမှု အကြိမ်ရေကို လျော့ချပေးပါတယ်။ အူများ၏လှုပ်ရှားမှုနည်းစေခြင်းအားဖြင့် အလုပ်လုပ်ပါတယ်။

Diphenoxylate က မူးယစ်ဆေးဝါးဖြင့် ပြုလုပ်ထားသော အနာပျောက်ဆေးတို့နဲ့ ဆင်တူသော်လည်း အူတွေပေါ်မှာ အဓိက သက်ရောက်တာပါ။ Atropine ဟာ ကိုလီနားဂျစ် ဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ယင်းပစ္စည်းက ခန္ဓာကိုယ်ကနေ အရည်ထုတ်လုပ်မှုကို တားပေးပြီး ခြောက်သွေ့စေရုံသာမက အူများ၏ လှုပ်ရှားမှုကို နှေးကွေးစေပါတယ်။

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း တစ်နေ့လေးကြိမ် သောက်ဆေးအဖြစ် သောက်သုံးပေးပါ။ သောက်သုံးနိုင်မယ့် ပမဏက သင့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကုသမှုအား တုံ့ပြန်နိုင်မှုပေါ်မှာ မူတည်ပါတယ်။

ကလေးတွေမှာဆိုရင်တော့ သောက်သုံးနိုင်မယ့် ပမဏဟာ ကိုယ်အလေးချိန်ပေါ်မှာ မူတည်ပါတယ်။ ၀မ်းလျောခြင်းပျောက်သွားသော်လည်း ဆက်လက်အသုံးပြုဖို့လိုမယ်ဆိုရင် ဆရာဝန်က ဆေးပမာဏကို လျော့ချပေးပါလိမ့်မယ်။ သောက်သုံးမယ့် ဆေးပမာဏကို မတိုးပါနှင့်၊ အကြိမ်ရေတိုးသောက်ပေးပါ၊ ညွှန်ကြားထားတဲ့အတိုင်း ပိုပြီးသောက်ပေးပါ။

ကလေးတွေအတွက် အရည်ပုံစံနဲ့ ၀ယ်ယူရရှိနိုင်ပါတယ်။ ဆေးပမာဏ အတိအကျ ရရှိစေရန်အတွက် ဆေးဘူးဖြင့်လာသော အစက်ချအတံကိုသာ အသုံးပြုပါ။ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်နဲ့ ဓာတ်ဆားဓာတ်တွေ သင့်တော်တဲ့ ပမာဏသောက်ထားဖို့ လိုအပ်ပါတယ်။

ရေအရမ်းဆာခြင်း၊ ဆီးနည်းသွားခြင်း၊ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ မေ့လဲခြင်းလိုမျိုး ရေဓာတ်ခန်းခြောက်ခြင်းလက္ခဏာတွေ ပြနေမယ်ဆိုရင် ဆရာဝန်ဖြင့် ချက်ချင်းပြသပေးပါ။ အူနဲ့အစာအိမ် မထိခိုက်မိအောင် နူးညံ့ပျော့အိတဲ့ အစာတွေ ပြောင်းစားဖို့ လိုအပ်ပါတယ်။ နောက်ထပ်သိရှိလိုပါက ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

Diphenoxylate + atropine က အချိန်ကြာမြင့်စွာ အသုံးပြုခဲ့မယ် ဒါမှမဟုတ် ပမာဏများများဖြင့် အသုံးပြုခဲ့မယ်ဆိုရင် ဆေးဖြတ်ခြင်းဝေဒနာတွေ ခံစားရနိုင်ပါတယ်။  Diphenoxylate + atropine အသုံးပြုခြင်းကို တိခနဲဖြတ်လိုက်မယ်ဆိုရင် အစာအိမ်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းနှင့် အော့အန်ခြင်းတွေလိုမျိုး ဆေးဖြတ်ခြင်းဝေဒနာတွေ ခံစားရမှာပါ။

ဆေးဖြတ်ခြင်းဝေဒနာတွေကို ကာကွယ်ဖို့ ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျော့ပေးပါလိမ့်မယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။ ဆေးဖြတ်ခြင်းဝေဒနာတွေ ခံစားနေရရင်လည်း ချက်ချင်းပြောပြပေးပါ။

၂ရက်လောက်နေသော်လည်း မတိုးတက်လာပါက ဆရာဝန်အား အသိပေးပါ။

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ဘယ်လိုသိမ်းဆည်းရမလဲ

Diphenoxylate + atropine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။

ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့  Diphenoxylate + atropine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။  Diphenoxylate + atropine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။

ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Diphenoxylate + atropine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  •     Diphenoxylate + atropine, atropine,  Diphenoxylate + atropine ရှိပါဝင်ပစ္စည်းများ၊ အခြားဆေးဝါးများ နဲ့ဓာတ်မတည့်ဘူးဆိုရင် ဆရာဝန်နှင့် ဆေးဝါးကျွမ်းကျင်သူတို့ကို ပြောပြထားပေးပါ။ ဆေး၏ပါဝင်ပစ္စည်များကို သိရှိလိုပါက ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းပါ။
  •     ညွှန်ကြားထားသော ဆေးဝါးများ၊ မညွှန်ကြားသော ဆေးဝါးများ၊ ဗီတာမင်များ၊ ဖြည့်စွက်အာဟာရများ၊ ဘယဆေးဝါးများသောက်သုံးနေမယ်၊ သောက်ဖို့စီစဉ်နေမယ်ဆိုရင် ပြောပြထားပါ။ ဖီနိုဘာဘီတယ်၊ စီကိုဘာဘီတယ်တို့လိုမျိုး စိတ်ငြိမ်ဆေးများသောက်သုံးနေမယ်ဆိုရင် ပြောပြဖြစ်အောင် ပြောပြထားပါ။
  •  isocarboxazid (Marplan), phenelzine (Nardil), selegiline (Eldepryl, Emsam, Zelapar) နှင့် tranylcypromine (Parnate) တို့လိုမျိုး စိတ်ကျရောဂါဆေးဝါးများ သောက်သုံးနေမယ်ဆိုရင်လည်း ပြောပြပေးပါ။ ဘေးထွက်ဆိုးကျိုးတွေကြောင့် သောက်သုံးနေသည့် ဆေးပမာဏကို ပြောင်းလဲနိုင်သလို၊ သေချာလည်း စောင့်ကြည့်သွားနိုင်ပါတယ်။
  •  Diphenoxylate + atropine နဲ့ အခြားဆေးဝါး တော်တော်များများလည်း ဓာတ်ပြုနိုင်ပါတယ်။ ဒါကြောင့် အထက်တွင် ဖော်ပြထားသည်များအထဲတွင် မပါရင်တောင်မှ သောက်သုံးနေသမျှ ဆေးဝါးအားလုံးကို ဆရာဝန်အား ပြောပြဖို့ လိုအပ်ပါတယ်။
  •     အသည်းရောင်အသားဝါဖြစ်နေခြင်း၊ သွေးဝမ်းသွားနေခြင်း၊ အဖျားကြီးပြီး ၀မ်းသွားခြင်း၊ ၀မ်းတွင် အကျိအချွဲများ ပါခြင်း၊ ၀မ်းဗိုက်ညစ်ပြီးနာခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ ပိုးသတ်ဆေးကြောင့် ၀မ်းသွားခြင်းတို့ ဖြစ်နေမယ်ဆိုရင် ဆရာဝန်အား ပြောပြပါ။  Diphenoxylate + atropine မသောက်ဖို့ တားမြစ်ကောင်း တားမြစ်နိုင်ပါတယ်။
  •     Down Syndrome (မွေးရာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသော ရောဂါတစ်မျိုး)၊ အူရောင်နာ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ တွေရှိနေမယ်ဆိုရင်လည်း ဆရာဝန်အား အသိပေးပါ။
  •     ကိုယ်ဝန်ရှိနေမယ်၊ ကိုယ်ဝန်ယူဖို့ စဉ်းစားနေမယ်၊ နို့တိုက်မိခင်ဖြစ်နေမယ်ဆိုရင် ဆရာဝန်အား ပြောပြပေးပါ။  Diphenoxylate + atropine သောက်သုံးနေစဉ် ကာလအတွင်းမှာ ကိုယ်ဝန်ရှိလာမယ်ဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။
  •    သွားပြုပြင်ကုသခြင်း အပါအ၀င် မည်သည့်ခွဲစိတ်ကုသမှုမဆို ပြုလုပ်တော့မယ်ဆိုရင် ဆရာဝန်အား ပြောပြထားပါ။
  •     ထိုဆေးဝါးကို သောက်သုံးခြင်းက မူးဝေေ၀၊ အိပ်ချင်ချင် ဖြစ်နေစေမယ်ဆိုတာ သိထားသင့်ပါတယ်။ ဆေးအကြောင်းမသိမချင်း မည့်သည့် ယာဉ်၊ မည့်သည့် စက်ပစ္စည်းတွေကိုမှ ကိုင်တွယ်မောင်းနှင်ဖို့ မစဉ်းစားပါနှင့်။

Diphenoxylate + atropine သောက်သုံးနေစဉ် ကာလအတွင်းမှာ အရက်သေစာ သောက်သုံးခြင်းသည် ဘေးကင်းလား၊ ဘေးမကင်းဘူးလားဆိုတာကို သိရှိဖို့ ဆရာဝန်အား မေးမြန်ပေးပါ။ အရက်သေစာများက ထိုဆေးရဲ့ ဆိုးကျိုးတွေ ပိုဆိုးသွားအောင် လုပ်လိုက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  •     A=ဆိုးကျိုးမရှိပါ။
  •     B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  •     C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  •    D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  •    X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  •    N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ အိပ်ချင်ချင်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ အစာစားချင်စိတ်မရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

အင်ပျဉ်များထွက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း ဖောရောင်လာခြင်းတို့လိုမျိုး ဓာတ်မတည့်မှုတွေရှိနေမယ်ဆိုရင် အရေးပေါ်စောင့်ရှောက်မှုခံယူပါ။

အောက်ပါ စိုးရိမ်ရတဲ့ ဆိုးကျိုးတွေ ခံစားနေရပြီဆိုရင်တော့ ဆေးအသုံးပြုခြင်းကို ရပ်တန့်ပြီး ဆရာဝန်ဖြင့် ချက်ချင်းပြသပေးပါ။

  •     အစာအိမ်အောင့်ခြင်း၊ လေပွခြင်း
  •     ပိုမိုဆိုးရွားလာသော ၀မ်းလျောခြင်း
  •     သွေးဝမ်းသွားခြင်း၊ အရည်တွေကြီးပဲသွားခြင်း
  •     ခြေတွေလက်တွေ ထုံကျဉ်လာခြင်း
  •     စိတ်ဓာတ်ကျခြင်း
  •    စိတ်ရှုတ်ထွေးခြင်း၊ စိတ်နဲ့ အပြုအမူတို့ ပုံမှန်မဟုတ်တော့ခြင်း
  •    နှလုံးခုန်မြန်ခြင်း
  •     ဆီးနည်းခြင်း၊ ဆီးလုံးဝမသွားတော့ခြင်း။

သိပ်မစိုးရိမ်ရတဲ့ ဆိုကျိုးတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  •     အိပ်ချင်ချင်ဖြစ်ခြင်း၊ မူးဝေေ၀ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း
  •     ပင်ပန်းနွမ်းနယ်ပြီး အနားမရဟု ခံစားနေရခြင်း
  •     မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်မကောင်းခြင်း၊ အစာစားချင်စိတ်မရှိတော့ခြင်း
  •     အင်ပျဉ်များထွက်ခြင်း၊ ယားယံခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Diphenoxylate + atropine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

ဖော်ပြပါဆေးဝါးကို အောက်ပါတို့ဖြင့် ယှဉ်တွဲအသုံးပြုခြင်းကို အကြံမပြုထားပါဘူး။ ဆရာဝန်က ထိုဆေးဝါး အသုံးပြုခြင်းကို ရှောင်ကျဉ်နိုင်သလို၊ သောက်သုံးနေတဲ့ အခြားဆေးဝါးတွေကိုလည်း ပြောင်းလဲပြစ်နိုင်ပါတယ်။

  •     Ambenonium, Naltrexone, Potassium

ထိုဆေးဝါးကို အောက်ပါတို့ဖြင့် တွဲသုံးခြင်းကို အကြံမပြုထားပါဘူး။ ဒါပေမဲ့လည်း အချို့အခြေအနေတွေမှာတော့ တွဲသုံးရနိုင်ခြေရှိပါတယ်။ တွဲသုံးရမယ်ဆိုရင် ဆရာဝန်က ဖော်ပြပါဆေးတို့၏ သောက်သုံးရမယ့် ပမာဏနှင့် အကြိမ်ရေကို ချိန်ညှိပေးပါလိမ့်မယ်။

  • Acrivastine, Buprenorphine, Bupropion, Carbinoxamine, Clorgyline, Digoxin, Fentanyl, Furazolidone, Hydrocodone, Iproniazid, Isocarboxazid, Meclizine, Methadone, Moclobemide, Morphine, Morphine Sulfate Liposome, Nialamide, Oxycodone, Oxymorphone, Pargyline, Phenelzine, Procarbazine, Rasagiline, Selegiline, Sodium Oxybate, Suvorexant, Tapentadol, Toloxatone, Tranylcypromine, Umeclidinium.

ဖော်ပြပါဆေးဝါးကို အောက်ပါဆေးဝါးတို့ဖြင့် ယှဉ်တွဲ အသုံးပြုမယ်ဆိုရင် ဆိုးကျိုးအချို့ ပိုမို ပြင်းထန်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ယှဉ်တွဲ အသုံးပြုခြင်းက အကောင်းဆုံး ကုသနည်းပဲ ဖြစ်နိုင်ပါတယ်။ ဆေးတွေကို ယှဉ်တွဲအသုံးပြုမယ်ဆိုရင် ဆရာဝန်က ယင်းဆေးတွေရဲ့ သောက်သုံးနေသည့် ပမာဏနှင့် အကြိမ်ရေကို ချိန်ညှိပေးပါလိမ့်မယ်။

  • Arbutamine, Perampanel

အစားအသောက်တွေနဲ့ အရက်က Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) နဲ့ ဓာတ်ပြုနိုင်သလား

Diphenoxylate + atropine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Diphenoxylate + atropine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် အောက်ပါ အခြေအနေတို့ပဲ ဖြစ်ပါတယ်။

    •     အရက်စွဲနေခြင်း၊ စွဲဖူးခြင်း
    •     ဆေးစွဲခြင်း၊ စွဲဖူးခြင်း။ ထိုဆေးဝါးအား စွဲလန်းနိုင်ခြေ မြင့်မားပါတယ်။
    •   အူမရောင်နာ (စိုးရိမ်ရ)။ ထိုဆေးဝါးကို အသုံးပြုမယ်ဆိုရင် အူမကြီးအခြေအနေ ပိုမိုဆိုးဝါးသွားနိုင်ပါတယ်။
    •     Down’s syndrome ။ ထိုပုဂ္ဂိုလ်မျိုးတွင် ဆိုးကျိုးများ ဖြစ်နိုင်ခြေမြင့်သွားသလို၊ ပိုမိုလည်း ပြင်းထန်သွားနိုင်ပါတယ်။
    •     ၀မ်းကိုက်ခြင်း။ အခြေအနေပိုမို ဆိုးရွားနိုင်ပါတယ်။ အခြားကုသနည်းလမ်းတစ်ခု လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။
    •     အဆုတ်ထဲတွင် လေစုနေခြင်း၊ ပန်းနာရင်ကျပ်၊ လေပြွန်ရောင်နာနှင့် အခြား နာတာရှည် အဆုတ်ရောဂါများ။ အထက်ပါအခြေအနေရှိသောသူများတွင် ဆေးဝါးကြောင့် အသက်ရှုလမ်းကြောင်းပြဿနာများ ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
    •     ဆီးကျိတ်ကြီးခြင်း   ဆီးလမ်းကြောင်းပိတ်နေခြင်း၊ ဆီသွားရခက်ခဲခြင်း။ ထိုဆေးဝါးအသုံးပြုခြင်းကြောင့် ဆိုးရွားတဲ့ ဆီးသွားခြင်းပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
    •    သည်းခြေရောဂါများ၊ သည်ခြေအိတ်ကျောက်တည်ခြင်း။ ထိုဆေးဝါးအသုံးပြုခြင်းက သည်းခြေလမ်းကြောင်းကို ညစ်စေခြင်းအားဖြင့်အခြေအနေပိုမို ဆိုးရွားသွားစေနိုင်ပါတယ်။
    •     ရေတိမ်။ ထိုဆေးဝါးက မျက်လုံးဆိုးဆိုးဝါးဝါးနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေ နည်းပါးပါတယ်။
    •    နှလုံးရောဂါ။ ထိုဆေးဝါးက နှလုံးပေါ်မှာ သက်ရောက်မှုအချို့ရှိပြီး အခြေအနေတွေ ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။
    •     အစာအိမ်သည် ရင်ဝမ်းကြားကြွက်သားအပေါက်ကို တိုးထွက်နေခြင်း။ ထိုဆေးဝါးတွင် ပါဝင်သော Atropine က အခြေအနေ ပိုဆိုးစေမှာပါ။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေနည်းပါးပါတယ်။
    • သွေးပေါင်တက်ခြင်း(သွေးတိုးခြင်း)။ ထိုဆေးဝါးတွင် ပါဝင်သော Atropine က သွေးပေါင်တက်စေမှာပါ။ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေနည်းပါးပါတယ်။

အူပိတ်ခြင်း။ ထိုးဆေးဝါးကြောင့် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။

ကျောက်ကပ်ရောဂါ။ ထိုးဆေးဝါးတွင်ပါသော Atropine က ခန္ဓာကိုယ်မှာ စုပုံလာပြီး ဆိုးကျိုးတွေ ဖြစ်စေမှာပါ။

အသည်းရောဂါ။ ထိုရောဂါရှိသော လူနာများတွင် ကိုမာဝင်ခြင်း အပါအ၀င် ဦးနှောက်နှင့် အာရုံကြောမကြီး၏ ဆိုးကျိုးဖြစ်နိုင်ခြေ မြင့်မားသွားပါသည်။

Myasthenia gravis (ကြွက်သားအားနည်းရောဂါတစ်မျိုး)။ ထိုဆေးဝါးကြောင့် အခြေအနေပိုးဆိုးသွားနိုင်ပါတယ်။

သိုင်းရွိုက် အလုပ်အရမ်းလုပ်ခြင်း၊ နည်းပါးစွာ အလုပ်လုပ်ခြင်း။ အသက်ရှုခြင်း၊နှလုံးခုန်ခြင်းဆိုင်ရာ မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဆီးမထိန်းနိုင်ခြင်း။ ထိုဆေးဝါးကြောင့် အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝမ်းလျောခြင်းအတွက် လူကြီးများ သောက်သုံးနိုင်မည့် ပမာဏ

အစပိုင်းပမာဏ။ ဆေးပြား၂ပြား သို့မဟုတ် ဆေးရည် 10ml ကို တစ်နေ့၎ကြိမ် သောက်သုံးပေးပါ။

တည်ငြိမ်ပမာဏ။ ဆေးပြား၂ပြား သို့မဟုတ် ဆေးရည် 10ml ကို တစ်နေ့တစ်ကြိမ် သောက်သုံးပေးပါ။

ကလေးတွေအတွက် Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဝမ်းလျောခြင်းအတွက် ကလေးများ သောက်သုံးနိုင်မည့် ပမာဏ

  • အစပိုင်း ပမာဏ

၂နှစ်နှင့်အထက်၊ ၃နှစ်အောက်။ 1.5ml ကနေ 3ml အတွင်း တစ်နေ့ ၄ကြိမ်သောက်သုံးပေးပါ။

 ၃နှစ်နှင့်အထက်။ ၄နှစ်အောက်။ 2ml ကနေ 3ml အတွင်း တစ်နေ့ ၄ကြိမ် သောက်သုံးပေးပါ။

၎နှစ်နှင့်အထက် ၅နှစ်အောက်။ 2ml ကနေ 4ml အတွင်း တစ်နေ့၎ကြိမ် သောက်သုံးပေးပါ။

၅နှစ်နှင့်အထက် ၆နှစ်အောက်။ 2.5ml ကနေ 4.5ml အတွင်း တစ်နေ့၎ကြိမ် သောက်သုံးပေးပါ။

၆နှစ်နှင့်အထက် ၉နှစ်အောက်။ 2.5ml ကနေ 5ml အတွင်း တစ်နေ့၎ကြိမ် သောက်သုံးပေးပါ။

၉နှစ်နှင့်အထက် ၁၃နှစ်အောက်။ 3.5ml ကနေ 5ml အတွင်း တစ်နေ့၎ကြိမ် သောက်သုံးပေးပါ။

၁၃နှစ်နှင့်အထက် ၁၈နှစ်အောက်။ ဆေးရည်10ml သို့မဟုတ် ဆေးပြား၂ပြားကို တစ်နေ့၃ကြိမ် သောက်သုံးပေးပါ။

  • တည်ငြိမ်ပမာဏ။

အစပိုင်းပမာဏရဲ့ လေးပုံတစ်ပုံခန့် နည်းနိုင်သမျှနည်းပါစေ။

ဆေးရည်ပုံစံကို ၁၃နှစ်အောက် ကလေးငယ်တွေအတွက် အသုံးပြုသင့်ပါတယ်။

Diphenoxylate (ဒိုင်းဖီနိုဇီလိတ်) ကိုဘယ်လိုရရှိနိုင်သလဲ

Diphenoxylate + atropine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  •    သောက်ဆေးရည်။  Diphenoxylate hydrochloride 2.5mg နှင့် Atropine sulfate 0.025mg per 5ml (5ml,10ml,60ml)
  • Lomotil: Diphenoxylate hydrochloride 2.5 mg နှင့် Atropine sulfate 0.025 mg per 5 mL (60 mL)
  • သောက်ဆေးပြား။ 2.5 mg နှင့် Atropine sulfate 0.025 mg
  • Lomotil: 2.5 mg နှင့် Atropine sulfate 0.025 mg per 5 mL

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်သွားခြင်း လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  •     အရေပြား၊ နှာခေါင်းနှင့် ခံတွင်းတို့ ခြောက်သွေ့ခြင်း
  •     သူငယ်အိမ်အရွယ်အစား ပြောင်းလဲသွားခြင်း
  •     မျက်လုံးတို့ တောင်ရောက်မြောက်ရောက် လှုပ်ရှားနေခြင်း
  •     စိတ်မသက်မသာဖြစ်ခြင်း
  •     ပူလောင်နီမြန်းလာခြင်း
  •     အဖျားတက်ခြင်း
  •     နှလုံးခုန်မြန်ခြင်း
  •     တုံ့ပြန်နိုင်စွမ်း မကောင်းတော့ခြင်း
  •     အလွန်ပင်ပန်းနွမ်းနယ်ခြင်း
  •     အသက်ရှုရခက်ခဲခြင်း
  •     သတိလစ်သွားခြင်း

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Diphenoxylate + atropine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 13, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 13, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ