backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dihydroergotamine

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Uses

Dihydroergotamine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Dihydroergotamine ကို အများဆုံးအသုံးပြုကြသည်မှာ မိုင်ဂရိန်း ခေါင်းကိုက်ခြင်း နှင့် အုံဖွဲ့ခေါင်းကိုက်ခြင်းတို့ကို ကုသရန် အများဆုံး အသုံးပြုလေ့ရှိပါတယ်။ဦးနှောက်ရဲ့ တဖက်ခြမ်း သို့မဟုတ် ဦးနှောက်ရဲ့အခြေ/လည်ပင်းတဝိုက်ကိုပဲ ထိခိုက်တဲ့ မိုင်ဂရိန်းခေါင်းကိုက်ခြင်းကို ကုသဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက်တော့ ဒီဆေးကို အသုံးမပြုသင့်ပါဘူး။

Dihydroergotamine ဟာ ဦးခေါင်းတွင်းရှိ ကျယ်နေသော သွေးကြောတွေကို ပြန်ကျဉ်းသွားအောင် လုပ်ပေးနိုင်တဲ့ ergot မျိုးနွယ်ဝင် ဆေးတမျိုးဖြစ်ပါတယ်။ ဒါကြောင့် တဆစ်ဆစ်ထိုးကိုက်နေတဲ့ ခေါင်းကိုက်ခြင်းကို သက်သာစေပါမယ်။

Medication ကို ဘယ်လို သုံးစွဲသင့်ပါသလဲ?

ဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သွေးပြန်ကြောထဲ ထိုးသွင်းခြင်း၊ကြွက်သားထဲ ထိုးသွင်းခြင်း သို့မဟုတ် အရေပြားအောက်ထိုးသွင်းခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သင့်ကျန်းမာရေးအခြေအနေ နဲ့ ဆေးကိုတုံ့ပြန်မှုအနေအထားတို့ပေါ် မူတည်ပြီး သုံးစွဲရမယ့် ဆေးပမာဏ ကွာခြားမှုရှိနိုင်ပါတယ်။ ဒီဆေးကို လိုအပ်မှပဲ အသုံးပြုသင့်ပြီး ရေရှည်စွဲသုံးဖို့ ဒါမှမဟုတ် နေ့စဉ်သုံးဖို့ မသင့်တော်ပါဘူး။ ခေါင်းကိုက်ခြင်းလက္ခဏာတွေ ပေါ်ပေါက်လာတာနဲ့ တပြိုင်နက် ဒီဆေးကိုသောက်မယ်ဆိုရင်တော့ အာနိသင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ခေါင်းကိုက်ပိုဆိုးလာတဲ့အထိ စောင့်ပြီးမှ သောက်မယ်ဆိုရင်တော့ လိုသလောက် အာနိသင်မရ ဖြစ်တတ်ပါတယ်။ ပထမတကြိမ်သောက်ပြီးလို့ မသက်သာသေးဘူးဆိုရင် နောက်ထပ်တနာရီအကြာမှာ တကြိမ်ထပ်သောက်နိုင်ပေမယ့် ဆရာဝန်ညွှန်ကြားထားမှသာ သောက်သုံးရမှာပါ။ တကယ်လို့ အသားထိုးဆေး ဒါမှမဟုတ် အရေပြားအောက်ထိုးသွင်းဆေးအနေနဲ့ အသုံးပြုထားတယ်ဆိုရင် ဒုတိယအကြိမ် ထိုးအပြီး တနာရီအကြာမှာ (လိုအပ်သေးရင်) တတိယအကြိမ်ထပ်ထိုးနိုင်ပါသေးတယ်။၂၄ နာရီအတွင်း ၃ စီစီ ဒါမှမဟုတ် တပတ်အတွင်း ၆ စီစီထက် ပိုမသုံးရပါဘူး။

အကယ်၍ ဒီဆေးကို အကြောသွင်းဆေးအဖြစ် အသုံးပြုတယ်ဆိုရင် ၂၄ နာရီအတွင်း ၂စီစီထက် သို့မဟုတ် တပတ်အတွင်း ၆စီစီထက် ပိုပြီး မသုံးရပါဘူး။

အကယ်၍ သင်ဟာ ဒီဆေးကို အိမ်မှာ မိမိဖာသာ အသုံးပြုတယ်ဆိုရင် ဆေးအသုံးပြုပုံနဲ့ ပတ်သက်လို့ သိသင့်သမျှလမ်းညွှန်ချက်တွေကို အသေအချာ သိထားရမှာဖြစ်တဲ့အတွက် သင့်ကျန်းမာရေးစောင့်ရှောက်သူရဲ့ ညွှန်ကြားချက်တွေကို တသွေမတိမ်းလိုက်နာရပါမယ်။ ဆေးရည်ဟာ ပုံမှန်အားဖြင့် ကြည်လင်ပြီး အရောင်မရှိပါဘူး။ ဒါကြောင့် ဆေးအသုံးမပြုခင်မှာ ဆေးထဲ အမှုန်တွေပါခြင်းရှိမရှိ သို့မဟုတ် အရောင်ပြောင်းလဲခြင်းရှိမရှိ သိနိုင်ဖို့အတွက် သေချာစွာ စစ်ဆေးရပါမယ်။ အမှုန်ပါခြင်း ဒါမှမဟုတ် အရောင်ပြောင်းလဲခြင်းတွေ ရှိနေမယ်ဆိုရင်တော့ ဆေးရည်ကို အသုံးမပြုသင့်ပါဘူး။ ဆေးရည်တွေကို ဘယ်လိုစနစ်တကျ သိမ်းဆည်းရမယ်၊ ဘယ်လို စွန့်ပစ်ရမယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သက်လို့ လေ့လာသင်ယူရပါမယ်။

ဒီဆေးသုံးစွဲပြီး ၂၄ နာရီအတွင်းမှာ အခြားသော ergot ပါဝင်တဲ့ဆေးတွေ (ဥပမာ ergotamine, methysergide) ဒါမှမဟုတ် triptan အမျိုးအစားဆေးတွေ (ဥပမာ sumatriptan)တို့ကို မသုံးစွဲသင့်ပါဘူး။

မိုင်ဂရိန်းခေါင်းကိုက်ခြင်းကို သက်သာစေဖို့အတွက် ဆေးဝါးတွေကို တလမှာ ဆယ်ရက်ထက်ပိုပြီး သုံးစွဲမယ်ဆိုရင် အဆိုပါဆေးတွေမှာ သင့်ခေါင်းကိုက်ခြင်းကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဆေးတွေကို ညွှန်ကြားထားတဲ့ အကြိမ်ရေထက် ပိုမိုသုံးစွဲခြင်း သို့မဟုတ် ညွှန်ကြားထားတဲ့ ကာလအပိုင်းအခြားထက် ပိုမိုကြာရှည်စွာ သုံးစွဲခြင်းတို့ကို ရှောင်ရှားရပါမယ်။ ဒီဆေးကို အကြိမ်ရေတိုးပြီး သုံးစွဲချင်ရင်၊ဆေးအာနိသင်မထိရောက်ရင် ဒါမှမဟုတ် ခေါင်းကိုက်ဝေဒနာပိုဆိုးလာရင် ဆရာဝန်ကို အသိပေးရပါမယ်။

Dihydroergotamine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Dihydroergotamine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ medication ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ medication ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Dihydroergotamine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Dihydroergotamine ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Medication ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အောက်ပါအချက်များရှိနေပါက ဆေးမသောက်ခင် ဆရာဝန်ကို ကြိုပြောပါ။

-Dihydroergotamine သို့မဟုတ် ergot ပါဝင်တဲ့ ဆေးတွေနဲ့ ဓါတ်မတည့်ခြင်း။

-အခြားသော ဓါတ်မတည့်မှုများ ရှိခြင်း။

-သွေးလည်ပတ်မှုဆိုင်ရာ ရောဂါများရှိခြင်း (ဥပမာ သွေးကြောဆိုင်ရာ ရောဂါများ – သွေးလွှတ်ကြောနံရံများ ထူလာခြင်း၊သွေးကြောအတွင်း သွေးခဲများဖြင့် ပိတ်ခြင်း၊Raynaud ရောဂါ စသည်)၊သွေးပေါင်ချိန်မြင့်မားနေခြင်း၊နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ – နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါများ၊လေဖြတ်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ရုတ်တရက်နှလုံးထိခြင်း စသည်။

-အသည်းရောဂါ၊ကျောက်ကပ်ရောဂါရှိခြင်း၊သွေးအတွင်း ရောဂါပိုးများ ဆိုးရွားစွာ ပျံ့နှံ့ခြင်း၊လတ်တလော နှလုံးသွေးကြောခွဲစိတ်မှု ခံယူထားရခြင်း။

အောက်ပါရောဂါအခြေအနေတွေ ရှိရင်လည်း ဒီဆေးမသုံးစွဲခင် သင့်ဆရာဝန်ကို အသိပေးရပါမယ်။

-ဆီးချိုရောဂါရှိခြင်း။

-မိသားစုထဲတွင် နှလုံးရောဂါသည် ရှိခြင်း။

-(ကောင်းစွာထိန်းချုပ်ထားနိုင်သော) သွေးတိုးရောဂါရှိခြင်း။

-ကိုလက်စထရောပမာဏများခြင်း။

-အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများရှိခြင်း။

-ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း။

-(အသက်အရွယ်ကြောင့်/ခွဲစိတ်မှုကြောင့်/ဟော်မုန်းအပြောင်းအလဲကြောင့်) သွေးဆုံးခြင်း။

ဒီဆေးဟာ သင့်ကို မူးဝေစေ၊အိပ်ငိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းခြင်း၊စက်ကိရိယာတွေကို ထိန်းချုပ်မောင်းနှင်ခြင်း ဒါမှမဟုတ် တက်ကြွနိုးကြားနေဖို့လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တော့မယ်ဆိုရင် အဆိုပါ လှုပ်ရှားဆောင်ရွက်မှုတွေကို အန္တရာယ်ကင်းစွာ လုပ်နိုင်ပြီလို့ ကိုယ့်ကိုယ်ကို သေချာတော့မှ လုပ်ဆောင်ရပါမယ်။ အရက်သေစာသောက်စားခြင်းကိုလည်း စည်းနဲ့ကမ်းနဲ့ လုပ်ပါ။ အလွန်အကျွံ မဖြစ်ပါစေနဲ့။ အရက်သောက်ခြင်းဟာ သင့်ခေါင်းကိုက်ဝေဒနာ မြစ်ဖျားခံရာအကြောင်းရင်းတခု ဖြစ်နေနိုင်ပါတယ်။

ဒီဆေးအသုံးပြုစဉ်ကာလမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီးတွေ သုံးစွဲမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ် (ဥပမာ နှလုံးဆိုင်ရာပြဿနာများ – ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန် မြန်ခြင်း/နှေးခြင်း/မမှန်ခြင်း။ ဦးနှောက်/ခြေ/လက်များဆီသို့ သွေးအရောက်နည်းခြင်း စသည်)။ ဒါကြောင့် ဒီဆေးအသုံးပြုနေတုန်းမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးတွေကို မသုံးစွဲသင့်ပါဘူး။ တကယ်လို့ သင်ဟာ ဆေးလိပ်သောက်တတ်သူဆိုရင်တော့ ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။

ခွဲစိတ်မှုမခံယူခင်မှာ သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေအားလုံးအကြောင်း ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်ကို အသိပေးပါ (ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်တဲ့ဆေး၊ဆရာဝန်ညွှန်ကြားချက်ပါစရာမလိုဘဲ ဆေးဆိုင်မှာ အလွယ်တကူဝယ်နိုင်တဲ့ဆေး၊သစ်ဥသစ်ဖုက ထုတ်လုပ်တဲ့ဆေး စသဖြင့်အားလုံးပါဝင်ပါတယ်)။

ဒီဆေးဟာ သန္ဓေသားကို ထိခိုက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ မသုံးစွဲရပါဘူး။ ကွန်ဒုံး၊ပဋိသန္ဓေတားဆေး အစရှိတဲ့ (ယုံကြည်စိတ်ချရသော) သားဆက်ခြားနည်းလမ်းတွေကို အသုံးပြုနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးသုံးစွဲနေစဉ်အချိန်မှာ ကိုယ်ဝန်ရှိသွားတာ ဒါမှမဟုတ် ကိုယ်ဝန်ရှိနေပြီလို့ သံသယဖြစ်တာမျိုးဆိုရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။

ဒီဆေးဟာ မိခင်နို့ထဲမှာ ပါလာနိုင်တာကြောင့် နို့စို့ကလေးငယ်အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဆေးသုံးစွဲနေစဉ်ကာလမှာ မိခင်နို့တိုက်ကျွေးခြင်း မပြုသင့်ပါဘူး။ မိခင်နို့မတိုက်ကျွေးခင် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် X ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Dihydroergotamine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

မူးဝေထိုင်းမှိုင်းခြင်း၊ငိုက်မျဉ်းခြင်း၊ခေါင်းကိုက်ခြင်း၊ပျို့အန်ခြင်း၊ဝမ်းလျှောခြင်း၊မျက်နှာနီရဲပူထူခြင်း၊ချွေးအလွန်အကျွံထွက်ခြင်း တို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာရင်ပဲဖြစ်ဖြစ်၊အချိန်ကြာကြာဆက်ရှိနေရင်ပဲဖြစ်ဖြစ် ဆရာဝန်ထံ အသိပေးရပါမယ်။ ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။

အောက်ဖော်ပြပါ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင် ဆရာဝန်ထံ အမြန်အကြောင်းကြားရပါမယ်။

-နှလုံးခုန်နှေးခြင်း/မြန်ခြင်း/မမှန်ခြင်း။

-ခြေချောင်း၊လက်ချောင်းများ ထုံကျဉ်အေးစက်ခြင်း၊နာကျင်ခြင်း။

-ခြေချောင်း၊လက်ချောင်း၊ခြေသည်းလက်သည်းများ ဖြူဖွေးလာခြင်း။

-ခြေချောင်း၊လက်ချောင်းများ ထုံပြီး အထိအတွေ့ကို မသိတော့ခြင်း။

-ခြေဖျား၊လက်ဖျားများ ပြာနှမ်းလာခြင်း။

-လက်တံ၊ခြေတံတလျှောက် နာကျင်ခြင်း၊အားနည်းခြင်း။

-ပြင်းထန်စွာ ဗိုက်အောင့်ဗိုက်နာခြင်း။

-ခါးနာခြင်း။

-ကျောက်ကပ်ပြဿနာတို့၏ လက္ခဏာများ ပြလာခြင်း (ဥပမာ ဆီးပမာဏပြောင်းလဲခြင်း)။

အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေဟာ ရှားပါးပေမယ့် ဆိုးရွားပြင်းထန်လှတဲ့အတွက် ဆေးဝါးကုသမှု ချက်ချင်းခံယူဖို့ လိုအပ်ပါလိမ့်မယ်။

-အသက်ရှုရခက်ခြင်း၊အသက်ရှုတိုင်း အောင့်တက်လာခြင်း။

-ရင်ဘတ်အောင့်ခြင်း။

-သတိကောင်းစွာ မကပ်တော့ခြင်း။

-စကားပီသစွာ မပြောနိုင်တော့ခြင်း။

-ကိုယ်တခြမ်းကောင်းစွာ မလှုပ်နိုင်တော့ခြင်း။

-အမြင်အာရုံပြဿနာများ ခံစားလာရခြင်း။

ဒီဆေးကြောင့် ပြင်းထန်စွာ ဓါတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ပြင်းထန်စွာဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓါတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Dihydroergotamineနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်သလဲ။

လေပြွန်ကျယ်စေသော ဆေးဝါးများ၊နှာခေါင်းပိတ်သက်သာစေသော ဆေးဝါးများ၊နှိုးဆွပေးသော ဆေးဝါးများ (ဥပမာ epinephrine, pseudoephedrine, methylphenidate, amphetamine) စတာတွေဟာ ဒီဆေးနဲ့ ဓါတ်ပြုနိုင်ပါတယ်။

တကယ်လို့ သင်ဟာ triptan အုပ်စုဝင် မိုင်ဂရိန်းခေါင်းကိုက်ပျောက်ဆေးတွေကိုပါ သုံးစွဲနေရမယ်ဆိုရင် အဆိုပါ ဆေးတွေနဲ့ Dihydroergotamine ကို ခပ်ဝေးဝေးခြားပြီးမှ သောက်ဖို့လိုအပ်ပါတယ်။ ဒီဆေးနှစ်မျိုးကြားမှာ ဘယ်လောက်ခြားရမလဲဆိုတာကိုတော့ သင့်ဆရာဝန်ကို မေးမြန်းပါ။ အချို့သော ဆေးဝါးတွေဟာ သင့်ရဲ့ နှလုံးခုန်နှုန်း ဒါမှမဟုတ် သွေးပေါင်ချိန်ကို တက်စေနိုင်ပါတယ်။ ဒါကြောင့် သင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေအကြောင်း သင့်ဆရာဝန်ကို အသိပေးပါ။ ဒီဆေးဝါးတွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်ထံ မေးမြန်းပါ (အထူးသဖြင့် အအေးမိချောင်းဆိုးပျောက်ဆေးတွေ၊ကိုယ်အလေးချိန်ထိန်းသိမ်းရာမှာ အသုံးပြုတဲ့ ဖြည့်စွက်ဆေးတွေ ဒါမှမဟုတ် အခြားသော မိုင်ဂရိန်းခေါင်းကိုက်ပျောက်ဆေးတွေ စသဖြင့်)။

Dihydroergotamineဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက medication နဲ့ ဓါတ်ပြုနိုင်ပါသလား။

Medication က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက medication နဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

Medication ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

Dosage

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Dihydroergotamine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

မိုင်ဂရိန်းခေါင်းကိုက်ခြင်းအတွက်

ထိုးဆေး :

ကနဦးပမာဏ : ၁ မီလီဂရမ် အသားထိုးဆေး/အကြောသွင်းဆေး/အရေပြားအောက်ထိုးဆေး။

လိုအပ်ရင် တနာရီခြားတိုင်း ၁ မီလီဂရမ်စီ ထပ်တိုးပေးနိုင်ပေမယ့် တနေ့တာအတွက် အများဆုံးသတ်မှတ်ထားတဲ့ ပမာဏထက်တော့ မကျော်ဖို့ ဂရုပြုရပါမယ်။

အများဆုံး ပေးနိုင်တဲ့ ပမာဏ:

-အကြောသွင်းဆေး : ၂၄နာရီအတွင်း ၂ မီလီဂရမ်ထက် မပိုရ။ ၇ရက်အတွင်း ၆ မီလီဂရမ်ထက် မပိုရ။

-အသားထိုးဆေး/အရေပြားအောက်ထိုးဆေး : ၂၄နာရီအတွင်း ၃ မီလီဂရမ်ထက် မပိုရ။ ၇ရက်အတွင်း ၆ မီလီဂရမ်ထက် မပိုရ။

နှာခေါင်းတွင်းဖြန်းဆေး :

ကနဦးပမာဏ : ဝ.၅ မီလီဂရမ် (တချက်ဖြန်းစာ ပမာဏ)ကို နှာခေါင်းပေါက်နှစ်ပေါက်လုံးအတွင်းကို ဖြန်းပေးရပါမယ်။ နောက်ထပ် ၁၅ မိနစ်အကြာမှာ တခါ ထပ်ဖြန်းပါ။

စုစုပေါင်းပမာဏ : ၂ မီလီဂရမ် (၁၅ မိနစ်ခြားပြီး နှာခေါင်းတပေါက်ချင်းစီထဲကို နှစ်ချက်တိတိဖြန်းပေးရပါမယ်)။

-၂ မီလီဂရမ်ထက်ပိုသုံးရင်လည်း ထူးထူးခြားခြား ပိုအကျိုးမထူးကြောင်း သိရှိရပါတယ်။

အများဆုံး အသုံးပြုနိုင်သော ပမာဏ : ၂၄နာရီအတွင်း ၃ မီလီဂရမ်ထက် မပိုရ။ ၇ရက်အတွင်း ၄ မီလီဂရမ်ထက် မပိုရ။

မှတ်ချက် :

-မိုင်ဂရိန်းခေါင်းကိုက်ခြင်းဖြစ်ကြောင်း တိကျသေချာစွာ ရောဂါအမည်တပ်နိုင်မှသာ ဒီဆေးကို အသုံးပြုသင့်ပါတယ်။

-ဒီဆေးကို ကာလကြာရှည်စွာ နေ့စဉ်စွဲသုံးခြင်း မပြုရပါဘူး။

အသုံးပြုခြင်း : ကြိုတင်အရိပ်အရောင်ပြသည်ဖြစ်စေ၊မပြသည်ဖြစ်စေ လတ်တလောမိုင်ဂရိန်းခေါင်းကိုက်ခြင်းအတွက် ဒီဆေးကို အသုံးပြုနိုင်ပါတယ်။

အုံဖွဲ့ခေါင်းကိုက်ခြင်းအတွက် သုံးစွဲရမယ့် ဆေးပမာဏ

ကနဦးပမာဏ : ၁ မီလီဂရမ် အသားထိုးဆေး/အကြောသွင်းဆေး/အရေပြားအောက်ထိုးဆေး။

လိုအပ်ရင် တနာရီခြားတိုင်း ၁ မီလီဂရမ်စီ ထပ်တိုးပေးနိုင်ပေမယ့် တနေ့တာအတွက် အများဆုံးသတ်မှတ်ထားတဲ့ ပမာဏထက်တော့ မကျော်ဖို့ ဂရုပြုရပါမယ်။

အများဆုံး ပေးနိုင်တဲ့ ပမာဏ:

-အကြောသွင်းဆေး : ၂၄နာရီအတွင်း ၂ မီလီဂရမ်ထက် မပိုရ။ ၇ရက်အတွင်း ၆ မီလီဂရမ်ထက် မပိုရ။

-အသားထိုးဆေး/အရေပြားအောက်ထိုးဆေး : ၂၄နာရီအတွင်း ၃ မီလီဂရမ်ထက် မပိုရ။ ၇ရက်အတွင်း ၆ မီလီဂရမ်ထက် မပိုရ။

မှတ်ချက် :

– ဒီဆေးကို ကာလကြာရှည်စွာ နေ့စဉ်စွဲသုံးခြင်း မပြုရပါဘူး။

အသုံးပြုခြင်း : လတ်တလော အုံဖွဲ့ခေါင်းကိုက်ခြင်း ဝေဒနာများအတွက်သာ အသုံးပြုရပါမယ်။

ကျောက်ကပ်မထိခိုက်စေရန် ဆေးပမာဏ ထိန်းညှိခြင်း :

ကျောက်ကပ်ဆိုးရွားစွာ ထိခိုက်နေရင် ဒီဆေးကို လုံးဝမသုံးစွဲရပါဘူး။

အသည်းမထိခိုက်စေရန် ဆေးပမာဏ ထိန်းညှိခြင်း :

အသည်းဆိုးရွားစွာ ထိခိုက်နေရင် ဒီဆေးကို လုံးဝမသုံးစွဲရပါဘူး။

ဆေးပမာဏ ထိန်းညှိချိန်ဆခြင်း :

သက်ကြီးရွယ်အိုများ : သတိထားပြီး သုံးစွဲပါ။ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေကို စမ်းသပ်သုတေသန ပြုထားတာမျိုး မရှိတဲ့အတွက် ဒီအသက်အရွယ်အပိုင်းအခြားမှာ အသုံးပြုခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မသိရှိရပါဘူး။

အခြားသောမှတ်ချက်များ :

နှာခေါင်းတွင်းဖြန်းဆေး :

-နှာခေါင်းထဲကို ဖြန်းဖို့ပဲ အသုံးပြုရပါမယ်။ ဆေးတပုလင်းမှာပါဝင်တဲ့ ပမာဏဟာ တကြိမ်အသုံးပြုဖို့အတွက် အတိအကျ လုံလောက်ပါတယ်။

-အသုံးပြုရန် ပြင်ဆင်ခြင်း : အပြာရောင်အဖုံးလေးကို နောက်လှန်ချလိုက်ပါ။ ပြီးရင် အပြာရောင်အဖုံးလေးရယ်၊သတ္တုအပိတ်လေးရယ်၊အဆို့ရယ်ကို လုံးဝဖယ်ရှားပစ်ပါ။ ဆေးရည်ဖြန်းဖို့ ပြွန်ကလေးကို ဆေးပုလင်းထဲထည့်သွင်းပြီး နာရီလက်တံအတိုင်း တင်းတင်းလှည့်ပါ။ လုံးဝကျပ်သွားတဲ့အထိ လှည့်ရပါမယ်။

-ပထမဆုံးအကြိမ် အသုံးမပြုခင်မှာ ၄ ချက်တိတိ ညှစ်ထုတ်ပေးပါ။

-နှာခေါင်းတဖက်စီထဲကို တချက်စီ ဖြန်းပေးပါ။ နောက်ထပ် ၁၅ မိနစ်အကြာမှာ တကြိမ်စီထပ်ဖြန်းပါ။

-ဆေးဖြန်းနေစဉ် ဒါမှမဟုတ် ဆေးဖြန်းပြီးပြီးချင်းမှာ ခေါင်းကို အနောက်လှန်ခြင်း သို့မဟုတ် နှာချေဆတ်ခြင်းတို့ကို မပြုလုပ်ပါနဲ့။

ထိုးဆေးပုလင်း :

-အသားထိုးဆေး သို့မဟုတ် အကြောသွင်းဆေး သို့မဟုတ် အရေပြားအောက်ထိုးဆေးပုံစံများဖြင့် အသုံးပြုနိုင်ပါတယ်။

-အရေပြားအောက်ထိုးဆေးပုံစံကို မိမိဖာသာ ထိုးသွင်းအသုံးပြုမယ့် လူနာများအနေနဲ့ အသုံးပြုပုံကို သေချာစွာ သိရှိထားသင့်ပါတယ်။ အရေပြားအောက်ထိုးဆေးပုံစံအသုံးပြုတဲ့အခါ ဒူးခေါင်းရဲ့ အပေါ်ဖက်အနည်းငယ်ဝေးကွာတဲ့နေရာ ပေါင်လယ်တည့်တည့်ကို ထိုးသွင်းရပါမယ်။

သိုလှောင်သိမ်းဆည်းရန် လိုအပ်ချက်များ :

-ဆေးပုလင်းနှင့် နှာခေါင်းဖြန်းဆေးများ (အဖုံးမဖွင့်ရသေးမီ) : အလင်းနဲ့ မထိတွေ့အောင် ကာကွယ်ထားပါ။၇၇ ဒီဂရီဖာရင်ဟိုက် (၂၅ ဒီဂရီစင်တီဂရိတ်)အောက်မှာ သိုလှောင်ပါ။ အေးခဲအောင် မထားပါနဲ့။ ရေခဲသေတ္တာထဲမှာ ထည့်မသိမ်းပါနဲ့။

-ဆေးပုလင်း : အဖုံးဖွင့်ပြီး ၁နာရီအကြာမှာ လွှင့်ပစ်ရပါမယ်။

-နှာခေါင်းဖြန်းဆေး : အဖုံးဖွင့်ပြီး ၈ နာရီအကြာမှာ လွှင့်ပစ်ရပါမယ်။

အထွေထွေ :

-မိုင်ဂရိန်းခေါင်းကိုက်ခြင်းလို့ ကျိန်းသေပေါက် ရောဂါအမည်တပ်ဖော်ထုတ်သိရှိထားတဲ့ အခြေအနေမှာပဲ ဒီဆေးကို အသုံးပြုသင့်ပြီး ဦးနှောက်ရဲ့ တဖက်ခြမ်း သို့မဟုတ် ဦးနှောက်ရဲ့အခြေ/လည်ပင်းတဝိုက်ကိုပဲ ထိခိုက်တဲ့ မိုင်ဂရိန်းခေါင်းကိုက်ခြင်းကို ကုသဖို့အတွက် အသုံးမပြုရပါဘူး။

-နှလုံးသွေးကြောဆိုင်ရာရောဂါရှိတဲ့ လူနာတွေအနေနဲ့ ဆေးစတင်မသုံးစွဲခင်မှာ နှလုံးနဲ့ သွေးကြောအခြေအနေတွေကို ဦးစွာစစ်ဆေးသင့်ပြီး စိတ်ချရပြီဆိုမှ ဒီဆေးကို သုံးစွဲရပါမယ်။ ဒီလို စစ်ဆေးပြီးသည့်တိုင်အောင် ရောဂါရှိနေတာကို မသိလိုက်ဘဲ လွတ်သွားတာမျိုးလည်း ဖြစ်လာနိုင်တဲ့အတွက် ပထမဆုံးတကြိမ်ဆေးသွင်းတဲ့အခါ ပစ္စည်းကိရိယာစုံလင်စွာ ရှိတဲ့ ဆေးရုံဆေးခန်းမှာ သွင်းသင့်သလို ဆေးသွင်းပြီးပြီဆိုတာနဲ့ အီးစီဂျီဆွဲရပါမယ်။

အခြေအနေကို စောင့်ကြည့်ခြင်း :

-နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်တဲ့ အချက်အလက်တွေရှိနေတဲ့ လူနာတွေမှာ ပထမတကြိမ်ဆေးသွင်းပြီးတာနဲ့ အီးစီဂျီဆွဲရပါမယ်။

-နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်တဲ့ အချက်အလက်တွေရှိနေတဲ့ လူနာတွေအနေနဲ့ နှလုံးစစ်ဆေးခြင်းကို သတ်မှတ်ထားတဲ့ အချိန်ကာလတွေမှာ မပျက်မကွက် ပုံမှန်ပြုလုပ်ပေးရပါမယ်။

လူနာများအတွက် အကြံပေးချက် :

-ခြေချောင်းလက်ချောင်းလေးများ ထုံလာခြင်း၊တဆစ်ဆစ်ကျဉ်လာခြင်း၊ခြေတံလက်တံများရှိ ကြွက်သားများ နာကျင်လာခြင်း၊ခြေထောက်များအားနည်းပျော့ခွေလာခြင်း၊ရင်ဘတ်အောင့်ခြင်း၊နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊ဖောရောင်ခြင်း၊ယားယံခြင်းတွေ ဖြစ်ပေါ်လာမယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းအသိပေး အကြောင်းကြားရပါမယ်။ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေအကြောင်းကို လူနာများအနေနဲ့ ဂဃနဏသိရှိထားဖို့ လိုအပ်ပြီး အဆိုပါလက္ခဏာတွေပေါ်ပေါက်လာပြီဆိုတာနဲ့ ဆေးဝါးကုသမှုကို အမြန်ဆုံးခံယူဖို့ အထူးအရေးကြီးပါတယ်။

-ဆေးဝါးအသစ် ဒါမှမဟုတ် ဖြည့်စွက်အားဆေးတခုခု သောက်သုံးတော့မယ်ဆိုရင် ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ပါ။

-ဆရာဝန်ကို အသိမပေး၊မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးပမာဏတိုးသုံးစွဲခြင်း မပြုရပါဘူး။

-ဒီဆေးဟာ ငိုက်မျဉ်းထိုင်းမှိုင်းခြင်းကို ဖြစ်စေတာမို့ ဆေးအာနိသင်ရှိနေဆဲကာလမှာ ကားမောင်းခြင်း၊စက်ကိရိယာများ ကိုင်တွယ်သုံးစွဲမောင်းနှင်ခြင်းတို့ကို ရှောင်ကျဉ်သင့်ပါတယ်။

-ကိုယ်ဝန်ရှိနေရင်၊ကိုယ်ဝန်ရှိလာနိုင်ရင် သို့မဟုတ် ကလေးနို့တိုက်နေရင် ဆရာဝန်ကို အသိပေးတိုင်ပင်ရပါမယ်။

ကလေးငယ်တွေမှာ Dihydroergotamine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Dihydroergotamine ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Dihydroergotamine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ထိုးဆေးရည်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Dihydroergotamine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement