Difluprednate

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Difluprednate Brand Name(s): Difluprednate and Difluprednate.

အသုံးပြုခြင်း

Difluprednate ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

မျက်စိခွဲစိတ်ကုသမှု ခံယူပြီးချိန်မှာ နာကျင်ရောင်ရမ်းမှုများကို ကုသပေးဖို့ Difluprednate ကို အများဆုံးအသုံးပြုကြပါတယ်။အချို့သော မျက်စိပြဿနာတွေကို ကုသပေးဖို့လည်း ဒီဆေးကို အသုံးပြုနိုင်ပြန်ပါတယ် (ဥပမာ endogenous anterior uveitis)။Difluprednate ဟာ ကော်တီကိုစတီးရွိုက်ဆေးမျိုးနွယ်ဝင်ဆေးတမျိုးဖြစ်ပါတယ်။

Difluprednate ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

မျက်စဉ်းမခတ်ခင် သင့်လက်တွေကို သန့်စင်အောင် အရင်ဆေးပါ။မျက်စဉ်းဆေးတောင့်ပြွန်ရဲ့ ထိပ်ဖျားကို သင့်လက်တွေနဲ့ပဲဖြစ်ဖြစ်၊မျက်စိနဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြားမျက်နှာပြင်/အရာဝတ္ထုတခုခုနဲ့ပဲ ဖြစ်ဖြစ် မထိတွေ့ပါစေနဲ့။ပိုးဝင်သွားနိုင်ပါတယ်။အကယ်၍ သင်ဟာ မျက်ကပ်မှန်အသုံးပြုသူဆိုရင် မျက်စဉ်းမခတ်ခင် မျက်ကပ်မှန်ကို အရင်ချွတ်ပါ။မျက်စဉ်းခတ်ပြီး ဆယ်မိနစ်လောက်အကြာမှ မျက်ကပ်မှန်ကို ပြန်တပ်ပါ။သင့်ခေါင်းကို နောက်လှန်ပြီး မျက်နှာကို မော့ပါ။မျက်စဉ်း အစက်ချစရာ ခပ်ချိုင့်ချိုင့် နေရာလေးဖြစ်လာနိုင်ဖို့အတွက် အောက်မျက်ခမ်းကို အနည်းငယ် ဆွဲချပါ။မျက်စဉ်းဆေးတောင့်ကို သင့်မျက်လုံးပေါ်မှာ တည့်မတ်စွာကိုင်ထားပြီး ခုနက ခပ်ချိုင့်ချိုင့် နေရာလေးထဲကို တစက်ညှစ်ချလိုက်ပါ။ပြီးရင် မျက်လုံးကိုအောက်စိုက်ကြည့်ရင်း ၁မိနစ် – ၂ မိနစ်လောက် မျက်စိမှိတ်ထားလိုက်ပါ။မျက်လုံးထောင့်စွန်း (နှာခေါင်းဘေးကပ်ရပ်က ထောင့်စွန်း)ကို လက်ညှိုးနဲ့ အသာလေးဖိထားပေးပါ။ဒါမှသာ ဆေးရည်တွေ ပြန်စီးထွက်လာမှာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။မျက်တောင်မခတ်မိပါစေနဲ့။မျက်စိကို မပွတ်မိပါစေနဲ့။မျက်စိနောက်တဖက်ကို ခတ်ဖို့လိုရင်လည်း ရှေးနည်းအတိုင်း ဆက်ပြီးခတ်ပါ။ဒါမှမဟုတ် တစက်ထက်ပိုခတ်ဖို့ လိုတယ်ဆိုရင်လည်း ဒီအတိုင်းပဲ ထပ်ခတ်ပေးပါ။

မျက်စဉ်းဆေးစက်ချတဲ့ ပြွန်ကလေးကို ရေနဲ့ဆေးမပစ်ပါနဲ့။ပြီးရင် အဖုံးပြန်ပိတ်ပါ။

ဒီဆေးကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျ အသုံးပြုပါ။ဆေးစတင်အသုံးပြုချိန်မှာ အကြိမ်ရေပိုမိုသုံးစွဲဖို့ သင့်ဆရာဝန်က ညွှန်ကြားထားနိုင်ပြီး နောက်ပိုင်းမှာတော့ ဆေးပမာဏကို တဖြည်းဖြည်းချင်း လျှော့ချသွားမှာပဲ ဖြစ်ပါတယ်။ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးသုံးစွဲမှုကို ရပ်မပစ်ရပါဘူး။ဒီလိုမျိုးဆေးကို ရုတ်တရက် ရပ်ပစ်လိုက်ရင် တချို့သောရောဂါအခြေအနေတွေ ပိုဆိုးလာနိုင်ပါတယ်။

ဆေးရဲ့အကျိုးအာနိသင်ကို အပြည့်အဝရရှိနိုင်ဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စနစ်တကျ အချိန်မှန်မှန် သုံးစွဲဖို့ လိုအပ်လှပါတယ်။တနေ့တာရဲ့ တူညီတဲ့ အချိန်မှာ ဆေးကိုသုံးစွဲပေးခြင်းအားဖြင့် ဆေးသောက်ဖို့/ထိုးဖို့/မျက်စဉ်းခတ်ဖို့လည်း မမေ့တော့ဘူးပေါ့။ဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့ ရက်အပိုင်းအခြားအတိုင်း အပြည့်အဝ သုံးစွဲရပါမယ်။တကယ်လို့ သင့်အနေနဲ့ အခြားသော မျက်စိဆေးဝါးများ (ဥပမာ အခြားမျက်စဉ်းဆေးများ၊မျက်လုံးတွင်းထည့် ဂျယ်လ်များ)ကိုလည်း အတူတကွ သုံးစွဲနေမယ်ဆိုရင် ဆေးတမျိုးနဲ့တမျိုးကြားမှာ အနည်းဆုံး ၅ – ၁၀ မိနစ်လောက်ခြားပြီးမှ သုံးစွဲသင့်ပါတယ်။မျက်စိထဲကို မျက်စဉ်းဆေးရည်ကောင်းစွာ ဝင်နိုင်စေဖို့အတွက် ဂျယ်လ်အသုံးမပြုခင်မှာ မျက်စဉ်းအရင်ခတ်သင့်ပါတယ်။

သင့်ရောဂါအခြေအနေ မသက်သာရင် သို့မဟုတ် အခြေအနေမထူးဘူးဆိုရင် ဆရာဝန်ကို အသိပေးတိုင်ပင်ပါ။

Difluprednate ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Medication ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ medication ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ medication ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Medication ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ

Medication ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Difluprednate ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Difluprednate နဲ့ ဓာတ်မတည့်ရင် ဒါမှမဟုတ် အခြားဓာတ်မတည့်မှုတွေ ရှိနေရင် ဆေးမသုံးစွဲခင် ဆရာဝန်ကို ကြိုတင်အသိပေးပါ။ဒီဆေးမှာပါဝင်တဲ့ အချို့သောဓာတ်ပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။အသေးစိတ်သိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ ဆွေးနွေးပါ။

ဒီဆေးကို အသုံးမပြုခင်မှာ သင့်ရောဂါရာဇဝင်နဲ့ပတ်သက်လို့ ဆရာဝန်ကို သေချာစွာ ပြောပြအသိပေးပါ : အထူးသဖြင့် ဗိုင်းရပ်စ်ပိုး (ဥပမာ ရေယုန်ဗိုင်းရပ်စ်)ကြောင့် ဖြစ်သောမျက်စိပိုးဝင်ခြင်း (ယခင်က ခံစားဖူးခြင်း သို့မဟုတ် လက်ရှိခံစားနေရခြင်း)၊အတွင်းတိမ်၊ရေတိမ်ရှိခြင်း စသည်။

မျက်စဉ်းခတ်ပြီးချိန်မှာ အမြင်အာရုံဝေဝါးမှုကို ခေတ္တမျှ ခံစားရနိုင်ပါတယ်။ဒါကြောင့် ဆေးအာနိသင်ရှိနေဆဲကာလမှာ ကားမောင်းခြင်း၊စက်ယန္တရားများကိုင်တွယ်ခြင်း အပါအဝင် အမြင်အာရုံကြည်လင်နေဖို့ လိုအပ်တဲ့ လုပ်ငန်းဆောင်တာတွေကို မလုပ်ဆောင်သင့်ပါဘူး။ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း ဒီဆေးကို ကျိန်းသေပေါက်လိုအပ်မှသာ အသုံးပြုသင့်ပြီး ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ ဆရာဝန်နဲ့ ဂရုတစိုက်တိုင်ပင်သင့်ပါတယ်။

ဒီဆေးဟာ မိခင်နို့ထဲ ရောက်ရှိနိုင်ခြင်းရှိမရှိကို မသိရပါဘူး။ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဒီဆေးကို အသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Difluprednate က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ယာယီအမြင်အာရုံဝေဝါးခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။တကယ်လို့ ဒီလို ဝေဝါးခြင်းဟာ အချိန်အတန်ကြာ ဆက်ရှိနေမယ် ဒါမှမဟုတ် ပိုဆိုးလာမယ်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။ဒီဆေးကို ကာလကြာရှည်စွာ အသုံးပြုရင် ဒါမှမဟုတ် မကြာခဏ အသုံးပြုရင် မှိုစွဲတဲ့ ပြဿနာတွေ (ဖန်ဂယ် ပိုးကူးစက်ခြင်း)နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့် ဒီဆေးကို ဆရာဝန်ညွှန်ကြားထားတဲ့ အချိန်ကာလထက် ပိုပြီး မသုံးစွဲသင့်ပါဘူး။

အောက်ဖော်ပြပါ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင် ဆရာဝန်ထံ အမြန်အကြောင်းကြားရပါမယ်။

-မျက်စိ စတင်အောင့်လာ၊ကိုက်လာခြင်း သို့မဟုတ် နဂိုရှိပြီးသား မျက်စိအောင့်/ကိုက် ဝေဒနာ ပိုဆိုးလာခြင်း။

-မျက်စိရောင်ရမ်းခြင်း၊မျက်ဝတ်များ၊မျက်ရည်များ ထွက်လာခြင်း၊မျက်စိနီရဲလာခြင်း။

-အလင်းစူးစူးကိုကြည့်လျင် မျက်စိအောင့်ခြင်း၊ကြာကြာမကြည့်နိုင်ခြင်း။

-အမြင်အာရုံဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီဆေးကြောင့် ပြင်းထန်စွာ ဓာတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ဒါပေမယ့် ပြင်းထန်စွာဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Difluprednate နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Diflupredante ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Difluprednate နဲ့ ဓာတ်ပြုနိုင်ပါသလား။

Difluprednate က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Difluprednate နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Difluprednate ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Difluprednate ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

မျက်စိခွဲစိတ်ပြီး ရောင်ရမ်းခြင်းအတွက်

ခွဲစိတ်အပြီး ၂၄နာရီအကြာမှာ ရောင်ရမ်းနေတဲ့ မျက်စိရဲ့ အောက်မျက်ခမ်းအတွင်းဖက်ကို တကြိမ်လျှင် မျက်စဉ်းတစက်ချပေးရမှာဖြစ်ပြီး တနေ့ကို ၄ကြိမ်တိတိ မျက်စဉ်းခတ်ရပါမယ်။ဒီလိုမျိုး မျက်စဉ်းခတ်တာကို ခွဲစိတ်ပြီး ၂ပတ်အကြာထိ ပြုလုပ်ပေးရမှာဖြစ်ကာ တတိယမြောက်အပတ်မှာလည်း တနေ့ကို ၂ကြိမ်ဆက်ခတ်သွားရမှာပါ။ဒီ့နောက်မှာတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်း ဖြတ်သွားရမှာ ဖြစ်ပါတယ်။

အသုံးပြုခြင်း : မျက်စိခွဲစိတ်ပြီးနောက် ရောင်ရမ်းနာကျင်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။

Uvea အလွှာ ရောင်ရမ်းခြင်းအတွက် :

ရောင်ရမ်းနေတဲ့ မျက်စိရဲ့ အောက်မျက်ခမ်းအတွင်းဖက်ကို တကြိမ်လျှင် မျက်စဉ်းတစက်ချပေးရမှာဖြစ်ပြီး တနေ့ကို ၄ကြိမ်တိတိ မျက်စဉ်းခတ်ရပါမယ်။ဒီလိုမျိုး ၁၄ရက်တိုင်တိုင် ခတ်သွားရမှာဖြစ်ပြီး ၁၄ ရက်နောက်ပိုင်းမှာတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်း ဖြတ်သွားရမှာ ဖြစ်ပါတယ်။

အသုံးပြုခြင်း : Uvea အလွှာရှေ့ခြမ်း ရောင်ရမ်းခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

အခြားမှတ်ချက်များ

လူနာများအတွက် အကြံပေးချက်:

-မျက်စဉ်းဗူးရဲ့ ထိပ်ပြွန်အတံလေးကို ဘာနဲ့မှ မထိတွေ့မိအောင် သတိပြုပါ။

သိုလှောင်သိမ်းဆည်းခြင်း :

-အေးခဲအောင် မထားပါနဲ့။

-အလင်းရောင်နဲ့ မထိတွေ့ပါစေနဲ့။

ကလေးငယ်တွေမှာ Difluprednate ကို သုံးစွဲရမယ့်အချိုးအစားက ဘယ်လောက်လဲ။

မျက်စိခွဲစိတ်ပြီး ရောင်ရမ်းခြင်းအတွက်

ခွဲစိတ်အပြီး ၂၄နာရီအကြာမှာ ရောင်ရမ်းနေတဲ့ မျက်စိရဲ့ အောက်မျက်ခမ်းအတွင်းဖက်ကို တကြိမ်လျှင် မျက်စဉ်းတစက်ချပေးရမှာဖြစ်ပြီး တနေ့ကို ၄ကြိမ်တိတိ မျက်စဉ်းခတ်ရပါမယ်။ဒီလိုမျိုး မျက်စဉ်းခတ်တာကို ခွဲစိတ်ပြီး ၂ပတ်အကြာထိ ပြုလုပ်ပေးရမှာဖြစ်ကာ တတိယမြောက်အပတ်မှာလည်း တနေ့ကို ၂ကြိမ်ဆက်ခတ်သွားရမှာပါ။ဒီ့နောက်မှာတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်း ဖြတ်သွားရမှာ ဖြစ်ပါတယ်။

အသုံးပြုခြင်း : မျက်စိခွဲစိတ်ပြီးနောက် ရောင်ရမ်းနာကျင်ခြင်းများအတွက် အသုံးပြုနိုင်ပါတယ်။

Uvea အလွှာ ရောင်ရမ်းခြင်းအတွက် :

ရောင်ရမ်းနေတဲ့ မျက်စိရဲ့ အောက်မျက်ခမ်းအတွင်းဖက်ကို တကြိမ်လျှင် မျက်စဉ်းတစက်ချပေးရမှာဖြစ်ပြီး တနေ့ကို ၄ကြိမ်တိတိ မျက်စဉ်းခတ်ရပါမယ်။ဒီလိုမျိုး ၁၄ရက်တိုင်တိုင် ခတ်သွားရမှာဖြစ်ပြီး ၁၄ ရက်နောက်ပိုင်းမှာတော့ အခြေအနေပေါ်မူတည်ပြီး ဖြည်းဖြည်းချင်း ဖြတ်သွားရမှာ ဖြစ်ပါတယ်။

အသုံးပြုခြင်း : Uvea အလွှာရှေ့ခြမ်း ရောင်ရမ်းခြင်းအတွက် အသုံးပြုနိုင်ပါတယ်။

Difluprednate ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Difluprednate ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • မျက်စဉ်းဆေးရည်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Difluprednateကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

 Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 1, 1970 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။