Diflorasone

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Diflorasone Brand Name(s): Diflorasone and Diflorasone.

အသုံးပြုခြင်း

Diflorasone ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

နှင်းခူ၊အရေပြားရောင်ရမ်းခြင်း၊ဓာတ်မတည့်ယားယံခြင်း၊အနီစက်များ ထွက်ပေါ်ခြင်း စတဲ့ အရေပြားပြဿနာအမျိုးမျိုးကို ကုသပေးဖို့အတွက် diflorasone ကို အများဆုံးအသုံးပြုပါတယ်။Diflorasone ဟာ အဆိုပါ အခြေအနေတွေမှာ ဖြစ်ပေါ်တတ်တဲ့ ရောင်ရမ်းယားယံနီရဲခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။ဒီဆေးဟာ အားပြင်းတဲ့ ကော်တီကိုစတီးရွိုက်နွယ်ဝင် ဆေးတမျိုး ဖြစ်ပါတယ်။

Diflorasone ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

ဒီဆေးကို အရေပြားလိမ်းဆေးအဖြစ်ပဲ အသုံးပြုရပါမယ်။ဒါပေမယ့် မျက်နှာ၊ပေါင်ခြံနဲ့ ချိုင်းကြားအရေပြားတွေမှာလည်း ဆရာဝန်ညွှန်ကြားချက်မရှိဘဲ သုံးစွဲခြင်း မပြုရပါဘူး။ဆေးမလိမ်းခင် သင့်လက်တွေကို သန့်စင်အောင်ဆေးကြောပါ။ရေခြောက်အောင်ပြန်သုတ်ပါ။ဆေးလိမ်းမယ့်နေရာကို ရေဆေးသန့်စင်ပါ။ခြောက်သွေ့အောင် ပြန်လုပ်ပါ။ပြီးရင် အလိုရှိတဲ့နေရာကို ဆေးခပ်ပါးပါး လိမ်းပြီး အသာပွတ်ပေးပါ။ယေဘုယျအားဖြင့် တနေ့ကို ၁ – ၃ ကြိမ် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း လိမ်းပေးရပါတယ်။(ဆရာဝန်မှ အထူးတလည်ညွှန်ကြားထားတဲ့ အခြေအနေမျိုးကလွဲလို့) ဆေးလိမ်းထားတဲ့ နေရာကို ပတ်တီးစည်းခြင်း၊အုပ်ခြင်း၊ကာခြင်းမျိုးမလုပ်ရပါဘူး။ကလေးတွေရဲ့ အနှီးပတ်တဲ့နေရာကို ဆေးလိမ်းရတယ်ဆိုရင် ခပ်တင်းတင်း အနှီးပတ်ခြင်း၊သေးခံကို တင်းကျပ်စွာ ဝတ်ပေးခြင်း ဒါမှမဟုတ် ပလတ်စတစ်ဘောင်းဘီဝတ်ပေးခြင်းတွေကို ရှောင်ကျဉ်ရပါမယ်။

ဆေးလိမ်းပြီးတဲ့အခါ သင့်လက်တွေကို ဆေးကြောပါ (လက်မှာ ဆေးလိမ်းထားရတယ်ဆိုရင်တော့ ခြွင်းချက်ပေါ့)။မျက်စိနားတဝိုက်က အရေပြားနေရာကို လိမ်းဖို့လိုအပ်လာတဲ့အခါ ဆေးကို မျက်စိထဲမဝင်အောင် အထူးသတိပြုပါ။ဘာလို့လဲဆိုတော့ ဒီဆေးဟာ ရေတိမ်ရောဂါကို ဖြစ်ပွါးစေသလို ရောဂါရှိပြီးသားလူတွေမှာလည်း ပိုဆိုးစေလို့ပဲ ဖြစ်ပါတယ်။ဒီဆေးကို နှာခေါင်းထဲ သို့မဟုတ် ပါးစပ်ထဲ မဝင်အောင်လည်း ဂရုစိုက်ရပါမယ်။တကယ်လို့ မျက်စိထဲ၊နှာခေါင်းထဲ ဒါမှမဟုတ် ပါးစပ်ထဲ မတော်တဆ ဆေးဝင်သွားခဲ့ရင် ရေများများနဲ့ ဆေးပစ်ပါ။

Diflorasone ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Diflorasone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Diflorasone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Diflorasone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Diflorasone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Diflorasone ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

Diflorasone ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Diflorasone သို့မဟုတ် အခြားသော စတီးရွိုက်ဆေးတွေနဲ့ (ဥပမာ hydrocortisone, dexamethasone) ဓာတ်မတည့်တာ ဒါမှမဟုတ် တခြား ဓာတ်မတည့်တာ တခုခုရှိနေရင် ဆရာဝန်ကို ကြိုပြောပါ။ဒီဆေးရဲ့ ပါဝင်ပစ္စည်းတွေဟာ ဓာတ်မတည့်ခြင်း ဒါမှမဟုတ် အခြားသော ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဒီဆေးကို စတင်မသုံးစွဲခင်မှာ သင့်ရောဂါရာဇဝင်အသေးစိတ်ကို ဆရာဝန်အား အသိပေးပါ (အထူးသဖြင့် သွေးလှည့်ပတ်မှုစနစ်မှာ ပြဿနာရှိနေခြင်း၊ဆီးချိုရှိခြင်း၊အရေပြားဆိုင်ရာ အခြားပြဿနာများ ရှိနေခြင်း၊ခုခံအားစနစ်ဆိုင်ရာ ပြဿနာများ ရှိနေခြင်း စသည်)။

ဆေးလိမ်းမယ့်နေရာမှာ ပိုးဝင်နေတာမျိုး ဒါမှမဟုတ် အနာဖြစ်နေတာမျိုးရှိနေရင် ဒီဆေးကို မသုံးစွဲသင့်ပါဘူး။

ကော်တီကိုစတီးရွိုက်ဆေးတွေကို ကာလကြာရှည်စွာ စွဲမြဲအသုံးပြုမယ် ဒါမှမဟုတ် အရေပြားဧရိယာခပ်များများမှာ အသုံးပြုမယ်ဆိုရင် သင့်ခန္ဓာကိုယ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာဖိစီးမှုပြဿနာတွေကို ရင်ဆိုင်ဖို့ ပိုမိုခက်ခဲသွားစေနိုင်ပါတယ်။ဒါကြောင့် ခွဲစိတ်မှု ဒါမှမဟုတ် အရေးပေါ်ကုသမှုမခံယူခင် အချိန်မှာပဲဖြစ်ဖြစ်၊ ပြင်းထန်စွာ နာဖျား/ဒါဏ်ရာရတာပဲဖြစ်ဖြစ် ကြုံတွေ့လာရပြီဆိုရင် လွန်ခဲ့တဲ့လပိုင်းအတွင်း ဒီဆေးကို အသုံးပြုထားကြောင်း ဆရာဝန် သို့မဟုတ် သွားဆရာဝန်ကို အသိပေးပါ။ဒီဆေးကို ကာလကြာရှည်စွာ စွဲစွဲမြဲမြဲ အသုံးပြုရင်ကလေးတွေရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို အနှောင့်အယှက် ပေးနိုင်ပါတယ် (ဖြစ်တော့ဖြစ်ခဲပါတယ်)။အရွယ်ရောက်လာချိန်မှာ နောက်ဆုံးရှိနေမယ့် အရပ်အမြင့်ပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကိုတော့ မသိရပါဘူး။သင့်ကလေးရဲ့ အရပ်ကို ပုံမှန်တိုင်းတာနိုင်ဖို့အတွက် ဆရာဝန်နဲ့ မှန်မှန်ပြပါ။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မဖြစ်မနေ လိုအပ်မှသာ ဒီဆေးကို အသုံးပြုသင့်ပါတယ်။ဆေးရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ ပတ်သက်လို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ဒီဆေးကို အရေပြားပေါ်လိမ်းပေးခြင်းအားဖြင့် မိခင်နို့ထဲမှာ ပါဝင်လာခြင်းရှိမရှိကို သေချာစွာ မသိရှိရပါဘူး။ဒီဆေးနဲ့ အလားတူတဲ့ သောက်ဆေးတွေကတော့ မိခင်နို့ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ဒါကြောင့် မိခင်နို့တိုက်ကျွေးဖို့ မဆုံးဖြတ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

• A=ဆိုးကျိုးမရှိပါ။

• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက် ဆိုးကျိုးများ။

Diflorasone က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဒီဆေးကို အရေပြားပေါ် ပထမဆုံးအကြိမ် လိမ်းလိုက်တဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း၊စူးခနဲ နာကျင်ခြင်း၊ယားယံခြင်း၊နီရဲခြင်း၊ခြောက်သွေ့ခြင်း အစရှိတဲ့ အချက်လေးတွေ ဖြစ်ပေါ်လာပါမယ်။ရက်အနည်းငယ်အကြာမှာတော့ သင့်ခန္ဓာကိုယ်နဲ့ ဆေးတို့အကြား သဟဇာတဖြစ်လာပြီမို့ အထက်ပါလက္ခဏာလေးတွေဟာ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။ဒီလိုမျိုး ပျောက်ကွယ်မသွားဘဲ ရက်အတန်ကြာဆက်ရှိနေရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။

ဆေးကပေးနိုင်တဲ့ အာနိသင်ကောင်းကျိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေထက် ပိုမိုများပြားသာလွန်တယ်လို့ သင့်ဆရာဝန်က ယူဆလို့သာ ဒီဆေးကို သုံးစွဲဖို့ ညွှန်ကြားခြင်းဖြစ်ပါတယ်။ဒီဆေးကိုသုံးစွဲသူအများစုမှာတော့ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့မရှိပါဘူး။အောက်ဖော်ပြပါ ဆိုးရွားပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင် ဆရာဝန်ထံ အမြန်အကြောင်းကြားရပါမယ်။

-အကြောပြတ်ရာများ ပေါ်လာခြင်း၊အရေပြားပါလာခြင်း/အရောင်ပြောင်းလာခြင်း၊အမွှေးအမျှင်များ ပိုမိုထူထပ်လာခြင်း၊အမွှေးအမျှင်တွေတဝိုက်မှာ ပြည်လေးတွေတည်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီဆေးကို သုံးလိုက်တာကြောင့် အရေပြားပြဿနာပိုဆိုးလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။နီရဲရောင်ရမ်းနာကျင်ခြင်းတွေ မသက်သာဘူးဆိုရင် သင့်ဆရာဝန်ကို အသိပေးပါ။

ဒီဆေးဟာ ရှားရှားပါးပါးဆိုသလို အရေပြားကနေတဆင့် သွေးကြောထဲအထိ စုပ်ယူခြင်းခံရနိုင်ပါတယ်။ဒါဆိုရင် ကော်တီကိုစတီးရွိုက်များပြားလွန်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ဘေးထွက်ဆိုးကျိုးတွေဟာ ကလေးတွေမှာ ပိုအဖြစ်များသလို ဆေးကို ကာလတာရှည် စွဲသုံးတဲ့သူတွေ ဒါမှမဟုတ် အရေပြားဧရိယာအများအပြားမှာ သုံးစွဲသူတွေမှာလည်း အဖြစ်များပါတယ်။အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေပေါ်ပေါက်လာရင် သင့်ဆရာဝန်ကို ချက်ချင်းအသိပေးပါ။

-ပုံမှန်မဟုတ်သော/အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း၊ကိုယ်အလေးချိန်လျော့ကျခြင်း၊ခေါင်းကိုက်ခြင်း၊ခြေထောက်ဖောရောင်ခြင်း၊ရေအလွန်အမင်းငတ်ခြင်း/ဆီးသွားများခြင်း၊အမြင်အာရုံပြဿနာများ ခံစားရခြင်း စသည်။

ဒီဆေးကြောင့် ပြင်းထန်စွာ ဓာတ်မတည့်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ဒါပေမယ့် ပြင်းထန်စွာဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ အနီစက်များထွက်လာခြင်း၊ယားယံရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ၊လျှာနဲ့ လည်ချောင်းတွေမှာ)၊ပြင်းထန်စွာ ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်ခြင်းတို့ ဖြစ်ပေါ်လာရင်တော့ အရေးပေါ်ဆေးဝါးကုသမှုခံယူရပါမယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ။

ဘယ်ဆေးဝါးတွေက Diflorasone နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

ဒီဆေးဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။အထူးသဖြင့် ကော်တီကိုစတီးရွိုက်သောက်ဆေးတွေ သုံးစွဲနေရင် (ဥပမာ prednisone)၊ အခြားသော ကော်တီကိုစတီးရွိုက်လိမ်းဆေးတွေ သုံးစွဲနေရင် (ဥပမာ hydrocortisone)၊ခုခံအားစနစ်ကို ဖိနှိပ်တဲ့ ဆေးတွေ သုံးစွဲနေရင် (ဥပမာ cyclosporine) မမေ့မလျော့ အသိပေးရပါမယ်။ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Diflorasone နဲ့ ဓာတ်ပြုနိုင်ပါသလား။

Diflorasone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Diflorasone နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Diflorasone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Diflorasone ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ကလေးငယ်တွေမှာ Diflorasone ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

Diflorasone ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Diflorasone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • လိမ်းဆေးရည်။
  • လိမ်းဆေးခရင်မ်။

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Diflorasone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 1, 1970 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 18, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။