Diamicron (ဒိုင်ရာမိုင်ခရွန်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Diamicron (ဒိုင်ရာမိုင်ခရွန်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Diamicron (ဒိုင်ရာမိုင်ခရွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Diamicron MRကို ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၂ လူနာတွေမှာ သွေးတွင်း သကြားဓာတ် ထိန်းညှိဖို့ အတွက် အသုံးပြုပါတယ်။ အစားအသောက်ပုံစံပြောင်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့  ကိုယ်အလေးချိန်ချခြင်းတို့ နဲ့  သွေးတွင်းသကြားဓာတ်ကို ကောင်းစွာမထိန်းညှိနိုင်တဲ့ အချိန်မှာ အသုံးပြုပါတယ်။ Gliclazide ဟာ မုန့် ချိုအိတ်မှ အင်ဆူလင် ထွက်တဲ့ပမာဏကို များစေပြီး ခန္ဓာကိုယ်မှာ အင်ဆူလင် ကိုကောင်းကောင်းအသုံးပြုနိုင်ဖို့ အားပေးပါတယ်။

Diamicron (ဒိုင်ရာမိုင်ခရွန်) ဘယ်လိုသောက်သုံးသင့်သလဲ

Gliclazide ကိုဖြစ်နိုင်ရင် အစာနဲ့ တွဲပြီး သောက်သင့်ပါတယ်။ ဆေးပြားကို အမှုန့် ကြိတ်ခြင်း (သို့ ) ဝါးစားခြင်းမပြုပဲ ရေနှင့် မျှောချပါ။

Diamicron (ဒိုင်ရာမိုင်ခရွန်) ဘယ်လိုသိမ်းဆည်းရမလဲ

Diamicron MR ကို တိုက်ရိုက်နေရောင်ခြည် မထိုးအောင် နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင် သိမ်းဆည်းတဲ့နည်း ဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေ မဖြစ်အောင်လို့  Diamicron MR ကို ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့  ရေခဲအောင် သိမ်းဆည်းတာတွေ မပြုလုပ်ပါနှင့်။ Diamicron MR ဆေးအမျိုးအစားနဲ့ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှု ပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့ အတွက် ဆေးဝါးတွေ အကုန်လုံးကို ကလေးတွေ အိမ်မွေးတိရစ္ဆာန်တွေနဲ့  ဝေးရာမှာ ထားပါ။

Diamicron MR ကို အိမ်သာထဲပစ်ချတာနဲ့  ရေထွက်ပေါက်ကနေ ဆေးကို ပစ်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကို မလိုအပ်တော့တဲ့ အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့ အခါတွေမှာ စနစ်တကျစွန့် ပစ်ဖို့  အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့် ပစ်ရမယ် ဆိုတာနဲ့ ပတ်သက်လို့ သင်ရဲ့ဆေးဝါး ကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Diamicron (ဒိုင်ရာမိုင်ခရွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Diamicron MR ကို မသောက်သုံးခင် သင့်မှာ အခြားသောရောဂါများ၊ Diamicron MRရဲ့ပါဝင်ပစ္စည်းများ (သို့ ) အခြားသော အရာများနှင့် ဓာတ်မတည့်ခြင်း၊ ကိုယ်ဝန်ရှိနေခြင်း (သို့ ) ကလေးနို့ တိုက်နေခြင်း နဲ့  ကျန်းမာရေးနှင့် ပတ်သက်ပြီး အခြားအရေးကြီးတဲ့ အချက်များ ရှိရင် သင့်ရဲ့ဆရာဝန်ကြိုတင်သတိပေးပါ။

သင့်တွင် အောက်ဖော်ပြပါ အချက်များရှိရင် Gliclazide ကိုမသောက်သုံးပါနှင့်။

  • ဆာလဖာ ဓာတ်ပါသော ဆေးများနှင့် ဓာတ်မတည့်ခြင်း (Sulfonylureas-Glyburide (သို့ ) Sulfamethoxazole-Sulfonamides)
  • Miconazole မှိုပိုးသတ်ဆေး သောက်နေခြင်း
  • ကူးစက်ရောဂါရှိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း (သို့ ) ခွဲစိတ်ထားခြင်း
  • အသည်းရောဂါ (သို့ ) ကျောက်ကပ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရခြင်း
  • ဆီးချိုသွေးချိုရောဂါ အမျိုးအစား ၁ ရှိခြင်း
  • ဆီးချိုသွေးချိုရောဂါ ထိန်း၍မရခြင်း (ဆီးတွင်း ကီတုန်း ketone ပမာဏများနေခြင်း)

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Diamicron (ဒိုင်ရာမိုင်ခရွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

  • ကိုယ်ဝန်ဆောင်ချိန်။ ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့ တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန် အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ခြေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။Diamicron MRသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C အဆင့်ရှိသည် လို့ သတ်မှတ်ထားပါတယ်။အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ ၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်များမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်။
    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့ အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
    • D=ဆိုးကျိုးများရှိသည့် အထောက်အထားများ ရှိပါသည်။
    • X=သောက်သုံး၍မရပါ။ (လုံးဝမတည့်ပါ။)
    • N=အခြေအနေကို မသိရသေးပါ။

    ကလေးနို့ တိုက်ချိန်။

    မိခင်နို့ ရည်ထဲ မှာ ဆေးပျော်ဝင်မှုရှိမရှိဆိုတာကို ထုတ်ပြန်ထားခြင်း မရှိပါ။ ကလေးနို့ တိုက်နေစဉ် Diamicron MRကို သောက်သုံးရင် ကလေးကိုထိခိုက်နိုင်ပါတယ်။ Gliclazide ကို နို့ တိုက်မိခင်များ သောက်သုံးရန် မသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Diamicron (ဒိုင်ရာမိုင်ခရွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ဖော်ပြပါ အချက်များထဲမှ တစ်ခုဖြစ်ရင် သင့်ရဲ့ဆရာဝန်နဲ့  တိုင်ပင်ဆွေးနွေးပါ။

  • သွေးပေါင်ချိန်တက်ခြင်း
  • သွေးအားနည်းသော လက္ခဏာများပေါ်လာခြင်း (ဥပမာ – မူးဝေခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အလွန်နှုံးချိနေခြင်း (သို့ ) အသက်ရှုမောလာခြင်း)
  • သွေးယိုစိမ့်သော လက္ခဏာများပေါ်လာခြင်း (ဥပမာ – ပုံမှန်မဟုတ်ပဲ နှာခေါင်းသွေးလျှံခြင်း၊ ဖူးရောင်ခြင်း၊ ဆီးတွင်သွေးပါခြင်း၊ သလိပ်ထဲတွင် သွေးပါခြင်း၊ သွားဖုံးသွေးယိုခြင်း)
  • စိတ်ကျရောဂါလက္ခဏာများ ရှိခြင်း ( ဥပမာ – အာရုံစိုက်မှု လျှော့နည်းခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲခြင်း၊ အိပ်စက်ချိန် (သို့ ) ပုံစံပြောင်းလဲခြင်း၊ လုပ်ငန်းဆောင်တာများတွင် စိတ်ဝင်စားမှုနည်းခြင်း၊ မိမိကိုယ်ကို သတ်သေလိုသည့် အတွေးများ ရှိခြင်း)
  • အသည်းရောဂါလက္ခဏာများ ရှိခြင်း (ဥပမာ – ပျို့ တက်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အရေပြားနှင့် မျက်ဖြူသားများ ဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း)
  • အရေပြားတွင် အနီကွက်များပေါ်ခြင်း
  • အင်ပျဉ်ထွက်ခြင်း
  • ခြေထောက်များ ဖောရောင်ခြင်း
  • အမှတ်မထင် ကိုယ်အလေးချိန် တက်ခြင်း
  • သွေးတွင်းသကြားဓာတ်နည်းသော လက္ခဏာများ ပေါ်လာခြင်း (ချွေးစီးပြန်ခြင်း၊ အသားအရေဖျော့ပြီး အေးစက်လာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှုံးချိခြင်း၊ အသားတုန်ခြင်း၊ မူးဝေခြင်း၊ ဗလုံးဗထွေးနှင့် စကားပြောခြင်း)
  • ပုံမှန်မဟုတ်ပဲ ခဏခဏ ကူးစက်ရောဂါဖြစ်ခြင်း (ချမ်းတုန်၍ ဖျားခြင်း၊ အလွန်အမင်း ဝမ်းလျှောခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ကြာရှည်စွာ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း (သို့ ) နှုံးခွေခြင်း)

အောက်ဖော်ပြပါ အချက်များထဲမှ တစ်ခုဖြစ်ရင် သောက်လက်စ Diamicron MRကို ရပ်ပြီး ဆရာဝန်နဲ့  ချက်ချင်းပြသပါ။

  • ရင်ဘတ်အောင့်ခြင်း (သို့ ) ရင်ဘတ်အဖိထားခံရသလို ခံစားရခြင်း (သို့ ) မောခြင်း
  • တက်ခြင်း
  • ဓာတ်မတည့်သောလက္ခဏာများ ပေါ်လာခြင်း (ဥပမာ – ဗိုက်အောင့်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ပျို့ တက်ခြင်း၊ အန်ခြင်း (သို့ ) မျက်နှာနှင့် လည်ပင်း ရောင်ရမ်းခြင်း)
  • အရေပြားပေါ်တွင် ဆိုးရွားသော ဓာတ်မတည့်ခြင်း ဖြစ်ခြင်း (ဥပမာ – အရည်ကြည်ဖုထွက်ခြင်း၊ အရေပြားကွာကျခြင်း၊ ခန္ဓာကိုယ်အနှံ့ အနီကွက် အလျင်အမြန်ထွက်၍ ဖျားနာခြင်း)
  • သတိလစ်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများက လူတိုင်းတွင် မဖြစ်ပါ။ တစ်ဦးနှင့် တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိပါက သင်ရဲ့ဆရာဝန် သို့ မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Diamicron (ဒိုင်ရာမိုင်ခရွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Diamicron MR ဟာ သင်အခု လောလောဆယ်ဆယ် သောက်သုံးနေတဲ့ တခြားသောဆေးဝါးတွေနဲ့  ဓာတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးတွေ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ မလိုးလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားပဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင် ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေ မပြုလုပ်ပါနဲ့ ။

အစားအသောက်တွေနဲ့ အရက်က Diamicron (ဒိုင်ရာမိုင်ခရွန်) နဲ့ ဓာတ်ပြုနိုင်သလား

Diamicron MR က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့  ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးအကျိုးသက်ရောက်မှုပုံစံနဲ့   ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင် ဆေးမသောက်မီကတည်းက အစားအသောက် (သို့ ) အရက်သေစာနှင့် ဓာတ်ပြုနိုင်ချေ ရှိမရှိကို သင့်ရဲ့ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဘယ်ရောဂါအခြေအနေတွေက Diamicron (ဒိုင်ရာမိုင်ခရွန်) နဲ့ ဓာတ်ပြုနိုင်သလဲ

Diamicron MRဟာ သင့်ရဲ့နဂို ကျန်းမာရေး အခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ လတ်တလောဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

အောက်ဖော်ပြပါ အခြေအနေများဟာ ဆေးနဲ့ သက်ရောက် ဓာတ်ပြုနိုင်ပါတယ်။

  • ဆီးချိုသွေးချိုရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာများ ရှိခြင်း
  • Glucose-6-phosphate dehydrogenase(G6PD) ဓါတ် ချို့ တဲ့ခြင်း
  • သွေးတွင်းသကြားဓာတ်နည်းနေခြင်း
  • ဖျားနာခြင်း (သို့ ) စိတ်ဖိစီးမှုရှိခြင်း
  • ကျောက်ကပ်အခြေအနေ
  • အသည်းအခြေအနေ
  • စားသောက်မှုပုံစံ
  • ရောဂါပိုမို ဆိုးရွားသွားခြင်း တို့ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Diamicron (ဒိုင်ရာမိုင်ခရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အများဆုံးသုံးလေ့ရှိတဲ့ ဆေးအချိုးအစားကတော့ စစချင်းမှာ ၃၀ မီလီဂရမ်ကို နေ့ စဉ် အချိန်မှန်မှန် သောက်ရပါမယ်။  ၂ ပတ် ပြည့်တိုင်း သင့်ရဲ့ဆရာဝန်က သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကျဆင်းနှုန်းပေါ် မူတည်ပြီး နေ့ စဉ် အများဆုံး ၁၂၀ မီလီဂရမ်ထိ တဖြည်းဖြည်းချင်း တိုးသွားမှာဖြစ်ပါတယ်။

Diamicron MRကို နံနက်စားချိန်မှာ သောက်သုံးဖို့  တိုက်တွန်းထားပါတယ်။

ကလေးတွေအတွက် Diamicron (ဒိုင်ရာမိုင်ခရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများအတွက် သောက်သုံးရမယ့် အချိုးအစားကို သက်သေပြထားခြင်း မရှိပါ။ သင့်ရဲ့ကလေးအတွက် အန္တရာယ် ရှိနိုင်ပါတယ်။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့ အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုသော အကြောင်းအရာများကို သင့်ရဲ့ ဆရာဝန် (သို့ ) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ 

တိုင်ပင်ဆွေးနွေးပါ။

Diamicron (ဒိုင်ရာမိုင်ခရွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Diamicron MR ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံ အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြားပုံစံ ပြင်းအား ၃၀ မီလီဂရမ်
  • ဆေးပြားပုံစံ ပြင်းအား ၆၀ မီလီဂရမ်
  • ဆေးပြားပုံစံ ပြင်းအား ၈၀ မီလီဂရမ်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့ မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေမှာ နီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းများတွင် သွားရောက်ပြီး ဆေးကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Diamicron MRကို သောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့ သော်လည်း နောက်တစ်ကြိမ် သောက်သုံးရမယ့် အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017