အသုံးပြုပုံများ
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ကို ဘာအတွက်အသုံးပြုကြသလဲ
Dextropropoxyphene သည် ထုံထိုင်းစေသော နာကျင်မှု သက်သာသည့် ဆေးများ အုပ်စုတွင် ပါဝင်သည်။ ၎င်းကို အနည်းငယ်မှ အတော်အသင့် နာကျင်မှုများ သက်သာစေရန် အသုံးပြုသည်။
Dextropropoxyphene ကို ရည်ရွယ်ချက်များအတွက် သုံးနိုင်သည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန် နှင့် တိုင်ပင်ပါ။
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ဘယ်လိုသောက်သုံးသင့်သလဲ
ဆေးတောင့်-
- ညွှန်ကြားထားသည့်အတိုင်း ပါးစပ်မှ သောက်ပါ။ ထုတ်ကုန်၏ အထုပ်တွင် ညွှန်ကြားထားသည်များ အားလုံးကို လိုက်နာပါ။
- အချို့ အချက်အလက်များကို သေချာမသိပါက ဆရာဝန် သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ဘယ်လိုသိမ်းဆည်းရမလဲ
Dextropropoxyphene ကို အခန်းအပူချိန်တွင် တိုက်ရိုက် အလင်းနှင့် စိုထိုင်းမှုမှ ကင်းဝေးအောင် သိမ်းဆည် ရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Dextropropoxyphene ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Dextropropoxyphene တွင် ကွဲပြားသော ကုန်တံဆိပ်များရှိသည်။ ကွဲပြားသော သိမ်းဆည်းမှု လိုအပ်နိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားမထားဘဲ Dextropropoxyphene ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်ခြင်း နှင့် ပတ်သက်သော အချက်အလက်များအတွက် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
သင့်တွင် သေကြောင်းကြံလိုသော အတွေး သို့မဟုတ် လုပ်ဆောင်မှုများ ရှိဖူးပါက propoxyphene ကို မသုံးသင့်ပါ။ အရက် အလွန်သောက်ထားပါက Propoxyphene ကို စိတ်ငြိမ်ဆေး ( Valium or Xanax) သို့မဟုတ် စိတ်ကျပျောက်ဆေးဖြင့် တွဲမသောက်ပါနှင့်။
Propoxyphene သည် ဆေးစွဲစေပြီး သောက်ရန် ညွှန်ကြားထားသည့်သူသာ သောက်သင့်သည်။ ဆေးကို အခြားသူများ မယူနိုင်သော လုံခြုံသော နေရာတွင် သိမ်းပါ။ Propoxyphene သောက်နေ စဉ် အရက်မသောက်ပါနှင့်။
အရက်ဖြင့် ထုံထိုင်းသော နာကျင်မှု ပျောက်သည့်ဆေးများ တွဲသောက်ခြင်းသည် အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ သို့မဟုတ် သေခြင်း ဖြစ်နိုင်သည်။
သင့်အစားအစာနှင့် ဆေး တံဆိပ်များကို သေချာစစ်ပါ။ ထိုထုတ်ကုန်များတွင် အရက်မပါကြောင်း သေချာစေရန် ဖြစ်သည်။
Propoxyphene ကို သောက်ရန်ညွှန်ကြားထားသော ပမာဏထက် ပို၍ မသောက်ပါနှင့်။ ဆေးများသည် နာကျင်မှု ကိုသက်သာစေပုံ မပေါ်ပါက ဆရာဝန်အား ပြောပါ။ Propoxyphene သည် သင်၏ တွေးခေါ်မှု သို့မဟုတ် တုံ့ပြန် မှုတို့ကို ပျက်စီးစေနိုင်သည်။
ကားမောင်းရန် သို့မဟုတ် နိုးကြားရန် လိုအပ်သော အရာများ လုပ်ရာတွင် သတိထားပါ။ Propoxyphene သုံးခြင်းကို ရုတ်တရက် မရပ်ပါနှင့်။ ရပ်လိုက်ပါက နှစ်မြို့ဖွယ်မကောင်းသော withdrawl symptoms များရနိုင်သည်။ ဆေးဖြတ်သည့်အခါ withdrawl symptoms ကိုရှောင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်စဉ်တွင် Dextropropoxyphene သုံးလျှင်ရနိုင်သော အန္တရာယ်များကို လေ့လာထားခြင်း မရှိပါ။ Dextropropoxyphene မသောက်မီ ဖြစ်နိုင်သော အကျိုး ကျေးဇူးနှင့် အန္တရာယ်ကို ချိန်ညိရန် ဆရာဝန်နှင့် အမြဲတိုင်ပင် ပါ။
Dextropropoxyphene သည် US အစားအစာ နှင့် ဆေးဝါး စီမံခန့်ခွဲရေး (FDA) အရကိုယ်ဝန်ဆောင်စဉ် အန္တရာယ်တွင် အဆင့် C ဖြစ်သည်။
FDA ၏ ကိုယ်ဝန်ဆောင်စဉ် အန္တရာယ် အဆင့်ခွဲခြင်းသည် အောက်ပါအတိုင်းဖြစ်သည်။
- A = အန္တရာယ်မရှိ
- B = အချို့လေ့လာမှုများတွင် အန္တရာယ်မရှိ
- C = အန္တရာယ်အချို့ ရှိနိုင်သည်။
- D = အန္တရာယ်ရှိကြောင်း သက်သေရှိ
- X = ရှောင်ကြဉ်သင့်
- N = မသိရှိပါ။
- နို့တိုက်စဉ်Dextropropoxyphene သည် မိခင်နို့တွင်ပါပြီး နို့စို့ ကလေးငယ်ကို ထိခိုက်စေနိုင်သည်။ သင်သည် ကလေး နို့တိုက်နေပါက Dextropropoxyphene ကို ဆရာဝန်အား မတိုင်ပင်ဘဲ မသောက်ပါနှင့်။
ဘေးထွက်ဆိုးကျိုးများ
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
Propoxyphene နှင့် ဓာတ်မတည့်သောလက္ခဏာများ ရှိပါက အရေးပေါ်ကျန်းမာရေး အကူအညီယူပါ။ ကြက်ညှာ ရောဂါ၊ အသက်ရှူခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ သိုမဟုတ် လည်ချောင်း ရောင်ခြင်း။
အောက်ပါ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပါ က ဆရာဝန်ကို ချက်ချင်းခေါ်ပါ။
- အသက်မျှင်းမျှင်းရှူ ခြင်း
- နှလုံးခုန်နှုန်းနှေးခြင်း
- ခေါင်းမူးခြင်း
- မူးလဲခြင်း
- စိတ်ရှုပ်ထွေးခြင်း
- ထင်ယောင်ထင်မှားဖြစ်ခြင်း
- ပုံမမှန်သော အတွေးအခေါ်များ၊ အပြုအမှုများ
- တက်ခြင်း
- အသားဝါခြင်း၊ မျက်လုံးဝါခြင်း
အရမ်း မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများမှာ-
- မူးဝေခြင်း
- မအီမသာဖြစ်ခြင်း
- အော့အန်ခြင်း
- အစာအိမ်နာခြင်း
- ဝမ်းချုပ်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများနာခြင်း
- အမြင်ဝေဝါးခြင်း
- အရေပြားပေါ်တွင် အဖုအပိမ့်ထွက်ခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုး အချို့ ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများ ခံစားရပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓာတ်ပြုမှုများ
ဘယ်ဆေးတွေက Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) နဲ့ ဓာတ်ပြုနိုင်သလဲ
Dextropropoxyphene သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဖြစ်နိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများအားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
ဤဆေးနှင့် ဓာတ်ပြုနိုင်သော ထုတ်ကုန်များမှာ-
- ထုံထိုင်းစေသော နာကျင်မှုပျောက်ဆေးများ
- စိတ်ငြိမ်ဆေး
- ထုံထိုင်းဆေး
- ကြွက်သားဖြေလျော့ဆေး
- သင့်ကို အိပ်ပျော်စေသော သို့မဟုတ် အသက်ရှူမှု နှေးစေသော အခြားဆေးများ
- Amiodarone (Cordarone, Pacerone)
- Aprepitant (Emend)
- Bosentan (Tracleer)
- Conivaptan (Vaprisol)
- Dexamethasone ( Decadron, Hexadrol)
- Imatinib (Gleevec)
- Isoniazid ( TB ကုသရန်)
- John’s wort
- Clarithromycin (Biaxin), dalfopristin/ quinupristin (Synercid), erythromycin (E.E.S, EryPed, Ery-Tab, Erythrocin), rifampin (Rifadin, Rifater, Rifamate) or telithromycin (Ketek) စသော ပဋိဇီဝဆေးများ
- Clotrimazxole (Mycelex Troche), fluconazole (Diflucan), itraconazole (Sporanox), ketoconazole (Nizoral) or voriconazole (Vfend) စသော မှိုပျောက်ဆေးများ
- Nefazodone စသော စိတ်ကျပျောက်ဆေး
- A barbiturate such as Butabarbital (Butisol), secobarbital (Seconal), pentobarbital (Nembutal), or phenobarbital (Solfoton)
- warfarin (Coumadin) စသော သွေးကျဲဆေး
- diltiazem (Cartia, Cardizem), felodipine (Plendil), nifedipine (Nifedical, Procardia), verapamil (Calan, Covera, Isoptin, Verelan), and others စသော နှလုံးနှင့်သွေးဆေးများ
- atazanavir (Reyataz), delavirdine (Rescriptor), efavirenz (Sustiva), etravirine (Intelence), fosamprenavir (Lexiva), indinavir (Crixivan), nelfinavir (Viracept), nevirapine (Viramune), saquinavir (Invirase), or ritonavir (Norvir) စသော HIV/AIDS ဆေး
- ရုတ်တရက် အိပ်ပျော်ခြင်းကို ကုသော ဆေးများ၊ ဥပမာ- armodafanil (Nuvigil) or modafanil (Progivil)
- အတက်ကျဆေး၊ ဥပမာ- carbamazepine (Carbatrol, Tegretol), felbamate (Felbatol), oxcarbazepine (Trileptal), or phenytoin (Dilantin), or primidone (Mysoline)
အစားအသောက်တွေနဲ့ အရက်က Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) နဲ့ ဓာတ်ပြုနိုင်သလား
Dextropropoxyphene သည် အစာ သို့မဟုတ် အရက် ဖြင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ ဖြစ်နိုင်သော အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ရှိမရှိကို ဆရာဝန်၊ ဆေးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) နဲ့ ဓာတ်ပြုနိုင်သလဲ
Dextropropoxyphene သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက် ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေးအလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။
သင့်တွင် လက်ရှိရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
ထိုကျန်းမာရေး အခြေအနေများမှာ-
- ပန်းနာရောဂါ၊ COPD ၊ အိပ်ပျော်စဉ် အသက်ရှူ ရပ်ခြင်း သို့မဟုတ် အသက်ရှူလမ်းကြောင်း နှင့်ဆိုင်သော အခြား ရောဂါများ
- အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါ
- ဦးခေါင်းထိခိုက်ဒဏ်ရာ သို့မဟုတ် ဦးနှောက် အကျိတ် မှတ်တမ်းရှိခြင်း
- စိတ်မကျန်းမာခြင်း
- ဆေး သို့မဟုတ် အရက်စွဲခြင်း
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အကြုံပြုထောက်ခံထားသော ပမာဏမှာ လိုအပ်သ လောက် ၄ နာရီတိုင်း ၆၅ မီလီဂရမ်(HCI) ဖြစ်ပြီး ပါးစပ်မှ သောက်ပါ။ သို့မဟုတ် လိုအပ်သလောက် ၄နာရီတိုင်း ၁၀၀ မီလီဂရမ်(Napsylate) ဖြစ်ပြီး ပါးစပ်မှသောက်ပါ။
ကလေးတွေအတွက် Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
ကလေးလူနာများအတွက် ဆေးညွှန်းမှာ အတိအကျ မရှိ သေးပါ။ ကလေးများအတွက် စိတ်မချရပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
Dextropropoxyphen (ဒက်စ်ထရိုပရိုပိုဇီဖင်း) ကိုဘယ်လိုရရှိနိုင်သလဲ
Dextropropoxyphene ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါသည်။
- ဆေးပြား ၆၅ မီလီဂရမ်
- သောက်ဆေးရည် ၅၀ မီလီဂရမ်/ ၅မီလီလီတာ
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ် အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးအလွန်အကျွံသောက်မိသည့် လက္ခဏာများမှာ အလွန်အမင်း မူးဝေခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ ကျဉ်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အရေပြား အေးခြင်း၊ နှုတ်ခမ်းပြာခြင်း၊ သွေးခုန်နှုန်း အားနည်းခြင်း၊ နှလုံးခုန်နှုန်း နှေးခြင်း၊ မညီခြင်း၊ အသက်ရှူ နှေးခြင်း၊ သတိလစ်ခြင်း သို့မဟုတ် အသက်ရှူ ရပ်ခြင်း တို့ဖြစ်သည်။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Dextropropoxyphene သောက်ရန် မေ့သွားပါက တတ်နိုင်သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်ပါက မေ့သွား သော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
တည်းဖြတ်သည့်နေ့ အောကျတိုဘာ 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 20, 2017