Dextran 70 (ဒက်စ်ထရန် ၇၀) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Dextran 70 (ဒက်စ်ထရန် ၇၀) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Dextran 70 (ဒက်စ်ထရန် ၇၀) ကို ဘာအတွက်အသုံးပြုကြသလဲ

သွေးအလွန်အကျွံထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော သွေးရည်ကြည်များကို ပြန်လည်ဖြည့်တင်းရန် နှင့် ခွဲစိတ်ကုသမှု သို့မဟုတ် ထိခိုက်ဒါဏ်ရာအနာတရ ဖြစ်မှုတို့ကြောင့် ခန္ဓါကိုယ်တွင်း သွေးရည်ပမာဏနည်းပါးမှုတို့ကို ကုသရန်အတွက် Dextran 70® ကို အများဆုံး အသုံးပြုပါသည်။ အခြားသော အခြေအနေများတွင်လည်း Dextran 70® ကို အသုံးပြုနိုင်ပါသေးသည်။ အသေးစိတ်ထပ်မံသိရှိလိုပါက သင့်ဆရာဝန်ကို မေးမြန်းပါ။

Dextran 70 (ဒက်စ်ထရန် ၇၀) ဘယ်လိုသောက်သုံးသင့်သလဲ

Dextran 70® ကို အကြောသွင်းဆေးအဖြစ် သင့်ဆရာဝန်က သွင်းပေးပါလိမ့်မည်။

Dextran 70 (ဒက်စ်ထရန် ၇၀) ဘယ်လိုသိမ်းဆည်းရမလဲ

Dextran 70® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Dextran 70® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Dextran 70® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ဝေးရာမှာထားပါ။)

Dextran 70® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Dextran 70® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dextran 70 (ဒက်စ်ထရန် ၇၀) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေများတွင် Dextran 70® ကို အသုံးမပြုရပါ။

Dextran 70® ၏ ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်လျှင်။

သွေးမွှားဥအရေအတွက်နည်းနေလျှင် (Dextran 70®သည် သွေးမွှားဥများ၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေ၍ ဖြစ်ပါသည်)။

ဆေးစသွင်းခါစ အချိန်တွင် ပြင်းထန်သော ဓါတ်မတည့်ခြင်းများ ပေါ်ပေါက်တတ်၍ ထိုအချိန်တွင် အနီးကပ်သေချာစွာ စောင့်ကြည့်ရပါမည်။ အရေးပေါ်ကယ်ဆယ်ရန် လိုအပ်သော ပစ္စည်းများကိုလည်း အသင့်ပြင်ထားရပါမည်။Dextran 70® သည် သွေးအုပ်စုတူညီခြင်း ရှိမရှိ စစ်ဆေးမှုများကို အနှောင့်အယှက်ပေးနိုင်သဖြင့် အဆိုပါစစ်ဆေးမှုများကို Dextran 70® မပေးခင်ကြိုတင်၍ ပြုလုပ်ထားသင့်ပါသည်။ အကယ်၍ အဆုတ်ဖောခြင်း၏ လက္ခဏာများ ပေါ်ပေါက်လာပါက ဆေးသွင်းခြင်းကို ချက်ချင်းရပ်ဆိုင်းရပါမည်။e

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dextran 70 (ဒက်စ်ထရန် ၇၀) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Dextran 70 (ဒက်စ်ထရန် ၇၀) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

များပြားသောပမာဏပေးသောအခါ (15 ml/kg ထက်ပိုသော ပမာဏကို ဆိုလိုပါသည်) Dextran 70® သည် သွေးမွှားဥများ၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေသည့်အတွက်မလိုလားအပ်သည့် သွေးယိုစီးခြင်းများကို ဖြစ်စေနိုင်သည့်အပြင် “ bleeding time” ဟုခေါ်သော သွေးတိတ်ရန်ကြာချိန်ကို ယာယီအားဖြင့် ပိုစေပါသည်။

အင်ပျဉ်များထွက်ခြင်း၊နှာခေါင်းပိတ်ခြင်း၊အသက်ရှုလျှင် တရွှီရွှီမြည်ခြင်း၊ရင်ဘတ်ထဲ တင်းကြပ်နေခြင်း၊သွေးပေါင်အနည်းငယ်ကျခြင်း စသည်တို့ဖြစ်ပေါ်တတ်ပြီး ပြင်းထန်သော ဓါတ်မတည့်ခြင်းလည်း ဖြစ်လာနိုင်ကာ ခန္ဓါကိုယ်တွင်း သွေးလည်ပတ်မှုကို ထိခိုက်စေနိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Dextran 70 (ဒက်စ်ထရန် ၇၀) နဲ့ ဓါတ်ပြုနိုင်သလဲ

Dextran 70® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Dextran 70 (ဒက်စ်ထရန် ၇၀) နဲ့ ဓါတ်ပြုနိုင်သလား

Dextran 70® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dextran 70 (ဒက်စ်ထရန် ၇၀) နဲ့ ဓါတ်ပြုနိုင်သလဲ

Dextran 70® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Dextran 70 (ဒက်စ်ထရန် ၇၀) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လတ်တလော သွေးဆုံးရှုံးခြင်းအတွက် :

Dextran 70® ၅၀၀ – ၁၀၀၀ စီစီ ကို အကြောသွင်းဆေးအဖြစ် ၁၅မိနစ်ခန့်ကြာအောင် သွင်းပေးခြင်းအားဖြင့် အတန်အသင့်သွေးဆုံးရှုံးခြင်းအား ပြန်လည် ဖြည့်တင်းပေးနိုင်ပါလိမ့်မည်။

သွေးခဲပိတ်ဆို့ခြင်းကို ကာကွယ်ရန်အတွက်

၅၀၀ စီစီ ကို ခွဲစိတ်မှုမပြုလုပ်မီ ကြိုတင်၍ သွင်းပေးထားရမည် ဖြစ်ကာ ခွဲစိတ်ပြီး နှစ်ရက်သုံးရက်အကြာထိ နေ့စဉ်ဆက်သွင်းပေးရပါမည်။

ကလေးတွေအတွက် Dextran 70 (ဒက်စ်ထရန် ၇၀) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Dextran 70 (ဒက်စ်ထရန် ၇၀) ကိုဘယ်လိုရရှိနိုင်သလဲ

Dextran 70® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ထိုးဆေးရည် : 60 mg/ml (6%)

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Dextran 70® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။