backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Dabigatran (ဒက်ဘီဂါထရန်)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Dabigatran (ဒက်ဘီဂါထရန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Dabigatranအား သင့်၌ နှလုံးခုန်မူမမှန်ခြင်းတစ်မျိုးဖြစ်သော Atrial Fibrillation ရှိပါက လေဖြတ်ခြင်းနှင့် အန္တရာယ်ရှိသည့်သွေးခဲခြင်း (အဆုတ်ထဲ သို့ ခြေထောက်တွင်)တို့ကို ကာကွယ်ရန်အသုံးပြုပါသည်။ Atrial Fibrillation ဖြစ်သည့်အခါတွင် နှလုံးအစိတ်အပိုင်းများသည် ခုန်သင့်သလို မခုန်နိုင်တော့ပါ။ ဒီအခြေအနေသည် သွေးခဲခြင်းကိုဖြစ်ပေါ်စေနိုင်ပြီး လေဖြတ်ခြင်း နှလုံးဖောက်ခြင်းတို့အား ဖြစ်စေနိုင်ပါသည်။ Dabigatran အား ခြေထောက်ရှိသွေးပြန်ကြောများမှ သွေးခဲများ (Deep Vein Thrombosis) သို့မဟုတ် အဆုတ်ထဲရှိသွေးခဲများ (Pulmonary Embolism) တို့အား ကုသရန်နှင့် ပြန်ဖြစ်နိုင်ချေကိုလျော့ချရန်လဲ အသုံးပြုပါသည်။

Dabigatran သည် သွေးမခဲဆေးဖြစ်ပြီး သင့်သွေးထဲရှိ တစ်ချို့သောသဘာဝပစ္စည်းများဖြစ်သော Thrombin ဟုခေါ်သည့် သွေးခဲပစ္စည်းအား တားမြစ်ပေးနိုင်ပါသည်။ ၎င်းသည် ခန္ဓါကိုယ်တွင်း သွေးစီးဆင်းမှု ချောမွတ်စေရန် အကူအညီပေးပါသည်။

Dabigatran အား လူလုပ်နှလုံးအစို့ရှင် အစားထိုးခြင်းကြောင့် ဖြစ်ပေါ်လာသော သွေးခဲများအား ကာကွယ်ရန် မသုံးရပါ။ နှလုံးအစို့ရှင်ခွဲစိတ်မှု လုပ်ဖူးထားလျှင် သင့်အတွက်အကောင်းဆုံးဆေး ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။ ဆရာဝန်အား မပြောပဲနှင့် Dabigatran အပါအဝင် မည်သည့်ဆေးမှ မရပ်ပါနှင့်။

တခြားအသုံးများ – ဤအပိုင်းတွင် ပါဝင်သော အသုံးများသည် တရားဝင်စာရင်းပြုမထားသော်လည်း ကျန်းမာရေးကျွမ်းကျင်သူမှ ညွှန်နိုင်သောအသုံးများဖြစ်သည်။ ဒီအပိုင်းတွင်ပါသောအသုံးများအား ကျန်းမာရေးကျွမ်းကျင်သူမှ မညွှန်ကြားပဲ မသုံးရပါ။

Dabigatran သည် တင်ပဆုံအဆစ်နှင့် ဒူးဆစ် အစားထိုးခွဲစိတ်မှုခံယူပြီးနောက် ခြေထောက်နှင့် အဆုတ်တွင် သွေးခဲမဖြစ်ပေါ်စေရန် အသုံးပြုနိုင်သည်။

Dabigatran (ဒက်ဘီဂါထရန်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးအညွှန်းကိုသေချာဖတ်ပါ။ ဖြစ်နိုင်လျှင် သင် Dabigatran စသောက်လျှင် သို့ ကုန်၍ပြန်ဝယ်လျှင် ဆေးဝါကျွမ်းကျင်မှပေးသော လူနာအချက်အလက် စာရွက်ကို သေချာဖတ်ပါ။ မေးခွန်းများရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

Dabigatran အား အစာနှင့်တွဲလျက်ဖြစ်စေ အစာမပါပဲဖြစ်စေ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။ များသောအားဖြင့် တစ်ရက်နှစ်ကြိမ် ဖြစ်သည်။ တင်ပဆုံ သို့ ဒူးအဆစ် အစားထိုးထားပြီးနောက် သွေးခဲခြင်းအား ကာကွယ်ရန်တွက် ဆရာဝန်မှ တစ်ရက်တစ်ကြိမ်သာသောက်ရန် လမ်းညွှန်ပါလိမ့်မည်။ ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင်း Antacids များကိုရှောင်ပါ။ မဟုတ်လျှင် Dabigatran သည် အာနိသင်ပြမည်မဟုတ်ပါ။ ဆေးတောင့်အား ရေတစ်ဖန်ခွက်အပြည့် (၈အောင်စ/၂၄၀ မီလီလီတာ)ဖြင့် မျိုချပါ။ ဆေးတောင့်များအား ကြိတ်ချေခြင်း၊ ဝါးစားခြင်း၊ ခွဲခြင်းများမပြုလုပ်ပါနှင့်။ ထိုသို့လုပ်လျှင် ဆေးများချက်ချင်းထွက်လာပြီး ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေ ပိုများလာပါလိမ့်မည်။ Dabigatran အား ဆေးသေတ္တာ သို့ ဆေးသောက်ရန်သတိပေးသေတ္တာများနှင့် မရောထားပါနှင့်။ ဆေးအား တင်းကြပ်စွာပိတ်နိုင်သည့် မူရင်းဆေးဗူးတွင်သာ အစိုမပြန်စေရန် သိမ်းပါ။ သိုလှောင်သိမ်းဆည်းသည့်အပိုင်းတွင် အသေးစိတ်ဖတ်နိုင်သည်။

ဆေးပမာဏသည် သင်၏ကျန်းမာရေးအခြေအနေ၊ ကျောက်ကပ်လုပ်ငန်ုစဉ်၊ ကုသမှုအား တုန့်ပြန်မှု နှင့် တခြားသင်သုံးနေသည့် ဆေးများပေါ်တွင် မူတည်ပါသည်။ သင်သုံးနေသည့်ဆေးအားလုံး (ညွှန်ထားသည့်ဆေးများ မညွှန်ပဲသောက်နေသည့်ဆေးများ၊ အပင်ထွက် ပရဆေးများ) ကို ဆရာဝန်အားပြောပြပါ။

ဆေးအာနိသင်ကောင်းကောင်းရစေရန် Dabigatran အား မှန်မှန်သောက်ပါ။ ညွှန်ကြားသည်ထက်ပို၍ ပမာဏတိုးခြင်း အကြိမ်ရေတိုးခြင်းများ မပြုလုပ်ပါနှင့်။ Dabigatran အား ဆရာဝန်နှင့်မတိုင်ပင်ပဲ မရပ်ရပါ။

Dabigatran (ဒက်ဘီဂါထရန်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်]

Dabigatran ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထားပျက်ယွင်းမှုများမဖြစ်စေရန် Dabigatran ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးတွေမပြုလုပ်ပါနှင့်။ Dabigatran ဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံကွဲပြားခြားနားမှုများရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့် ဝေးရာတွင်ထားပါ။

Dabigatran အား အိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချတာမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကိုမလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့်အခါများတွင် စနစ်တကျစွန့်ပစ်ဖို့ရာ အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Dabigatran အားရေခဲသေတ္တာထဲ၌ သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဆေးအာနိသင်ပျက်ပြယ်နိုင်သောကြောင့် အေးခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Dabigatran (ဒက်ဘီဂါထရန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Dabigatran မသောက်ခင်-

• Dabigatran၊ တခြားဆေးများ သို့ Dabigatran ဆေးတောင့်တွင် ပါဝင်သည့် ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်မှုရှိလျှင် ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ကိုပြောပါ။ ပါဝင်ပစ္စည်းစာရင်းအတွက် ဆေးအညွှန်းကိုဖတ်ပါ သို့ ဆေးဝါးကျွမ်းကျင်ကိုမေးပါ။

• ဆရာဝန်ညွှန်ကြားထားသည့်ဆေးရော မညွှန်ကြားသည့်ဆေးများကို သုံးစွဲနေလျှင်၊ ဗီတာမင်များ၊ အာဟာရဖြည့်စွက်စာများ၊ အပင်ထွက်ပရဆေးများကို သုံးနေလျှင် သို့ သုံးရန်အစီအစဉ်ရှိလျှင် ဆရာဝန်အားပြောပါ။ အောက်ပါတို့သုံးနေလျှင် ပြောဖြစ်အောင်ပြောပါ။ dronedarone (multaq), ketoconazole (nizoral), and rifampin (rifadin, rimactane, in rifamate, in rifater) ဆရာဝန်မှ အဆိုပါဆေးများအား ပမာဏပြောင်းလဲခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများအတွက် ဂရုတစ်စိုက် စောင့်ကြည့်ပေးနိုင်ပါသည်။

• နှလုံးအစို့ရှင် ခွဲစိတ်ထားပါက သို့မဟုတ် လတ်တလောတွင် မူမမှန်သည့် သွေးခြေဥခြင်း သွေးထွက်ခြင်းများသတိထားမိပါက ဆရာဝန်အားပြောပါ။ ဆရာဝန်မှ Dabigatran ကို မသောက်ရန် ပြောပါလိမ့်မည်။

• အသက် ၇၅ နှစ်နှင့်အထက်ဆိုပါက ဆရာဝန်အားပြောပါ။ သွေးယိုသောပြဿနာ၊ သွေးယိုနေသော အစာအိမ် သို့ အူအနာ သို့မဟုတ် ကျောက်ကပ်ပြဿနာများရှိလျှင် ဆရာဝန်အားပြောပါ။

• သင့်၌ကိုယ်ဝန်ရှိလျှင် သို့ ကိုယ်ဝန်ဆောင်နို့တိုက်ဖို့ အစီအစဉ်ရှိလျှင် သို့မဟုတ် Dabigatran သုံးနေစဉ် ကိုယ်ဝန်ရလာလျှင် ဆရာဝန်အား ခေါ်ပါ။Dabigatran သည် မီးဖွားစဉ် သွေးထွက်ခြင်းအား ပိုဆိုးနိုင်ပါသည်။

• သွားခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်ကုသမှု ပြုလုပ်ပါက Dabigatran သုံးနေကြောင်း သွားဆရာဝန် သို့ ဆရာဝန်အား ပြောပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Dabigatran (ဒက်ဘီဂါထရန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

[ယေဘူယျအသိပေးချက်-

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။]

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

A=ဆိုးကျိုးမရှိပါ။

B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။

C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။

D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။

X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Dabigatran (ဒက်ဘီဂါထရန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးများတွင် သွေးခြေဥခြင်းနှင့် သွေးယိုခြင်း၊ ပျို့ခြင်းနှင့် ဗိုက်နာခြင်းတို့ပါဝင်သည်။

ပြင်းထန်သည့် ဓါတ်မတည့်မှုလက္ခဏာများဖြစ်သော အကွက်ထခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ ပါးစပ် မျက်နှာ နှုတ်ခမ်း သို့ လျှာတွင် ဖူးယောင်ခြင်းများဖြစ်လျှင် အရေးပေါ်ကုသမှုခံယူပါ။

ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာပါက ဆေးကိုချက်ချင်းရပ်ပြီး ဆရာဝန်အား ချက်ချင်းခေါ်ပါ။

• သွေးမတိတ်လျှင်

• အားနည်းလျှင်၊ မူးမေ့လဲမလို ခံစားရခြင်း

• သွေးခြေဥလွယ်ခြင်း၊ ပုံမမှန်သော သွေးထွက်ခြင်း (နှာခေါင်း၊ ပါးစပ်၊ မိန်းမကိုယ် သို့ စအိုတို့မှ)၊ ခရမ်းရောင် သို့ အနီရောင် အစက်အပြောက်များ အရေပြားအောက်တွင် ထလာခြင်း

• သွေးထဲ ဝမ်းထဲတွင် သွေးပါခြင်း၊ ကတ္တရာရောင် သို့ အမည်းရောင် ဝမ်းများသွားခြင်း၊

• ချောင်းဆိုးသွေးပါခြင်း၊ ကော်ဖီရောင်များအန်ခြင်း

• ပန်းရောင် သို့ အညိုရောင်ဆီးများသွားခြင်း

• ရာသီသွေးအလွန်များခြင်း

• မပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများမှာ –

• ဗိုက်နာ ဗိုက်အောင့်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း

• ပျို့ခြင်း၊ ဝမ်လျှောခြင်း သို့မဟုတ်

• မပြင်းထန်သော အရေပြားအကွက်များ သို့ ယားယံခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများအား ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါသည်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Dabigatran (ဒက်ဘီဂါထရန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Dabigatran သည် သင်အခုသောက်သုံးနေသည့်တခြားသော ဆေးဝါးများနှင့် ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးများကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သော ဆေးဝါးဓါတ်ပြုမှုများ မဖြစ်လာစေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံး၏စာရင်းကိုပြုစုထားပြီး (စာရင်းလုပ်သည့်အခါ ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲ သောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနှင့်။

ဤဆေးအား အောက်ပါဆေးများနှင့် တွဲမသုံးရပါ။ သင်၏ဆရာဝန်မှ အောက်ပါဆေးများနှင့်တွဲမကုရန် သို့မဟုတ် သင်သောက်နေသည့်ဆေးများကို ပြောင်းပေးရန် ဆုံးဖြတ်ပါလိမ့်မည်။ Itraconazole.

ဤဆေးအား အောက်ပါဆေးများနှင့် တွဲမသုံးရပါ။ သို့သော် တစ်ချို့ရောဂါများတွင် တွဲရနိုင်သည်။ အကယ်၍ ဆေးနှစ်ခုလုံး တွဲသုံးရန်ညွှန်ပါက သင်၏ဆရာဝန်သည် ဆေးပမာဏ သို့ သောက်ရမည်အချိန်တို့ကို ပြောင်းလဲပါလိမ့်မည်။

Abciximab, Abiraterone Acetate, Aceclofenac, Acemetacin, Acenocoumarol, Alipogene Tiparvovec, Alteplase, Recombinant, Amiodarone, Amtolmetin Guacil, Anagrelide, Anistreplase, Apixaban, Argatroban, Aspirin, Azithromycin, Bivalirudin, Bosutinib, Bromfenac, Bufexamac, Captopril, Carbamazepine, Carvedilol, Celecoxib, Choline Salicylate, Cilostazol, Clarithromycin, Clonixin, Clopidogrel, Cobicistat, Collagenase, Clostridium histolyticum, Conivaptan, Cyclosporine, Daclatasvir, Dalteparin, Danaparoid, Desirudin, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Diltiazem, Dipyridamole, Dipyrone, Doxorubicin, Doxorubicin, Hydrochloride Liposome, Dronedarone ,Drotrecogin Alfa, Eliglustat, Enoxaparin, Eptifibatide, Erythromycin, Etodolac, Etofenamate, Etoricoxib, Felbinac, Felodipine, Fenofibrate, Fenoprofen, Fepradinol, Feprazone, Floctafenine, Flufenamic Acid, Fluoxetine, Flurbiprofen, Fondaparinux, Fosphenytoin, Heparin, Ibuprofen, Ibuprofen Lysine, Indomethacin, Ivacaftor, Ketoconazole, Ketoprofen, Ketorolac, Lepirudin, Levomilnacipran, Lomitapide, Lopinavir, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Morniflumate, Nabumetone, Naproxen, Nepafenac, Niflumic Acid, Nilotinib, Nimesulide, Nintedanib, Oxaprozin, Oxyphenbutazone, Parecoxib, Pentosan Polysulfate Sodium, Phenindione, Phenobarbital, Phenprocoumon, Phenylbutazone, Phenytoin, Piketoprofen, Piroxicam, Pranoprofen, Prasugrel, Primidone, Proglumetacin, Propyphenazone, Proquazone, Protein C, Human, Quercetin, Quinidine, Ranolazine, Reteplase, Recombinant, Rifampin, Ritonavir, Rivaroxaban, Rofecoxib, Salicylic Acid, Salsalate, Simeprevir, Sodium Salicylate, St John’s Wort, Streptokinase, Sulfinpyrazone, Sulindac, Sunitinib, Telaprevir, Tenecteplase, Tenoxicam, Tiaprofenic Acid, Ticagrelor, Ticlopidine, Tinzaparin, Tipranavir, Tirofiban, Tocophersolan, Tolfenamic Acid, Tolmetin, Ulipristal, Urokinase, Valdecoxib,

အစားအသောက်တွေနဲ့ အရက်က Dabigatran (ဒက်ဘီဂါထရန်) နဲ့ ဓါတ်ပြုနိုင်သလား

Dabigatran က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Dabigatran (ဒက်ဘီဂါထရန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Dabigatranသည် သင်၏ နဂိုကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအား ပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီး၏။ အထူးသဖြင့် –

• သွေးထွက်နေခြင်း

• နှလုံးအစို့ရှင်လဲထားခြင်း – ဒီအခြေအနေနှင့်လူနာများတွင် မသုံးသင့်ပါ။

• သွေးယိုရောဂါရှိခဲ့ဖူးလျှင်

• ကျောက်ကပ်ပြဿနာများ

• အစာအိမ်သွေးယိုခြင်း အနာဖြစ်ခြင်း – သွေးယိုနိုင်သည့် အန္တရယ်ပိုများစေနိုင်ပါသည်။

• ပြင်းထန်သော ကျောက်ကပ်ရောဂါ – သတိနှင့်သုံးပါ။ ခန္ဓါကိုယ်မှ မစွန့်ထုတ်နိုင်သဖြင့် အာနိသင်အလွန်များသွားနိုင်ပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Dabigatran (ဒက်ဘီဂါထရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Deep Vein Thrombosis (ခြေထောက်သွေးပြန်ကြောသွေးခဲရောဂါ) အားကာကွယ်ရန်အတွက် လူကြီးသောက်ရန် ပုံမှန်ပမာဏ

ဆေးညွှန်း ။ ။ ၁၅၀ mg ကို တစ်နေ့ ၂ ကြိမ်သောက်ရန်။

Comments: ပုံမှန်အားဖြင့် သွေးမခဲစေနိုင်ရန် ဒီဆေးနှင့်လက်လှမ်းမမှီနိုင်ပါ။ လိုအပ်ပါက aPTT သို့ ECT ကိုသုံးပါ။ သွေးမခဲနှုန်းအခြေအနေကိုတိုင်းတာရန် INR ကိုမသုံးပါနှင့်။

အသုံးပြုပုံ – non-valvular atrial fibrillation (နှလုံးအဆို့ကြောင့်မဟုတ်သောနှလုံးရောဂါ) ရှိသော လူနာများတွင် systemic embolismသွေးခဲရောဂါ နှင့် လေဖြတ်ခြင်းအား လျော့ချရန်၊deep venous thrombosis and pulmonary embolism အဆုတ်သွေးခဲ လူနာများတွင် သွေးပျော်ဆေးနှင့် ၅ မှ ၁၀ ရက်အထိ ကုသထားလျှင် အဆိုပါရောဂါများကို ကုသရန်နှင့်ကုသပြီးသောသူများတွင် ပြန်မဖြစ်ဖို့ကာကွယ်ရန်။

Atrial Fibrillation (နှလုံးရောဂါ) ကြောင့် Thromboembolism (သွေးခဲ) ဖြစ်ခြင်းအား ကာကွယ်ရန်အတွက် လူကြီးသုံးရန် ပုံမှန်ဆေးပမာဏ

ဆေးညွှန်း ။ ။၁၅၀ mg ကို တစ်နေ့ ၂ ကြိမ်သောက်ရန်။

Comments: ပုံမှန်အားဖြင့် သွေးမခဲစေနိုင်ရန် ဒီဆေးနှင့်လက်လှမ်းမမှီနိုင်ပါ။ လိုအပ်ပါက aPTT သို့ ECT ကိုသုံးပါ။ သွေးမခဲနှုန်းအခြေအနေကိုတိုင်းတာရန် INR ကိုမသုံးပါနှင့်။

အသုံးပြုပုံ – non-valvular atrial fibrillation (နှလုံးအဆို့ကြောင့်မဟုတ်သောနှလုံးရောဂါ) ရှိသော လူနာများတွင် systemic embolismသွေးခဲရောဂါ နှင့် လေဖြတ်ခြင်းအား လျော့ချရန်၊ deep venous thrombosis and pulmonary embolism အဆုတ်သွေးခဲ လူနာများတွင် သွေးပျော်ဆေး နှင့် ၅ မှ ၁၀ ရက်အထိ ကုသထားလျှင် အဆိုပါရောဂါများကို ကုသရန် ။

Renal Dose Adjustments

ဆီးဆေးပမာဏာ အတိုးအလျှော့လုပ်ခြင်းများ

non-valvular atrial fibrillation (နှလုံးအဆို့ကြောင့်မဟုတ်သောနှလုံးရောဂါ) ရှိသော လူနာများတွင် systemic embolismသွေးခဲရောဂါ နှင့် လေဖြတ်ခြင်းအား လျော့ချရန် ။ ။

-CrCl ၃၀ ml/min အထက် ။ ။၁၅၀ mg ကို တစ်နေ့ ၂ ကြိမ်သောက်ရန်။

-CrCl ၁၅မှ၃၀ ml/min ။ ။၇၅ mg ကိုတစ်နေ့ ၂ ကြိမ်သောက်ရန်။

-CrCl ၁၅ml/min အောက်။ ။ ဆေးပမာဏ မရှိပါ။

Dronedarone (ဒရိုနီဒရုန်း) သုံး systemic ketoconazole (ကီတိုကိုနဇိုးလ်) တို့နှင့် တွဲသုံးလျှင်

-CrCl ၃၀မှ၅၀ mL/min။ ။ ဆေးပမာဏ ၇၅ mg ထိလျှော့ချပြီး တစ်နေ့ ၂ ကြိမ်သောက်ရန်။

P-gp inhibitors များနှင့်တွဲသုံးလျှင်

-CrCl ၃၀မှ၅၀ mL/min: ဆေးအတိုးအလျှော့မရှိပါ။

-CrCl ၃၀ ml/min အောက် : တွဲမသုံးရပါ။

ပြန်ဖြစ်လာသော သွေးပြန်ကြောသွေးခဲရောဂါနှင့် အဆုတ်သွေးခဲရောဂါများအတွက် ကုသရန်

-CrCl ၃၀ ml/min အထက် : ၁၅၀ mgကိုတစ်နေ့လျှင် ၂ ကြိမ်

-CrCl ၃၀ ml/min ။ ။ ပြဌန်းဆေးပမာဏမရှိပါ။

P-gp inhibitors နှင့် တွဲသဲုးလျှင်

-CrCl ၅၀ mL/min အောက် ။ ။ တွဲမသုံးရပါ။

ကလေးတွေအတွက် Dabigatran (ဒက်ဘီဂါထရန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများ၌ အချိုးအစားဘယ်လောက်ပေးရမည်ဆိုခြင်းအား အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မည်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်၌ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ရာ လိုအပ်ပါသည်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင်၏ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။)

Dabigatran (ဒက်ဘီဂါထရန်) ကိုဘယ်လိုရရှိနိုင်သလဲ

Dabigatran ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

၇၅ mg ဆေးတောင့်

၁၅၀ mg ဆေးတောင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့် အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်သည့်လက္ခဏာများမှာ –

• ပုံမှန်မဟုတ်ပဲ သွေးခြေဥခြင်း သွေးယိုခြင်း

• ပန်းရောင် သို့ အညိုရောင်ဆီးများသွားခြင်း

• အနီရောင် သို့ အမည်းရောင် ကတ္တရာရောင် ဝမ်းများသွားခြင်း

• သွေးရောင် သို့ ကော်ဖီရောင်များအန်ခြင်း

• ချောင်းဆိုးသွေးပါခြင်း

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Dabigatran ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင် သောက်လိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement