Clotrimazole (ကလိုထရိုင်မက်ဇော) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

Generic Name: Clotrimazole (ကလိုထရိုင်မက်ဇော) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Clotrimazole ကို ဘာအတွက် အသုံးပြုပါသလဲ။

Clotrimazole ကို athlete’s foot၊ jock itch၊ ringworm နှင့် အခြားသော မှိုစွဲရောဂါကဲ့သို့သော အရေပြားရောဂါများကို ကုသရာတွင် အသုံးပြုသည်။ အရေပြားကို ဖြူခြင်း၊ မဲခြင်း ဖြစ်စေသော pityriasis (tinea versicolor) ကဲ့သို့သော မှိုစွဲရောဂါများကို ကုသရာတွင်လည်း သုံးသည်။ Clotrimazole သည် မှိုသတ်သော ဆေးဖြစ်ပြီး မှိုများ ပေါက်ပွားခြင်းကို တားဆီးပေးသည်။

ဆေးလိမ်းနည်း နှင့် သိမ်းဆည်းနည်း

Clotrimazole ကို ဘယ်လိုလိမ်းသင့်ပါသလဲ။

Clotrimazole ကို အရေပြားပေါ်တွင် လိမ်းပါ။ ဆေးလိမ်းမည့် အရေပြားကို သန့်ရှင်းပြီးခြောက်သွေ့အောင် ထားပါ။ တစ်နေ့လျှင် ၂ ကြိမ် သို့မဟုတ် သင့်ဆရာဝန် ညွှန်ကြားသည့် အတိုင်း လိမ်းပါ။ ဆေးပမာဏနှင့် လိမ်းရမည့် အချိန်သည် ဖြစ်သောရောဂါပေါ်မူတည်ပါသည်။ ညွှန်ကြားသည်ထက် ပိုမလိမ်းလျှင် ရောဂါ မြန်မြန်မပျောက်ပဲ ဘေးထွက်ဆိုးကျိုးများသာ ဖြစ်တတ်သောကြောင့် မလိမ်းရပါ။
ရောဂါဖြစ်သော နေရာတွင် လုံလောက်သောဆေးကို လိမ်းပြီး ဘေးဘက်ကအရေပြားကို အနည်းငယ်လိမ်းပါ။ ဆေးလိမ်းပြီးနောက် သင့်လက် ကို ဆေးကြောပါ။ သင့်ဆရာဝန်မှ မညွှန်ကြားပဲ ဆေးလိမ်းသောနေရာကို ပတ်တီးစည်းခြင်း၊ ဖုံးအုပ်ခြင်း မပြုလုပ်ပါနှင့်။
မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် မိန်းမကိုယ်ထဲသို့ Clotrimazole ကို မလိမ်းပါနှင့်။
ဆေး၏ အာနိသင်ကို ရစေရန် နေ့တိုင်းပုံမှန်လိမ်းပေးပြီး တစ်နေ့စီတွင် အချိန်မှန်လိမ်းရပါမည်။
လက္ခဏာများ ပျောက်ကင်းသွားသော်လည်း ညွှန်ကြားထားသည့် အချိန်အထိ ဆေးကို အပြည့်အ၀ဆက် လိမ်းပေးရပါမည်။ ဆေးကို စောစော ရပ်လိုက်လျှင် မှိုများ ဆက်ပွားနေနိုင်သည့် အတွက် ရောဂါကို ပြန်ဖြစ်စေနိုင်သည်။
ဆေးလိမ်းပြီး လေးပတ်အကြာအထိ သင့်ရောဂါဆက်လက်ရှိနေလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်ကို အကြောင်းကြားပါ။

Clotrimazole ဆေးကို မည်သို့ ထားရှိသင့်ပါသလဲ။

Clotrimazole သည် အခန်းအပူချိန်တွင်သာထားရပြီး နေရောင်တိုက်ရိုက်ကျပြီး စိုစွတ်သော နေရာများတွင် မထားရပါ။ ဆေးကို မပျက်စီးစေရန် ရေချိုးခန်းနှင့် အအေးခန်းများတွင် မထားရပါ။ အမျိုးအစားပေါ်မူတည်ပြီး ထားရှိရမည့် ပုံစံကွာနိုင်ပါသည်။ ပစ္စည်းထုပ်ပိုးသည့် အခွံပေါ်တွင် ညွှန်ကြားချက်ကို ကြည့်ပါ။ သို့မဟုတ် ဆေးပေးသူကို မေးမြန်းပါ။ ဘေးကင်းစေရန် ဆေးများအားလုံးကို ကလေးများနှင့် အိမ်မွေးတိရိစ္ဆာန်များ နှင့် ဝေးရာတွင် ထားပါ။
ဆေးကို အိမ်သာတွင် ရေဆွဲချခြင်း၊ ရေပိုက်ထဲသို့ ပစ်ခြင်းများ မပြုလုပ်ရပါ။ ဆေး၏ သက်တမ်းကုန်လျှင်၊ ဆေးကို မလိုအပ်တော့လျှင် သေချာစွာစွန့်ပစ်ပါ။ ဆေးကို မည်သို့စွန့်ပစ်ရမည်ကို ဆေးရောင်းသူကို သေချာစွာ မေးမြန်းပါ။

သတိပြုရမည့် အချက်များ

ဆေးများကို အသုံးပြုရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုးကို သေချာစွာကြည့်ရမည်။ ထိုအရာသည် သင်နှင့် သင့်ဆရာဝန် ပြုလုပ်ရမည့် အရာဖြစ်ပါသည်။ ဤဆေးအတွက် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါ။

ဓာတ်မတည့်ခြင်း

သင့်တွင် ပုံမှန်မဟုတ်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုများရှိတတ်လျှင် ဆရာဝန်ကို ပြောပြထားပါ။ သင့်တွင် အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံပစ္စည်းများ၊ နှင့် အချို့သော တိရိစ္ဆာန်များကို ဓာတ်မတည့်ကြောင်း ရှိလျှင် ကြိုတင်ပြောပြထားပါ။ ဆရာဝန်မှ ညွှန်ကြားထားခြင်းမဟုတ်သော ဆေးများအတွက် ဘူးခွံ သို့မဟုတ် အထုပ်မှ တံဆိပ်၊ ညွှန်ကြားချက်များကို ဖတ်ရှုပါ။

 

ကလေးများနှင့် ပတ်သတ်သော

ဤဆေးသည် ကလေးများတွင်လည်း သုံးစွဲနိုင်ကြောင်း စမ်းသပ်ထားသည်။ ထိရောက်သော ပမာဏတွင် လူကြီးများတွင် ဖြစ်တတ်သော ဘေးထွက်ဆိုးကျိုးများသည် ကလေးများတွင် ကွဲပြားမှု မရှိကြောင်း ဖော်ပြထားသည်။

အသက်ကြီးသူများနှင့် ပတ်သတ်သော
ဆေးအများစုသည် အသက်ကြီးရင့်သူများတွင် စမ်းသပ်မှုများ မပြုလုပ်ထားပါ။ ထို့ကြောင့် ဆေးများသည် လူငယ်များတွင် ပြသော အာနိသင်ကဲ့သို့ ထပ်တူရှိ၊ မရှိ မသိနိုင်ပါ။ ဤဆေးတွင်လည်း ထိုသို့ခွဲခြား ဖော်ပြမထားသော်လည်း ဘေးထွက်ဆိုးကျိုးများ ကွဲပြားမည်မဟုတ်ဟု ယူဆရပါသည်။

 

နို့တိုက်မိခင်များတွင် သုံးရန် စိတ်ချရပါသလား။

ဤဆေးကို ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်တွင် အမျိုးသမီးများကို ပေးရန် ဆိုးကျိုးရှိ၊ မရှိ ကို လေ့လာထားသော လေ့လာမှုများ မလုံလောက်ပါ။ ဆေးကို သုံးစွဲရာတွင် အကျိုး၊ အပြစ်ကို ဆရာဝန်နှင့် သေချာစွာ တိုင်ပင်ဆွေးနွေးပါ။ ဤဆေး၏ ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်နိုင်သော ဆိုးကျိုးသည် US Food and Drug Administration (FDA) ဖော်ပြချက်အရ အုပ်စု စီ ( category C ) ထဲတွင် ရှိသည်။
၏ အုပ်စုများမှာ
• A = ဆိုးကျိုးမရှိ။
• B = အချို့လေ့လာမှုများတွင် ဆိုးကျိုးမရှိ။
• C = ဆိုးကျိုးအနည်းငယ်ရှိနိုင်သည်။
• D = ဆိုးကျိုးရှိကြောင်း ဖော်ပြထားသည်။
• X= မသုံးစွဲသင့်ပါ။
• N= မသိပါ။

ဘေးထွက်ဆိုးကျိုးများ

clotrimazole ကို သုံးစွဲခြင်းဖြင့် မည်သို့သော ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသနည်း။

အသက်ရှူခက်ခြင်း၊ လည်ချောင်းပိတ်ခြင်း၊ မျက်နှာ၊ လျှာ၊ နှုတ်ခမ်းများထူလာခြင်း၊ ကဲ့သို့သော ဓာတ်မတည့်သည့် တုံ့ပြန်မှုများဖြစ်လျှင် ဆေးကို ရပ်ပြီး အရေးပေါ်ဆေးကုသမှုခံယူပါ။
ဘေးထွက်ဆိုးကျိုးများ သည် အဖြစ်နည်းပါသည်။ သို့သော် အောက်ပါတို့ဖြစ်လျှင် ဆေးကို ဆက်သုံးနိုင်သော်လည်း ဆရာဝန်ကို အကြောင်းကြားပါ။
• ပျို့အန်ခြင်း၊ဗိုက်နာခြင်း။
• အန်ခြင်း။
• ယားယံခြင်း။
• ပါးစပ်တွင် နေလို့မကောင်းခြင်း။
ဆေးကို အသုံးပြုသောလူတိုင်းတွင် ဘေးထွက်ဆိုးကျိုးများမဖြစ်တတ်ပါ။ အထက်တွင် ဖော်ပြထားသည်တို့မဟုတ်ပဲ အခြားလက္ခဏာများလည်း ဖြစ်တတ်သည်။ သင့်တွင် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သတ်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။

ဓာတ်ပြုမှုများ

clotrimazole သည် မည်သည့် ဆေးများနှင့် ဓာတ်ပြုနိုင်ပါသလဲ။
clotrimazole သည် သင်သောက်နေသော အခြားသော ဆေးများနှင့် ဓာတ်ပြုမှုများရှိနေနိုင်ပါသည်။ ဆေးအချင်းချင်း ဓာတ်ပြုမှုကို ကာကွယ်ရန် သင်သောက်နေသောဆေးများအားလုံးကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်၏ ဘေးကင်းလုံခြုံမှုအတွက် ဆေးရပ်ခြင်း၊ စတင်ခြင်း၊ ဆေးပြောင်းခြင်းများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။
အောက်ပါဆေးများနှင့် အတူသုံးစွဲလျှင် ဘေးထွက်ဆိုးကျိုးများကို များစေနိုင်သည်။ သို့သော် အတူသုံးစွဲလျှင် အကောင်းဆုံးရလဒ်များ ရနိုင်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးပမာဏကို လျော့နိုင်သည်။ သို့မဟုတ် ဆေးသောက်သည့် အကြိမ်ရေပြောင်းနိုင်ပါသည်။
• Fentanyl, Tacrolimus, Trimetrexate

အစားအသောက်၊ အရက် တို့သည် clotrimazole နှင့် ဓာတ်ပြုမှု ရှိနိုင်ပါသလား။

clotrimazole သည် အစားအသောက် သို့မဟုတ် အရက်နှင့် ဓာတ်ပြုမှုရှိနိုင်ပါသည်။ ထို့ကြောင့် clotrimazole ကို အသုံးပြုလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

မည့်သည့် ကျန်းမာရေး အခြေအနေများတွင် clotrimazole ဆေးနှင့် ဓာတ်ပြုမှု ရှိနိုင်ပါသလဲ။

clotrimazole သည် သင်၏ ကျန်မာရေးအခြေအနေကို ပိုဆိုးစေခြင်း၊ ဆေး၏ အာနိသင်ကို ပြောင်းလဲစေခြင်းများဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်ကို အသိပေးထားရန် အရေးကြီးပါသည်။

ဆေးပေးရမည့် ပမာဏ

ပေးထားသော အချက်အလက်သည် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်မဟုတ်သဖြင့် သင့်အတွက် ဆေးနှင့်ပတ်သတ်သော ညွှန်ကြားချက်ကို ရရှိရန် သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

လူကြီးအတွက် clotrimazole ဆေးကို သုံးစွဲရမည့် ပမာဏ

Tinea Corporis အတွက် လူကြီးဆေးပမာဏ ရောဂါဖြစ်သော နေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် လေးပတ်အထိ လိမ်းပေးပါ။

Tinea Cruris အတွက် လူကြီးဆေးပမာဏ

ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် နှစ်ပတ်အထိ လိမ်းပေးပါ။

 

Tinea Pedis အတွက် လူကြီးဆေးပမာဏ

ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၄ ပတ် မှ ၈ ပတ်အထိ အထိ လိမ်းပေးပါ။

 

Cutaneous Candidiasis အတွက် လူကြီး ဆေးပမာဏ

ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် နှစ်ပတ် မှ လေးပတ် အထိ လိမ်းပေးပါ။

 

Tinea Versicolor အတွက် လူကြီး ဆေးပမာဏ

ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် နှစ်ပတ် မှ လေးပတ် အထိ လိမ်းပေးပါ။

 

ကလေးများအတွက် ဆေးပမာဏ

Tinea Corporis အတွက် ကလေးဆေးပမာဏ
၃ နှစ်နှင့် အထက်- ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၄ ပတ်အထိ လိမ်းပေးပါ။

 

Tinea Cruris အတွက် ကလေးဆေးပမာဏ

၃ နှစ်နှင့် အထက်- ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၂ ပတ်အထိ လိမ်းပေးပါ။

 

Tinea Pedis အတွက် ကလေးဆေးပမာဏ

၃ နှစ်နှင့် အထက်- ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၄ ပတ် မှ ၈ ပတ် အထိ လိမ်းပေးပါ။

 

Cutaneous Candidiasis အတွက် ကလေးဆေးပမာဏ

၃ နှစ်နှင့် အထက်- ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၂ ပတ် မှ ၄ ပတ် အထိ လိမ်းပေးပါ။

 

Tinea Versicolor: အတွက် ကလေးဆေးပမာဏ

၃ နှစ်နှင့် အထက်- ရောဂါဖြစ်သောနေရာနှင့် ဘေးအနားတ၀ိုက်ကို ရောဂါ၏ ပြင်းထန်မှုနှင့် အခြေအနေပေါ်တွင် မူတည်ပြီး clotrimazole ကို တစ်နေ့နှစ်ကြိမ် ၂ ပတ် မှ ၄ ပတ်အထိ လိမ်းပေးပါ။

Clotrimazole ကို ဘယ်လိုရနိုင်ပါသလဲ။

Clotrimazole ကို အောက်ပါ ပမာဏများဖြင့် ရနိုင်ပါသည်။
• လိမ်းဆေးဂျဲလ် ၁%
• မိန်းမကိုယ်ထဲထည့်သောဆေးပြား – ၁၀၀ မီလီဂရမ်၊ ၅၀၀ မီလီဂရမ်။
• လိမ်းဆေး ၁%

ဆေးလွန်ကဲမှုကြောင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်သင့်ပါသလဲ။

အရေးပေါ်ဆေးလွန်ကဲမှု အခြေအနေတွင် အရေးပေါ်ဌာနကို အကြောင်းကြားပြီး နီးစပ်ရာဆေးရုံ၏ အရေးပေါ်ဌာနသို့ သွားရပါမည်။

ဆေးသုံးရမည်ကို မေ့လျော့လျှင် မည်သို့လုပ်သင့်ပါသလဲ။

မေ့သည်ကို သိသိချင်း ဆေးကို အသုံးပြုပါ။ သို့သော် သင်နောက်တစ်ကြိမ် သုံးရမည့် အချိန်ရောက်တော့မည် ဆိုလျှင် မေ့သွားသော အကြိမ်ကို ကျော်လိုက်ပါ။ နှစ်ဆ မသုံးမိပါစေနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 26, 2017