Clopidogrel (ကလိုပီဒိုဂရဲလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Clopidogrel (ကလိုပီဒိုဂရဲလ်) Brand Name(s): Generics only. No brands available.

အဓိပ္ပါယ်ဖွင့်ဆိုချက်

clopidogrel ကို ဘာအတွက် အသုံးပြုပါသလဲ။

clopidogrel ကို နှလုံးရောဂါထခြင်းကို ကာကွယ်ရန် နှင့် နှလုံးရောဂါရှိသူများတွင် လေဖြတ်ခြင်းကို ကာကွယ်ရန်၊ လေဖြတ်ထားသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိသူများတွင် အသုံးပြုသည်။
၎င်းကို ရင်ဘတ်အောင့်ခြင်းကို သက်သာစေရန် ၊ သွေးကြောထဲပိုက်ထည့်ပြီးသည့် အခါ သွေးကြောပိတ်ခြင်း။ သွေးခဲခြင်းကို ကာကွယ်ရန် အက်စပရင်နှင့် တွဲပေးသည်။

Clopidogrel သည် သွေးဆဲလ်မွှားများကို သွေးခဲခြင်းမဖြစ်စေရန် ကာကွယ်သည်။ သွေးများ သွားရောက်မစုစည်းစေရန် ၊ သွေးကောင်းစွာစီးဆင်းစေရန် ကူညီပေးသည်။
အခြားအသုံးပြုမှုများ- ယခုအပိုင်းတွင် တရားဝင်ခွင့်ပြုထားခြင်းမဟုတ်သော်လည်း ဆရာဝန်မှများမှ ညွှန်ကြားနေကြသော အသုံးပြုခြင်းများ ပါဝင်သည်။ ထိုအသုံးပြုမှုများကို သင့်ဆရာဝန်မှ ညွှန်ကြားမှသာ အသုံးပြုပါ။
ဆေးအညွှန်းတွင် ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်းရှိသော လူများတွင် နှလုံးရောဂါဖောက်ခြင်းနှင့် လေဖြတ်ခြင်းများကို ကာကွယ်ရန် အသုံးပြုကြသည်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Clopidogrel ကို ဘယ်လိုသောက်သင့်ပါသလဲ။

သင် ဤဆေးကို မသောက်မီ ဆေးရောင်းသူမှ ပေးသောဆေး အညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။ မေးမြန်းလိုသည်များရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။
ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း နေ့စဉ်သောက်ပါ။ အကောင်းဆုံးအာနိသင်ကို ရရှိစေရန် အချိန်မှန်မှန် နေ့စဉ်သောက်ပါ။

ဆေး၏ ပမာဏနှင့် သောက်ရမည့် ကြာချိန်သည် သင်၏ ကျန်းမာရေးအခြေအနေနှင့်ဆေးကို တုံ့ပြန်မှုပေါ်တွင် မူတည်သည်။ သင်သည် clopidogrel
ကို နှလုံးပိုက်ထည့်ခြင်းနှင့် အခြားသော ကိစ္စများအတွက် အသုံးပြုပါက လများစွာမှ နှစ်ချီသည့်အထိသောက်ရနိုင်သည်။ ဆေးကို စောစီးစွာရပ်ခြင်းအတွက် ဆိုးကျိုးများကို သိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ ကောင်းနေသည့်အချိန်တွင်ပင် clopidogrel ကို သောက်ရန် လိုအပ်ပါသည်။ သင့်ဆရာဝန်နှင့် မတိုင်ပင်ပဲ ဆေးမရပ်ပါနှင့်။
clopidogrel ကို သောက်နေစဉ် သင့်ဆရာဝန်မှ စိတ်ချရသည်ဟု မပြောပဲ ဂရိတ်ဖရုသီးစားခြင်း၊ အသီးဖျော်ရည်သောက်ခြင်းမပြုလုပ်ရပါ။ ထိုအသီးသည် ဆေး၏ ဘေးထွက်ဆိုးကျိုးများကို များစေသည်။ သင့်ဆရာဝန်ကို ထပ်မံမေးမြန်းပါ။
၏ အာနိသင်များမပြသောကြောင့် အောက်ပါ နှလုံးသွေးကြောလက္ခဏာများဖြစ်လာပါက ဆေးကို ဆက်မသောက်ပါနှင့်။ သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
ရင်ဘတ်အောင့်ခြင်း၊ လက်မောင်းအောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ပုံမှန်မဟုတ်သော ချွေးပြန်ခြင်း၊ ကိုယ်တစ်ခြမ်း အားနည်းခြင်း၊ စကားမပီခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း။

clopidogrel ဆေးကို မည်သို့ ထားရှိသင့်ပါသလဲ။

clopidogrel သည် အခန်းအပူချိန်တွင်သာထားရပြီး နေရောင်တိုက်ရိုက်ကျပြီး စိုစွတ်သော နေရာများတွင် မထားရပါ။ ဆေးကို မပျက်စီးစေရန် ရေချိုးခန်းနှင့် အအေးခန်းများတွင် မထားရပါ။ အမျိုးအစားပေါ်မူတည်ပြီး ထားရှိရမည့် ပုံစံကွာနိုင်ပါသည်။ ပစ္စည်းထုပ်ပိုးသည့် အခွံပေါ်တွင် ညွှန်ကြားချက်ကို ကြည့်ပါ။ သို့မဟုတ် ဆေးပေးသူကို မေးမြန်းပါ။ ဘေးကင်းစေရန် ဆေးများအားလုံးကို ကလေးများနှင့် အိမ်မွေးတိရိစ္ဆာန်များ နှင့် ဝေးရာတွင် ထားပါ။
ဆေးကို အိမ်သာတွင် ရေဆွဲချခြင်း၊ ရေပိုက်ထဲသို့ ပစ်ခြင်းများ မပြုလုပ်ရပါ။ ဆေး၏ သက်တမ်းကုန်လျှင်၊ ဆေးကို မလိုအပ်တော့လျှင် သေချာစွာစွန့်ပစ်ပါ။ ဆေးကို မည်သို့စွန့်ပစ်ရမည်ကို ဆေးရောင်းသူကို သေချာစွာ မေးမြန်းပါ။

သတိပြုရမည့် အချက်များ

ဆေးတစ်ခုကို သုံးစွဲရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုးကို ချင့်ချိန်ပြီး သုံးသင့်သည်။ ဆုံးဖြတ်ချက်သည် သင်နှင့် သင့်ဆရာဝန်ပေါ်တွင် မူတည်ပါသည်။ ဆေးကို သုံးစွဲရန် အောက်ပါအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်။
ဓါတ်မတည့်ခြင်း
သင့်ဆရာဝန်ကို သင့်တွင် ဤဆေး သို့မဟုတ် အခြားဆေးတစ်ခုခုနှင့် ဓါတ်မတည့်ခြင်း များဖြစ်ပေါ်ဖူးလျှင် ပြောပြထားပါ။ သင့်တွင် အခြားသော အစားအစာများ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ၊ နှင့် တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ပြောပြပါ။ ဆရာဝန်ညွှန်ကြားသည့်မဟုတ်သော ဆေးများအတွက် အညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။

ကလေးများနှင့် ဆိုင်သော

ဆေးနှင့် ပတ်သတ်သော လေ့လာမှုများသည် ကလေးများအတွက် ပြသနာများကိုမဖော်ပြထားပါ။ ဘေးကင်းမှုနှင့် အာနိသင်ကိုလည်း မဖော်ပြထားပါ။

သက်ကြီးရွယ်အိုများအတွက်

အသက်ကြီးသူများအတွက် သီးသန့် ပြုလုပ်ထားသော လေ့လာမှုများမရှိနေသောကြောင့် လူကြီးများတွင် clopidogrel သုံးရန် အကန့်အသတ်ဖြစ်စေသည်။

ဤဆေးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် နို့တိုက်နေချိန်တွင် အသုံးပြုနိုင်ပါလား။

ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်စဉ် ဘေးကင်းစိတ်ချမှုနှင့် ပတ်သတ်သော လုံလောက်သော အချက်အလက်များမရှိပါ။ အကျိုးအပြစ်ကို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဤဆေးနှင့် ပတ်သတ်သော ဘေးထွက်ဆိုးကျိုးအန္တရာယ်သည် US Food and Drug Administration (FDA) ၏ အဆင့်သတ်မှတ်ချက်အရ အုပ်စု ဘီ တွင် ရှိသည်။
US Food and Drug Administration (FDA) ၏ အုပ်စုများမှာ
• A = ဆိုးကျိုးမရှိ။
• B = အချို့လေ့လာမှုများတွင် ဆိုးကျိုးမရှိ။
• C = ဆိုးကျိုးအနည်းငယ်ရှိနိုင်သည်။
• D = ဆိုးကျိုးရှိကြောင်း ဖော်ပြထားသည်။
• X= မသုံးစွဲသင့်ပါ။
• N= မသိပါ။

ဘေးထွက်ဆိုးကျိုးများ

သင့်တွင် အသက်ရှူခက်ခြင်း၊မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊လည်ချောင်းများ ရောင်ယမ်းလာသော ဓါတ်မတည့်သည့် လက္ခဏာများရှိပါက အရေးပေါ်ကုသရန် ဆောင်ရွက်ပါ။

သင့်တွင် အောက်ပါ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်ထံအကြောင်းကြားပါ။
• နှာခေါင်းသွေးယိုခြင်း၊ အခြားနေရာမှ သွေးယိုခြင်း၊သွေးမတိတ်ခြင်း။
• သွေးဝမ်းသွားခြင်း၊ ဆီထဲတွင် သွေးပါခြင်း။
• ချောင်းဆိုးလျှင် သွေးပါခြင်း၊ ကော်ဖီရောင်အန်ခြင်း
• ရင်ဘတ်အောင့်ခြင်း၊ လက်မောင်း၊ ပခုံးတွင် အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ချွေးပြန်ခြင်း၊ နေလို့မကောင်းခြင်း၊
• လက်ခြေများထုံခြင်း၊ ကိုယ်တခြမ်းထုံခြင်း၊
• ရုတ်တရက်ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်ပြောင်းလဲခြင်း၊ စကားပြောမပီသခြင်း၊ ဟန်ချက်ပျက်ခြင်း။
• အသားအရေ ဖျော့တော့ခြင်း၊ အားနည်းခြင်း၊ ဖျားခြင်း၊ အသားဝါခြင်း၊
• သွေးခြည်ဥခြင်း၊ သွေးယိုခြင်း၊ အနီစက်များထွက်ခြင်း။

ဆေးကို အသုံးပြုသောလူတိုင်းတွင် ဘေးထွက်ဆိုးကျိုးများမဖြစ်တတ်ပါ။ အထက်တွင် ဖော်ပြထားသည်တို့မဟုတ်ပဲ အခြားလက္ခဏာများလည်း ဖြစ်တတ်သည်။ သင့်တွင် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သတ်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။

ဓါတ်ပြုမှုများ

clopidogrel သည် မည်သည့် ဆေးများနှင့် ဓါတ်ပြုနိုင်ပါသလဲ။

clopidogrel သည် သင်သောက်နေသော အခြားသော ဆေးများနှင့် ဓါတ်ပြုမှုများရှိနေနိုင်ပါသည်။ ဆေးအချင်းချင်း ဓါတ်ပြုမှုကို ကာကွယ်ရန် သင်သောက်နေသော ဆေးများအားလုံးကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်၏ ဘေးကင်းလုံခြုံမှုအတွက် ဆေးရပ်ခြင်း၊ စတင်ခြင်း၊ ဆေးပြောင်းခြင်းများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။

clopidogrel ကို အောက်ပါဆေးများနှင့် အသုံးပြုခြင်းကို မပြုလုပ်ရပါ။ အတူသုံးရန်လိုအပ်ပါက သင့်ဆရာဝန်မှ ဆေးကို ဆက်မသုံးရန်၊ သို့မဟုတ် အခြားဆေးကို ပြောင်းရန် ဆုံးဖြတ်ပါလိမ့်မည်။

• Aceclofenac, Acemetacin, Acenocoumarol, Alipogene Tiparvovec, Alteplase, Recombinant, Amlodipine, Amtolmetin Guacil, Anagrelide, Apixaban, Argatroban, Aspirin, Bivalirudin, Bromfenac, Bufexamac, Bupropion, Celecoxib, Choline Salicylate, Cilostazol, Cimetidine, Citalopram, Clevidipine, Clonixin, Dabigatran Etexilate, Dalteparin, Danaparoid, Desirudin, Desvenlafaxine, Dexibuprofen, Dexketoprofen, Diclofenac, Diflunisal, Diltiazem, Dipyridamole, Dipyrone, Drotrecogin Alfa, Duloxetine, Enoxaparin, Eptifibatide, Escitalopram, Eslicarbazepine Acetate, Esomeprazole, Etodolac, Etofenamate, Etoricoxib, Etravirine, Felbamate, Felbinac, Felodipine, Fenoprofen, Fepradinol, Feprazone, Floctafenine, Fluconazole, Flufenamic Acid, Fluoxetine, Flurbiprofen, Fluvoxamine, Fondaparinux, Heparin, Ibuprofen, Ibuprofen Lysine, Indomethacin, Isradipine, Ketoconazole, Ketoprofen, Ketorolac, Lepirudin, Levomilnacipran, Lornoxicam, Loxoprofen, Lumiracoxib, Meclofenamate, Mefenamic Acid, Meloxicam, Milnacipran, Morniflumate, Nabumetone, Naproxen, Nefazodone, Nepafenac, Nicardipine, Nifedipine, Niflumic Acid, Nimesulide, Nimodipine, Nisoldipine, Omeprazole, Oxaprozin, Oxyphenbutazone, Parecoxib, Paroxetine, Phenindione, Phenprocoumon, Phenylbutazone, Piketoprofen, Piroxicam, Pranoprofen, Proglumetacin, Propyphenazone, Proquazone, Protein C, Human, Rabeprazole, Rivaroxaban, Rofecoxib, Salicylic Acid, Salsalate, Sertraline, Sibutramine, Sodium Salicylate, Sulindac, Tenoxicam, Tiaprofenic Acid, Ticlopidine, Tinzaparin, Tolfenamic Acid, Tolmetin, Valdecoxib, Venlafaxine, Verapamil, Voriconazole, Vortioxetine, Warfarin.

ဤဆေးများနှင့် အသုံး ပြုပါက ဘေးထွက်ဆိုးကျိုးများကို များစေပါသည်။ သုံးရန်လိုအပ်ပါက သင့်ဆရာဝန်မှ ဆေးပမာဏကို ညှိခြင်း၊ သို့မဟုတ် သောက်သည့် အကြိမ်ရေကို လျော့ခြင်းများ ပြုလုပ်နိုင်ပါသည်။
• Amiodarone, Atorvastatin, Fosphenytoin, Ginkgo, Lovastatin, Phenytoin, Simvastatin, Vitamin A.
ဤအရာများနှင့် အသုံးပြုရန် မညွှန်ကြားပါ။ သုံးရန်လိုအပ်ပါက သင့်ဆရာဝန်မှ ဆေးပမာဏကို ညှိခြင်း၊ သို့မဟုတ် သောက်သည့် အကြိမ်ရေကို လျော့ခြင်းများ ပြုလုပ်နိုင်ပါသည်။ သို့မဟုတ် အစားအစာ၊ အရက်၊ဆေးလိပ်သောက်ခြင်းအတွင် အထူးညွှန်ကြားချက်များ ပေးနိုင်ပါသည်။
• Grapefruit ဖျော်ရည်

အစားအသောက်၊ အရက် တို့သည် clopidogrel နှင့်ဓါတ်ပြုမှု ရှိနိုင်ပါသလား။

clopidogrel သည် အစားအသောက် သို့မဟုတ် အရက်နှင့် ဓါတ်ပြုမှုရှိနိုင်ပါသည်။ ထို့ကြောင့် clopidogrel ကို အသုံးပြုလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

မည့်သည့် ကျန်းမာရေး အခြေအနေများတွင် clopidogrel ဆေးနှင့် ဓါတ်ပြုမှု ရှိနိုင်ပါသလဲ။

clopidogrel သည် သင်၏ ကျန်မာရေးအခြေအနေကို ပိုဆိုးစေခြင်း၊ ဆေး၏ အာနိသင်ကို ပြောင်းလဲစေခြင်းများဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်ကို အသိပေးထားရန် အရေးကြီးပါသည်။ အထူးသဖြင့်
• သွေးယိုစီးခြင်း ရှိသောလူနာများတွင် အသုံးမပြုရပါ။
• လေဖြတ်ထားသော လူနာများ
• နှလုံးသွေးကြောပိတ်သောရောဂါရှိသောလူနာများ

ဆေးပေးရမည့် ပမာဏ

ပေးထားသော အချက်အလက်သည် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်မဟုတ်သဖြင့် သင့်အတွက် ဆေးနှင့်ပတ်သတ်သော ညွှန်ကြားချက်ကို ရရှိရန် သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

လူကြီးအတွက် clopidogrel ဆေးကို သုံးစွဲရမည့် ပမာဏ

Ischemic Stroke အတွက် လူကြီးဆေးပမာဏ

၇၅ မီလီဂရမ် တစ်နေ့ ၁ ကြိမ် အစာနှင့်၊ အစာမပါ သောက်နိုင်သည်။
အက်စပရင်ကို clopidogrel နှင့်အတူတွဲပေးသင့်သည်။

Myocardial Infarction အတွက် လူကြီးဆေးပမာဏ

၇၅ မီလီဂရမ် တစ်နေ့ ၁ ကြိမ် အစာနှင့်၊ အစာမပါ သောက်နိုင်သည်။
အက်စပရင်ကို clopidogrel နှင့်အတူတွဲပေးသင့်သည်။

Acute Coronary Syndrome — Prophylaxis : အတွက် လူကြီးဆေးပမာဏ

၇၅ မီလီဂရမ် တစ်နေ့ ၁ ကြိမ် အစာနှင့်၊ အစာမပါ သောက်နိုင်သည်။
အက်စပရင်ကို clopidogrel နှင့်အတူတွဲပေးသင့်သည်။

Peripheral Arterial Disease အတွက် လူကြီးဆေးပမာဏ

၇၅ မီလီဂရမ် တစ်နေ့ ၁ ကြိမ် အစာနှင့်၊ အစာမပါ သောက်နိုင်သည်။
အက်စပရင်ကို clopidogrel နှင့်အတူတွဲပေးသင့်သည်။

ကလေးအတွက် ဆေးကို သုံးစွဲရမည့် ပမာဏ

ကလေးအတွက် ဆေးပမာဏသည် ပုံသေမသတ်မှတ်ထားပါ။ သင့်ကလေးအတွက် ဤဆေးကို ပေးရန် စိတ်မချရပါ။ ဆေးကိုမပေးခင် စိတ်ချဘေးကင်းမှုကို ဂရုစိုက်ပါ။ သင့်ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပါ။

clopidogrel ကို ဘယ်လိုရနိုင်ပါသလဲ။

clopidogrel ကို အောက်ပါ ပမာဏများဖြင့် ရနိုင်ပါသည်။

  • ဆေးပြား ၇၅ မီလီဂရမ်၊ ၃၀၀ မီလီဂရမ်

ဆေးလွန်ကဲမှုကြောင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်သင့်ပါသလဲ။

အရေးပေါ်ဆေးလွန်ကဲမှု အခြေအနေတွင် အရေးပေါ်ဌာနကို အကြောင်းကြားပြီး နီးစပ်ရာဆေးရုံ၏ အရေးပေါ်ဌာနသို့ သွားရပါမည်။
ဆေးလွန်သွားလျှင် ပုံမှန်မဟုတ် သွေးခြည်ဥခြင်း၊သွေးထွက်ခြင်း တို့ ဖြစ်နိုင်ပါသည်။

ဆေးသုံးရမည်ကို မေ့လျော့လျှင် မည်သို့လုပ်သင့်ပါသလဲ။

မေ့သည်ကို သိသိချင်း ဆေးကို အသုံးပြုပါ။ သို့သော် သင်နောက်တစ်ကြိမ် သုံးရမည့် အချိန်ရောက်တော့မည် ဆိုလျှင် မေ့သွားသော အကြိမ်ကို ကျော်လိုက်ပါ။ နှစ်ဆ မသုံးမိပါစေနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုင် 25, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 26, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။