Generic Name: Clearskin (ကလီးရားဆကင်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Clearskin (ကလီးရားဆကင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Clearskin® သည် benzoyl peroxide ပါဝင်သောကြောင့် keratin ဓာတ်များကို ချေဖျက်နိုင်ပြီး ဘက်တီးရီးယားပိုးမွှားများကိုလည်း နှိမ်နင်းနိုင်ကာ အရေပြားကို ခြောက်သွေ့ကောင်းမွန်စေသဖြင့် ဝက်ခြံကုသရာတွင် အဓိက အသုံးပြုပါသည်။

Clearskin (ကလီးရားဆကင်) ဘယ်လိုသောက်သုံးသင့်သလဲ

Clearskin® ကို ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း သုံးစွဲပါ။သုံးစွဲရမည့် ဆေးပမာဏအတိအကျကို သိရှိနိုင်ရန်အတွက် ဆေးအညွှန်းကို သေချာစွာ ဖတ်ပါ။

ခရင်မ်ကို အသုံးပြုရန်အတွက်

  • Clearskin® ခရင်မ်ကို အရေပြားလိမ်းဆေးအဖြစ်သာ အသုံးပြုရပါမည်။
  • မိမိအသုံးပြုလိုသော နေရာပေါ်ကို အသာအယာပွတ်ပြီး လိမ်းပေးပါ။
  • ထို့နောက် ရေဆေးပြီး အဝတ်ဖြင့် အသာအယာတို့ကာ ခြောက်သွေ့ပါစေ။

အသုံးပြုလိုသော နေရာကို ရေဖြင့်သေချာစွာဆေးပြီး လုံးဝခြောက်သွားအောင် သုတ်ပါ။ထို့နောက် ဆေးကို အသာအယာပွတ်ပြီး မျှတပျံ့နှံ့အောင် လိမ်းပါ။

ခရင်မ်ပါပြီးသား ရေမြှုပ်တို့ဖတ်လေးများကို အသုံးပြုရန်အတွက်

လိမ်းလိုသော နေရာကို

  • ဦးစွာရေဆေးပါ။ထို့နောက် ပြန်လည်ပြီး အခြောက်ခံပါ။
  • ခရင်မ်ထွက်မလာစေရန် အုပ်ကာထားသော အကာလေး ပျက်ဆီးသွားသည်အထိ ရေမြှုပ်တို့ဖတ်လေးကို တင်းတင်းညှစ်ပါ။
  • ခရင်မ်ပါပြီးသား ရေမြှုပ်တို့ဖတ်လေးကို လိမ်းလိုသော နေရာပေါ်သို့ စက်ဝိုင်းသဏ္ဍာန် ပွတ်ပြီး လိမ်းပေးပါ။
  • ခရင်မ်ထည့်ထားသော အရာလေးကို တခါသုံးပြီးသည်နှင့် လွှင့်ပစ်ပါ။

ဆေးလိမ်းပြီးသည့်တိုင် Clearskin® ခရင်မ် သို့မဟုတ် အဖြူရောင် အကြွင်းအကျန်လေးများကို သင့်အရေပြားပေါ်တွင် မြင်တွေ့နေရဆဲဖြစ်ပါက သင်လိမ်းလိုက်သော ပမာဏများသွားခြင်း ဖြစ်နိုင်ပါသည်။

Clearskin®ခရင်မ် မလိမ်းမီ သို့မဟုတ် လိမ်းပြီး အချိန်များတွင် လက်ကို ချက်ချင်းဆေးရပါမည်။Clearskin® ခရင်မ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းနိုင်ပါသည်။

Clearskin (ကလီးရားဆကင်) ဘယ်လိုသိမ်းဆည်းရမလဲ

Clearskin® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Clearskin® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Clearskin® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့

သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Clearskin® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Clearskin® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Clearskin (ကလီးရားဆကင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Clearskin® ခရင်မ်၏ ပါဝင်ပစ္စည်းများနှင့် မတည့်လျှင် ၎င်းဆေးကို အသုံးမပြုပါနှင့်။

ခရင်မ်ကို အသုံးမပြုမီ အောက်ပါအချက်များရှိနေလျှင် ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။
  • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန် ညွှန်ကြားသော ဆေးများသာမက ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။

အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓာတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများ ရှိလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Clearskin (ကလီးရားဆကင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ကလေးနို့တိုက်ချိန်

ယခုဆေးသည် မိခင်နို့ထဲတွင် ပါဝင်လာခြင်း ရှိမရှိ သေချာစွာ မသိရပါ။ထို့ကြောင့်  Clearskin® ခရင်မ်ကို အသုံးပြုနေစဉ်ကာလတွင် ကလေးနို့တိုက်မည်ဆိုလျှင် ဆရာဝန်နှင့် ဦးစွာ တိုင်ပင်သင့်ပါသည်။သို့မှသာ သင့်ကလေးအတွက် အန္တရာယ်ဖြစ်နိုင်ချေ ရှိမရှိကို သိရှိနိုင်မည် ဖြစ်ပါသည်။

ဘေးထွက်ဆိုးကျိုးများ

Clearskin (ကလီးရားဆကင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးအားလုံးသည် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သော်လည်း လူအများစုတွင် အဆိုပါ ဆိုးကျိုးများခံစားရလေ့မရှိပါ။သို့မဟုတ် ဘေးထွက်ဆိုးကျိုး အသေးအဖွဲလောက်သာ ခံစားရလေ့ရှိပါသည်။သို့သော် အောက်တွင်ဖော်ပြထားသော အဖြစ်များဆုံးဘေးထွက်ဆိုးကျိုးများကို ကာလကြာရှည်ခံစားရခြင်း သို့မဟုတ် ပိုမိုဆိုးရွားလာခြင်းတို့ဖြစ်ပေါ်လာပါက ဆရာဝန်ကို အသိပေးပြီး သင့်တော်သော ကုသမှုကို ခံယူရပါမည်။

  • အရေပြားခြောက်သွေ့ခြင်း။
  • ပူနွေးခြင်း။
  • နီရဲရောင်ရမ်းခြင်း။
  • ယားယံခြင်း။
    • အရေပြားကွာခြင်း။
    • နီရဲခြင်း။
    • မီးစနှင့် ထိုးသကဲ့သို့ စူးခနဲနာခြင်း။

    အရေပြား ရောင်ရမ်းခြင်း။အောက်ပါ ဆိုးရွားပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာပါက အရေးပေါ်ဆေးကုသမှုကို အမြန်ခံယူပါ။

    • ပြင်းထန်သော ဓာတ်မတည့်ခြင်း လက္ခဏာများ (အနီစက်များ ထွက်ခြင်း၊ယားယံခြင်း၊မူးဝေထိုင်းမှိုင်းခြင်း၊အသက်ရှုရခက်ခြင်း၊ရင်ကြပ်ခြင်း၊ပါးစပ်၊မျက်နှာ၊နှုတ်ခမ်း သို့မဟုတ် လျှာတို့ ဖောင်းကားရောင်ရမ်းခြင်း)။
    • (အရေပြားတွင်) အလွန်အမင်း ပူလောင်၊ယားယံ၊နီရဲ၊ရောင်ရမ်းခြင်း၊နာကျင်ခြင်း။
    • အလွန်အမင်း ခြောက်သွေ့ခြင်း။

    ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Clearskin (ကလီးရားဆကင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Clearskin® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး

(စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

 

အစားအသောက်တွေနဲ့ အရက်က Clearskin (ကလီးရားဆကင်) နဲ့ ဓာတ်ပြုနိုင်သလား

Clearskin® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Clearskin (ကလီးရားဆကင်) နဲ့ ဓာတ်ပြုနိုင်သလဲ

Clearskin® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Clearskin (ကလီးရားဆကင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဂျဲလ်၊ခရင်မ်၊အရည်၊လိုးရှင်း၊အတောင့်ပုံစံ၊မျက်နှာသစ်ဆေးပုံစံ :

ကနဦးအနေဖြင့် တနေ့လျှင် တကြိမ် အသုံးပြုရမည် ဖြစ်ပြီး လိုအပ်ပါက တနေ့လျှင် ၂ကြိမ်မှ ၃ကြိမ်အထိ လိမ်းပေးနိုင်ပါသည်။သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။

အဝတ်စပုံစံ :

အသုံးပြုလိုသောနေရာကို တနေ့လျှင် ၁ကြိမ် သို့မဟုတ် ၂ကြိမ် ဆေးပေးပါ။သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။

ကလေးတွေအတွက် Clearskin (ကလီးရားဆကင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆပ်ပြာမြှုပ်ပုံစံ :

ကနဦးအနေဖြင့် တနေ့လျှင် တကြိမ် အသုံးပြုရမည် ဖြစ်ပြီး လိုအပ်ပါက တနေ့လျှင် ၂ကြိမ်မှ ၃ကြိမ်အထိ လိမ်းပေးနိုင်ပါသည်။သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့်အတိုင်း အသုံးပြုနိုင်သည်။

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Clearskin (ကလီးရားဆကင်) ကိုဘယ်လိုရရှိနိုင်သလဲ

Clearskin® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဂျဲလ်။
  • ခရင်မ်။
    • အရည်။
    • လိုးရှင်း။
    • အတောင့်ပုံစံ။

    အမြှုပ်ပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ)

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Clearskin® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ