backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Clarithromycin (ကလာရီသရိုမိုင်စင်)


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုနည်း

clarithromycin ကို ဘာအတွက် အသုံးပြုပါသလဲ။

clarithromycin ဘက်တီးရီးယားရောဂါပိုးများကို ကုသရန် အသုံးပြုသည်။ အစာအိမ်အနာများကို ကုသရန် အခြားအနာပျောက်ဆေးများနှင့် တွဲသုံးကြသည်။ macrolide အုပ်စုဝင်ဖြစ်ပြီး ဘက်တီးရီးယားပိုးများ၏ ပွားများမှုကို တားဆီးပေးသည်။

အအေးမိခြင်း၊ တုပ်ကွေးကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစသော ရောဂါများကို မကုသနိုင်ပါ။ မလိုအပ်ပဲသုံးခြင်းသည် ဆေး၏ အာနိသင်ကို လျော့ကျစေနိုင်ပါသည်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

clarithromycin ကို ဘယ်လိုသောက်သင့်ပါသလဲ။

ဆေးကို သင့်ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ပါ။ များသောအားဖြင့် ၁၂ နာရီခြားတစ်ခါ သောက်ရသည်။ အစာအိမ်နာခြင်းဖြစ်လျှင် အစာ သို့မဟုတ် နို့နှင့် သောက်နိုင်သည်။

မသောက်မီ ဆေးပုလင်းကို သေချာစွာလှုပ်ပါ။ ဆေးချင်သည့် ဇွန်းနှင့် ပမာဏကို သေချာစွာချင်တွယ်ပြီးသောက်ပါ။

ပိုးသတ်ဆေးများသည် သင့်ခန္ဓါကိုယ်ထဲတွင် ပုံမှန် ပမာဏတစ်ခုရှိနေမှသာ အကောင်းဆုံးအလုပ်လုပ်သည်။ ထို့ကြောင့် ဆေးကို အချိန်မှန် နေ့စဉ်သောက်ပါ။

ဆေး၏ ပမာဏနှင့် သောက်ရမည့် ကြာချိန်သည် သင်၏ ကျန်းမာရေးအခြေအနေနှင့်ဆေးကို တုံ့ပြန်မှုပေါ်တွင် မူတည်သည်။ ကလေးများတွင် ကိုယ်အလေးချိန်တွင် မူတည်သည်။

ဆေးကို သောက်ရမည့် ရက်အတိုင်းပြည့်အောင်သောက်ရန်လိုပါသည်။ ဆေးကို အချိန်မတိုင်မီရပ်လျင် လက္ခဏာများ သက်သာနိုင်သော်လည်း၊ ပြန်ဖြစ်နိုင်သည်၊ သင့်အခြေအနေ မကောင်းလာလျှင် ၊ ပိုဆိုးလာလျှင် ဆရာဝန်နှင့်ပြသပါ။

သင်သည် ဤ ဆေးကို ဘက်တီးရီးယား ပိုးတစ်ခုခုကို ကာကွယ်ရန် သောက်လျှင် သင့်ဆရာဝန် ညွှန်ကြားသည့်အတိုင်းသောက်ပါ။ ညဘက်ချွေးပြန်ခြင်းကဲ့သို့သော လက္ခဏာများ ဖြစ်လာလျင် ဆရာဝန်နှင့် ပြသပါ။

clarithromycin ဆေးကို မည်သို့ ထားရှိသင့်ပါသလဲ။

clarithromycin သည် အခန်းအပူချိန်တွင်သာထားရပြီး နေရောင်တိုက်ရိုက်ကျပြီး စိုစွတ်သော နေရာများတွင် မထားရပါ။ ဆေးကို မပျက်စီးစေရန် ရေချိုးခန်းနှင့် အအေးခန်းများတွင် မထားရပါ။ အမျိုးအစားပေါ်မူတည်ပြီး ထားရှိရမည့် ပုံစံကွာနိုင်ပါသည်။ ပစ္စည်းထုပ်ပိုးသည့် အခွံပေါ်တွင် ညွှန်ကြားချက်ကို ကြည့်ပါ။ သို့မဟုတ် ဆေးပေးသူကို မေးမြန်းပါ။ ဘေးကင်းစေရန် ဆေးများအားလုံးကို ကလေးများနှင့် အိမ်မွေးတိရိစ္ဆာန်များ နှင့် ဝေးရာတွင် ထားပါ။

ဆေးကို အိမ်သာတွင် ရေဆွဲချခြင်း၊ ရေပိုက်ထဲသို့ ပစ်ခြင်းများ မပြုလုပ်ရပါ။ ဆေး၏ သက်တမ်းကုန်လျှင်၊ ဆေးကို မလိုအပ်တော့လျှင် သေချာစွာစွန့်ပစ်ပါ။ ဆေးကို မည်သို့စွန့်ပစ်ရမည်ကို ဆေးရောင်းသူကို သေချာစွာ မေးမြန်းပါ။

သတိပြုရမည့် အချက်များ

ဆေးတစ်ခုကို သုံးစွဲရာတွင် ကောင်းကျိုးနှင့် ဆိုးကျိုးကို ချင့်ချိန်ပြီး သုံးသင့်သည်။ ဆုံးဖြတ်ချက်သည် သင်နှင့် သင့်ဆရာဝန်ပေါ်တွင် မူတည်ပါသည်။ ဆေးကို သုံးစွဲရန် အောက်ပါအခြေအနေများကို ထည့်သွင်းစဉ်းစားရမည်။

ဓါတ်မတည့်ခြင်း

သင့်ဆရာဝန်ကို သင့်တွင် ဤဆေး သို့မဟုတ် အခြားဆေးတစ်ခုခုနှင့် ဓါတ်မတည့်ခြင်း များဖြစ်ပေါ်ဖူးလျှင် ပြောပြထားပါ။ သင့်တွင် အခြားသော အစားအစာများ၊ ဆိုးဆေးများ၊ ကြာရှည်ခံဆေးများ၊ နှင့် တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင် ပြောပြပါ။ ဆရာဝန်ညွှန်ကြားသည့်မဟုတ်သော ဆေးများအတွက် အညွှန်းစာရွက်ကို သေချာစွာဖတ်ပါ။

ကလေးများနှင့် ဆိုင်သော

ဆေးနှင့် ပတ်သတ်သော လေ့လာမှုများသည် ကလေးများအတွက် ပြသနာများကိုမဖော်ပြထားပါ။ ဘေးကင်းမှုနှင့် အာနိသင်ကိုလည်း မဖော်ပြထားပါ။

သက်ကြီးရွယ်အိုများအတွက်

အသက်ကြီးသူများအတွက် သီးသန့် ပြုလုပ်ထားသော လေ့လာမှုများမရှိနေသောကြောင့် လူကြီးများတွင် clarithromycin သုံးရန် အကန့်အသတ်ဖြစ်စေသည်။ လူကြီးများတွင် clarithromycin သုံးလျှင် ကျောက်ကပ်ပြသနာများ၊ နှင့် နှလုံးပြသနာများ ပိုဖြစ်နိုင်သောကြောင့် သတိထားပြီးသုံးရန် လိုအပ်ပါသည်။

ဤဆေးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် နို့တိုက်နေချိန်တွင် အသုံးပြုနိုင်ပါလား။

ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်စဉ် ဘေးကင်းစိတ်ချမှုနှင့် ပတ်သတ်သော လုံလောက်သော အချက်အလက်များမရှိပါ။ အကျိုးအပြစ်ကို သိရှိနိုင်ရန် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဤဆေးနှင့် ပတ်သတ်သော ဘေးထွက်ဆိုးကျိုးအန္တရာယ်သည် US Food and Drug Administration (FDA) ၏ အဆင့်သတ်မှတ်ချက်အရ အုပ်စု စီ တွင် ရှိသည်။

US Food and Drug Administration (FDA) ၏ အုပ်စုများမှာ

• A = ဆိုးကျိုးမရှိ။

• B = အချို့လေ့လာမှုများတွင် ဆိုးကျိုးမရှိ။

• C = ဆိုးကျိုးအနည်းငယ်ရှိနိုင်သည်။

• D = ဆိုးကျိုးရှိကြောင်း ဖော်ပြထားသည်။

• X= မသုံးစွဲသင့်ပါ။

• N= မသိပါ။

ဘေးထွက်ဆိုးကျိုးများ

သင့်တွင် အသက်ရှူခက်ခြင်း၊မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊လည်ချောင်းများ ရောင်ယမ်းလာသော ဓါတ်မတည့်သည့် လက္ခဏာများရှိပါက အရေးပေါ်ကုသရန် ဆောင်ရွက်ပါ။

သင့်တွင် အောက်ပါ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်ထံအကြောင်းကြားပါ။

• ခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မူလဲခြင်း။

• ဝမ်းပျက်ခြင်း၊ သွေးဝမ်းသွားခြင်း

• တုပ်ကွေးလက္ခဏာများဖြစ်ခြင်း

• အနီကွက်ထွက်ခြင်း၊ သွေးယိုခြင်း၊ အညိုအမဲစွဲခြင်း၊ ထုံကျင်းခြင်း၊ အသားနာခြင်း၊ အားနည်းခြင်း

• စိတ်ရှုပ်ခြင်း၊ ပျို့အန်ခြင်း၊ ရောင်ယမ်းခြင်း၊ ကိုယ်အလေးချိန်ရုတ်တရက်တက်ခြင်း၊

• အကြားအာရုံချို့ယွင်းခြင်း၊

• အရေပြားပြသနာများဖြစ်ခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အသားနာခြင်း၊ အနီကွက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ အရေပြားများကွာကျခြင်း။

Clarithromycin သည် အသည်းရောဂါလက္ခဏာများကိုလည်း ဖြစ်စေနိုင်ပါသည်။ သင့်တွင် အောက်ပါ လက္ခဏာများဖြစ်လျှင် ဆရာဝန်ကို အကြောင်းကြားပါ။

• အဖျားရှိခြင်း၊ ယားယံခြင်း

• ပျို့အန်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ အစားအသောက်ပျက်ခြင်း

• ဆီးမည်းခြင်း၊ ဝမ်းမည်းခြင်း၊

• အသားဝါခြင်း

သိပ်မပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ

• ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း

• ခံတွင်းပျက်ခြင်း

• သွားအရောင်ပြောင်းခြင်း

• ခေါင်းကိုက်ခြင်း

• ယားယံခြင်း၊ အကွက်ပေါ်ခြင်း

• မိန်မကိုယ် ယားခြင်း၊ အဖြူဆင်းခြင်း။

ဆေးကို အသုံးပြုသောလူတိုင်းတွင် ဘေးထွက်ဆိုးကျိုးများမဖြစ်တတ်ပါ။ အထက်တွင် ဖော်ပြထားသည်တို့မဟုတ်ပဲ အခြားလက္ခဏာများလည်း ဖြစ်တတ်သည်။ သင့်တွင် ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သတ်ပြီး စိုးရိမ်နေလျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။

ဓါတ်ပြုမှုများ

Clarithromycin သည် မည်သည့် ဆေးများနှင့် ဓါတ်ပြုနိုင်ပါသလဲ။

Clarithromycin သည် သင်သောက်နေသော အခြားသော ဆေးများနှင့် ဓါတ်ပြုမှုများရှိနေနိုင်ပါသည်။ ဆေးအချင်းချင်း ဓါတ်ပြုမှုကို ကာကွယ်ရန် သင်သောက်နေသောဆေးများအားလုံးကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။ သင့်၏ ဘေးကင်းလုံခြုံမှုအတွက် ဆေးရပ်ခြင်း၊ စတင်ခြင်း၊ ဆေးပြောင်းခြင်းများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။

Clarithromycin ကို အောက်ပါဆေးများနှင့် အသုံးပြုခြင်းကို မပြုလုပ်ရပါ။ အတူသုံးရန်လိုအပ်ပါက သင့်ဆရာဝန်မှ ဆေးကို ဆက်မသုံးရန်၊ သို့မဟုတ် အခြားဆေးကို ပြောင်းရန် ဆုံးဖြတ်ပါလိမ့်မည်။

Alfuzosin, Amifampridine, Astemizole, Bepridil, Cisapride, Colchicine, Conivaptan, Dihydroergotamine, Dronedarone, Eletriptan, Eliglustat, Eplerenone, Ergoloid Mesylates, Ergonovine, Ergotamine, Fluconazole, Ivabradine, Ketoconazole, Lomitapide, Lovastatin, Lurasidone, Maraviroc, Mesoridazine, Methylergonovine, Methysergide, Naloxegol, Nelfinavir, Nimodipine, Pimozide, Piperaquine, Posaconazole, Ranolazine, Saquinavir, Silodosin, Simvastatin, Sparfloxacin, Terfenadine, Thioridazine, Tolvaptan, Ziprasidone.

Ado-Trastuzumab Emtansine, Afatinib, Ajmaline, Alprazolam, Amiodarone, Amitriptyline, Amlodipine, Amobarbital, Amprenavir, Anagrelide, Apixaban, Apomorphine, Aprepitant, Aprindine, Aprobarbital, Aripiprazole, Arsenic Trioxide, Artemether, Asenapine, Atazanavir, Atorvastatin, Avanafil ,Axitinib, Azithromycin, Bedaquiline ,Bosutinib, Brentuximab Vedotin, Bretylium, Buserelin, Butabarbital, Butalbital, Cabazitaxel, Cabozantinib, Carbamazepine, Ceritinib, Chloroquine, Chlorpromazine, Cilostazol, Ciprofloxacin, Citalopram, Clomipramine, Clonazepam, Clozapine, Cobicistat, Crizotinib, Cyclobenzaprine, Dabigatran Etexilate, Dabrafenib, Daclatasvir, Dasatinib ,Delamanid, Desipramine, Deslorelin ,Dexamethasone, Digoxin, Diltiazem, Disopyramide, Docetaxel, Dofetilide, Dolasetron, Domperidone, Doxepin, Doxorubicin, Doxorubicin Hydrochloride Liposome, Droperidol, Dutasteride, Ebastine, Efavirenz, Enzalutamide, Eribulin, Erlotinib, Erythromycin, Escitalopram, Eslicarbazepine Acetate, Estazolam, Eszopiclone, Etravirine, Everolimus, Famotidine, Felbamate, Felodipine, Fentanyl, Fingolimod, Flecainide, Fluoxetine, Fluticasone, Formoterol, Foscarnet, Fosphenytoin, Galantamine, Gatifloxacin, Gemifloxacin, Gonadorelin, Goserelin, Granisetron, Halofantrine, Haloperidol, Halothane, Histrelin, Hydrocodone, Hydroquinidine, Ibrutinib, Ibutilide, Idelalisib, Ifosfamide, Iloperidone, Imipramine, Isoflurane, Isradipine, Itraconazole, Ivacaftor, Ixabepilone, Lapatinib, Letrozole, Leuprolide, Levofloxacin, Levomilnacipran, Lopinavir, Lorcainide ,Losartan, Lumefantrine, Macitentan, Mefloquine, Mephobarbital, Methadone, Methohexital, Metronidazole, Midazolam, Mifepristone, Mitotane, Mizolastine, Modafinil, Morphine, Morphine Sulfate , Liposome, Moxifloxacin, Nafarelin, Nafcillin, Nicardipine, Nifedipine, Nilotinib, Nintedanib, Nisoldipine, Norfloxacin, Nortriptyline, Octreotide, Ofloxacin, Olanzapine, Ondansetron, Ospemifene, Oxcarbazepine, Oxycodone, Paliperidone, Paroxetine, Pasireotide, Pazopanib, Pentamidine, Pentobarbital, Perampanel, Perflutren Lipid Microsphere, Perphenazine, Phenobarbital, Phenytoin, Pipamperone, Pirmenol, Pixantrone, Pomalidomide, Ponatinib, Primidone, Probucol, Procainamide, Prochlorperazine, Promethazine, Propafenone, Protriptyline, Quetiapine, Quinidine, Quinine, Regorafenib, Retapamulin, Rifabutin, Rifapentine, Rilpivirine, Risperidone, Ritonavir, Roflumilast, Romidepsin, Ruxolitinib, Salmeterol, Secobarbital, Sertindole, Sevoflurane, Sildenafil, Siltuximab, Simeprevir, Sirolimus, Sodium Phosphate, Sodium Phosphate, Dibasic, Sodium Phosphate, Monobasic, Solifenacin, Sorafenib, Sotalol, Spiramycin, St John’s Wort, Sulfamethoxazole, Sunitinib, Suvorexant, Tacrolimus, Tadalafil, Tamoxifen, Tamsulosin, Telaprevir, Telavancin, Telithromycin, Temsirolimus, Tetrabenazine, Thiopental, Ticagrelor, Tizanidine, Tolterodine, Topotecan, Toremifene, Trabectedin, Tramadol, Trazodone, Triazolam, Trimethoprim, Trimipramine, Triptorelin, Vandetanib, Vardenafil, Vemurafenib, Venlafaxine, Verapamil, Vilanterol, Vilazodone, Vinblastine, Vincristine, Vincristine Sulfate Liposome, Vinflunine, Vinorelbine, Vorapaxar, Voriconazole, Vorinostat, Warfarin, Zaleplon, Zidovudine, Zileuton, Zolpidem.

ဤဆေးများနှင့် အသုံး ပြုပါက ဘေးထွက်ဆိုးကျိုးများကို များစေပါသည်။ သုံးရန်လိုအပ်ပါက သင့်ဆရာဝန်မှ ဆေးပမာဏကို ညှိခြင်း၊ သို့မဟုတ် သောက်သည့် အကြိမ်ရေကို လျော့ခြင်းများ ပြုလုပ်နိုင်ပါသည်။

• Acenocoumarol, Alfentanil, Bromocriptine, Conjugated Estrogens, Cyclosporine, Darunavir, Delavirdine, Diazepam, Esterified Estrogens, Estradiol, Estriol, Estrone, Estropipate, Ethinyl Estradiol, Glipizide, Glyburide, Hexobarbital, Indinavir, Linezolid, Methylprednisolone, Nevirapine, Pravastatin, Prednisone, Repaglinide, Rifampin, Rivaroxaban, Tipranavir.

အစားအသောက်၊ အရက် တို့သည် clarithromycin နှင့်ဓါတ်ပြုမှု ရှိနိုင်ပါသလား။

clarithromycin သည် အစားအသောက် သို့မဟုတ် အရက်နှင့် ဓါတ်ပြုမှုရှိနိုင်ပါသည်။ ထို့ကြောင့် clarithromycin ကို အသုံးပြုလျှင် သင့်ဆရာဝန်နှင့်တိုင်ပင်ပါ။

မည့်သည့် ကျန်းမာရေး အခြေအနေများတွင် clarithromycin ဆေးနှင့် ဓါတ်ပြုမှု ရှိနိုင်ပါသလဲ။

clarithromycin သည် သင်၏ ကျန်မာရေးအခြေအနေကို ပိုဆိုးစေခြင်း၊ ဆေး၏ အာနိသင်ကို ပြောင်းလဲစေခြင်းများဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သင့်ဆရာဝန်ကို အသိပေးထားရန် အရေးကြီးပါသည်။ အထူးသဖြင့်

• သည်းခြေအိတ်ကြောင့် အသားဝါခြင်း

• နှလုံးခုန်မမှန်ခြင်း

• အသည်းရောဂါ

• ကျောက်ကပ်မကောင်းခြင်း

• Porphyria အင်ဇိုင်းပြသနာရှိခြင်း

• ဝမ်းပျက်ခြင်း

• နှလုံးရောဂါ

• အသည်းရောဂါ

• ကြွက်သားအားနည်းသည့် ရောဂါ

• ကယ်လ်စီယမ်နည်းခြင်း

• မက်ဂနီဆီယမ်နည်းခြင်း

• ကျောက်ကပ်ရောဂါ

ဆေးပေးရမည့် ပမာဏ

ပေးထားသော အချက်အလက်သည် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်မဟုတ်သဖြင့် သင့်အတွက် ဆေးနှင့်ပတ်သတ်သော ညွှန်ကြားချက်ကို ရရှိရန် သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

လူကြီးအတွက် Clarithromycin ဆေးကို သုံးစွဲရမည့် ပမာဏ

Tonsillitis/Pharyngitis အတွက် လူကြီးဆေးပမာဏ

၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Sinusitis အတွက် လူကြီးဆေးပမာဏ

၅၀၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၁၄ ရက်သောက်ရန်

၁၀၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၁၄ ရက် လည်း သောက်နိုင်သည်။

Bronchitis အတွက် လူကြီးဆေးပမာဏ

  • H influenzae ကြောင့် ဖြစ်လျှင် ၅၀၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇-၁၄ ရက်သောက်ရန်
  • H parainfluenzae ကြောင့် ဖြစ်လျှင် ၅၀၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇ ရက်သောက်ရန်
  • M catarrhalis or S pneumoniae ကြောင့် ဖြစ်လျှင် ၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇ -၁၄ ရက်သောက်ရန်
  • ၁၀၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၇ ရက် လည်း သောက်နိုင်သည်။

Pneumonia အတွက် လူကြီးဆေးပမာဏ

  • H influenzae ကြောင့် ဖြစ်လျှင် ၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇ ရက်သောက်ရန်
  • S pneumoniae or Chlamydophila pneumoniae ကြောင့် ဖြစ်လျှင် ၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇-၁၄ ရက်သောက်ရန်
  • ၁၀၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၇ ရက် လည်း သောက်နိုင်သည်။

Mycoplasma Pneumonia အတွက် လူကြီးဆေးပမာဏ

၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇-၁၄ ရက်သောက်ရန်

၁၀၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် ၇ ရက် လည်း သောက်နိုင်သည်

Skin and Structure Infection အတွက် လူကြီးဆေးပမာဏ

၂၅၀ မီလီဂရမ် တစ်နေ့ ၂ ကြိမ် ၇-၁၄ ရက်သောက်ရန်

ကလေးအတွက် ဆေးကို သုံးစွဲရမည့် ပမာဏ

Tonsillitis/Pharyngitis အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Sinusitis အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Mycoplasma Pneumonia အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Pneumonia အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Otitis Media အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Skin and Structure Infection အတွက် ကလေးဆေးပမာဏ

၆လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် ၁၀ ရက်သောက်ရန်

Mycobacterium avium-intracellulare – Prophylaxis အတွက် ကလေးဆေးပမာဏ

၂၀ လနှင့် အထက် – ၁ ကီလိုဂရမ် ကို ၇.၅ မီလီဂရမ် ကို ကိုယ်အလေးချိန်နှင့် တွက်ပေးရန်၊ တစ်နေ့ ၂ ကြိမ် သောက်ရန်

အများဆုံး တစ်ခါသောက်လျှင် ၅၀၀ မီလီဂရမ်

clarithromycin ကို ဘယ်လိုရနိုင်ပါသလဲ။

clarithromycin ကို အောက်ပါ ပမာဏများဖြင့် ရနိုင်ပါသည်။

ဆေးပြား ၂၅၀၊ ၅၀၀ မီလီဂရမ်

ဆေးလွန်ကဲမှုကြောင့် အရေးပေါ်အခြေအနေတွင် မည်သို့လုပ်သင့်ပါသလဲ။

အရေးပေါ်ဆေးလွန်ကဲမှု အခြေအနေတွင် အရေးပေါ်ဌာနကို အကြောင်းကြားပြီး နီးစပ်ရာဆေးရုံ၏ အရေးပေါ်ဌာနသို့ သွားရပါမည်။

ဆေးလွန်သွားလျှင် အောက်ပါတို့ဖြစ်နိုင်ပါသည်။

• အစာအိမ်အောင့်ခြင်း

• ပျို့အန်ခြင်း

• ဝမ်းပျက်ခြင်း

ဆေးသုံးရမည်ကို မေ့လျော့လျှင် မည်သို့လုပ်သင့်ပါသလဲ။

မေ့သည်ကို သိသိချင်း ဆေးကို အသုံးပြုပါ။ သို့သော် သင်နောက်တစ်ကြိမ် သုံးရမည့် အချိန်ရောက်တော့မည် ဆိုလျှင် မေ့သွားသော အကြိမ်ကို ကျော်လိုက်ပါ။ နှစ်ဆ မသုံးမိပါစေနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Su Sandy မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement