backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Citalopram

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Citalopram ကို ဘာအတွက်အသုံးပြုကြသလဲ

citalopram ကိုစိတ်ကျရောဂါကုသရန်အတွက် အသုံးပြုပါတယ်။ စွမ်းအင်ပြည့်ဝပြီး နေရထိုင်ရကောင်းစေပါတယ်။ Chophytol Rosa® ကိုselective serotonin reuptake inhibitor (SSRI) ဆေးအမျိုးအစားအနေနဲ့လည်းသိကြပါတယ်။ ဦးနှောက်ထဲက serotonin လို့ခေါ်တဲ့ သဘာ၀ ဓါတ်ပစ္စည်းကိုဟန်ချက်ညီစေပါတယ်။ တခြားစိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တဲ့ စွတ်စွဲလွန်ရောဂါ၊ စိတ်ပူပန်ကြောက်လန့်ခြင်းစတာတွေကိုကုသဖို့လည်းအသုံးပြုပါတယ်။

Citalopram ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်တဲ့အတိုင်း တိကျစွာသောက်သုံးပါ။

အညွှန်းစာမှာပါဝင်တဲ့အတိုင်း လိုက်နာပါ။ ဆရာဝန်ဟာ တခါတရံမှာဆေးပမာဏကိုပြောင်းလဲနိုင်ပါတယ်။ ထောက်ခံမှုပြုထားတဲ့ ပမာဏထက် ပိုသောက်ခြင်း၊ လျှော့သောက်ခြင်းမပြုပါနဲ့။

ဆေးရည်ကိုချိန်တဲ့ပြွန်၊ ဇွန်း၊ ခွက် စတာတွေနဲ့ သေချာချိန်ပါ။ မရှိရင် ဆေးဝါးကျွမ်းကျင်သူဆီကတောင်းယူပါ။ လက္ခဏာများသက်သာလာအောင် ၄ပတ်လောက်တော့ သောက်ရပါတယ်။ မသက်သာရင် ဆေးကိုညွှန်ကြားတဲ့အတိုင်းပဲဆက်သောက်တဲ့အပြင် ဆရာဝန်နဲ့ပြန်ပြပါ။

ဆေးကိုရုတ်တရက်မရပ်လိုက်ပါနဲ့။ ဆေးဖြတ်တဲ့ လက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒီဆေးကိုဘေးကင်းအောင် ဘယ်လိုသုံးစွဲရမယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

Citalopram ဘယ်လိုသိမ်းဆည်းရမလဲ

citalopram ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ citalopram ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

citalopramကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Citalopram အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
  • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများစတာတွေလည်း ပါဝင်ပါတယ်။
  • citalopram တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
  • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

MAOI အမျိုးအစားဆေးများ ၁၄ရက်အတွင်း သောက်သုံးခဲ့ဖူးတယ်ဆိုရင် ဒီဆေးကိုမသုံးပါနဲ့။ အန္တရာယ်ရှိတဲ့ ဓါတ်ပြုခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ MAOI ဆေးအမျိုးအစားတွေကတော့ isocarboxazid, linezolid, methylene blue injection, phenelzine, rasagiline, selegiline, tranylcypromineစတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။

လူငယ်အချို့မှာစိတ်ကျဆန့်ကျင်ဆေးစတင်သုံးချိန်မှာသေကြောင်းကြံစည်လိုတဲ့ အတွေးတွေ ပေါ်လာတတ်ပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ထိတွေ့သင့်ပါတယ်။ မိသားစုဝင်တွေကရော စိတ်ပြောင်းလဲမှု အခြေအနေကိုသတိပြုသင့်ပါတယ်။

SSRI အမျီုးအစားစိတ်ကျကုသဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲရင် ကလေးမှာအဆုတ်နဲ့ တခြားနောက်ဆက်တွဲပြသနာတွေ ပေါ်လာတတ်ပါတယ်။ ဒါပေမယ့် ဖြတ်လိုက်ရင်လည်းစိတ်ကျခြင်း ပြန်ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိနေပြီဆိုရင် ဆရာဝန်ကို ပြောပြပါ။ ဒီဆေးကို ကိုယ်ဝန်ရှိချိန်မှာ ဆရာဝန်ညွှန်တာမဟုတ်ရင် စတင်သောက်သုံးခြင်း၊ သောက်သုံးမှုရပ်တန့်ခြင်းမပြုပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Citalopram ကိုသုံးစွဲဖို့ စိတ်ချရပါသလား

citalopram ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

citalopramဆေးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Citalopram ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါအခြေအနေတွေ ကြုံနိုင်ပါတယ်။

  • မှန်ဉာဏ်ပိုင်းနှင့် အာရုံစူးစိုက်မှု ပြသနာရှိခြင်း
  • ခေါင်းကိုက်ခြင်း၊ အိပ်ငိုက်ခြင်း
  • အာခေါင်ခြောက်ခြင်း၊ ချွေးထွက်များခြင်း
  • ထုံကျင်ခြင်း
  • အစားအသောက်ကောင်းလာခြင်း၊ ပျို့န်ခြင်း၊ ဝမ်းပျက်ခြင်း၊ လေပွခြင်း
  • နှလုံးခုန်မြန်ခြင်း၊ တုန်ခြင်း
  • အိပ်မပျော်ခြင်း၊ ပင်ပန်းခြင်း
  • နှာခေါင်းပိတ်ခြင်း၊ နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်း
  • ကိုယ်အလေးချိန်ပြောင်းလဲခြင်း
  • လိင်စိတ်ဆန္ဒပိုင်း ပြသနာရှိခြင်း

အောက်ပါလက္ခဏာတွေရှိရင် ဆရာဝန်ချက်ချင်းပြပါ။

  • မူးမေ့သတိလစ်ချင်သလိုဖြစ်ခြင်း
  • အမြင်အာရုံဝါးခြင်း၊ မြင်ကွင်းကျဉ်းမြောင်းခြင်း၊ မျက်လုံးအောင့်ခြင်း၊ ရောင်ရမ်းခြင်း၊ အလင်းရောင်များ စက်ဝန်းဖြာနေသလို မြင်ရခြင်း
  • ခေါင်းကိုက်ပြီးရင်ဘတ်အောင့်ခြင်း၊ ဆိုးရားစွာ မူးဝေခြင်း၊ သတိလစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • ဆိုးရွားသော အာရုံကြော တုံ့ပြန်မှုများ။ ကြွက်သားများတောင့်တင်းခြင်း၊ အပြင်းဖျားခြင်း၊ ချွေးထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ နှလုံးပုံမှန်မခုန်ခြင်း၊ တုန်ခြင်း၊ မူးမိုက်သလိုဖြစ်ခြင်း
  • ကိုယ်ခန္ဓါတွင် serotonin ဓါတ် မြင့်တက်ခြင်း။ တုန်လှုပ်ြခ်ငး၊ အာရုံခြောက်ခြားခြင်း၊ ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း၊လွန်ကဲစွာတုံ့ပြန်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကိုယ်ခန္ဓါ အစိတ်အပိုင်းများချိတ်ဆက်ဆောင်ရွက်မှု မပြုနိုင်ခြင်း၊ မေ့ခြင်း
  • ကိုယ်ခန္ဓါတွင် ဆိုဒီယမ်နည်းပါးခြင်း။ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားဗလုံးဗထွေးပြောခြင်း၊ ဆိုးရွားစွာအားနည်ခြင်း၊ အန်ခြင်း၊ တည်ငြိမ်မှုမရှိခြင်း

ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့အင်ပျဉ်ထခြင်း၊အရေပြားပေါ်အကွက်ဖြစ်ခြင်း၊နှလုံးခုန်မြန်ခြင်း၊အသက်ရှူခက်ခြင်း၊မျက်နှာနှုတ်ခမ်းလျှာလည်ချောင်းစတာတွေရောင်ရမ်းခြင်းများ ဖြစ်ပွားရင်အရေးပေါ်ဆေးကုသမှုခံယူပါ။

လက္ခဏာအသစ်များပေါ်လာခြင်း၊ ဆိုးရွားလာခြင်းရှိရင် ဆရာဝန်ပြပါ။ ဥပမာစိတ်ပိုင်းနှင့် အမူအကျင့်ဆိုင်ရာပြောင်းလဲခြင်း၊ စိတ်ပူပန်ခြင်း၊ ကြောက်လန့်ခြင်း၊ အိပ်မပျော်ခြင်း၊ တခုခုကိုမလုပ်ဘဲမနေနိုင်ခြင်း၊ တည်ငြိမ်မှု မရှိခြင်း၊ ကြမ်းတမ်းခက်ထန်ခြင်း၊ ဆောက်တည်ရာမရခြင်း၊ စိတ်ဓါတ်ပိုကျဆင်းခြင်း၊ မိမိကိုယ်ကုဒုက္ခပေးစိတ် သေကြောင်းကြံစည်စိတ်များပေါ်လာခြင်းစတာတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရချိန်မှာတစ်ဦးနဲ့တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Citalopram နဲ့ ဓါတ်ပြုနိုင်သလဲ

citalopram ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

အောက်ပါဆေးဝါးများဟာ Citalopram နဲ့ ဓါတ်ပြုမှု ရှိပါတယ်။

  • Cimetidine
  • Lithium
  • John’s wort
  • Tryptophan (တခါတရံL-tryptophanလို့လည်းခေါ်ပါတယ်။)
  • သွေးကျဲဆေးများ (warfarin, Coumadin, Jantoven)
  • အခြားစိတ်ကျကုသဆေးများ
  • နှလုံးဆေးများ
  • စိတ်ပိုင်းဆိုင်ရာကုသသောဆေးများ
  • Triptanခေါင်းတခြမ်းကိုက်ပျောက်ဆေး

အစားအသောက်တွေနဲ့ အရက်က Citalopram နဲ့ ဓါတ်ပြုနိုင်သလား

citalopram ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Citalopram နဲ့ ဓါတ်ပြုနိုင်သလဲ

citalopram ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါရောဂါများရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

  • စိတ်ကြွစိတ်ကျရောဂါ
  • သွေးထွက်လွယ်သည့်ပြသနာများ
  • ရေတိမ်
  • သွေးတွင်းဆိုဒီယမ်ကျခြင်း
  • စွဲလန်းခြင်း
  • တက်ခြင်း
  • နှလုံးခုန်နှေးခြင်း
  • နှလုံးထိခိုက်ခြင်း
  • နှလုံးခုန်စည်းချက်ဆိုင်ရာ ပြသနာများ
  • သွေးတွင်းပိုတက်ဆီယမ်နည်းခြင်း
  • သွေးတွင်းမဂ္ဂနီဆီယမ်နည်းခြင်း
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Citalopram ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အရွယ်ရောက်ပြီးသူများအတွက် စိတ်ကျကုသဆေးအနေဖြင့်

ကနဦးသောက်သုံးရန်။ တနေ့လျှင် ၂၀မီလီဂရမ်ကို သောက်ဆေးအနေဖြင့် တကြိမ်သောက်ရန်

ဆက်လက်သောက်သုံးရန်။ တနေ့လျှင် ၂၀မှ ၄၀မီလီဂရမ်အထိ (ကနဦး ၂၀မီလီဂရမ်မှ တိုးမြှင့်ရာတွင် တပတ်လျှင်တကြိမ်ထက် ပိုမတိုးမြှင့်ဘဲအများဆုံးတနေ့လျှင် ၄၀ မီလီဂရမ် ထိတိုးမြှင့် သောက်သုံးရန်)

ထောက်ခံမှုပြုထားတဲ့ ပမာဏကတော့ ဆေးပြား ၁-၂ ပြားကိုတနေ့ ၃ကြိမ် သောက်သုံးဖို့ ဖြစ်ပါတယ်။

ဆရာဝန်က ဆေးပမာဏပြောင်းလဲမှုလုပ်နိုင်ပါတယ်။

အသက်ကြီးသူများအတွက် စိတ်ကျကုသဆေးအနေဖြင့် တနေ့လျှင် အမြင့်ဆုံး ၂၀မီလီဂရမ် သောက်ဆေးအနေဖြင့် အသက် ၆၀ထက်ကြီးသူများတွင် သောက်သုံးရန်

ကလေးတွေအတွက် Citalopram ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

စိတ်ကျရောဂါခံစားနေရသေယကလေးများအတွက်

အသက် ၁၁နှစ်အထိကလေးများ။ ကနဦးတနေ့လျှင် ၁၀မီလီဂရမ် သောက်ဆေးအနေဖြင့်စတင်ပြီး နှစ်ပတ်ကြာတိုင်းတရက်လျှင် ၅မီလီဂရမ်နှုန်းဖြင့် လိုအပ်သလိုတိုးမြှင့်သွားရန်

(ဆေးပမာဏတရက်လျှင် ၁၀မှ ၄၀မီလီဂရမ်အတွင်း)

အသက် ၁၂နှစ်မှ ၁၈နှစ်အထိကလေးများ။ ကနဦးတနေ့လျှင် ၂၀မီလီဂရမ် သောက်ဆေးအနေဖြင့်စတင်ပြီး နှစ်ပတ်ကြာတိုင်းတရက်လျှင် ၁၀မီလီဂရမ်နှုန်းဖြင့် လိုအပ်သလိုတိုးမြှင့်သွားရန်

(ဆေးပမာဏတရက်လျှင် ၂၀မှ ၄၀မီလီဂရမ်အတွင်း)

စိတ်စွဲလွန်ရောဂါခံစားနေရသူကလေးများအတွက်

အသက် ၁၁နှစ်အထိကလေးများ။ ကနဦးတနေ့လျှင် ၅-၁၀မီလီဂရမ် သောက်ဆေးအနေဖြင့်စတင်ပြီး နှစ်ပတ်ကြာတိုင်းတရက်လျှင် ၅မီလီဂရမ်နှုန်းဖြင့် လိုအပ်သလိုတိုးမြှင့်သွားရန်

(ဆေးပမာဏတရက်လျှင် ၁၀မှ ၄၀မီလီဂရမ်အတွင်း)

အသက် ၁၂နှစ်မှ ၁၈နှစ်အထိကလေးများ။ ကနဦးတနေ့လျှင် ၁၀မှ ၂၀ မီလီဂရမ် သောက်ဆေးအနေဖြင့်စတင်ပြီး နှစ်ပတ်ကြာတိုင်းတရက်လျှင် ၁၀ မီလီဂရမ်နှုန်းဖြင့် လိုအပ်သလိုတိုးမြှင့်သွားရန်

(ဆေးပမာဏတရက်လျှင် ၁၀မှ ၄၀မီလီဂရမ်အတွင်း)

Citalopram ကိုဘယ်လိုရရှိနိုင်သလဲ

citalopram ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • ၂၀ မီလီဂရမ်ဆေးပြားပုံစံဖြင့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေများမှာ အရေးပေါ် ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

citalopram ဆေးကိုသောက်သုံးဖို့ လွတ်သွားခဲ့ရင် (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement