backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ciprofloxacin (စီပရိုဖလော့ဇာဆင်)


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ciprofloxacin (စီပရိုဖလော့ဇာဆင်) ကို ဘာအတွက်အသုံးပြုကြသလဲ

Ciprofloxacin ကို ဘက်တီးရီးယားရောဂါများကုသရန်အသုံးပြုကြသည်။ Quinolone အမျိုးအစား ဖြစ်ပါသည်။ ဘက်တီးရီးယား ပိုးမွှား၏ ကြီးထွားမှုကို တားဆီးပေးပါသည်။ Ciprofloxacin ကို ဘက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများအတွက်သာအသုံးပြုပါသည်။ အအေးမိခြင်း၊ တုပ်ကွေးမိခြင်းစသည့် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများအတွက်အသုံးမဝင်ပါ။ မှားယွင်းအသုံးပြုမိပါက ဆေး၏အစွမ်းသတ္တိကို လျော့နည်းစေပါသည်။

Ciprofloxacin (စီပရိုဖလော့ဇာဆင်) ဘယ်လိုသောက်သုံးသင့်သလဲ

Ciprofloxacin မသောက်သုံးမီ လမ်းညွှန်ချက်များ လူနာ၏အကြောင်းများ အကြောင်းသိရှိအောင် ရှေးဦးစွာဖတ်ထားရပါမည်။ မသိနားမလည်မှုများရှိလျှင် ဆရာဝန်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူဖြစ်စေမေူမြန်းရပါမည်။

Ciprofloxacin ကိုဆရာဝန်ညွှန်ကြားသည့်အတိုင်းသောက်သုံးရပါမည်။

အစာနှင့်ဖြစ်စေ အစာမရှိသည်ဖြစ်စေ တွဲ၍သောက်သုံးနိုင်ပါသည်။ တစ်ရက်လျှင် နှစ်ကြိမ် မနက်တစ်ကြိမ် ညတစ်ကြိမ်သောက်သုံးနိုင်ပါသည်။

မသောက်ခင် ၁၅မိနစ်ခန့်လှုပ်ပေးရပါမည်။ အထူးပြုလုပ်ထားသောချိန်တွယ်ဇွန်းနှင့်တိုင်း၍ သောက်သုံးရပါမည်။ အိမ်တွင်ပုံမှန်သုံးနေသော ဇွန်းနှင့်ချိန်တွယ်၍ မသောက်သုံးရပါ။

အနည်များရှိလျှင် အစာပိုက်ထဲ မထည့်ရပါ။ အစာပိုက်ပိတ်သွားနိုင်ပါသည်။

ဆေးပမာဏနှင့် ကြာချိန်သည် မိမိရောဂါအခြေအနေပေးတွင်သာမူတည်ပါသည်။ ဆေးမသောက်ခင် ရေများများသောက်သင့်ပါသည်။

Ciprofloxacin မသောက်မီ ၂နာရီ သို့မဟုတ် ၆နာရီအတွင်း Ciprofloxacin နှင့် ဓါတ်ပြုနိုင်မည့်အခြားသောဆေးများမသုံးရပါ။ ဆရာဝန်နှင့် ရှေးဦးစွာတိုင်ပင်ရပါမည်။ ဥပမာ quinapril ၊ sucrafate၊ ဗီတာမင် နှင့် သံဓါတ် ဇင့်ဓါတ်ပါသောပစ္စည်းများ၊ Magnesium ပါသောဆေးများ၊ အလူမီနီယံ၊ ကယ်လဆီယယ်၊ Didanosis solution တို့ဖြစ်ပါသည်။

ကယ်လဆီယမ်ပြည့်ဝသောအစားအစာများ၊နို့နှင့် နို့ထွက်ပစ္စည်းများ ကယ်လဆီယမ်ဓါတ်ပြည့်ဝသောဖျော်ရည်များသည်လည်းဆေး၏အာနိသင်ကိုကျဆင်းစေပါသည်။ ထိုသို့သော ပစ္စည်းများမစားသုံးမီ မတိုင်ခင် ၂ နာရီ သို့ ၆ နာရီ အတွင်း ဆေးမသောက်ရပါ။

အားဖြည့်ဆေးနှင့် အစားထိုးဆေးများသုံးမည်ဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ပိုးသတ်ဆေးပမာဏသည် ခန္ဓါကိုယ်ထဲတွင်တစ်သမတ်တည်းရှိပါက အစွမ်းအထက်ဆုံးဖြစ်ပါသည်။ ထို့ကြောင့်အချိန်မှန်သောက်သုံးရပါမည်။

မိမိရောဂါလက္ခဏာသက်သာ သွားသည့်တိုင်ဆေးကို သတ်မှတ်ထားသောရက်အတိုင်းပုံမှန်သောက်သုံးရပါမည်။ ဆေးကြိုဖြတ်လိုက်ပါက ရောဂါပိုးမွှားများပို၍ ပေါက်ပွှားနိုင်ပါသည်။

အခြေအနေဆိုးလာလျှင် ဆရာဝန်ဆီသွားပါ။

Ciprofloxacin (စီပရိုဖလော့ဇာဆင်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်

Ciprofloxacin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ciprofloxacin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ciprofloxacin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြား နားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

Ciprofloxacin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ciprofloxacin (စီပရိုဖလော့ဇာဆင်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဆေးမသုံးမီ ကောင်းကျိုးနှင့် ဆိုးကျိုးကို ရှေးဦးစွာချိန်ရပါမည်။

ထိုသို့ချိန်ဆ ရာတွင် အောက်ပါ အချက်များကို ထည့်သွင်းစဉ်းစားရပါမည်။

  • ဓါတ်မတည့်ခြင်း

ယခုဆေးသို့မဟုတ်အခြားသောဆေးများနှင့် ဓါတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုကြိုတင်၍ ပြောရပါမည်။ အစားအသောက်၊ ဆိုးဆေး တာရှည်ခံပစ္စည်းများ တိရစ္ဆာန်များနှင့် ဓါတ်မတည့်ပါက လည်းကြိုတင်၍ အသိပေးရပါမည်။ ဆရာဝန်မညွှန်ကြားထားသော ဆေးဖြစ်လျှင် ဆေးညွှန်းကိုသေချာစွာဖတ်ရပါမည်။

  • ကလေး

ကလေးများအတွက်စမ်းသပ်ထားခြင်းမရှိပါ။ သို့သော်ဆေး၏ ပြင်းအားကြောင့် ကလေးများတွင် သတိထား၍သုံးရပါမည်။ ဆေးရည်နှင့် ဆေးပြားများသည် ကလေးများ၏ထောင့်သန်းနာရောဂါကို ကာကွယ်နိုင်ခြင်းနှင့် ဆိုးရွားသောကျောက်ကပ်ပိုးဝင်သောရောဂါကို လည်းကုသနိုင်ပါသည်။

အာနိသင်တဖြည်းဖြင်းပြသော extended-release ciprofloxacin ဆေးနှင့် အသက်အရွယ်ကြား ဆက်နွယ်မှုနှင့် ပတ်သက်၍ သေချာတိကျသော စမ်းသပ်ချက်မှုမျိုးမရှိပါ။

  • သက်ကြီးရွယ်အိုများ

Ciprofloxacin ကိုသက်ကြီးရွယိအိုများတွင် အတိုင်းအတာဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိသည်ကို သေချာစမ်းသပ်ထားခြင်းမရှိပါ။ သို့သော် သက်ကြီးရွယ်အိုများတွင် ဖြစ်လေ့ရှိသောကျောက်ကပ်ရောဂါ နှလုံးရောဂါ အရွတ်ရောင်ရောဂါများတွင် Ciprofloxacin ကိုသုံးနိုင်ပါသည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ciprofloxacin (စီပရိုဖလော့ဇာဆင်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Ciprofloxacin (စီပရိုဖလော့ဇာဆင်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဓါတ်မတည့်သောရောဂါလက္ခဏာများဖြစ်သော အရေပြားတွင် အကွက်များဖြစ်ခြင်း အသက်ရှူရခက်ခဲခြင်း မျက်နှာ နှုတ်ခမ်းနှင့် လျှာတို့ယောင်လာလျှင် အရေးပေါ်ကုသမှုရယူပါ။

ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများမှာ

  • ခေါင်းမူးခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်း တို့ဖြစ်ပါသည်။
  • ရုတ်တရတ် အောင့်ခြင်း၊ နာခြင်း၊ အညိုအမဲစွဲခြင်း၊ အကြောတောင့်ခြင်း၊ အဆစ်အမြစ်လှုပ်ရခက်ခြင်း
  • ဝမ်းလျှောခြင်း (အရည်ဝမ်း၊ သွေးဝမ်း)
  • စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ ကယောင်ချောက်ချားဖြစ်ခြင်း၊စိတ်ဓါတ်ကျခြင်း၊ အတွေးများခြင်း
  • တက်ခြင်း
  • အဆမတန်ခေါင်းကိုက်ခြင်း၊ နားအူခြင်း၊မူးခြင်း၊အော့အန်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ နားအနော်ကဘက်နာခြင်း
  • အသားဝါခြင်း နှင့် ဖြူဖတိဖြူရော်ဖြသ်ခြင်း၊ ဆိးရောင်ရင့်ခြင်း၊ ဖျားခြင်း၊ နှုံးခြင်း
  • ပုံမှန်ထက်ဆီးသွားနည်းခြင်း။
  • သွေးခြေဥလွယ်ခြင်း
  • ထုံခြင်း၊ ကျဉ်ခြင်း၊ နာခြင်း
  • ခန္ဒါကိုယ်တွင် အစက်များပေါ်ခြင်း
  • ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မျက်နှာနှင့် လျှာ ရောင်ခြင်း မျက်လုံးပူခြင်း အရေပြားနာခြင်း မျက်နှာနှင့် ကိုယ်ခန္တာပေါ်ပိုင်းတွင် အနီစက်ထွက်ခြင်း အရေပြားလန်ခြင်း နှင့် အရေကြည်ဖုပေါက်ခြင်း တို့ဖြစ်ပါသည်။

အတန်အသင့်ရှိသော ဘေးထွက်ဆိုးကျိုးများမှာ

  • အာ့ခြင်း၊ အန်ခြင်း
  • မူးခြင်း
  • အမြင်ေဝဝါးခြင်း
  • စိတ်လှုပ်ရှားခြင်း၊ စိတ်ဆိုးလွယ်ခြင်း
  • အိပ်မပျော်ခြင်း နှင့် အိမ်မက်ဆိုးမက်ခြင်း တို့ဖြစ်ပါသည်။

ထိုသို့သောဘေးထွက်ဆိုးကျိုးများသည်လူတိုင်းတွင်မတွေ့ရတတ်ပါ။ ဘေးထွက်ဆိုးကျိုးလက္ခဏာများပေါ်ပေါက်ခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ciprofloxacin (စီပရိုဖလော့ဇာဆင်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခု လောလောဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Ciprofloxacin နဲ့အောက်ပါဆေးဝါးများ တွဲသောက်ခြင်းကို ခွင့်မပြုပါ။ ဆရာဝန်က သင့်ကို အောက်ပါဆေးဝါးများ ရပ်ခြင်း (သို့) တခြားဆေးပြောင်းပေးခြင်းများကို ပြုလုပ်နိုင်ပါသည။

  • Agomelatine, Amifampridine, Cisapride, Dronedarone, Lomitapide, Mesoridazine, Pimozide, Piperaquine, Sparfloxacin, Thioridazine, Tizanidine.

အောက်ပါဆေးဝါးများနှင့်တွဲဖက်သုံးခြင်းကို မထောက်ခံပါ။ သို့သော် တချို့အခြေအနေများတွင် တွဲသုံးဖို့လိုကောင်းလိုလာနိုင်သည်။ ဆေးနှစ်ခုလုံး သောက်ဖို့လိုအပ်လာလျှင် ဆရာဝန်က ဆေးပမာဏ (သို့) ဆေးအကြိမ်အရေအတွက်ကို ပြောင်းပေးပါလိမ့်မည်။

  • Acarbose, Acecainide, Acetohexamide, Alfuzosin, Alogliptin, Alosetron, Amiodarone, Amitriptyline, Amoxapine, Anagrelide, Apixaban, Apomorphine, Aripiprazole, Arsenic Trioxide, Artemether, Asenapine, Astemizole, Azimilide, Azithromycin, Bendamustine, Benfluorex, Bosutinib, Bretylium, Buserelin, Canagliflozin, Chlorpromazine, Chlorpropamide, Citalopram, Clarithromycin, Clomipramine, Clozapine, Crizotinib, Cyclobenzaprine, Dabrafenib, Dapagliflozin, Dasatinib, Delamanid, Desipramine, Deslorelin, Disopyramide, Dofetilide, Dolasetron, Domperidone, Doxorubicin, Doxorubicin, Hydrochloride Liposome, Droperidol, Eliglustat, Eltrombopag, Erlotinib, Erythromycin, Escitalopram, Everolimus, Exenatide, Fentanyl, Fingolimod, Flecainide, Fluconazole, Fluoxetine, Gatifloxacin, Gemifloxacin, Gliclazide, Glimepiride, Glipizide, Gliquidone, Glyburide, Gonadorelin, Goserelin, Granisetron, Guar Gum, Halofantrine, Haloperidol, Histrelin, Hydrocodone, Ibrutinib, Ibutilide, Ifosfamide, Iloperidone ,Imipramine, Insulin Aspart, Recombinant, Insulin Degludec, Insulin Detemir, Insulin Glargine, , Recombinant, Insulin Glulisine, Insulin Human Isophane (NPH), Insulin , Human Regular, Insulin Lispro, Recombinant, Ivabradine, Ketoconazole, Lapatinib, Leuprolide, Levofloxacin, Linagliptin, Liraglutide, Lopinavir, Lumefantrine, Lurasidone, Mefloquine, Metformin, Methadone, Metronidazole, Mifepristone, Miglitol, Moricizine, Moxifloxacin, Nafarelin, Naloxegol, Nateglinide, Nilotinib, Norfloxacin, Nortriptyline, Octreotide, Ofloxacin, Ondansetron, Paliperidone, Pasireotide, Pazopanib, Perflutren , Lipid Microsphere, Pioglitazone, Pirfenidone, Pomalidomide, Posaconazole, Pramlintide, Procainamide, Prochlorperazine, Promethazine, Propafenone, Protriptyline, Quetiapine, Quinidine, Quinine, Ranolazine, Rasagiline, Repaglinide, Rosiglitazone, Salmeterol, Saquinavir, Saxagliptin, Sematilide, Sevoflurane, Simeprevir, Simvastatin, Sitagliptin, Sodium Phosphate, Sodium , Phosphate, Dibasic, Sodium Phosphate, Monobasic, Solifenacin, Sorafenib, Sotalol, Sunitinib, Tasimelteon, Tedisamil, Telavancin, Telithromycin, Terfenadine, Teriflunomide, Tetrabenazine, Theophylline, Tolazamide, Tolbutamide, Toremifene, Trazodone, Trifluoperazine, Trimipramine, Triptorelin, Vandetanib, Vardenafil, Vemurafenib, Vilanterol, Vilazodone, Vildagliptin, Vinflunine, Voriconazole, Warfarin, Ziprasidone.
  • အောက်ပါဆေးဝါးများနှင့်တွဲသုံးခြင်းက ဘေးထွက်ဆိုးကျိုးများကို ပိုများစေပါတယ်။ သို့သော် ဆေးနှစ်မျိုးလုံးအသုံးပြုခြင်းက သင့်အတွက် အကောင်းဆုံးကုသမှုလည်း ဖြစ်နိုင်ပါတယ်။ ဆေးနှစ်မျိုးလုံးသောက်ဖို့လိုအပ်မည့် အခြေအနေမျိုးတွင် ဆရာဝန်က ဆေးပမာဏ (သို့) ဆေးအကြိမ်အရေအတွက် ပြောင်းလဲပေးခြင်းများကို ပြုလုပ်ပေးပါလိမ့်မယ်။

    • Aluminum Carbonate, Basic, Aluminum Hydroxide, Aluminum Phosphate, Betamethasone, Calcium, Chloroquine, Corticotropin, Cortisone, Cosyntropin, Cyclosporine, Deflazacort, Dexamethasone, Diclofenac, Didanosine, Dihydroxyaluminum Aminoacetate, Dihydroxyaluminum Sodium Carbonate, Dutasteride, Fludrocortisone, Fluocortolone, Fosphenytoin, Hydrocortisone, Itraconazole, Lanthanum Carbonate, Levothyroxine, Magaldrate, Magnesium Carbonate, Magnesium Hydroxide, Magnesium Oxide, Magnesium Trisilicate, Methylprednisolone, Mycophenolate Mofetil, Olanzapine, Paramethasone, Phenytoin, Prednisolone, Prednisone, Probenecid, Rifapentine, Ropinirole, Ropivacaine, Sevelamer, Sildenafil, Sucralfate, Triamcinolone, Zolpidem တို့ဖြစ်ပါသည်။

    အစားအသောက်တွေနဲ့ အရက်က Ciprofloxacin (စီပရိုဖလော့ဇာဆင်) နဲ့ ဓါတ်ပြုနိုင်သလား

    Ciprofloxacin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Ciprofloxacin (စီပရိုဖလော့ဇာဆင်) နဲ့ ဓါတ်ပြုနိုင်သလဲ

    Ciprofloxacin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

    အထူုးသဖြင့်

    • နှလုံးခုန်နှေးခြင်း
    • ဆီးချို
    • ဝမ်းလျှောခြင်း
    • နှလုံးဖောက်ခြင်း ၊ အရင်က နှလုံးဖောက်ဖူးခြင်း
    • နှလုံးရောဂါ
    • နှလုံးခုန်မမှန်ခြင်း
    • ပိုတက်ဆီယမ်ဓါတ်နည်းခြင်း
    • မက်ကနီဆီယမ်ဓါတ်နည်းခြင်း
    • အသည်းရောဂါ
    • အတက်ရောဂါ
    • လေဖြတ်ရောဂါ
    • ဦးနှောက်ရောဂါ
    • ကျောက်ကပ်ရောဂါ
    • ကိုယ်တွင်းအင်္ဂါများ အသားထိုးကုသခြင်း
    • အရွတ်ရောဂါ(လေးဖက်နာရောဂါ)
    • ကြွက်သားအားနည်းသည့်ရောဂါ

    ထိုသို့သောရောဂါများတွင် သတိထား၍သုံးရပါမည်။

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Ciprofloxacin (စီပရိုဖလော့ဇာဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ထောင့်သန်းနာရောဂါကာကွယ်ရန် အတွက်

    ထိုးဆေး – ၁၂ နာရီခြားတစ်ခါ 400mg

    သောက်ဆေး – ၁၂နာရီခြားတစ်ခါ 500mg သုံးရပါမည်။

    ရောဂါနှင့်ထိတွေ့မိသည်ဟုသံသယဖြစ်ဖြစ်ချင်း ဆေးကိုစတင်အသုံးပြုရပါမည်။

    သွေးထဲတွင် ဘက်တီးရီးယားပိုးမွှားများရှိနေပါက

    Escherichia coli ကြောင့်ဖြစ်သော ဆီးပိုးဝင်သော ရောဂါများတွင် ၁၂နာရိခြားတစ်ခါ 400mg သောက်သုံးနိုင်ပါသည်။ ၇ရက်မှ ၁၄ရက်အထိရောဂါအခြေအနေပေါ်မူတည်၍ သေုာက်ရပါမည်။

    လပြွှန်ရောင်ရောဂါအတွက်

    ရောဂါပြန်ထသော အချိန်များတွင်

    သာမန်/အလယ်အလတ်အဆင့် အတွက်

    • ထိုးဆေး – ၁၂နာရီခြားတစ်ခါ 400g
    • သောက်ဆေး – ၁၂နာရီခြားတစ်ခါ 500mg

    ဆိုးရွား/ပြင်းထန် အတွက်

    • ထိုးဆေး – ၈နာရီ တစ်ခါ 400mg
    • သောက်ဆေး -၁၂နာရီခြားတစ်ခါ 750mg

    ကြာချိန် – ၇ရက်မှ ၁၄ရက်

    ကလေးတွေအတွက် Ciprofloxacin (စီပရိုဖလော့ဇာဆင်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ထောင့်သန်းနာရောဂါကာကွယ်ရန် အတွက်

    • ထိုးဆေး – ၁၂ နာရီခြားတစ်ခါ ကိုယ်အလေးချိန် 1kg လျှင် 10mg( အများဆုံး 400mg) (10 mg/kg)
    • သောက်ဆေး ၁၂နာရီခြားတစ်ခါ 1kg လျှင် 15mg ( 15 mg/kg) ( အများဆုံး 500mg)

    ရောဂါနှင့်ထိတွေ့မိသည်ဟုသံသယဖြစ်ဖြစ်ချင်း ဆေးကိုစတင်အသုံးပြုရပါမည်။

    ဆီးပိုးဝင်သောရောဂါများ အတွက်

    Ecoli ပိုးကြာင့်ဖြစ်သော ရောဂါများတွင်

    ၁နှစ် မှ ၁၈နှစ်အထိ

    • ထိုးဆေး 1kg လျှင် 6-10mg ၈နာရီခြားတစ်ခါ( အများဆုံး 400mg)
    • သောက်ဆေး ၁၂နာရီခြားတစ်ခါ 1kg လျှင် 10-20mg( အများဆုံး 500mg)

    ကြာချိန် – ၁၀ရက်မှ ၂၁ရက်အထိ

    Ciprofloxacin သည် အဓိကရွေးချယ်ရမည့်ဆေးမဟုတ်ပါ။ ဘေးထွက်ဆိုးကျိုးများသောကြောင့်ဖြစ်ပါသည်။

    Ciprofloxacin (စီပရိုဖလော့ဇာဆင်) ကိုဘယ်လိုရရှိနိုင်သလဲ

    Ciprofloxacin ကို 250-500mg ဆေးလုံးပုံစံများဖြင့်ရရှိနိုင်ပါသည်။

    ဆေးရည်အနေနှင့် 5%-10% -100ml ဘုူးနှင့်ရရှိနိုင်ပါသည်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ ဖြစ်စေ သွားရောက်ကုသမှုခံယူပါ

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Ciprofloxacin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

    Hello Health Group

    သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement