backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Ciprobay

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Ciprobay ကို ဘာအတွက်အသုံးပြုကြသလဲ

Ciprobay®ကိုဘက်တီးရီးယားပိုးကူးစက်ခြင်းမျိုးစုံကိုကုသရာမှာ ပဋိဇီဝဆေးအဖြစ်နဲ့ အသုံးပြုပါတယ်။

Ciprobay ဘယ်လိုသောက်သုံးသင့်သလဲ

သောက်ဆေးအတွက်

  • ဆေးပမာဏ၊ သောက်ရမယ့်အချိန် စတာတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိုက်နာပြီးသောက်သုံးပါ။
  • ဆေးမသောက်မီအညွှန်းစာကိုသေချဖတ်ပါ။
  • အညွှန်းစာမှာပါဝင်တဲ့ အချက်အလက်တွေမှာမရှင်းလင်းတာရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
  • ထိုးဆေးအတွက်

    • ဆရာဝန်က တွက်ချက်ထားတဲ့ ဆေးပမာဏအတိုင်းဆေးရုံဆေးခန်းမှာ ကျွမ်းကျင်သူများနဲ့ ထိုးပါ။

    Ciprobay ဘယ်လိုသိမ်းဆည်းရမလဲ

    Ciprobay®ကိုအခန်းအပူချိန်မှာတိုက်ရိုက်နေရောင်ခြည် မထိတွေ့အောင်၊ စိုစွတ်မှု မရှိအောင် သိမ်းဆည်းတာဟာအကောင်းဆုံး ဖြစ်ပါတယ်။ ဆေးအာနိသင် ပျက်ပြယ်ခြင်း၊ ဆေးအနေအထားပျက်ယွင်းခြင်းမဖြစ်ရအောင် ရေချိုးခန်းတွင်းသိမ်းဆည်းခြင်း၊ ရေခဲအောင် သိမ်းဆည်းခြင်းမပြုရပါ။ Ciprobay®ဆေးအမျိုးအစား၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်းဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းခြင်းမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးများအားလုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနဲ့ ဝေးရာမှာထားပါ။

    Ciprobay®ကိုအိမ်သာတွင်းထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမလုပ်သင့်ပါ။ ဆေးဝါးတွေကို မလိုအပ်တော့ရင်၊ သက်တမ်းကုန်ဆုံးသွားရင် စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျ ဘယ်လိုစွန့်ပစ်ရမယ် ဆိုတာကို ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Ciprobay အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    အောက်ပါအခြေအနေတွင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    • ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်။ ဒီလိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။
    • အခြားဆေးဝါးများသောက်သုံးနေချိန်။ ဆရာဝန်အညွှန်းမလိုဘဲ ဝယ်နိုင်သောဆေးများ၊ ဆေးဘက်ဝင်အပင်များမှာ ထုတ်လုပ်ထားသောဆေးများ၊ ဖြည့်စွက်အားဆေးများစတာတွေလည်း ပါဝင်ပါတယ်။
    • Ciprobay®တွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်မှုဖြစ်ခြင်း
    • အခြားရောဂါများ၊ ကျန်းမာရေးပြသနာများရှိခြင်း

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ciprobay ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    Ciprobay®ကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီဖြစ်နိုင်ခြေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

    Ciprobay®ဆေးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cရှိသည်ဟုသတ်မှတ်ထားသည်။)

    အမေရိကန်ပြည်ထောင်စုအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
    • N=အခြေအနေကိုမသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Ciprobay ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    အောက်ပါဘေးထွက်ဆိုးကျိုးများတွေ့နိုင်ပါတယ်။

    • ပျို့အန်ခြင်း
    • မူးဝေခြင်း၊ အိပ်ငိုက်ခြင်း
    • အမြင်အာရုံဝါးခြင်း
    • စိတ်တုန်လှုပ်ခြင်း
    • အိပ်စက်ခြင်းဆိုင်ရာ ပြသနာများ (အိပ်မပျော်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း)
    • မူးဝေသတိလစ်ခြင်း၊ ရင်တုန်ခြင်း
    • အဆစ်များတွင် နာကျင်ကိုက်ခဲခြင်း၊ အသံမြည်ခြင်း၊ သွေးခြေဥခြင်း၊ တောင့်တင်းခြင်း၊ လှုပ်ရှားမှုမပြုနိုင်ခြင်း
    • ဝမ်းပျက်ခြင်း၊ သွေးဝမ်းသွားခြင်း
    • ပုံမှန်ထက် ဆီးသွားနည်းခြင်း၊ လုံးဝမသွားခြင်း
    • သွေးခြေဥလွယ်ခြင်း၊ သွေးထွက်လွယ်ခြင်း
    • ကိုယ်ခန္ဓါ တနေရာရာတွင် ထုံကျင်ခြင်း၊ ကိုက်ခဲခြင်း
    • ဆိုးရွားသောအရေပြားတုံ့ပြန်ခြင်းများ။ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ မျက်နှာ (သို့) လျှာ ရောင်ရမ်းခြင်း၊ မျက်လုံးပူခြင်း၊ အရေပြားတွင် နာပြီးအကွက်များပေါ်ကာတခြားနေရာများသို့ ပြန့်သွားခြင်း၊ ရေကြည်ဖုထခြင်း၊ ကွာကျခြင်း

    အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိရင် သင့်ရဲ့ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Ciprobay နဲ့ ဓါတ်ပြုနိုင်သလဲ

    Ciprobay®ဟာသင်ယခုသောက်သုံးနေတဲ့ တခြားဆေးဝါးများနဲ့ ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက် ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုများ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံး စာရင်းလုပ်ထားပြီး (စာရင်းလုပ်ရာတွင် ဆရာဝန် ညွှန်ကြားထားသော၊ မညွှန်ကြားဘဲသောက်သုံးနေသော၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများ အားလုံးပါဝင်သည်) ဆရာဝန် (သို့်) ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက် မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းများမပြုလုပ်ရပါ။

    အစားအသောက်တွေနဲ့ အရက်က Ciprobay နဲ့ ဓါတ်ပြုနိုင်သလား

    Ciprobay®ဟာအစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှု ပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်မလာစေဖို့ အစားအသောက်၊ အရက်သေစာများနဲ့ ဓါတ်ပြုနိုင်ခြေရှိမရှိမေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Ciprobay နဲ့ ဓါတ်ပြုနိုင်သလဲ

    Ciprobay®ဟာသင့်ကျန်းမာရေးအခြေအနေနဲ့ ပေါင်းစပ်ဓါတ်ပြုမှုတွေ ဖြစ်နိုင်ပြီး ဆေးဝါးများ အကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်လာနိုင်ခြေပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ အောက်ပါရောဂါများရှိလျှင် ဓါတ်ပြုပြောင်းလဲမှုတွေ ရှိလာနိုင်ပါတယ်။

    • နှလုံးခုန်နှေးခြင်း
    • ဆီးချို
    • နှလုံးထိခိုက်ခြင်း
    • နှလုံးရောဂါ
    • နှလုံးခုန်စည်းချက်ပြသနာ
    • သွေးတွင်းပိုတက်ဆီယမ်နည်းခြင်း
    • သွေးတွင်းမဂ္ဂနီဆီယမ် နည်းခြင်း
    • အသည်းရောဂါ
    • တက်ခြင်း
    • လေဖြတ်ခြင်း
    • ဦးနှောက်ရောဂါ (သွေးလွှန်ကြောများမာခြင်း)
    • ကျောက်ကပ်ရောဂါ
    • ကိုယ်တွင်းအင်္ဂါများအစားထိုးခြင်း (နှလုံး၊ ကျောက်ကပ်၊ အဆုတ်)
    • ကြွက်သားချောင်းများပြသနာ (လေးဘက်နာအဆစ်ရောင်ခြင်း)
    • ကြွက်သားများဆိုးရွားစွာချည့်နဲ့ခြင်း

    သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Ciprobay ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    Anthrax ကာကွယ်ရန်

    ၄၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သွေးပြန်ကြောမှ သွင်းရန် (သို့) ၅၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သောက်သုံးရန်။

    သွေးအတွင်း ဘက်တီးရီးယားဝင်ရောက်ခြင်းအတွက်

    ၄၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သွေးပြန်ကြောမှ သွင်းရန်

    အဆုတ်ရောင်ခြင်းအတွက်

    ၄၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သွေးပြန်ကြောမှ သွင်းရန် (သို့) ၅၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သောက်သုံးရန်။

    သာမန်အဆုတ်ရောင်ခြင်း (နာတာရှည်မှ ရုတ်တရက် ဆိုးလာခြင်း) အတွက်

    ၄၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သွေးပြန်ကြောမှ သွင်းရန် (သို့) ၅၀၀ မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သောက်သုံးရန်။

    ပြင်းထန်အဆုတ်ရောင်ခြင်း (နာတာရှည်မှ ရုတ်တရက် ဆိုးလာခြင်း) အတွက်

    ၄၀၀ မီလီဂရမ်ကို၈နာရီကြာတိုင်း သွေးပြန်ကြောမှ သွင်းရန် (သို့) ၇၅၀မီလီဂရမ်ကို ၁၂နာရီကြာတိုင်း သောက်သုံးရန်။

    ကလေးတွေအတွက် Ciprobay ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက်၁နှစ်မှ ၁၈နှစ်အထိကလေးများ E. Coli ကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက်

    ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ၆-၁၀ မီလီဂရမ်နှုန်းဖြင့် ၈နာရီကြာတိုင်း (အများဆုံး ၄၀၀ မီလီဂရမ်ထိ) သွေးပြန်ကြောမှပေးရန် (သို့) ကိုယ်အလေးချိန် ၁ကီလိုဂရမ်လျှင် ၁၀-၂၀ မီလီဂရမ်နှုန်းဖြင့် ၁၂နာရီကြာတိုင်း (အများဆုံး၇၅၀ မီလီဂရမ်ထိ) သောက်ဆေးအနေဖြင့်။

    Ciprobay ကိုဘယ်လိုရရှိနိုင်သလဲ

    Ciprobay®ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    • Ciprobay® ၂၅၀, ၅၀၀, ၇၅၀ မီလီဂရမ် (ဆေးပြားများ)
    • Ciprobay®သွေးပြန်ကြောမှပေးသောဆေးရည်
    • Ciprobay® ၅% ဆေးရည်

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏ လွန်သွားတဲ့ အခြေအနေများမှာ အရေးပေါ်ဆေးရုံ ဆေးခန်းများသို့ သွားရောက်ကုသမှု ခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Ciprobay®ဆေးကိုသောက်သုံးဖို့ လွတ်သွားခဲ့ရင်(မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးစွဲပါ။ ဒါပေမယ့်နောက်တစ်ကြိမ် သုံးစွဲရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်လွတ်သွားတဲ့ အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာသာသုံးစွဲပါ။ ဆေးပမာဏကိုနှစ်ဆတိုးသုံးစွဲခြင်းမလုပ်ပါနဲ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement