Cinnarizine (စင်နာရီဇင်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Cinnarizine (စင်နာရီဇင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Cinnarizine (စင်နာရီဇင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Cinnarizine ကို အဓိကအားဖြင့်
• သွေးလှည့်အဖွဲ့အစည်းရောဂါများ
• နှလုံးနှင့်သွေးကြောဆိုင်ရာ ပြနာများ
• ကားစီးလျှင်မူးခြင်း၊ အော့အန်ခြင်းများ
• မူးဝေခြင်းပြဿနာများ မှာသုံးတတ်ပါတယ်။

Cinnarizine (စင်နာရီဇင်း) ဘယ်လိုသောက်သုံးသင့်သလဲ

• ပါဝင်သောအညွှန်းကိုသေချာဖတ်ပြီမှ သောက်ပါ။ အညွှန်းမှာ ဘေးထွက်ဆိုးကျိုးအပါအဝင် ဆေးနဲ့ပတ်သတ်တဲ့အချက်အလက်တွေဖော်ပြထားပါတယ်
• ဆရာဝန်၊ ဆေးပေးသူ ညွှန်ပြသည့်အတိုင်းသောက်ပါ၊ ပုံမှန်အားဖြင့် တစ်နေ့သုံးကြိမ် ဖြစ်တတ်ပါတယ်။
• အစာနဲ့တွဲသောက်သင့်ပါတယ်။
• ရေနဲ့သောက်ရပါမယ်
• ဆေးသောက်နေစဉ် အရက်လုံးဝမသောက်ပါနဲ့
• ငါးနှစ်အောက်ကလေးတွေမသောက်ရပါဘူး
• ခရီသွားလျှင် မူးဝေသည့်ပြဿနာများအတွက်သောက်ပါက ခရီးမသွားမီ ၂ နာရီအလိုမှာ ပထမတစ်ကြိမ်သောက်ပါ။ ခရီးရှည်ရင် ၈ နာရီတစ်ခါ လိုအပ်ပါကသောက်နိုင်ပါတယ်။ ကလေးငယ်လေးတွေကိုတိုက်ပါက အသက်နဲ့ကိုက်သော ပမာဏဟုတ်မဟုတ် သေချာစိစစ်ပါ၊ တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ၈ နာရီခြားဖို့ မမေ့ပါနဲ့။

Cinnarizine (စင်နာရီဇင်း) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။
ဆေးတွေကိုအိမ်သာထဲ သွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cinnarizine (စင်နာရီဇင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

• Cinnarizine နဲ့ဆေးမတည့်ခြင်းရှိပါက
• ရောဂါ၊ ကျောက်ကပ်၊ အသည်း ပြဿနာများရှိပါက ဆရာဝန်ကိုပြောပါ။
fructose or galactose မထိန်းနိုင်သောရောဂါ၊ Lapp lactase လိုအပ်သောရောဂါ၊ sucrase-isomaltase စုတ်ယူမှုအားနည်းသောရောဂါ၊ sucrase-isomaltase မလုံလောက်သောရောဂါ များကဲ့သို့ ရှားပါးမျိုးရိုးလိုက်အခြေအနေများရှိပါက ဆေးမသောက်သင့်ပါဘူး။ Cinnarizine မှာ lactose and sucrose တို့ပါလို့ပါ။
မိန်းမောပြီး အာရုံစိုက်ရခက်ခြင်းများဖြစ်နိုင်တာကြောင့် အရက်နှင့် အခြားအာရုံကြောဆေးတချို့သောက်ပါက ပိုဆိုးနိုင်ပါတယ်။ ဆေးသောက်ပြီးလျှင် ယာဉ်မောင်းခြင်းကဲ့သို့ အာရုံစိုက်ရသောအလုပ်မျိုးမလုပ်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cinnarizine (စင်နာရီဇင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအတွက် အန္တရာယ်ကင်းပါတယ်လို့ တိကျစွာပြောဆိုထားခြင်းများမရှိတာကြောင့် မသောက်ခင် ဆရာဝန်နဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာချိန်ဆဆွေးနွေးပါ။

ဘေးထွက်ဆိုးကျိုးများ

Cinnarizine (စင်နာရီဇင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဘေးထွက်ဆိုးကျိုးများ
• မိန်းမောခြင်း
• ပျို့ခြင်း
• အန်ခြင်း
• ဝမ်းသွားခြင်း
• ဝမ်းချုပ်ခြင်း
• စားချင်သောက်ချင်စိတ်နည်းခြင်း
• စားချင်သောက်ချင်စိတ်တက်ခြင်း
• အမြင်အာရုံဝါးခြင်း
• ကြွက်သားများအားနည်းခြင်း
• ခေါင်းကိုက်ခြင်း
• စိတ်ကြွခြင်း
• ဝိတ်တက်ခြင်း
လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cinnarizine (စင်နာရီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဥပမာ- barbiturates, hypnotics, narcotic analgesics, tricyclic antidepressants, sedatives and tranquillisers, Monoamine-oxidase inhibitors.
ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Cinnarizine (စင်နာရီဇင်း) နဲ့ ဓါတ်ပြုနိုင်သလား

Cinnarizine ဟာ အစားအစာတချို့၊ ဆေးလိပ်၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cinnarizine (စင်နာရီဇင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cinnarizine (စင်နာရီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဒီအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်ပါဘူး။ အမြဲဆရာဝန်နဲ့တိုင်ပင်ပါ။
လူကြီး-
• အတွင်းနားနှင့် အာရုံကြောပိုင်းဆိုင်ရာ လက္ခဏာများ
လူလတ်ပိုင်း, သက်ကြီးပိုင်းနှင့် ၁၂ နှစ်အထက် ကလေးများမှာ: ဆေးနှစ်လုံးကို တစ်နေ့လျှင် သုံးကြိမ်။
ခရီးသွားလျှင် မူးခြင်း
• သက်လတ်ပိုင်း, သက်ကြီးပိုင်းနှင့် ၁၂ နှစ်အထက် ကလေးများမှာ : ခရီးမသွားခင် ၂ နာရီအတွင်း ဆေး၂ လုံးနှင့် ခရီးစဉ်တစ်လျှောက် ၈ နာရီကြားတစ်ကြိမ် ဆေးတစ်လုံး သောက်ပေးရပါမယ်။

ကလေးတွေအတွက် Cinnarizine (စင်နာရီဇင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

• အတွင်းနားနှင့် အာရုံကြောပိုင်းဆိုင်ရာလက္ခဏာများ
၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များ : လူကြီး ဆေးပမာဏ၏ တစ်ဝက်။
• ခရီးသွားလျှင် မူးခြင်း
၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ်များ : လူကြီးဆေးပမာဏ၏ တစ်ဝက်။

Cinnarizine (စင်နာရီဇင်း) ကိုဘယ်လိုရရှိနိုင်သလဲ

ဆေးပြား ၁၅ mg, ၂၅ mg, ၇၅ mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 9, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။