backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chloraseptic (ကရိုလိုအေစပ်တစ်)


Nadi မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Chloraseptic (ကရိုလိုအေစပ်တစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ကရိုလိုအေစပ်တစ်ကိုလည်ချောင်းနာခြင်းနှင့်ပါးစပ်ယားခြင်းကုသရာတွင်အဓိကသုံးသည်။

Chloraseptic (ကရိုလိုအေစပ်တစ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွန်ကြားချက်အတိုင်းသောက်ပါ။ သင့်ကိုပေးထားသည့်သတင်းအချက်အကုန်ဖတ်ပါ။ ညွန်ကြားချက်အတိုင်းလိုက်နာပါ။

ပါးစပ်အတွင်းသုံးသောထုတ်ကုန်။ အချို့သောဆေးများကိုအသုံးမပြုခင်လှုပ်ခါရန်လိုအပ်သည်။ မသုံးခင်ခါဖိုလိုမလိုကြည့်ပါ။ ကလိုရိုအေစက်တစ်ကိုမြိုမချပါနှင့်။

ပလုပ်ကျင်းဆေး။၁၅စက္ကန့်လောက်ပလုပ်ကျင်းပြီးထွေးထုတ်ပါ။

ပါးစပ်ဖြန်းဆေး။ ပါးစပ်တွင်းဖြစ်သောနေရာကိုဖြန်းပါ။ ၁၅စက္ကန့်လောက်ထားပြီးထွေးထုတ်ပါ။

Chloraseptic (ကရိုလိုအေစပ်တစ်) ဘယ်လိုသိမ်းဆည်းရမလဲ

ကရိုလိုအေစပ်တစ်ကိုအခန်းအပူချိန် တွင်သိမ်းထားပြီး တိုက်ရိုက်အလင်းစိုစွတ်မှုနှင့်အဝေးတွင်ထားသင့်သည်။ ဆေးပျက်စီးခြင်းကိုကာကွယ်ရန် ရေချိုးခန်းသို့မဟုတ်ရေခဲသေတ္တာတွင်ဆေးကိုမသိမ်းသင့်ပါ။ ကရိုလိုအေစက်တစ်တံစိပ်မျိုးစုံရှိပြီး ထိန်းသိမ်းမှုပုံစံမတူတာဖြစ်နိုင်သည်။ မည်သို့ထိန်းသိမ်းရမည်ကိုအမြဲစစ်ဆေးခြင်း သင့်ဆေးဝါးပညာရှင်ကိုမေးခြင်းတို့ပြုလုပ်သင့်သည်။ လုံခြုံရန် ဆေးအားလုံးကိုသင့်ကလေးနှင့်အိမ်မွေးတိရစ္ဆာန်တိုဝေးရာတွင်ထားသင့်သည်။

အိမ်သာအတွင်းသို့လောင်းချခြင်း ရေပိုက်အတွင်းသို့သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါ။ ဒိတ်ကုန်နေပါကသို့မဟုတ် အသုံးမပြုတော့ပါက ထုတ်ကုန်ကိုမှန်ကန်စွာစွန့်ပစ်ရန်လိုအပ်သည်။ လုံခြုံစွာမည်သို့ပစ်ရမည်ကိုသိလိုပါက သင့်ဆေးဝါးပညာရှင်နှင့်အသေးစိတ်တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chloraseptic (ကရိုလိုအေစပ်တစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင်ဆရာဝန်အောက်ပါတို့ရှိပါကတိုင်ပင်ပါ။

သင်ကိုယ်ဝန်ရှိနေပါက သို့မဟုတ် နို့တိုက်ကျွေးနေပါက။ အဘယ်ကြောင့်ဆိုသော် သင်ကလေးကိုအစာကျွေးမည်ဆိုပါက ဆရာဝန်ထံမှဆေးဝါးထောက်ခံချက်ကိုယူပါ။

သင်အခြားဆေးကိုသောက်နေပါက။ ထိုအရာတွင် ညွန်ကြားချက်မလိုပဲသောက်ရသော အခြားဆေးအကုန်လည်းပါဝင်သည်။

ကလိုရိုအေစက်တစ်သို့မဟုတ် အခြားဆေးဝါးသို့မဟုတ် အခြားဆေးဖက်ဝင်အပင်များနှင့်ဓါတ်မတည့်ခြင်းရှိပါက။

သင်တွင်အခြားရောဂါများ ဆေးဝါးအခြေအနေများရှိပါက။

သင်ကရိုအေစက်တစ်သောက်နေပါကသင့်ကျန်းမာရေးစောင့်ရှောက်သူကိုပြောပါ။ ကျန်းမာရေးစောင့်ရှောက်သူများတွင် ဆရာဝန်သူနာပြုဆေးဝါးပညာရှင်နှင့်သွားဆရာဝန်တို့ပါဝင်သည်။

သင့်ဆရာဝန်ပြောသောအချိန်ထက်ပိုကြာကြာဆေးကိုမသုံးပါနှင့်။

သင်ကိုယ်ဝန်ဆောင်နေသည်မဟုတ် ဆောင်ရန်အစီအစဉ်ရှိပါကဆရာဝန်ကိုပြောပါ။ သင်ကိုယ်ဝန်ရှိနေချိန် ကရိုလိုအေစပ်တစ်သုံးခြင်း၏ကောင်းကျိုးမကောင်းကျိုးကိုသိရန်လိုအပ်သည်။

နို့တိုက်နေပါကကလေးတွင်မည်သို့အန္ဓါရယ်ရှိနိုင်သည်ကိုဆရာဝန်နှင့်တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Chloraseptic (ကရိုလိုအေစပ်တစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

သင်ကိုယ်ဝန်ရှိနေချိန် နို့တိုက်ချိန်အန္ဓါရယ် ရှိမရှိရေးထားသော တိကျသည့်သတင်းအချက်အလက် မရှိပါ။ ကရိုလိုအေစက်တစ်၏ ကောင်းကျိုးဆိုးကျိုးချိန် သိလိုပါကဆရာဝန်နှင့်တိုင်ပင်ပါ။

ဘေးထွက်ဆိုးကျိုးများ

Chloraseptic (ကရိုလိုအေစပ်တစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါလက္ခဏာများရှိပါက သင့်ခံစားရသောဆိုးကျိုးဖြစ်သည်ဟု ထင်နေပါကသင့်ဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပြီးဆေးဝါးအကူအညီရယူပါ။

ဓါတ်မတည့်သောလက္ခဏာများ ဥပမာအကွက်ထခြင်းယားခြင်း နီခြင်းယောင်ခြင်းရေကြည်ဖုထခြင်းသို့မဟုတ် အရေပြားကွာခြင်းဖျားခြင်းတရွီရွီမည်ခြင်းအသက်ရူကြပ်ခြင်းအသက်ရူရခက်ခြင်းသို့မဟုတ် စကားပြောရခက်ခြင်းအသံနာခြင်းမျက်နှာပါးစပ်နှုတ်ခမ်းလျှာ လည်ချောင်းယောင်ခြင်း။

ဆေးသုံးလိုက်သောနေရာတွင်ဆိုးဝါးသောယားယံမှုရှိခြင်း။

လူတိုင်းမကောင်းဆိုးကျိုးခံရသည်မဟုတ်ပါ။ အထက်တွင်မဖော်ပြထားသောဆိုးကျိုးများရှိနိုင်သည်။ သင်ဆိုးကျိုးတစ်ခုခုအတွက်စိတ်ပူပါကဆရာဝန်သို့မဟုတ်ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Chloraseptic (ကရိုလိုအေစပ်တစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ကရိုလိုအေစပ်တစ်ကသင်သောက်နေသောအချို့ဆေးများနှင်ဓါတ်ပြုပြီး ဆိုးကျိုးများကိုပိုဆိုးစေသည်။ ထိုသို့ဆေးဓါတ်ပြုခြင်းများကိုကာကွယ်ရန်သင်သောက်နေသောဆေးစာရင်း(ညွန်ကြား၍သောက်နေသောဆေးများ မညွန်ကြားထားသောဆေးများနှင့် ဆေးဘက်ဝင်အပင်ဆေးများ)လုပ်ထားသင့်ပြီး သင်ဆရာဝန် ဆေးဝါးပညာရှင်များနှင့်တိုင်ပင်နိုင်သည်။ သင်အန္ဓါရာယ်မရှိစေရန် သင့်ဆရာဝန်၏ထောက်ခံချက်မရပဲ ဆေးကိုစသောက်ခြင်းရပ်ခြင်းဆေးပမာဏပြောင်းလဲခြင်းများကိုရှောင်သင့်သည်။

အစားအသောက်တွေနဲ့ အရက်က Chloraseptic (ကရိုလိုအေစပ်တစ်) နဲ့ ဓါတ်ပြုနိုင်သလား

ကရိုလိုအေစပ်တစ်ဆေး၏အလုပ်လုပ်ပုံကိုပြောင်းလဲစေခြင်းဖြင့်သော်လည်းကောင်း ဆိုးကျိုးများပိုများစေခြင်းဖြင့်လည်းကောင်းအစားအစာအရက်တို့နှင့်ဓါတ်ပြုနိုင်သည်။ ဆေးမသုံးခင် ဓါတ်ပြုနိုင်သောအစားအစာအရက်တို့ကိုဆရာဝန်သို့မဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Chloraseptic (ကရိုလိုအေစပ်တစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

ကရိုလိုအေစပ်တစ်က သင့်ရောဂါအခြေအနေနှင့်ဓါတ်ပြုနိုင်သည်။ သင့်ရောဂါပိုဆိုးစေခြင်းသို့မဟုတ် ဆေးအလုပ်လုပ်ပုံပြောင်းလဲသွားခြင်းတို့ဖြစ်နိုင်သည်။ သင့်တွင်ရှိသောရောဂါအခြေအနေများကို သင့်ဆရာဝန် နှင့် ဆေးဝါးပညာရှင်အားပြောပြရန်လိုအပ်သည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Chloraseptic (ကရိုလိုအေစပ်တစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လူကြီးနှင့် အသက်၃နှစ်နှင့်သုံးနှစ်အထက်ကလေးများ။

ဖြစ်သောနေရာတွင်အသုံးပြုပါ(တစ်ခါဖျန်း)

အနည်းဆုံး၁၅စက္ကန့်ထားပြီးထွေးထုတ်ပါ။

ဆရာဝန်သို့မဟုတ် သွားဆရာဝန် ညွန်ကြားချက်အတိုင်းသို့မဟုတ် နှစ်နာရီခြားတစ်ခါအသုံးပြုပါ။

ကလေးအသက်၁၂အောက်ဖြစ်ပါကအသုံးပြုခြင်းကိုစောင့်ကြည့်ရန်လိုအပ်သည်။

သုံးနှစ်အောက်ကလေးအားသုံးမည်ဆိုပါက ဆရာဝန်သိုမဟုတ် သွားဆရာဝန် နှင့်တိုင်ပင်ပါ။

ကလေးတွေအတွက် Chloraseptic (ကရိုလိုအေစပ်တစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွင်အသုံးပြုသောပမာဏကို အခိုင်အမာပြောထားခြင်းမရှိပါ။ သင့်ကလေးအတွက်အန္ဓါရယ်မရှိခြင်း ဖြစ်နိုင်သည်။ သင်အသုံးမပြုမီ ဆေးလုံခြုံမှုကိုအပြည့်အဝနားလည်ရန် လိုအပ်သည်။ ပိုသိလိုပါက သင့်ဆရာဝန်သိုမဟုတ် ဆေးဝါးပညာရှင်နှင့်တိုင်ပင်ပါ။

Chloraseptic (ကရိုလိုအေစပ်တစ်) ကိုဘယ်လိုရရှိနိုင်သလဲ

ကရိုလိုအေစပ်တစ်ကိုအောက်ပါပုံစံများနှင့်ရနိုင်သည်။

  • ပါးစပ်ဖျန်းဆေး ဝ.၇ အန်အိုင် ရှိ ၃.၅ မီလီဂရမ်ဖီနော။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏလွန်ကဲခြင်းသိုမဟုတ် အရေးပေါ်အခြေအနေဖြစ်ပါက သင်နိုင်ငံရှိ အရေးပေါ်ဝန်ဆောင်မှုစင်တာကို ဖုန်းခေါ်ခြင်းသို့မဟုတ် အနီးဆုံးအရေးပေါ်ဉာနကို သွားခြင်းတို့ပြုလုပ်သင့်သည်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

သင်ဆေးသောက်ဖို့မေ့သွားပါက သိသိချင်းသောက်ပါ။ သို့သော် သင်နောက်တစ်ကြိမ်သောက်ဖို့အချိန်ရောက်ပါက မေ့သွားသည့်တစ်ခါကိုကျော်ပြီး ပုံမှန်အတိုင်းသောက်ပါ။ ဆေးနှစ်ကြိမ်မသောက်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Nadi မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement