Charcocaps (Charcocaps) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Charcocaps (Charcocaps) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Charcocaps (Charcocaps) ကို ဘာအတွက်အသုံးပြုကြသလဲ

Charcocapsကို ဝမ်းဗိုက်လေထခြင်း၊ ဝမ်းပျက်ခြင်း၊ အစာမကြေခြင်းတို့ကြောင့်ဖြစ်တဲ့ အစာအိမ်နာများကိုကုသရာမှာအများဆုံးအသုံးပြုပါတယ်။

၎င်းကို ကျောက်ကပ်ဆေးနေရတဲ့ လူနာတွေမှာ ဖြစ်တတ်တဲ့ ယားယံမှုနဲ့ အခြားဆေးဝါးများ ဆေးလွန်ကဲမှုကိုကုသရာမှာအသုံးပြုနိုင်သလိုဒီဆောင်းပါးမှာဖော်ပြထားခြင်းမရှိတဲ့ အခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်တယ်လို့လည်းသိရပါတယ်။

Charcocaps (Charcocaps) ဘယ်လိုသောက်သုံးသင့်သလဲ

Charcocapsကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းအသုံးပြုပါ။ ကိုယ့်သဘောနဲ့ကိုယ် ဆေးအတိုးအလျော့လုပ်ခြင်း၊ စွဲသောက်ခြင်းမပြုလုပ်သင့်ပါ။ ဆေးညွှန်းတွင် ဖော်ပြထားသည်များကိုတိတိကျကျ လိုက်နာပါ။

Charcocapsကိုရေတစ်ဖန်ခွက် (၈အောင်စ) အပြည့်ဖြင့် မျှောချသောက်သုံးပါ။ ဆေးတောင့် သို့မဟုတ် ဆေးပြားကိုချိုးချေသောက်ခြင်း၊ ဝါးစားခြင်း မပြုလုပ်ရပါ။

ဒီဆေးကိုအစာစားပြီးချိန် ဒါမှမဟုတ် အစာအိမ်နာစတင်ခံစားရချိန်မှာသောက်သုံးနိုင်ပါတယ်။ တစ်နေ့ကို ၄.၁၆ ဂရမ် (တစ်လုံးလျှင် ၂၆၀ မီလီဂရမ်ပါဝင်တဲ့ ဆေး ၁၆လုံး) ထက်ပိုပြီး မသောက်သုံးသင့်ပါ။

ဆေးသောက်သုံးနေစဉ် အတောအတွင်း၂ရက်ထက်ပိုပြီး ဝမ်းလျှောမယ် ဒါမှမဟုတ် အဖျားတက်လာမယ်ဆိုရင်တော့ ဆေးသောက်တာကိုချက်ချင်းရပ်ပြီးသင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

Charcocaps (Charcocaps) ဘယ်လိုသိမ်းဆည်းရမလဲ

Charcocapsကိုအခန်းအပူချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Charcocapsကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Charcocapsဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Charcocapsကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Charcocaps (Charcocaps) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာအောက်ဖော်ပြပါ အခြေအနေတစ်ခုခုရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုပြောပြတိုင်ပင်သင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲမသောက်သုံးသင့်ပါဘူး။
  • အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကိုသင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။
  • Charcocapsသို့မဟုတ် အခြားဆေးဝါးများတွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း
  • ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

Charcocapsသောက်သုံးနေစဉ် အတောအတွင်း၂ရက်ထက်ပိုပြီး ဝမ်းလျှောမယ် ဒါမှမဟုတ် အဖျားတက်လာမယ်ဆိုရင်တော့ ဆေးသောက်တာကိုချက်ချင်းရပ်ပြီးသင့်ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

Charcocapsဟာ ၎င်းနဲ့တွဲပြီးသောက်သုံးတဲ့ ဆေးဝါးတွေရဲ့ အာနိသင်ကိုလျော့ကျစေပြီး အန္တရာယ်ရှိတဲ့အခြေအနေတွေ ဖြစ်လာနိုင်တဲ့အတွက် ၎င်းကို အခြားဆေးဝါးများ မသောက်သုံးခင် ၁နာရီ ကြိုတင်၍ဖြစ်စေ၊ သောက်သုံးပြီး ၂နာရီကြာမှဖြစ်စေအသုံးပြုသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Charcocaps (Charcocaps) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် Cအဖြစ်သတ်မှတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Charcocaps (Charcocaps) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Charcocapsသောက်သုံးပြီးအင်ပြင်ထခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ချောင်းစသည်တို့ ရောင်ရမ်းခြင်းစတဲ့ ဓါတ်မတည့်လက္ခဏာတစ်ခုခု ဖြစ်လာခဲ့ရင် အရေးပေါ်ဆေးကုသမှု အမြန်ဆုံးခံယူပါ။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Charcocaps (Charcocaps) နဲ့ ဓါတ်ပြုနိုင်သလဲ

Charcocapsဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Charcocaps (Charcocaps) နဲ့ ဓါတ်ပြုနိုင်သလား

Charcocapsက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Charcocaps (Charcocaps) နဲ့ ဓါတ်ပြုနိုင်သလဲ

Charcocapsဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သင့်မှာအောက်ဖော်ပြပါ ရောဂါတွေရှိမယ်ဆိုရင် Charcocapsမသောက်ခင် သင့်ဆရာဝန်ကို မဖြစ်မနေပြောပြဖို့ လိုအပ်ပါတယ်။

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • အခြား ပြင်းထန်သည့်ရောဂါများ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Charcocaps (Charcocaps) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက် အဆိပ်အတောက်များကိုဖယ်ရှားရန်အတွက် အရွယ်ရောက်ပြီးသူတစ်ဦးသောက်သုံးရမယ့် အချိုးအစား

Activated Charcoal

တစ်ကြိမ်တည်းအသုံးပြုရမည့် အချိုးအစား – ၂၅ ဂရမ် မှ ၁၀၀ ဂရမ် သောက်ဆေးအဖြစ် တစ်ကြိမ်တည်းသောက်ရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

(ပုံမှန်အခြေအနေတွေမှာတော့ Activated Charcoal ကိုတစ်ကြိမ်တည်းအသုံးပြုဖို့ လမ်းညွှန်ထားခြင်းမရှိပါဘူး)

အကြိမ်များစွာခွဲပြီးအသုံးပြုရမည့် အချိုးအစား

ကနဦးအနေဖြင့် ၅၀ ဂရမ် မှ ၁၀၀ ဂရမ် သောက်ဆေးအဖြစ်သောက်ရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

ထို့နောက် တစ်နာရီတစ်ခါ ၁၂.၅ ဂရမ်၊ ၂ နာရီခြားတစ်ခါ ၂၅ ဂရမ်၊ ၄ နာရီခြားတစ်ခါ ၅၀ ဂရမ် ရောဂါလက္ခဏာသက်သာသည်အထိသောက်သုံးရန်

ဝမ်းဗိုက်လေပွခြင်းအတွက် အရွယ်ရောက်ပြီးသူတစ်ဦးသောက်သုံးရမယ့် အချိုးအစား

ဆေးတောင့် သို့မဟုတ် ဆေးပြား – ၅၀၀ မီလီဂရမ် မှ ၁၀၄၀ မီလီဂရမ်၊ တစ်နေ့ လေးကြိမ်အထိလိုအပ်သလိုသောက်သုံးရန်

(အဆိပ်သင့်ခြင်းအတွက် ထိရောက်တဲ့ပမာဏမဟုတ်ပါ)

ကလေးတွေအတွက် Charcocaps (Charcocaps) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အစာအိမ်နဲ့အူလမ်းကြောင်းတလျှောက် အဆိပ်အတောက်များကိုဖယ်ရှားရန်အတွက် ကလေးငယ်တစ်ဦးသောက်သုံးရမယ့် အချိုးအစား

Activated Charcoal

ဆေးရည်ပုံစံဖြင့်တိုက်ကျွေးရန်သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

တစ်ကြိမ်တည်းအသုံးပြုရမည့် အချိုးအစား

အသက် ၁နှစ်အောက် ကလေးငယ်များ – ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဝ.၅ ဂရမ် မှ ၁ ဂရမ် သို့မဟုတ် ၁၀ ဂရမ် မှ ၂၅ ဂရမ် တိုက်ကျွေးရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

အသက် ၁နှစ် မှ ၁၂နှစ်ကြားကလေးငယ်များ – ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဝ.၅ ဂရမ် မှ ၁ ဂရမ် သို့မဟုတ် ၁၀ ဂရမ် မှ ၂၅ ဂရမ် တိုက်ကျွေးရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

အသက် ၁၃နှစ် မှ ၁၈နှစ်ကြားကလေးများ – ၁၀ ဂရမ် မှ ၂၅ ဂရမ် တိုက်ကျွေးရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

(ပုံမှန်အခြေအနေတွေမှာတော့ Activated Charcoal ကိုတစ်ကြိမ်တည်းအသုံးပြုဖို့ လမ်းညွှန်ထားခြင်းမရှိပါဘူး)

အကြိမ်များစွာခွဲပြိးအသုံးပြုရန်

အသက် ၁၃နှစ်အောက် ကလေးငယ်များ

ကနဦးအနေဖြင့် ၁၀ဂရမ် မှ ၂၅ ဂရမ် သောက်ဆေးအဖြစ်သောက်ရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

ထို့နောက် ၂ နာရီ မှ ၄နာရီခြားတစ်ခါ ကိုယ်အလေးချိန် တစ်ကီလိုဂရမ်လျှင် ဆေး ၁ ဂရမ် မှ ၂ဂရမ် ရောဂါလက္ခဏာများသက်သာလာသည်အထိအသုံးပြုရန်

အသက် ၁၃နှစ် မှ ၁၈နှစ်ကြားကလေးများ

ကနဦးအနေဖြင့် ၅၀ဂရမ် မှ ၁၀၀ဂရမ် သောက်ဆေးအဖြစ်သောက်ရန် သို့မဟုတ် အစာပိုက်မှတဆင့် အရည်ဖျော်ပြီးထည့်ပေးရန်

ထို့နောက် တစ်နာရီတစ်ခါ ၁၂.၅ ဂရမ်၊ ၂ နာရီခြားတစ်ခါ ၂၅ ဂရမ်၊ ၄ နာရီခြားတစ်ခါ ၅၀ ဂရမ် ရောဂါလက္ခဏာသက်သာသည်အထိသောက်သုံးရန်

ဝမ်းဗိုက်လေပွခြင်းအတွက် ကလေးငယ်တစ်ဦးသောက်သုံးရမယ့် အချိုးအစား

အသက် ၃နှစ်မှ ၁၈နှစ်ကြားကလေးများ

ဆေးတောင့် သို့မဟုတ် ဆေးပြား – ၅၀၀ မီလီဂရမ် မှ ၁၀၄၀ မီလီဂရမ်၊ တစ်နေ့ လေးကြိမ်အထိလိုအပ်သလိုသောက်သုံးရန်

(အဆိပ်သင့်ခြင်းအတွက် ထိရောက်တဲ့ပမာဏမဟုတ်ပါ)

Charcocaps (Charcocaps) ကိုဘယ်လိုရရှိနိုင်သလဲ

Charcocapsကိုဆေးတောင့်၊ ဆေးပြားပုံစံများဖြင့် ရရှိနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Charcocapsကိုသောက်ဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်ဆေးသောက်ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝင်ဘာ 26, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 25, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။