backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Chantix® (ချန်းတစ်)


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Chantix® (ချန်းတစ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ဆေးလိပ်ဖြတ်ရာမှာ အကူအညီပေးပါတယ်။ အောင်မြင်မှုအခွင့်အလမ်းတိုးစေရန် ပညာပေး၊ အားပေးခြင်း၊ အကြံဉာဏ်ပေးခြင်း တွေပါဝင်တဲ့ဆေးလိပ်ဖြတ်ခြင်းအစီအစဉ်နဲ့အတူ ဒီဆေးကိုအသုံးပြုနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ခြင်းဖြင့် ကင်ဆာ၊ နှလုံးအဆုတ်ရောဂါတွေရဲ့အန္တရာယ်တွေမှလည်း လျှော့ချပေးပါတယ်။ ဦးနှေက်အတွင်းဆေးလိပ်သောက်ချင်စေတဲ့ နီကိုတင်းရဲ့အကျိုးသက်ရောက်မှုကို တားခြင်းဖြင့် အလုပ်လုပ်ပါတယ်။

Chantix® (ချန်းတစ်) ဘယ်လိုသောက်သုံးသင့်သလဲ

နည်းလမ်းများစွာအသုံးပြုနိုင်ပါတယ်။

ပထမနည်းလမ်းကတော့ ဒီဆေးစအသုံးမပြုခင်မှာ ဆေးလိပ်ဖြတ်မယ့်ရက်ကို သတ်မှတ်ထားရန်ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်မယ့်ရက်မရောက်ခင် တစ်ပတ်အလိုမှာ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဆေးကိုစအသုံးပြုနိုင်ပါတယ်။ ဆေးကိုစသုံးတဲ့အခါမှာ 0.5-milligramဆေးပြား တစ်နေ့တစ်ကြိမ် ၃ရက်အသုံးပြု၇မှာဖြစ်ပါတယ်။ ထို့နောက်မှာတော့ 0.5-milligramဆေးပြား တစ်နေ့၂ကြိမ် လေးရက်စာအသုံးပြုရမှာ ဖြစ်ပါတယ်။ မအီမသာဖြစ်ခြင်း၊ အိပ်မက်ဆိုးမက်ခြင်းကဲ့သို့သော ဘေးထွက်ဆိုးကျိုးတွေကို နည်းအောင် ဆေးပမာဏကိုဖြည်းဖြည်းချင်းတိုးပေးသွားသင့်ပါတယ်။ ပထမအပတ်အတွင်း ဆေးလိပ်သောက်ဖို့အဆင်ပြေပါတယ်။ သတ်မှတ်ထားတဲ့ရက်ရောက်ရင်တော့ ဆေးလိပ်စဖြတ်သင့်ပါတယ်။ ကျန်တဲ့၁၂ပတ်စာကုသမှုအချိန်တွေအတွင်း ဆရာဝန်ညွှန်ကြားထားတဲ့ပမာဏကို တစ်နေ့၂ကြိမ်အသုံးပြုသွားသင့်ပါတယ်။

ဒုတိယနည်းကတော့ ဆေးလိပ်ဖြတ်ဖို့ရက်မရွေးချယ်ရသေးခင်မှာ စအသုံးပြုရမှာဖြစ်ပါတယ်။ 0.5-milligramစအသုံးပြုရမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိုးပြီးအသုံးပြုသွားရမှာ ဖြစ်ပါတယ်။ ကုသမှုပေးနေတဲ့၈ရက်ကနေ ၃၅ရက်အတွင်း ဆေးလိပ်ဖြတ်ဖို့ရက်ကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ရက်ရောက်ရင် ဆေးလိပ်ဖြတ်လိုက်ပါ။ ဘယ်နည်းနဲ့သုံး ကိစ္စမရှိပါဘူး။ ဆရာဝန်ညွှန်ကြားချက်တွေကို ဂရုတစိုက်လိုက်နာသင့်ပါတယ်။

အစားစားပြီးနောက်မှာ ဆေးကိုရေတစ်ခွက်အပြည့်နဲ့သောက်ရမှာဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ချက်ချင်းမဖြစ်နိုင်သေးဘူးဆိုရင် သင့်ဆရာဝန်ကတတိယနည်းလမ်းကို ညွှန်ကြားမှာဖြစ်ပါတယ်။ ဆရာဝန်လမ်းညွှန်ချက်ကိုသေချာလိုက်နာရမှာဖြစ်ပြီး ညွှန်ထားတဲ့အတိုင်း ဆေးလိပ်ကိုလျှော့ပါ။

Chantix® (ချန်းတစ်) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Chantix® (ချန်းတစ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Chantix® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

အရင်တုန်းကသုံးခဲ့ဖူးပြီး အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် မသုံးသင့်ပါဘူး။

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ – အသက်ရှူရခက်ခြင်း၊ မျက်နှာ၊နှုတ်ခမ်း၊ လျှာ၊ လည်ချောင်း၊ လည်ပင်းရောင်ခြင်း

ပြင်းထန်တဲ့အရေပြားတုန့်ပြန်မှုများ- ပါးစပ်ပေါက်ပြဲခြင်း၊ အရေပြားအဖိမ့်များ ကွာကျခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Chantix® (ချန်းတစ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

အမေရိကန် အစားအသောက်နဲ့ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့အစည်းအရ ကိုယ်ဝန်ဆောင်အန္တရာယ်ရှိနိုင်ချေအုပ်စု Cမှာ ပါဝင်ပါတယ်။

FDA ကိုယ်ဝန်ဆောင်အန္တရာယ်ပေးနိုင်ချေအုပ်စုများအဆင့်သတ်မှတ်ချက်များ

  • A=အန္တရာယ်မရှိ
  • B=အချို့သောလေ့လာမှုတွေအရ အန္တရာယ်မရှိ
  • C=အန္တရာယ်ပေးနိုင်ချေအနည်းငယ်ရှိသည်
  • D=အန္တရာယ်ပေးနိုင်ချေရှိသည်။
  • X=မသုံးသင့်
  • N=မသိ

ဘေးထွက်ဆိုးကျိုးများ

Chantix® (ချန်းတစ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တွေ့ရများတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့

မအီမသာဖြစ်ခြင်း ( လပေါင်းများစွာ) အန်ခြင်း

ဝမ်းချုပ်ခြင်း၊ လေ

အိပ်မပျေြာ်ခင်း

အိပ်မက်ဆန်းဆန်းများမက်ခြင်း

အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆေးရပ်လိြုက်ပီး ဆရာဝန်ချက်ချင်းခေါ်သင့်ပါတယ်။

တက်ခြင်း

သတ်သေလို့သည့်အတွေးများ ၊ ကိုယ့်ကိုကိုယ်ထိခိုက်နာကျင်စေလိုသည့်အတွေးများ

အိပ်မက်ဆန်းများ ၊ အိပ်နေစဉ်လမ်းလျှောက်ခြင်း၊ အိပ်စက်ရာတွင်အခက်အခဲရှိခြင်း

စိတ်ကျန်းမာရေးပိုဆိုးရွားလာခြင်း စိတ်ခံစားချက်အပြောင်းအလဲများ၊ စိတ်ကျခြင်း၊ စိုးရိမ်ခြင်း၊ ရန်လိုခြင်း

နှလုံးရောဂါထခြင်းလက္ခဏာများ- ရင်ဘတ်အောင့်ခြင်း၊ တင်းကျပ်ခြင်း၊ မေးရိုးများပခုံးများအထိပါအောင့်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ချွေးထွက်များခြင်း

လေဖြတ်ခြင်းလက္ခဏာများ- ရုတ်တရက်ထုံခြင်း၊ အားနည်းခြင်း ( အထူးသဖြင့်ကိုယ်တစ်ခြမ်း) ၊ စကားဝါးခြင်း၊ အမြင်ပိုင်းဆိုင်ရာပြဿနာများ မညီမျှမှုများ

ပြင်းထတ်တဲ့အရေပြားတုန့်ပြန်မှုများ- အရေပြားနီခြင်း၊ ရောင်ခြင်း၊ ပါးစပ်အတွင်းပေါက်ပြဲခြင်း။ အရေပြားအဖိမ့်များ ၊ ပေါက်ပြဲခြင်း၊ ကွာကျခြင်း

ပြင်းထန်တဲ့ဓါတ်မတည့်မှုများ ( အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ ယားခြင်း၊ အသက်ရှူရခက်ခြင်း၊ ရင်ဘတ်တင်းကျပ်ခြင်း၊ ပါးစပ်မျက်နှာနှုတ်ခမ်းလျှာရောင်ခြင်း၊ လည်ပင်းရောင်ခြင်းတွေရှိခဲ့မယ်ဆိုရင် အရေးပေါ်အကူအညီချက်ချင်းခေါ်သင့်ပါတယ်။

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Chantix® (ချန်းတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။ အင်ဆူလင်၊ theophylline, warfarinစတဲ့ဆေးတွေကို ခနဓါကိုယ်ကဖယ်ထုတ်ခြင်းနည်းလမ်းကို ဆေးလိပ်သောက်ခြင်းက အကျိုးသက်ရောက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်တဲ့အခါမှာ ဒီဆေးတွေရဲ့ဆေးပမာဏကို ဆရာဝန်ချိန်ညှိပေးဖို့လိုပါလိမ့်မယ်။

အစားအသောက်တွေနဲ့ အရက်က Chantix® (ချန်းတစ်) နဲ့ ဓါတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒီဆေးက အရက်ကိုပြန်လည်တုန့်ပြန်ခြင်းပေါ်မှာ ပြောင်းလဲမှုပေးနိုင်ပါတယ်။ ဒီဆေးကုသမှုခံယူနေတဲ့လူနာတစ်ချို့မှာ အရက်ကိုခံနိုင်ရည်လျော့သွားနိုင်ပါတယ်။ အရက်ပိုမူးသွားခြင်း၊ ရန်လိုခြင်း၊ ဖြစ်ပျက်ခဲ့တာတွေကိုမမှတ်မိတော့ခြင်း စတာတွေဖြစ်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Chantix® (ချန်းတစ်) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

အပြန်အလှန်သက်ရောက်မှုပေးနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေကတော့

အာရုံကြောနဲ့စိတ်ဝေဒနာဆိုင်ရာပြဿနာများ

အရက်သောက်ခြင်း

နှလုံးသွေးကြောဆိုင်ရာပြဿနာများ

ကျောက်ကပ်မကောင်းခြင်း

အတက်ရောဂါ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Chantix® (ချန်းတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဆေးလိပ်ဖြတ်ခြင်းအတွက်

ပထမနေ့မှ တတိယနေ့- 0.5 mg သောက်ဆေး တစ်နေ့တစ်ကြိမ်

စတုတ္ထနေ့မှ သတ္တမနေ့ -0.5 mg သောက်ဆေး တစ်နေ၂ကြိမ်

၈ရက်မြောက်နေ့မှ ကုသမှုပြီးသည်အထိ- 1 mg သောက်ဆေး တစ်နေ၂ကြိမ်

ကလေးတွေအတွက် Chantix® (ချန်းတစ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Chantix® (ချန်းတစ်) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား၊ ဖလင်အုပ်ထားသော- varenicline tartrate 0.5mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement