Generic Name: Celestoderm V ( စလီဆတိုဒမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Celestoderm V ( စလီဆတိုဒမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Celestoderm® (betamethasone valerate)  ကို အရေပြား ယားယံခြင်း နှင့် နှင်းခူ၊ Psoriasis (ကိုယ်ခံအားစနစ်မူမမှန်ခြင်းကြောင့်ဖြစ်သော အရေပြားရောဂါ) အရေပြားဓာတ်မတည့်သောကြောင့် ရောင်ရမ်းခြင်း ၊ အဆီကြိတ်များထွင်ခြင်း တို့ကို ကုသရန် အသုံးပြုပါသည်။ ထိုဆေးသည် အရေပြားနီရဲမှု၊ ရောင်ရမ်း မှုများကို လျော့နည်းစေသည်။

Celestoderm V ( စလီဆတိုဒမ်) ဘယ်လိုသောက်သုံးသင့်သလဲ

ခရင်မ် သို့မဟုတ် အဆီ

ခရင်မ် သို့မဟုတ် အဆီ ကို ရောဂါဖြစ်သော နေရာကို ပါးပါးလိမ်းပါ။ တနေ့တကြိမ် မနက်တိုင်း သို့မဟုတ် မနက်နှင့် ည နှစ်ဘကိမ် လိမ်းနိုင်ပါသည်။ အနာကောင်းသွားလျှင် ဆေးရပ်နိုင်ပါသည်. ဆေးကို သင့်ဆရာဝန်ညွှန်ကြားချက်မပါဘဲ ၄ ပတ်ထက်ပိုမလိမ်းသင့်ပါ။

ဆေးရည်

ဆေးရည်ကို ရောဂါဖြစ်သောနေရာတွင် အစက်ချပြီး အသားထဲစိမ့်ဝင်သည်အထိ ပွတ်လိမ်းပေးပါ။ နှိပ်နယ်ပေးပါ။ တနေ့လျှင် ၁ ကြိမ် မှ ၂ ကြိမ် အထိလိမ်းနိုင်ပါသည်။

ဆေးလိမ်းပြီး လျှင် လက်ဆေးပါ။ လက်တွင်လိမ်းရပါက ဆေးရန်မလိုပါ။

ဆေးရည်ကို မလိမ်းမှီတွင် သေချာစွာလှုပ်ပါ။

ဆေးလိမ်းထားသောနေရာကိုဆရာဝန် ညွှန်ကြားချက်မရှိဘဲ ထူသော၊ လေပေါက်မရှိသော အ၀တ်ဖြင့် ဖုံးအုပ်ခြင်း မပြုရ။

မျက်လုံးနားတ၀ိုက်တွင် မလိမ်းရ။

Celestoderm V ( စလီဆတိုဒမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Celestoderm® (betamethasone valerate)   ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Celestoderm® (betamethasone valerate)  ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Celestoderm® (betamethasone valerate) ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

 

Celestoderm® (betamethasone valerate)   ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက်ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Celestoderm® (betamethasone valerate) ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Celestoderm V ( စလီဆတိုဒမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန်  လိုအပ်သည်။

  • Celestoderm® (betamethasone valerate)  ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းရှိလျှင်
  • ဗိုင်းရပ်ပိုးဝင်ခြင်းကြောင့်ဖြစ်သော ရေယုန်၊ ရေကျောက် ဖြစ်ခြင်း
  • Corticosteroid နှင့် ဓာတ်မတည့်ခြင်း
  • အရေပြား တီဘီဖြစ်ခြင်း
  • အရေပြား တွင် ဘက်တီးရီးယားပိုးဝင်ခြင်း နှင့် မှိုရောဂါများဖြစ်ခြင်း

ထိုဆေးကို  မျက်စိ ၊ ပါးစပ်၊ စအိုနှင့် လိင်အင်္ဂါ တ၀ိုက်တွင် မလိမ်းပါနှင့်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Celestoderm V ( စလီဆတိုဒမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့်    C ရှိသည်ဟုသတ်မှတ်ထားသည်။

 

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Celestoderm V ( စလီဆတိုဒမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါ ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ချက်ချင်း ပြသရမည်ဖြစ်သည်။

  • ဆေးလိမ်းထားသော အရေပြားနေရာတွင် ယားယံခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်း
  • ဆံပင်များ ကျွတ်ခြင်း
  • ဆံပင်များကျဲပါးခြင်း
  • ရေကြည်ဖုများဖြစ်ခြင်း၊ အသားလောင်ခြင်း၊ အဖတ်များကွာကျခြင်း၊ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း
  • ပါးစပ်နားတ၀ိုက်တွင် နီရဲခြင်း နှင့် အဖတ်များကွာကျခြင်း
  • အရေပြားပါးပြီး သွေးခြေဥခြင်း (အထူးသဖြင့် အရေပြားခေါက်သော နေရာများ၊ လက်ချောင်းများကြားတွင်)

အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများသည် ဆေးကူသမှုခံယူရန် သီးသန့်မလိုအပ်ဘဲ အချိန်တန်လျှင် ပျောက်ကင်းသွားမည်ဖြစ်သည်။ ဆရာဝန် က အဆိုပါ ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်၊ လျှော့ချရန် ဆေးများ ပေးပါလိမ့်မည်။သို့သော်

အောက်ပါတို့ အဆက်မပြတ်ဖြစ်လာပြီး သင့်ကို ဆိုးကျိုးများပေးလာပါကဆရာဝန်အားမေးမြန်း တိုင်ပင်သင့်ပါသည်။

  • ၀က်ခြံပေါက်ခြင်း၊ အနီစက်များပေါက်ခြင်း
  • အရေပြားလောင်ခြင်း၊ ယားခြင်း၊ ထုံပြီး မသိတော့ခြင်း၊ အပ်နှင့် ထိုးသလို စူးခြင်း သို့မဟုတ် ထုံကျင်သော ခံစားမှုမျိုးရခြင်း
  • ဆံပင်ပေါက်သော နေရာများတွင် ပူလောင်ခြင်း၊ ယားခြင်း၊ နာကျင်ခြင်း၊ ဆံပင်အမြစ်နားတွင် ပြည်များဖြစ်ခြင်း
  • နဖူး၊ နောက်ကျော၊ လက်မောင်းနှင့် ခြေထောက်များပေါ်တွင် ဆံပင်များထူလာခြင်း
  • နဂို အသားရောင်ထက် ဖျော့သွားခြင်း
  • ဆေးလိမ်းထားသော နေရာတွင် အသားရောင်ဖျော့သွာခြင်း
  • လက်မောင်း၊ ခြေထောက် ၊ ကိုယ်နှင့် ပေါင်ခြံများတွင် ခရမ်းရောင်အရစ်များ ပေါ်လာခြင်း
  • အရေပြားများ ပျော့တွဲလာခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Celestoderm V ( စလီဆတိုဒမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Celestoderm® (betamethasone valerate) ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အောက်ပါဆေးများသည် Celestodrem နှင့်ဓာတ်ပြုနိုင်သော ဆေးများဖြစ်ပါသည်။

  • Itraconazole
  • Medications applied to the skin that has irritating effects
  • Other topical medications containing corticosteroids
  • Natalizumab
  • Pimecrolimus
  • Ritonavir
  • Tacrolimus

အစားအသောက်တွေနဲ့ အရက်က Celestoderm V ( စလီဆတိုဒမ်) နဲ့ ဓာတ်ပြုနိုင်သလား

Celestoderm® (betamethasone valerate)   က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Celestoderm V ( စလီဆတိုဒမ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Celestoderm® (betamethasone valerate) ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ }

အောက်ပါ ကျန်းမာရေးပြသနာများရှိပါက ဆရာဝန်အားအသိပေးပါ။

  • Cushing ရောဂါစု Adrenal (ဂလင်းမူမမှန်ခြင်း)
  • ဆီးချိုရောဂါ
  • သွေးထဲတွင် သကြားဓာတ်များခြင်း
  • ဦးနှောက်ထဲတွင် သွေးပေါင်တက်ခြင်း
  • ဆေးလိမ်းလိုက်သော နေရာတ၀ိုက်တွင် ပိုးဝင်ခြင်း၊ အနာဖြစ်ခြင်း၊ ပြဲခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Celestoderm V ( စလီဆတိုဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ခရင်မ် သို့မဟုတ် အဆီ

ခရင်မ် သို့မဟုတ် အဆီကို ရောဂါဖြစ်သော နေရာကို ပါးပါးလိမ်းပါ။ တနေ့တကြိမ် မနက်တိုင်း သို့မဟုတ် မနက်နှင့် ည နှစ်ဘကိမ် လိမ်းနိုင်ပါသည်။ အနာကောင်းသွားလျှင် ဆေးရပ်နိုင်ပါသည်. ဆေးကို သင့်ဆရာဝန်ညွှန်ကြားချက်မပါဘဲ ၄ ပတ်ထက်ပိုမလိမ်းသင့်ပါ။

ဆေးရည်

ဆေးရည်ကို ရောဂါဖြစ်သောနေရာတွင် အစက်ချပြီး အသားထဲစိမ့်ဝင်သည်အထိ ပွတ်လိမ်းပေးပါ။ နှိပ်နယ်ပေးပါ။ တနေ့လျှင် ၁ ကြိမ် မှ ၂ ကြိမ် အထိလိမ်းနိုင်ပါသည်။

အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

ကလေးတွေအတွက် Celestoderm V ( စလီဆတိုဒမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သင့်ကလေးငယ်အတွက် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Celestoderm V ( စလီဆတိုဒမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Celestoderm® (betamethasone valerate)  ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Celestoderm® V/2ခရင်မ် ၀.၀၅ %
  • Celestoderm® Vခရင်မ် ၀.၁%
  • Celestoderm® Vအဆီ ၀.၁%
  • Celestoderm® V/2အဆီ ၀.၀၅%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Celestoderm® (betamethasone valerate)   က လိမ်း ဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံး လိမ်း ပါ။ သို့သော်လည်းနောက်တစ်ကြိမ် လိမ်း ရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုး လိမ်းတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ