အဆစ်အမြစ်ရောင်ခြင်း, နာကျင်ခြင်း, ဓမ္မတာလာစဉ် ကိုက်ခဲနာကျင် နေထိုင်မကောင်းဖြစ်ခြင်း တို့အတွက် သုံးပါတယ်။ NSAID လို့ခေါ်တဲ့ စတီးရွှိုက်မပါတဲ့ အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးအုပ်စုထဲမှာ ပါပါတယ်။
Celecoxib စီလီကိုဆစ်ဘ် ဟာ နာကျင်ကိုက်ခဲရောင်ရမ်းမှုတွေကို သက်သာစေပြီး ပုံမှန်အတိုင်းလှုပ်ရှားသွားလာနိုင်အောင် ကူညီပေးနိုင်ပါတယ်။ တကယ်လို့ အဆစ်ရောင်ခြင်းလို နာတာရှည်ရောဂါကိုကုသဖို့ဆိုရင်တော့ ဆရာဝန်ကို တခြားဆေးတစ်မျိုးမျိုး ထပ်မံမေးမြန်းဆွေးနွေးနိုင်ပါတယ်။
ခန္ဓါကိုယ်ရဲ့ prostaglandin ပရိုစတာဂလန်ဒင် ခေါ် ဟော်မုန်းတစ်မျိုးကိုလုပ်ပေးတဲ့ အင်ဇိုင်းကိုပိတ်တာပါ။ prostaglandin တွေနည်းသွားရင် နာကျင်ရောင်ရမ်းခြင်းတွေ သက်သာသွားတတ်ပါတယ်။ ဂေါက်ရောဂါမှာလည်း သုံးတတ်ပါတယ်။
ဆရာဝန် သို့မဟုတ် ဆေးပေးသူ ညွှန်းတဲ့အတိုင်းသောက်ပါ။ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ညွှန်သည့်အတိုင်းသောက်ပါ၊ တစ်ရက် တစ်ကြိမ် သို့ နှစ်ကြိမ်ဖြစ်နိုင်ပါတယ်။ အစာအိမ်ထိခိုက်မှုနည်းအောင် အစာနဲ့သောက်တာအကောင်းဆုံးပါ။ ဆေးပမာဏက ရောဂါအခြေအနေ၊ ကုသမှုအပေါ်တုံ့ပြန်မှုတွေပေါ် မူတည်ပါတယ်။ အနည်းဆုံးအာနိသင်ရနိုင်တဲ့ ပမာဏမှစသောက်ပြီး ညွှန်းဆိုသည့်အချိန်တိုင်းသာ သောက်ပါ။
ရေတစ်ဖန်ခွက်အပြည့်နဲ့သောက်ပါ။ ဆေးသောက်ပြီးပြီးချင်း ၁၀ မိနစ်အတွင်း မလှဲပါနဲ့ဦး။
အဆစ်ရောင်ခြင်းကဲ့သို့အခြေအနေအတွက် နှစ်ပတ်လောက်ပုံမှန်သောက်မှ လိုချင်တဲ့အာနိသင်အပြည့် ရပါလိမ့်မယ်။
နာကျင်မှသောက်ဖို့ ညွှန်းထားတယ်ဆိုရင်တော့ နာကျင်မှုစကတည်းကသောက်သင့်ပါတယ်။ ပိုဆိုးလာချိန်မှသောက်ပါက လိုအပ်သလို အာနိသင်မပြနိုင်တော့ပါဘူး။
တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။
ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။
နှလုံးခွဲစိတ်မှုမတိုင်ခင်၊ ပြီးလျှင် မသုံးသင့်ပါဘူး။
ထိုဆေးဟာ နှလုံးနဲ့ သွေးလှည့်အဖွဲ့အစည်းကို သက်ရောက်မှုရှိနိုင်ပါတယ် (အထူးသဖြင့် အချိန်ကြာသုံးပါက)
အစာအိမ်နဲ့ အူတို့မှာလည်း သက်ရောက်မှုတွေရှိနိုင်ပါတယ်။ သွေးယိုခြင်း၊ အချဉ်ပေါက်ခြင်းများဖြစ်စေနိုင်တယ်။ အထူးသဖြင့် အသက်ကြီးသူတွေမှာပိုအန္တရာယ်ကြီးပါတယ်။
တကယ်လို့ celecoxib နဲ့ဆေးမတည့်ပါက သို့မဟုတ် aspirin ၊ ဆာလဖာပါသောဆေး ၊ တခြား NSAIDs တို့ နဲ့မတည့်ပါက မသောက်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။ FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ C အနေနဲ့ရှိနေပါတယ်။
FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-
A-အန္တရာယ်မရှိပါ
B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ
C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်
D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်
X-လုံးဝမမှီဝဲသင့်ပါ
N-အခြေအနေမသိသေးပါ
တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။
အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ကိုပြန်ပြောပါ-
တခြားမပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့
လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။
တချို့သောဆေးတွေကတူတူသုံးလို့မရပေမယ့် တချို့အခါတွေမှာတော့ ဓါတ်ပြုတုံ့ပြန်တာတွေရှိပေမယ့် တူတူသုံးရတဲ့ဆေးတွေလည်းရှိနေပါတယ်။ ဒီလိုအခါတွေမှာ ဆရာဝန်ကပမာဏပြောင်းပေးတာမျိုး၊ ဆောင်သင့် ရှောင်သင့်တာတွေကိုပြောပြတာမျိုး လ ုပ်ပါလိမ့်မယ်။ ဆရာဝန်ညွှန်းသည့်ဆေးဖြစ်စေ၊ မိမိဖာသာမှီဝဲနေသည့်ဆေးဖြစ်စေ ဆေးအကုန်လုံးအကြောင်း ပြောပြတိုင်ပင်သင့်ပါတယ်။
အောက်ဖော်ပြပါဆေးတွေနဲ့တော့ Celecoxib ကိုတူတူတွဲမသုံးသင့်ပါဘူး။ တကယ်လို့ သင်ကဒီဆေးတွေထဲကတစ်မျိုးမျိုးသုံးနေရရင် ဆရာဝန်က တခြားဆေးတစ်မျိုးမျိုးဖြစ်ဖြစ် ပြောင်းပေးပါလိမ့်မယ်။
အောက်ဖော်ပြပါဆေးတွေနဲ့ Celecoxib ကိုတူတူတွဲမသုံးရပါဘူး။ တကယ်လို့ဆေးနှစ်မျိုးစလုံးသောက်ရဖို့အခြေအနေဖြစ်လာရင် ပမာဏပြောင်းတာဖြစ်ဖြစ်၊ ဘယ်နှစ်ကြိမ် ဘယ်လိုသောက်သင့်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။
အောက်ဖော်ပြပါဆေးတွေနဲ့တွဲသုံးရင်တော့ တချို့ဘေးထွက်ဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမယ့် ဆေးနှစ်မျိုးစလုံးသုံးတာက အကောင်းဆုံးကုသမှုဖြစ်နေနိုင်ပါတယ်။ တကယ်လို့ ဆေးနှစ်မျိုးစလုံးညွှန်းရင် ဆေးပမာဏပြောင်းလဲတာဖြစ်ဖြစ်၊ ဘယ်နှစ်ကြိမ် ဘယ်လိုသောက်သင့်တယ်ဆိုတာ ပြောပြပါလိမ့်မယ်။
Celecoxib ဟာ အစားအစာတချို့၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။
သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။ အထူးသဖြင့်-
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
Usual Adult Celecoxib Dose for Pain:
Acute pain: 400 mg initially, followed by 200 mg if needed on the first day. Then, 200 mg twice daily as needed.
Usual Adult Celecoxib Dose for Dysmenorrhea:
400 mg initially, followed by 200 mg if needed on the first day. Then, 200 mg twice daily as needed.
Usual Adult Celecoxib Dose for Osteoarthritis:
200 mg orally once daily or 100 mg orally twice daily.
Usual Adult Celecoxib Dose for Rheumatoid Arthritis:
100 to 200 mg orally twice daily.
Usual Adult Dose for Familial Adenomatous Polyposis:
400 mg orally twice daily with food.
Usual Adult Dose for Ankylosing Spondylitis:
200 mg orally once daily or 100 mg orally twice daily. If after 6 weeks of therapy no results are observed, a trial dose of 400 mg orally daily may be worthwhile. If no response is seen after 6 weeks, consideration should be given to alternate treatment options.
Usual Pediatric Dose for Juvenile Rheumatoid Arthritis:
2 years or older:
10 to less than or equal to 25 kg: 50 mg orally twice daily
Greater than 25 kg: 100 mg orally twice daily
ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။
ဆေးများသွားသော လက္ခဏာတွေကတော့-
တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။