backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Cefuroxime (ဆစ်ဖူရိုဆင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Cefuroxime (ဆစ်ဖူရိုဆင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Cefuroxime ဆိုတာ ကျယ်ပြန့်တဲ့ဘတ်တီးရီးယားရောဂါတွေအတွက် အသုံးပြုတဲ့ ပဋိဇီဝဆေးတစ်မျိုးဖြစ်တယ်။ တချို့သောခွဲစိတ်မှုမတိုင်မီနဲ့ ခွဲစိတ်နေစဉ်အတွင်းမှာ ရောဂါပိုးဝင်မှုကို ကာကွယ်ရန်သုံးလို့ရပါတယ်။ Cephalosporin လို့ခေါ်တဲ့ အုပ်စုထဲမှာပါပြီး ဘတ်တီးရီးယားများကြီးထွားမှုကို တားဆီးပေးပါတယ်။

Cefuroxime (ဆစ်ဖူရိုဆင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန် သို့မဟုတ် ဆေးပေးသူ ညွှန်းတဲ့အတိုင်းသောက်ပါ။ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ညွှန်းဆိုသည့်အတိုင်းသာသောက်သင့်ပြီး ပိုသောက်ခြင်း၊ အချိန်ပိုကြာအောင်သောက်ခြင်းမျိုးမလုပ်သင့်ပါဘူး၊ ရေးထားသောဆေးအညွှန်းအတိုင်း သေချာစွာ လိုက်နာသင့်ပါတယ်။

အစာနဲ့ ဒါမှမဟုတ် အစာမပါဘဲသောက်နိုင်ပါတယ်။

ဆေးရည်ဖြစ်ပါက အစာစားပြီးမှ သောက်သင့်ပါတယ်။

ဆေးအရည်ဖြစ်ပါက တစ်ခါသောက်တိုင်း တစ်ခါဘူးကိုလှုပ်ခါပါ။ တိုင်းတာသည့်ဇွန်း၊ ခွက်တို့နဲ့ အတိအကျချိန်တွယ်သောက်ပါ။ ပမာဏမတိကျနိုင်သောကြောင့် အိမ်သုံးဇွန်းမသုံးပါနဲ့။ တိုင်းတာရန်ခွက်၊ ဇွန်းမရှိပါက ဆေးပေးသူကို မေးမြန်းပါ။

ဆေးပြားမှီဝဲနေရာမှ ဆေးရည်ပြောင်းလဲလိုက်ပါက တူညီတဲ့ပမာဏသုံးစရာမလိုပါဘူး။ ဆရာဝန်ညွှန်းဆိုတဲ့ ဆေးပုံစံ၊ ပမာဏအတိုင်းသုံးမှသာ ထိရောက်တဲ့အာနိသင် ရနိုင်မှာဖြစ်ပါတယ်။

ညွှန်သည့်အတိုင်းတိကျစွာသောက်ပါ၊ ဆေးမကုန်ခင် လက္ခဏာများသက်သာလာပါလိမ့်မယ်။ Cefuroxime က တုပ်ကွေး၊ အအေးမိခြင်းတို့လို ဗိုင်းရပ်စ်ပိုးရောဂါများအတွက် အာနိသင်မရှိပါဘူး။

ဆီးတွင်းသကြားဓါတ်ပမာဏစစ်သည့် စစ်ဆေးမှုကဲ့သို့ စစ်ဆေးမှုတချို့ရဲ့ရလဒ်အပေါ် သက်ရောက်မှုရှိနိုင်တာကြောင့် Cefuroxime မှီဝဲနေပါက ဆရာဝန်ကိုပြောပြဖို့လိုပါလိမ့်မယ်။

Cefuroxime (ဆစ်ဖူရိုဆင်း) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Cefuroxime (ဆစ်ဖူရိုဆင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Cefuroxime ကဲ့သို့ ပဋိဇီဝဆေးတွေဟာ အအေးမိခြင်း၊ တုပ်ကွေးဖျားခြင်းတွေလို ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်းအတွက် အာနိသင်မရှိပါဘူး။ မလိုအပ်ဘဲ သောက်တဲ့အခါ အမှန်တကယ်လိုအပ်တဲ့အခါ ဆေးယဉ်ပါးသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန် ညွှန်မှသာသောက်သင့်ပါတယ်။

ဆရာဝန် သို့မဟုတ် ဆေးပေးသူ ညွှန်းတဲ့အတိုင်းသောက်ပါ။ သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ညွှန်းဆိုသည့်အတိုင်းသာသောက်သင့်ပြီး ပိုသောက်ခြင်း၊ အချိန်ပိုကြာအောင်သောက်ခြင်းမျိုးမလုပ်သင့်ပါဘူး၊ ရေးထားသောဆေးအညွှန်းအတိုင်း သေချာစွာ လိုက်နာသင့်ပါတယ်။

Cefuroxime နဲ့ဆေးမတည့်ပါက သို့မဟုတ် Cephalosporin အုပ်စုဝင် ပဋိဇီဝဆေးနဲ့ ဓါတ်မတည့်ပါက မသောက်ပါနဲ့။

Cephalosporin အုပ်စုဝင်တွေကတော့-

  • cefaclor (Raniclor);
  • cefadroxil (Duricef);
  • cefazolin (Ancef);
  • cefdinir (Omnicef);
  • cefditoren (Spectracef);
  • cefpodoxime (Vantin);
  • cefprozil (Cefzil);
  • ceftibuten (Cedax);
  • cephalexin (Keflex); or
  • cephradine (Velosef).

ပန်နဆလင်၊ တခြားသောဓါတ်မတည့်ဆေးများရှိပါက ဆရာဝန်ကိုပြောပြပါ၊ ဒါမှမဟုတ်-

  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • အူရောင်ခြင်းကဲ့သို့ အူဆိုင်ရာပြဿနာများ
  • ဆီးချိုသွေးချို
  • အာဟာရချို့တဲ့ပါက ပြောပြပါ။

ထိုကဲ့သို့အခြေအနေများရှိပါက ဆေးပမာဏပြောင်းခြင်း သို့မဟုတ် စစ်ဆေးမှုများပြုလုပ်ရနိုင်ပါတယ်။

သောက်ရသော Cefuroxime ဆေးရည်မှာ Phenylalanine ပါနေနိုင်တာကြောင့် သင့်မှာ phenylketonuria(PKU) ဟုခေါ်သော အခြေအနေရှိပါကလည်း ဆရာဝန်ကိုပြောပြပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Cefuroxime (ဆစ်ဖူရိုဆင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေနဲ့ ပတ်သတ်ပြီး သေချာလေ့လာထားတာမျိုးတော့မရှိသေးပါဘူး။ ဒါကြောင့် ရနိုင်တဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို ချိန်ဆကြည့်နိုင်ဖို့အတွက် ဆရာဝန်နဲ့သေချာအရင်တိုင်ပင်ပါ။ FDA အရတော့ ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်ရှိနိုင်တဲ့ဆေးအမျိုးအစားမှာ B အနေနဲ့ရှိနေပါတယ်။

FDA မှထုတ်ပြန်ထားသော ဆေးစာရင်းကအောက်ပါအတိုင်းဖြစ်တယ်-

A-အန္တရာယ်မရှိပါ

B-တချို့လေ့လာမှုတွေမှာအန္တရာယ်မရှိပါ

C-အန္တရာယ်အနည်းငယ်ရှိနိုင်သည်

D-အန္တရာယ်ရှိသည်ဟုသက်သေရှိသည်

X-လုံးဝမမှီဝဲသင့်ပါ

N-အခြေအနေမသိသေးပါ

ဘေးထွက်ဆိုးကျိုးများ

Cefuroxime (ဆစ်ဖူရိုဆင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တကယ်လို့ ဆေးမတည့်မှုလက္ခဏာများ- အင်ပြင်များပေါ်လာခြင်း၊ အသက်ရှူရခက်ခြင်း၊ မျက်နှာ နှုတ်ခမ်း လျှာ၊ လည်ချောင်းများ ရောင်ရမ်းလာခြင်း- တို့ဖြစ်ပါက ချက်ခြင်းဆေးရုံသွားပါ။

အောက်ပါလက္ခဏာတွေဖြစ်လာပါကလည်း ဆရာဝန်ကိုပြန်ပြောပါ-

  • ဝမ်းလျှောခြင်း (အရည်များ သို့မဟုတ် သွေးများသွားပါက)
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်နာခြင်း၊ တုပ်ကွေးကဲ့သို့ လက္ခဏာများရလျှင်
  • ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မြန်ခြင်း
  • ပုံမှန်မဟုတ်သွေးယိုခြင်း
  • ဆီးတွင်သွေးပါခြင်း
  • တက်ခြင်း
  • အသားရောင်ဖြူဖျော့ခြင်း၊ ဝါခြင်း၊ ဆီးအရောင်ညစ်ခြင်း၊ ရှုပ်ထွေးခြင်း၊ အားနည်ခြင်း
  • ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရည်ကြည်ဖုများပေါ်ခြင်း၊ အရေပြားလန်ခြင်း၊ အနီဖုများယားဖုများပေါက်ခြင်း
  • ယားဖုများပေါ်ခြင်း၊ အညိုအမည်းစွဲခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်း၊ နာကျင်ခြင်း၊ ကြွက်သားများအားနည်းခြင်း
  • ရေငတ်ခြင်း၊ စားချင်သောက်ချင်စိတ် နည်းခြင်း၊ ဖောခြင်း၊ အလေးချိန်တက်ခြင်း၊ အသက်ရှူမြန်ခြင်း
  • ဆီးအောင့်ခြင်း၊ ဆီးနည်းခြင်း၊ မသွားခြင်း

မပြင်းထန်သောဘေးထွက်ဆိုးကျိုးတွေကတော့-

  • ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ လေပွခြင်း၊ မအီမသာဖြစ်ခြင်း
  • ချောင်းဆိုးခြင်း၊ နှာပိတ်ခြင်း
  • ကြွက်သားများတောင့်တင်းခြင်း၊ နာကျင်ခြင်း
  • အရိုးအဆစ်များနာခြင်း၊ ရောင်ရမ်းခြင်း
  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း
  • နှုတ်ခမ်း၊ ပါးစပ်တွင် အဖြူကွက်များပေါ်ခြင်း၊ အနာပေါက်ခြင်း
  • ပါးစပ်တွင်းအရာသာတစ်မျိုးဖြစ်နေခြင်း
  • အရေပြားယားယံခြင်း၊ ယားဖုပေါက်ခြင်း
  • မိန်းမကိုယ်ယားယံခြင်း၊ အရည်ဆင်းခြင်း

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Cefuroxime (ဆစ်ဖူရိုဆင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Cefuroxime ဓါတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Cefuroxime (ဆစ်ဖူရိုဆင်း) နဲ့ ဓါတ်ပြုနိုင်သလား

Cefuroxime ဟာ အစားအစာတချို့၊ ဆေးလိပ်၊ အရက်တို့နဲ့ ဓါတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Cefuroxime (ဆစ်ဖူရိုဆင်း) နဲ့ ဓါတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆရာဝန်ကိုပြောပြသင့်ပါတယ်။ အထူးသဖြင့်-

  • အူရောင်ခြင်း
  • အစာအိမ်၊ အူဆိုင်ရာပြဿနာများရှိပါက- ပိုဆိုးစေနိုင်ပါတယ်
  • ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • အာဟာရချို့တဲ့ပါက – အခြေအနေပိုဆိုးစေနိုင်ပြီး၊ ဗီတာမင်-ကေ သောက်ပေးဖို့လိုပါလိမ့်မယ်
  • အသည်းရောဂါ၊ ယာယီဖြစ်စေ၊ အမြဲဖြစ်စေ- ဆေးဖယ်ပစ်နိုင်ချိန် ကြာသွားတာကြောင့် ဆေးအာနိသင်ပိုတိုးလာနိုတာကြောင့် သတိနဲ့သောက်ပါ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Cefuroxime (ဆစ်ဖူရိုဆင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အဆုတ်ရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

250 to 500 mg orally twice a day or 750 mg to 1.5 grams IV or IM every 8 hours for 5 to 10 days

ဆီးအိမ်ရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

Uncomplicated: 250 mg orally twice a day or 750 mg IV or IM every 8 hours for 7 to 10 days

လျှာခင်ရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

1.5 g IV every 6 to 8 hours for 7 to 10 days, depending on the nature and severity of the infection

အဆစ်ရောင်ပိုးဝင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

1.5 g IV every 8 hours

Therapy should be continued for approximately 3 to 4 weeks, depending on the nature and severity of the infection. Longer therapy, 6 weeks or more, may be required for prosthetic joint infections. In addition, removal of the involved prosthesis is usually required.

Lyme Disease လိုင်းမ်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

500 mg orally twice a day for 20 days

The Infectious Diseases Society of America has recommended oral cefuroxime as an alternative to amoxicillin or doxycycline for the treatment of Lyme disease when oral therapy is appropriate (erythema chronicum migrans, cranial nerve palsy, first or second degree heart block, and arthritis). Febrile patients should also be evaluated/treated for human granulocytic ehrlichiosis (HGE) and babesiosis.

ဦးနှောက်အမြှေးရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

1.5 g IV every 6 hours or 3 g IV every 8 hours for 14 days

အရိုးပိုးဝင်ရောင်ရောဂါ ကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

1.5 g IV every 8 hours

Therapy should be continued for approximately four to six weeks depending on the nature and severity of the infection. Chronic osteomyelitis may require an additional one to two months of oral antimicrobial therapy.

နားအမြှေးရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

250 mg orally twice a day for 10 days

ဝမ်းတွင်းမြှေးရောင်ရောဂါ ကုသရန် လူကြီးအတွက်

ပုံမှန်ဆေးပမာဏ

750 mg to 1.5 g IV every 8 hours for 10 to 14 days

CAPD-associated peritonitis: 1 gram per 2 liters of dialysate intraperitoneally, followed by a continuous maintenance dosage of 150 to 400 mg per 2 liters of dialysate

အဆုတ်ရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

Uncomplicated: 750 mg IV or IM every 8 hours

Complicated: 1.5 g IV or IM every 8 hours

Once the patient responds clinically to parenteral therapy, cefuroxime 250 mg to 500 mg orally every 8 hours for 7 to 21 days may be administered. Duration of therapy is dependent upon the suspected causative organism’s sensitivity to cefuroxime.

ကျောက်ကပ်တစ်ရှူးရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

750 mg to 1.5 g every 8 hours or 250 to 500 mg orally twice a day for 14 days, depending on the nature and severity of the infection

ပိုးဝင်ရောဂါကုသရန် လူကြီးအတွက်ပုံမှန်ဆေးပမာဏ

1.5 g IV every 6 to 8 hours, in combination with an aminoglycoside

Therapy should be continued for 7 to 21 days depending on the nature and severity of the infection.

လေပြွန်ပေါက်ရောင်ရောဂါကုသရန် လူကြီးအတွက်ပုံမှန်ဆေးပမာဏ

250 mg orally twice a day for 10 to 14 days

အရေပြား သို့ တစ်ရှူးပိုးဝင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

250 to 500 mg orally twice a day (uncomplicated infections) or 750 mg IV every 8 hours for 10 days

အာသီးရောင်ရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

250 mg orally twice a day for 10 days

အထက်အသက်ရှူလမ်းကြောင်းရောဂါကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

250 to 500 mg orally twice a day

ဆီးလမ်းကြောင်းရောဂါပိုးကုသရန် လူကြီးအတွက် ပုံမှန်ဆေးပမာဏ

Uncomplicated: 250 mg orally twice a day for 7 to 10 days or 750 mg IV every 8 hours

Complicated: 1.5 g IV every 8 hours

ကလေးတွေအတွက် Cefuroxime (ဆစ်ဖူရိုဆင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

လျှာခင်ရောင်ရောဂါကုသရန် ကလေးအတွက် ဆေးပမာဏ

3 months to 12 years: 50 to 100 mg/kg/day IV in divided doses every 6 to 8 hours (maximum 6 g/day) for 7 to 10 days, depending on the nature and severity of the infection

အဆစ်ရောင်ပိုးဝင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 50 mg/kg IV every 8 hours (maximum 6 g/day)

13 years or older: Adult dose

အရိုးရောင်ပိုးဝင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 50 mg/kg IV every 8 hours (maximum 6 g/day)

13 years or older: Adult dose

ဦးနှောက်အမြှေးရောင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 200 mg to 240 mg/kg/day IV in divided doses every 6 to 8 hours (maximum 9 g/day)

13 years or older: Adult dose

နားစည်မြှေးရောင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 250 mg tablet orally twice a day for 10 days or 15 mg/kg of the suspension twice a day for 10 days; maximum daily dose is 1000 mg

13 years or older: Adult dose

လေပြွန်ပေါက်ရောင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 250 mg tablet orally twice a day for 10 days or 15 mg/kg of the suspension orally twice a day for 10 to 14 days; maximum daily dose is 1000 mg

13 years or older: Adult dose

အရေပြားရောင်ပိုးဝင်ရောင်ရောဂါ ကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 15 mg/kg of the suspension orally twice a day for 10 days; maximum daily dose is 1000 mg

အနာစက်ကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 15 mg/kg of the suspension orally twice a day for 10 days; maximum daily dose is 1000 mg

အာသီးရောင်ရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years: 10 mg/kg of the suspension twice a day for 10 days; maximum daily dose is 500 mg

13 years or older: Adult dose

ဘတ်တီးရီးယားရောဂါကုသရန် ကလေးအတွက် ပုံမှန်ဆေးပမာဏ

3 months to 12 years:

Parenteral: 50 to 100 mg/kg/day IV or IM in divided doses every 6 to 8 hours (maximum daily dose 6 g), depending on the nature and severity of the infection

Oral:

Suspension: 10 to 15 mg/kg orally twice a day (maximum dose 1000 mg/day)

Tablets: 250 mg orally twice a day

13 years or older: Adult dose

Cefuroxime (ဆစ်ဖူရိုဆင်း) ကိုဘယ်လိုရရှိနိုင်သလဲ

ဆေးပြား-250mg, 500mg

ဆေးရည်သောက်ဆေး-125mg/5ml, 250mg/5ml

ဆေးရည်ထိုးဆေး-750mg, 1.5g, 7.5g

ဆေးရည်သွင်းဆေး-750mg, 1.5g, 7.5g

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement