Generic Name: Carbimazole (ကာဘီမဇိုးလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Carbimazole (ကာဘီမဇိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Carbimazole ကိုခန္ဓာကိုယ်တွင်း သိုင်းရွိုက်ဟော်မုန်းများခြင်းအတွက် သုံးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းစေသောဆေးအုပ်စု ထဲပါပါတယ်။ ခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းထုတ်ခြင်းကို ကျစေတယ်။ ဆေးပြားတွေကို ပိုပြီးအရေးကြီးတဲ့အခြေအနေ- ဥပမာ- သိုင်းရွိုက်ဂလင်းခွဲစိတ်ဖယ်ထုတ်မှုမလုပ်ခင် ပုံမှန်အလုပ်လုပ်အောင် ထိန်းထားဖို့သုံးတယ်။ ဆေးတစ်မျိုးထဲသို့မဟုတ် တခြားဆေးတွေနဲ့တွဲသုံးပါတယ။်

 

Carbimazole (ကာဘီမဇိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

မမှီဝဲခင်မှ ဆရာဝန်၊ ဆေးပေးသူတို့နဲ့ သေချာတိုင်ပင်ဆွေးနွေးမေးမြန်းပါ။

ဆရာဝန်ညွှန်းတဲ့အတိုင်းသေချာသောက်ပါ။ မသေချာရင် ဆရာဝန် သို့မဟုတ် ဆေးပေးသူတို့ကို သေချာအောင် ပြန်မေးမြန်းစစ်ဆေးပါ။

ဆေးပြားတွေဖြစ်ပြီး မနက်၊ ညနေ အဖြစ်နှစ်ကြိမ် သို့မဟုတ် မနက်၊ နေ့လည်၊ ညအဖြစ် သုံးကြိမ်သောက်ရနိုင်ပါတယ်။

Carbimazole (ကာဘီမဇိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

တိုက်ရိုက်အလင်းရောင်၊ စိုစွတ်မှုနဲ့ မထိတွေ့ဘဲ သာမန်အခန်းအပူချိန်မှာဘဲ သိမ်းထားတာအကောင်းဆုံးဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ ရေချိုးခန်းတို့မှာ မသိမ်းပါနဲ့။ ဆေးအမျိုးအမည်အမျိုးမျိုးရှိနိုင်ပြီး သိမ်းဆည်းသင့်တဲ့ပုံစံ အမျိုးမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးအမျိုးအမည်ပေါ်မူတည်ပြီး သိမ်းဆည်းဖို့အညွှန်းကိုသေချာဖတ်သင့်ပါတယ်၊ ဆေးဝါးကျွမ်းကျင်သူတွေကိုမေးလို့လည်းရပါတယ်။ ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များမှ ဝေးရာတွင်ထားပါ။

ဆေးတွေကိုအိမ်သာထဲသွန်ပစ်ခြင်းမျိုးမလုပ်ပါနဲ့။ ရက်လွန်သွားလျှင်လည်း သေချာစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစွန့်ပစ်ရမလဲ ဆေးရောင်းသူကိုမေးနိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Carbimazole (ကာဘီမဇိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

  • Carbimazole နဲ့ဆေးမတည့်ခြင်းရှိပါက
  • နို့တိုက်နေပါက
  • သွေးနဲ့ပတ်သတ်သော ပြဿနာများရှိပါက
  • ပြင်းထန်သောအသည်းရောဂါရှိပါက မသောက်ပါနဲ့

 

အကယ်လို့–

  • ကိုယ်ဝန်ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ယူဖို့အစီအစဉ်ရှိပါက
  • အသည်းမှာပြဿနာအနည်းငယ် သို့ အသင့်အတင့်ရှိပါက

သတိနှင့်သောက်သင့်ပါတယ်။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Carbimazole (ကာဘီမဇိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေအတွက် အန္တရာယ်ကင်းပါတယ်လို့ တိကျစွာပြောဆိုထားခြင်းများမရှိတာကြောင့် မသောက်ခင် ဆရာဝန်နဲ့ ကောင်းကျိုး၊ ဆိုးကျိုးများကို သေချာချိန်ဆဆွေးနွေးပါ။

 

ဘေးထွက်ဆိုးကျိုးများ

Carbimazole (ကာဘီမဇိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

တခြားဆေးများကဲ့သို့ Carbimazole မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ လူတိုင်းတော့မရပါဘူး။

တကယ်လို့အောက်ပါလက္ခဏာများကြုံရပါက ဆရာဝန်ကိုချက်ခြင်းပြန်ပြောပါ။

  • လည်ချောင်းနာခြင်း
  • ပါးစပ်တွင်အနာများပေါက်ခြင်း
  • အဖျားကြီးခြင်း
  • သိသိသာသာနွမ်းနယ်ပင်ပန်းခြင်း
  • အလွယ်တကူအညိုအမည်းစွဲခြင်း၊ သွေးယိုခြင်း
  • နေထိုင်မကောင်းခြင်း၊ ရောဂါပိုးဝင်သလို ခံစားရခြင်း

 

ဒါ့အပြင် သောက်ပြီး ဒီလက္ခဏာများရပါကလည်း ဆရာဝန်ကိုချက်ခြင်းဆက်သွယ်ပြောဆိုပါ။

  • ကြွက်သားများနာကျင် ကိုက်ခဲခြင်း
  • အသားအရောင်၊ မျက်လုံး ဖြူဖျော့လာခြင်း၊ သို့ ၀ါခြင်း

ဒါတွေဟာ ကြွက်သားပြဿနာ၊ အသားဝါခြင်း သို့မဟုတ် အသည်းရောင်ခြင်း လက္ခဏာတွေဖြစ်နိုင်တာကြောင့် ဆရာဝန်က ဆေးရပ်ခိုင်းပြီး သွေးစစ်ဆေးမှုများပြုလုပ်ကြည့်နိုင်ပါတယ်။

 

လူတိုင်းက ထိုဘေးထွက်ဆိုးကျိုးတွေမရပါဘူး။ ဖော်ပြထားတာတွေထဲမပါတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ တကယ်လို့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သတ်လို့ စိတ်ပူတာတွေရှိရင် ဆရာဝန်၊ ဆေးပေးသူတို့ကို ပြောပြတိုင်ပင်နိုင်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Carbimazole (ကာဘီမဇိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင်အခုသောက်နေတဲ့ဆေးတွေနဲ့ Carbimazole ဓာတ်ပြုတုံ့ပြန်ခြင်းတွေရှိနိုင်ပါတယ်။ ဒါဟာဆေးအလုပ်လုပ်ပုံကိုပြောင်းလဲစေတာ၊ ဒါမှမဟုတ် ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေတာမျိုး ဖြစ်စေကောင်းဖြစ်စေပါလိမ့်မယ်။ ဒါတွေကိုရှောင်ဖို့အတွက် ခုသုံးစွဲနေတဲ့ဆေးတွေအကုန်လုံးကို ဆရာဝန် သို့မဟုတ် ဆေးပေးသူကိုပြောပြရပါမယ်။ ဘေးကင်းဖို့အတွက် ဆရာဝန်ညွှန်ပြချက်မရှိဘဲ ဆေးတွေရပ်လိုက်တာ၊ ပြောင်းလိုက်တာမျိုးမလုပ်ပါနဲ့။

 

 

ရင်ကြပ်ရောဂါတွင်သုံးသော – Theophylline

သွေးကျဲဆေး- warfarin

 

အစားအသောက်တွေနဲ့ အရက်က Carbimazole (ကာဘီမဇိုးလ်) နဲ့ ဓာတ်ပြုနိုင်သလား

Carbimazole ဟာ အစားအစာတချို့၊ ဆေးလိပ်၊ အရက်တို့နဲ့ ဓာတ်ပြုတုံ့ပြန်ပြီး ဆေးအလုပ်လုပ်ပုံပြောင်းစေတာ၊ ဘေးထွက်ဆိုးကျိုးတွေပိုများစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးစမသောက်ခင် ဆရာဝန်၊ ဆေးပေးသူတို့နဲ့ တိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Carbimazole (ကာဘီမဇိုးလ်) နဲ့ ဓာတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတချို့ကို ပိုဆိုးကောင်းဆိုးတာ၊ ဒါမှမဟုတ် ဆေးရဲ့အလုပ်လုပ်ပုံတွေပြောင်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်မှာဖြစ်နေတဲ့ ကျန်းမာရေးအခြေအနေအားလုံးကို ဆ၇ာဝန်ကိုပြောပြသင့်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Carbimazole (ကာဘီမဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

The usual dose for an adult may start at 20mg to 60mg per day, divided into 2-3 doses daily. Once control is achieved your doctor will gradually reduce your dose to 5mg to 15mg per day.

ကလေးတွေအတွက် Carbimazole (ကာဘီမဇိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

The usual dose for a child may start at 15mg per day three 5mg tablets daily. Please consult with your doctor for further information.

Carbimazole (ကာဘီမဇိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

ဆေးပြား -5 mg, 20 mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏများသွားသော အရေးပေါ်အခြေအနေမှာဆိုရင် ဆေးရုံကားချက်ခြင်းခေါ်တာဖြစ်ဖြစ်၊ အနီးဆုံးအရေးပေါ်ဖြစ်ဖြစ် ချက်ခြင်းသွားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တကယ်လို့ ဆေးသောက်ရန်ကျော်သွားပါက သတိရရချင်း ချက်ခြင်းသောက်ပါ။ နောက်ထပ်သောက်ချိန်နဲ့ကပ်နေပါက လွတ်သွားသောအကြိမ်ကိုကျော်လိုက်ပြီး ပုံမှန်အတိုင်းပဲဆက်သောက်ပါ။ ဆေးနှစ်ကြိမ်ပေါင်းသောက်တာမျိုး လုံးဝမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ