Calcrem (ကဲလ်ခရမ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Calcrem (ကဲလ်ခရမ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Calcrem (ကဲလ်ခရမ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Calcrem ဆိုသည်မှာဆေးဘက်ဝင် မှိုသတ်ဆေးတစ်မျိုးဖြစ်ပြီး ခြေချောင်းနှင့် ခြေချောင်းများကြားတွင်စုတ်ပြဲနေခြင်း၊ ပွေးပေါက်ခြင်း နဲ့တခြားမှိုမှကူးစက်ရောဂါများ၊ ခြောက်ကပ်နေသောအရေပြားအကွက်များဖြစ်ခြင်း၊ လည်ပင်း၊ ရင်ဘတ်၊လက်မောင်းနှင့်ခြေထောက်အသားအရေကို ဖြူစေ၊မဲစေသော မှိုမှတစ်ဆင့်ကူးစက်ရောဂါများတွင်အသုံးပြုကြပါသည်။

Calcrem (ကဲလ်ခရမ်) ဘယ်လိုသုံးသင့်သလဲ

ဒီလိမ်းဆေးကိုအရေးပြားတွင်သာအသုံးပြုရပါမည်။ ရောဂါဖြစ်သောနေရာကို တစ်နေ့ကိုနှစ်ကြိမ် သို့ ဆရာဝန်ညွှန်ကြားချက်အတိုင်းအသုံးပြုရပါမည်။

အသုံးပြုရမည့်ပမာဏနှင့် ကြာချိန်သည် သင့်ရဲ့ကူးစက်ရောဂါအပေါ်မူတည်ပါတယ်။ ညွှန်ကြားထားတာထက်ပိုပြီးအသုံးမပြုသင့်ပါဘူး။

အဲ့လိုလုပ်ခြင်းဟာ သင့်ရောဂါကိုမြန်မြန်ကောင်းမလာစေပါဘူး။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုးများပါပိုပြီးဆိုးစေပါတယ်။ ရောဂါဖြစ်သောနေရာနှင့် ဘေးပတ်လည်နေရာများကိုဖုံးမိရုံသာ လုံလုံလောက်လောက်လိမ်းသင့်ပါတယ်။

ဆေးလိမ်းပြီးတဲ့အခါမှာ လက်တွေကိုဆေးကြောပစ်ရပါမယ်။ ရောဂါဖြစ်တဲ့နေရာကို ဆရာဝန်မညွှန်ကြားပဲနဲ့ စည်းထားခြင်း ၊အုပ်ထားခြင်းမျိုးမလုပ်ရပါ။ ဆေးကိုမျက်လုံး ၊နှာခေါင်း ၊ပါးစပ်နှင့် မိန်းမကိုယ်တို့တွင်မလိမ်းရပါ။

Calcrem (ကဲလ်ခရမ်) ဘယ်လိုသိမ်းဆည်းရမလဲ

Calcrem လိမ်းဆေးကို အလင်းရောင်နှင့် စိုစွတ်မှုများကင်းဝေးသော အခန်းအပူချိန်မှာထားတာဟာ အကောင်းဆုံးပါ။ ဆေးတွေကိုမပျက်ဆီးစေရန် ရေချိုးခန်း နှင့် ရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းမျိုးရှောင်ကျဉ်ရပါမည်။

ဆေးအမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းမှုပုံစံတွေကွဲပြားနိုင်ပါတယ်။ သိမ်းဆည်းရာတွင်ဆေးတွင်ပါဝင်သောအညွှန်းကို သေချာဖတ်ရင်အရေးကြီးပါသည်။ ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်သင့်ပါသည်။ ဆေးဝါးတွေကိုလည်း ကလေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆီမရောက်စေရန် သိမ်းဆည်းထားရန်အရေးကြီးပါသည်။

ဆေးကို အိမ်သာတွေ ရေမြာင်းတွေထဲမှာ ညွှန်ကြားမထားပဲ သွန်ပစ်ခြင်းမျိုးကိုမလုပ်ရပါဘူး။ ဆေးကိုမလိုတော့တဲ့အခါ သို့မဟုတ် ဒိတ်ကုန်သွားတဲ့အခါသေသေချာချာစွန့်ပစ်ဖို့အရေးကြီးပါသည်။ သင့်ရဲဆေးကိုဘယ်လိုသေသေချာချာစွန့်ပစ်သင့်သလဲဆိုတာ ဆရာဝန်ဆီမှာမေးမြန်းတိုင်ပ်သင့်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calcrem (ကဲလ်ခရမ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အကယ်၍သင့်တွင်…

– calcrem ပါဝင်သောပစ္စည်းများနှင့် ဓါတ်မတည့်ခြင်း။

– ဆေးဝါးများ ၊ဆိုးဆေးများ ၊အစားအစာများ ၊တိရိစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း ။

– calcrem နှင့်ဓါတ်မတည့်သောဆေးများသုံးစွဲနေလျှင် သို့ ဓါတ်မတည့်သောကျန်းမာရေးအခြေအနေများရှိလျှင်…

ဆေးမသုံးစွဲမီဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calcrem (ကဲလ်ခရမ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်စဉ် ၊နို့တိုက်စဉ်မှာဆေးသုံးစွဲခြင်းဟာ အန္တရာယ်ကင်းမကင်း သေသေချာချာ လေ့လာစမ်းသပ်မှုတွေမရှိသေးပါဘူး။calcrem ဆေးသုံးစွဲခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကို သေချာသိရအောင် ဆရာဝန်နဲ့ဗချာတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ calcrem သုံးစွဲခြင်းဟာ US Food and Drug Administration (FDA) အရ အန္တရာယ်ရှိတဲ့အဆင့် C ထဲမှာပါဝင်ပါတယ်။ အဆင့်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်….

A – အန္တရာယ်မရှိ ။

B – အချို့လေ့လာချက်များအရ အန္တရာယ်ရှိသည် ။

C – အန္တရာယ်အချို့ရှိနိုင်သည် ။

D – အန္တရာယ်ရှိကြောင်း သေချာသည် ။

X – လုံးဝမသုံးရပါ ။

N – အန္တရာယ် ရှိ ၊ မရှိ မသိပါ ။

ဘေးထွက်ဆိုးကျိုးများ

Calcrem (ကဲလ်ခရမ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Calcrem လိမ်းဆေးဟာလည်း အခြားဆေးတွေလိုပဲဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ အများစုကတော့ ဖြစ်ခဲပြီးတော့ ထပ်ပြီးကုသမှုတွေခံယူစရာမလိုပါဘူး။ ဒါပေမယ့်လည်း ဆေးသုံးစွဲပြီးတဲ့အခါ ပြသနာတစ်ခုခုဖြစ်ပေါ်ခဲ့လျှင်တော့ ဆရာဝန်နဲ့တိုင်ပင်ဖို့အရေးကြီးပါတယ်။

ဘေးထွက်ဆိုးကျိုးအချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

– ဓါတ်မတည့်ခြင်း ( အသက်ရှူရခက်ခဲခြင်း၊လည်ပင်းတွင်ပိတ်ဆို့နေခြင်း ၊ နှုတ်ခမ်းများ ၊ လျှာ နှင့် မျက်နှာတို့တွင်ဖူးရောင်နေခြင်း) ။

– ပျို့အန်ချင်စိတ်ဖြစ်ခြင်း ။

– အစာအိမ်မအီမသာဖြစ်ခြင်း ။

– အန်ခြင်း ၊

– ယားယံခြင်း၊

– ပါးစပ်ထဲတွင်မအီမသာခံစားရခြင်း ၊

လူတိုင်းတော့ ဖော်ပြပါဆိုးကျိုးတွေကိုမခံစားရပါဘူး ။ ဖော်ပြပါ စာရင်းထဲမှာမပါတဲ့ ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီးသိချင်သေးရင်တော့ ဆရာဝန် သို့ ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calcrem (ကဲလ်ခရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcrem ဟာသင်လက်ရှိသောက်နေတဲ့ဆေးတွေနဲ့ဓါတ်ပြုပြီး ဆေးရဲ့အလုပ်လ်ုပုံတွေပြောင်းလဲခြင်းသို့ ဘေးထွက်ဆိုးကျိုးတွေကိုပိုဆိုးစေခြင်းတို့ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဆေးအချင်းချင်းမတည့်တာတွေကိုရှောင်ရှားနိုင်ဖို့ သင်အသုံးပြုနေတဲ့ဆေးတွေကိုစာရင်းပြုလုပ်ထားပြီးဆရာဝန်ကိုအသိပေးဖို့လိုအပ်ပါတယ်။ သင့်ရဲ့လုံခြုံစိတ်ချရမှုအတွက် ဆရာဝန်ခွင့်ပြုချက်မပါဘဲ ဆေးများစတင်သုံးစွဲခြင်း ၊ရပ်တန့်ခြင်း သို့ ဆေးပမာဏပြောင်းလဲခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။Fentanyl,tacrolimus,trimetrexate စတဲ့ဆေးတွေနဲ့ဓါတ်ပြုခြင်းရှိနိုင်ပါတယ်။

အစားအသောက်တွေနဲ့ အရက်က Calcrem (ကဲလ်ခရမ်) နဲ့ ဓါတ်ပြုနိုင်သလား

Calcrem ဟာ အစားအစာတွေ အရက်တွေနဲ့ဓါတ်ပြုပြီး အလုပ်လုပ်တဲ့ပုံစံပြောင်းလဲသွားခြင်း သို့ ဘေးထွက်ဆိုးကျိုးများပိုဆိုးစေခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့်ဆေးမသုံးစွဲမီ ဓါတ်ပြုနိုင်တဲ့အစားအစာတွေအကြောင်းကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Calcrem (ကဲလ်ခရမ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcrem ဟာသင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့သက်ရောက်ခြင်းတွေရှိနိုင်ပါတယ်။ ဒီလိုသက်ရောက်ခြင်းဟာ ဆေးရဲ့အလုပ်လုပ်ပုံ သို့မဟုတ် ဆိုးကျိုးတွေကို ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာရှိနေတဲ့ ကျန်းမာရေးအခြေအနေကို ဆရာဝန်ကိုအသိပေးရန်လိုအပ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calcrem (ကဲလ်ခရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Clacrem ပမာဏအတွက် ဆရာဝန်ကိုမေးမြန်းရပါမယ်။

အချို့ကိစ္စတွေမှာသတ်မှတ်ထားတဲ့ပမာဏတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

  • လက်များ ၊ ခြေထောက်များတွင် ပွေးပေါက်ခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၄ ပါတ်လိမ်းရပါမယ်။

  • ပေါင်ခြံဧရိယာတစ်ဝိုက်တွင်ပွေးပေါက်ခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ်လိမ်းရပါမယ်။

  • ခြေချောင်းများတွင်ပွေးပေါက်ခြင်း။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၄ပါတ်ကနေ ၈ ပါတ်အထိ လိမ်းရပါမယ်။

  • ချိုင်းနှင့် ပေါင်ခြံများတွင် မှိုစွဲခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ် ကနေ ၄ ပါတ်အထိ လိမ်းရပါမယ်။

  • ခရုသင်းစွဲခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ် ကနေ ၄ ပါတ်အထိ လိမ်းရပါမယ်။

ကလေးတွေအတွက် Calcrem (ကဲလ်ခရမ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသေးစိတ်သိရဖို့ောတ့ဆရာဝန်နဲ့တိုပင်သင့်ပါတယ်။ သတ်မှတ်ထားတဲ့ပမာဏတွေကတော့…

၃နှစ်အထက်ကလေးငယ်များ ။

  • လက်များ ၊ ခြေထောက်များတွင် ပွေးပေါက်ခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၄ ပါတ်လိမ်းရပါမယ်။

  • ပေါင်ခြံဧရိယာတစ်ဝိုက်တွင်ပွေးပေါက်ခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ်လိမ်းရပါမယ်။

  • ခြေချောင်းများတွင်ပွေးပေါက်ခြင်း။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၄ပါတ်ကနေ ၈ ပါတ်အထိ လိမ်းရပါမယ်။

  • ချိုင်းနှင့် ပေါင်ခြံများတွင် မှိုစွဲခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ် ကနေ ၄ ပါတ်အထိ လိမ်းရပါမယ်။

  • ခရုသင်းစွဲခြင်း ။

ကူးစက် မှုပုံစံနဲ့ ပြင်းထန် မှုအပေါ်မူတည်ပြီး ရောဂါဖြစ်တဲ့နေရာများနဲ့ ဘေးပတ်လည်အသားအရေ ကိုအုပ်မိအောင်ဆေးကိုလုံလောက်လောက် တစ်နေ့ကို ၂ ကြိမ် ၂ ပါတ် ကနေ ၄ ပါတ်အထိ လိမ်းရပါမယ်

၃နှစ်အောက်ကလေးငယ်များအတွက်တော့ ဆေးပမာဏကိုဖော်ပြမထားပါဘူး ။

ဆေးသုံးစွဲခြင်းဟာ ကလေးကိုစိတ်မချရပါဘူး ။ မသုံးစွဲခင်ဆေးရဲ့လုံခြုံစိတ်ချရမှုကို နားလည်ရန် အရေးကြီးပါတယ်။ သင့်ရဲ့ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ဆွေးနွေးသင့်ပါတယ်။

Calcrem (ကဲလ်ခရမ်) ကိုဘယ်လိုရရှိနိုင်သလဲ

Gel 1 % , လိမ်းဆေးရည် 1% စသည်ဖြင့် ပြင်းအားအမျိုးမျိုးနဲ့ရနိုင်ပါတယ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အနီးစပ်ဆုံးအရေးပေါ်ဝန်ဆောင်မှုကို ခေါ်ခြင်း သို့ အနီးစပ်ဆုံးအရေးပေါ်အခန်းကိုသွားရောက်ခြင်းများ ပြုလုပ်ရပါမယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

အကယ်၍ဆေးလိမ်းရန်မေ့လျော့ခဲ့ပါက သတိရရခြင်းလိမ်းသင့်ပါတယ်။ သတိရတဲ့အချိန်ဟာ နောက်တကြိမ်ဆေးလိမ်းရမယ့်အချိန်ဖြစ်နေရင်တောင်မှ ပုံမှန်အတိုင်းဆက်လိမ်းသင့်ပါတယ်။ ၂ ကြိမ်လိမ်းခြင်းမျိုးတော့မပြုလုပ်ရပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 13, 2017

ရင်းမြစ်များ