Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Generic Name: Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကို ဘာအတွက်အသုံးပြုကြသလဲ

Calcium chlorideကိုသွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းကြောင့်ဖြစ်သောကြွက်တက်ခြင်းအားအရေးပေါ်ကုသရာတွင်အသုံးပြုသည်။ ကြွက်တက်ခြင်း၏မူလအကြောင်းခံဇစ်မြစ်ပေါ်မူတည်၍ Calcium chloride အပြင်ဗီတာမင်ဒီသို့မဟုတ် parathyroid ဟော်မုန်းအစရှိသည်တို့ကိုလည်းတွဲဖက်ပေးရသည်။ အရေးပေါ်နှလုံးနှိုးခြင်းများတွင် (အထူးသဖြင့်နှလုံးခွဲစိတ်မှုအပြီးတွင်) epinephrine ကိုအသုံးပြုပြီးသော်လည်းနှလုံးကြွက်သားကောင်းစွာအလုပ်လုပ်ခြင်းမရှိသေးလျှင် Calcium chlorideကိုအသုံးပြုနိုင်သည်။Calcium chloride ၏အခြားသောအသုံးပြုပုံအသေးစိတ်တို့ကိုသင့်ဆရာဝန်နှင့်ဆွေးနွေးပါ။

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ဘယ်လိုသောက်သုံးသင့်သလဲ

Calcium chlorideကိုဆရာဝန်ညွှန်ကြားမှအသုံးပြုရပါမည်။ အသုံးပြုပုံနှင့်ပတ်သတ်၍မရှင်းလင်းသည်များရှိလျှင်သင့်ဆရာဝန်ကိုမေးမြန်းပါ။

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ဘယ်လိုသိမ်းဆည်းရမလဲ

ဆေးအများစုမှာအခန်းအပူချိန်တွင်သိုလှောင်ထားနိုင်ပါတယ်။

Calcium chlorideကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့Calcium chlorideကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ရေခဲအောင်သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။Calcium chlorideဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက်ဆေးဘူးအခွံမှာပါတဲ့သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကိုကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကိုကလေးတွေ၊အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Calcium chlorideကိုအိမ်သာထဲကိုပစ်ချတာနဲ့ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါဒါမှမဟုတ်သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့အရေးကြီးပါတယ်။ ဆေးဝါးများကိုစနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ဆေးဝါးအများစုကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင်သိမ်းဆည်းခြင်းတော့မပြုလုပ်ရပါ။

Calcium chlorideကိုရေခဲသေတ္တာထဲတွင်သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိနေလျှင်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူကိုအသိပေးပါ။

-ကိုယ်ဝန်ရှိနေလျှင်သို့မဟုတ်ကလေးနို့တိုက်နေလျှင်။ အဆိုပါအချိန်များတွင်ဆရာဝန်ညွှန်ကြားသောဆေးဝါးများကိုသာအသုံးပြုသင့်၍ဖြစ်သည်။

-အခြားသောဆေးများ ( ဆရာဝန်ညွှန်ကြားထားသော၊မညွှန်ကြားဘဲသောက်သုံးနေသောဆေးများ၊သဘာဝဆေးဘက်ဝင်ပစ္စည်းများ၊ ဖြည့်စွက်အားဆေးများအားလုံးပါဝင်ပါသည်)ကိုသုံးစွဲနေရလျှင်။

-သင့်တွင် Calcium chloride သို့မဟုတ် Calcium chlorideတွင်ပါဝင်သောပါဝင်ပစ္စည်းများသို့မဟုတ်အခြားဆေးဝါးများနှင့်ဓါတ်မတည့်မှုရှိလျှင်။

-ဓါတ်မတည့်သည့်လက္ခဏာများခံစားရဖူးလျှင်။(ဆေးသာမကအစားအသောက်၊ဆိုးဆေး၊အစားအစာများကိုတာရှည်ခံအောင်အသုံးပြုသည့်ပစ္စည်းများသို့မဟုတ်တိရစ္ဆာန်များနှင့်ဓါတ်မတည့်ခြင်းများပါအကျုံးဝင်သည်)။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကိုကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်တွင်အသုံးပြုလျှင်ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက်လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့်ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက်သင့်ရဲ့ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည်အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏သတ်မှတ်ချက်အရကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့် ××× ရှိသည်ဟုသတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စုအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ကိုယ်ဝန်ဆောင်များတွင်ထိခိုက်နိုင်ချေအဆင့်သတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့်အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့်ကလေးနို့တိုက်နေချိန်များတွင်စိတ်ချရမှုရှိမရှိကိုမသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ကောင်းကျိုးနှင့်ဆိုးကျိုးများကိုချိန်ဆနိုင်ရန်အတွက်သင်၏ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Calcium chlorideကဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Calcium chloride သည်အောက်ပါဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။

-ဓါတ်မတည့်သည့်လက္ခဏာများ —->ယားယံခြင်း၊အနီစက်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လည်ချောင်း၊လျှာများရောင်ရမ်းလာခြင်း။

-ပျို့ခြင်း၊ဗိုက်နာ/အောင့်ခြင်း၊ဝမ်းလျှောခြင်း၊ဝမ်းချုပ်ခြင်း၊လေထခြင်း၊အရေပြားတွင်အစက်များထွက်လာခြင်း၊ယားယံခြင်း၊သွေးတွင်းသို့မဟုတ်ဆီးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များခြင်း။

ယခုဖော်ပြပါဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင်မပါဝင်သည့်ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့်တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcium chlorideဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကိုလုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာဆရာဝန်ညွှန်ကြားထားတာတွေ၊မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန်ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကိုဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ရပ်ဆိုင်းခြင်း၊ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

Calcium chloride သည်အောက်ပါဆေးဝါးများနှင့်ဓါတ်ပြုနိုင်သည်။

-ဗီတာမင်ဒီ

-နှလုံးဆေးများ (ဥပမာ။။digoxin, cardiac glycosides)

-Tetrcyclines

-Thiazide အုပ်စုဝင်ဆီးဆေးများ

-အရိုးရောဂါကုဆေးများ (ဥပမာ။။Biphosphonates, sodium fluorides)

အစားအသောက်တွေနဲ့ အရက်က Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလား

Calcium chlorideကအစားအသောက်ဒါမှမဟုတ်အရက်သေစာနဲ့ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့အစားအသောက်၊အရက်သေစာတွေနဲ့ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) နဲ့ ဓါတ်ပြုနိုင်သလဲ

Calcium chlorideဟာသင့်ရဲ့နဂိုကျန်းမာရေးအခြေအနေများနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ်ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန်ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့အရေးကြီပါတယ်။ အထူးသဖြင့်

-parathyroid ဂလင်းအလွန်အကျွံအလုပ်လုပ်ခြင်းသို့မဟုတ်ခန္တာကိုယ်တွင်းဗီတာမင်ဒီအလွန်များခြင်း။

-သွေးထဲ၊ဆီးထဲတွင်ကယ်လ်ဆီယမ်ဓါတ်များပြားခြင်း၊ဆီးကျောက်တည်ခြင်းနှင့်အခြားကျောက်ကပ် ပြဿနာများရှိခြင်း။

-Galactosaemiaခေါ်ခန္တာကိုယ်ထဲရှိသကြားဓါတ်ကိုမချေဖျက်နိုင်သောရှားပါးသည့်မွေးရာပါရောဂါတမျိုး။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းအတွက်အရေးပေါ်ကုသရန်

—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၅မိနစ်မှ၁၀မိနစ်အတွင်းသွင်းရမည်။ ထို့နောက်လိုအပ်သလိုထပ်မံသွင်းနိုင်သည်။

နှလုံးခုန်အလွန်မြန်ခြင်းအတွက်အရေးပေါ်ကုသရန်

(ကယ်လ်ဆီယမ်နည်းခြင်း၊ပိုတက်ဆီယမ်များခြင်း၊မဂ္ဂနီဆီယမ်များခြင်းတို့နှင့်ဆက်စပ်သောနှလုံးခုန်အလွန်မြန်ခြင်းအတွက်)

—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၅မိနစ်မှ၁၀မိနစ်အတွင်းသွင်းရမည်။

မဂ္ဂနီဆီယမ်များခြင်းအတွက်

—->၅၀၀-၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်၂မိနစ်မှ၅မိနစ်အတွင်းသွင်းရမည်။ ထို့နောက်လူနာပြန်ကောင်းလာခြင်းရှိမရှိကိုစောင့်ကြည့်နေရမည်ဖြစ်ပြီးအာရုံကြောဆိုင်ရာလက္ခဏာများမသက်သာသေးလျှင်ထပ်မံပေးနိုင်သည်။

Calcium Channel Blocker ဆေးလွန်ခြင်းအတွက်

—->၁-၂ဂရမ်ကိုအကြောသွင်းဆေးအဖြစ်၁၀မိနစ်မှမိနစ်၂၀အတွင်းသွင်းရမည်။ လိုအပ်ပါကမိနစ်၂၀တခါနှုန်းဖြင့်၅ခါအထိထပ်သွင်းနိုင်သည်။

Beta-blocker ဆေးများလွန်ခြင်းအတွက်၊ Glucagon နှင့်Vasopressorဆေးများပမာဏများစွာပေးပြီးနောက်ပေးရန်အတွက်

—->၁၀၀၀မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်လည်ပင်းသွေးကြောမှတဆင့်ပေးရမည်။

သိထားသင့်သောအချက်များ။။Calcuim chloride 10% solution ၁ဂရမ် (၁၀စီစီ)တိုင်းတွင်ကယ်လ်ဆီယမ်ဓါတ်အသားတင်၂၇၃မီလီဂရမ်ပါဝင်သည်။

ကလေးတွေအတွက် Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သွေးတွင်းကယ်လ်ဆီယမ်ဓါတ်နည်းခြင်းအတွက်အရေးပေါ်ကုသရန်

မွေးကင်းစနှင့်လသားကလေးငယ်များ —–>အများဆုံး၇၅မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်သွင်းရမည်။ လိုအပ်ပါကထပ်ပေးနိုင်သည်။

အခြားကလေးများ —–>၇၅-၅၁၉မီလီဂရမ်ကိုအကြောသွင်းဆေးအဖြစ်သွင်းရမည်။ လိုအပ်ပါကထပ်ပေးနိုင်သည်။

ကယ်လ်ဆီယမ်ဓါတ်နည်းခြင်းကြောင့်ကြွက်တက်ခြင်းအတွက်

Calcium Chloride (ကယ်လ်စီယမ် ကလိုရိုက်) ကိုဘယ်လိုရရှိနိုင်သလဲ

Calcium chlorideကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့်အချိုးအစားများဖြင့်ရရှိနိုင်ပါတယ်။

100mg/ml (10%) အရည်

100mg/ml (10%) အရည်ကိုဆေးထိုးအပ်တွင်တခါတည်းပါဝင်သောပုံစံ။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ်ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Calcium chlorideကိုသောက်သုံးဖို့လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့နီးကပ်နေပြီဆိုရင်တော့လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကိုနှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

PasteTextHere Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုင် 15, 2017

ရင်းမြစ်များ