Bradosol (ဘရာဒိုစိုးလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Bradosol (ဘရာဒိုစိုးလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Bradosol (ဘရာဒိုစိုးလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Bradosol က ိုအများဆုံးအသုံးပြုကြသည်မှာ လည်ချောင်းနှင့် ခံတွင်းထဲတွင် ကူးစက်ရောဂါကို ဖြစ်စေသော ပိုးကောင်ငယ်များကို သေစေသည့် ပိုးသတ်ဆေးအနေနှင့် အသုံးပြုကြသည်။ အများအားဖြင့် Bradosol ကို လည်ချောင်းနာခြင်းကို ကုသရန်သုံးပါသည်။

Bradosol (ဘရာဒိုစိုးလ်) ဘယ်လိုသောက်သုံးသင့်သလဲ

Bradosol ကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်ပါ။ တိကျသော ဆေးညွှန်းကို သိရန် ဆေးဘူးပေါ်တွင်ပါသော တံဆိပ်ကို ဖတ်ပါ။

Bradosol (ဘရာဒိုစိုးလ်) ဘယ်လိုသိမ်းဆည်းရမလဲ

Bradosol ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Bradosol ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Bradosol

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Bradosol ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Bradosol ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Bradosol (ဘရာဒိုစိုးလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • Bradosol ထဲတွင် ပါဝင်သော ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • သင့်တွင် ရေနွေးပူလောင်ခြင်း၊ တိရိစ္ဆာန် တကောင်ကောင် အကိုက်ခံရခြင်းကဲ့သို့သော အနာများရှိလျှင်
  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်

အသက် ၂ နှစ်အောက်ကလေးများတွင် Bradosol ၏ စိတ်ချရမှုနှင့် အကျိုးသက်ရောက်မှုကို တိကျစွာဖော်ပြထားခြင်း မရှိသည့်အတွက် ဆေးမသောက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Bradosol (ဘရာဒိုစိုးလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Bradosol (ဘရာဒိုစိုးလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုငသော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ သင်ဆေးလိမ်းလိုက်သော နေရာတွင် ယားယံခြင်း၊ နီရဲခြင်းများဖြစ်လာပါက ဆရာဝန်နှင့် ပြသပါ။

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

  • ပြင်းထန်စွာ ဓါတ်မတည့်ခြင်း (အနီဖုများထွက်ခြင်း၊ အင်ပြင်ထခြင်း၊ယားယံလာခြင်း၊ အသက်ရှုကျပ်လာခြင်း၊ ရင်ကျပ်ခြင်း၊နှုတ်ခမ်း ၊ လျှာနှင့် လည်းချောင်းများရောင်ရမ်းလာခြင်း)
  • ကူးစက်ရောဂါပိုးဝင်ခြင်း
  • ပြင်းထန်စွာ၊ အဆက်မပြတ် နီရဲခြင်း၊ နာကျင်ခြင်း ၊ ရောင်ရမ်းခြင်းတို့ဖြစ်ခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Bradosol (ဘရာဒိုစိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Bradosol ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Bradosol (ဘရာဒိုစိုးလ်) နဲ့ ဓါတ်ပြုနိုင်သလား

Bradosol က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Bradosol (ဘရာဒိုစိုးလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Bradosol ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Bradosol (ဘရာဒိုစိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

ကလေးတွေအတွက် Bradosol (ဘရာဒိုစိုးလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Bradosol (ဘရာဒိုစိုးလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Bradosol ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဝ.၅ မီလီဂရမ် Bradosol

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Bradosol ကိုသောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲသောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017