Blephamide (ဘလီဖာမိုက်ဒ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Blephamide (ဘလီဖာမိုက်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Blephamide (ဘလီဖာမိုက်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Blephamide ဆေးရည်သည် ပိုးသတ်ဆေးနှင့် အရောင်ကျဆေးတွဲထားသည့်ဆေး အမျိုးအစားဖြစ် ပြီး ယားယံခြင်း၊ နီရဲခြင်း၊ မျက်စိရောင်ခြင်း၊ မျက်စိပိုးဝင်ခြင်း တို့ကို သက်သာစေပါသည်။

Blephamide (ဘလီဖာမိုက်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Blephamide® ကို ဆရာဝန် ညွှန်ကြားချက်အတိုင်းသောက်ပါ။ တိကျသော ဆေးညွှန်းကို သိရန် ဆေးဘူးပေါ်တွင်ပါသော တံဆိပ်ကို ဖတ်ပါ။

Blephamide (ဘလီဖာမိုက်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Blephamide® ကိုတိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာကအကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Blephamide® ကိုရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Blephamide®

ဆေးအမျိုးအစားနဲ့၊ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီးသိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုးဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုမေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Blephamide® ကိုအိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေဆေးချတာမျိုးကိုမလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာစနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Blephamide® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းကအကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Blephamide (ဘလီဖာမိုက်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များနှင့် ကိုက်ညီလျှင် ဆေးကို အသုံးမပြုမီ် ဆရာဝန်နှင့်တိုင်ပင်ရန် လိုအပ်သည်။

  • ကိုယ်ဝန်ဆောင်နေလျှင်၊ ကလေးယူရန် အစီအစဉ်ရှိလျှင်၊ ကလေးနို့တိုက်နေလျှင်
  • ညွှန်ကြားချက်ရှိသော/ မရှိသော ဆေးများ၊ တိုင်းရင်းဆေးများနှင့် ဖြည့်စွက်အာဟာရများ မှီဝဲနေလျှင်
  • အခြားသော ဆေး၊ အစားအစာများ၊ ပစ္စည်းများနှင့် ဓါတ်မတည့်ခြင်းရှိလျှင်
  • မျက်ကြည်လွှာပါးခြင်း၊ မျက်သားဖြူပါးခြင်း၊ ရေတိမ်၊ အတွင်းတိမ် ၊ မျက်သားခြောက်ခြင်း၊ ဆီးချို စသည်တိုက ခံစားနေရလျှင်
  • မျက်စိတွင် ဗိုင်းရပ်ပိုးဝင်ခြင်းကြောင့်ဖြစ်သော ရေယုန်၊ ရေကျောက် ဖြစ်ခြင်း၊ မျက်စိ တီဘီဖြစ်ခြင်း နှင့် မှိုရောဂါများဖြစ်ခြင်း
  • မကြာသေးမီက မျက်စိတိမ်ခွဲထားခြင်း
  • Blephamide®ဆေးရည် တွင်ပါဝင်သော ပစ္စည်းများ နှင့် dexamethasone , acetazolamide, celecoxib, hydrochlorothiazide, glyburide, probenecid, sulfamethoxazole, valdecoxib, zonisamide စသည့် Corticosteroid အုပ်စုများနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်
  • အောက်ပါတို့သည် သင့်အတွက် အရေးကြီးသော သတင်းအချက်အလက်များ ဖြစ်နိုင်ပါသည်။
    • Blephamide®ဆေးရည် သည် မျက်စိအမြင်ဝါးစေပါသည်။ အထူးသဖြင့် အရက်၊ အခြားသော ဆေးအချို့နှင့် တွဲသောက်လျှင် ပိုဝါးစေသောကြောင့် သတိနှင့်သောက်သင့်ပါသည်။ ဓါတ်ပြုမှုဖြစ်စဉ်များကို သေချာစွာမသိဘဲ မသောက်သုံးသင့်ပါ။
    • သင့်ရောဂါလက္ခဏာများ သည် ၂ ရက်အကြာတွင် တိုးတက်မှုမရှိခြင်း၊ ပိုဆိုးလာခြင်းများ ရှိလာသော် ဆရာဝန်ထံပြသပါ။
    • Blephamide®ဆေးရည်ကို ဆေးပတ်လည်အောင် မသောက်ပါ က သင့်ရောဂါများကို အမြစ်ပြတ်အောင် ပျောက်ကင်းစေလိမ့်မည်မဟုတ်ပါ။ ထိုအခါ အခြားသော ကူးစက်ရောဂါပိုးများဝင်ရောက်ရန် ပိုလွယ်ကူလာပြီး နောင်တွင် ကုရခက်စေပါသည်။
    • Blephamide®ဆေးရည်ကို ရေရှည်သုံးစွဲခြင်းကလည်း ဒုတိယအကြိမ် ပိုးဝင်ခြင်းကိုဖြစ်စေပါသည်။ ထိုသို့ဖြစ်လာလျှင် ဆရာဝန်အားပြောပါ။ သင့်ဆေးများကို ပြောင်းလဲရန် လိုအပ်လာနိုင်သည်။
    • Blephamide®ဆေးရည်သောက်နေလျှင် လိုအပ်သည့် ကုသမှု၊ ခွဲစိတ်မှုများမပြုလုပ်မီ ဆရာဝန်၊ သွားဆရာဝန်များကို ကြိုပြောပါ။
    • ဆရာဝန်မညွှန်ကြားပဲနှင့် သင် နောက်ထပ်ဖြစ်လာသည့် မျက်စိပိုးဝင်ခြင်းများကို Blephamide®ဆေးရည် အသုံးမပြုပါနှင့်။

    အသက် ၆ နှစ်အောက်ကလေးများတွင် Blephamide®ဆေးရည် ၏ စိတ်ချရမှုနှင့် အကျိုးသက်ရောက်မှုကို တိကျစွာဖော်ပြထားခြင်း မရှိသည့်အတွက် ဆေးမသောက်မီ ဆရာဝန်နှင့် တိုင်ပင်ရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Blephamide (ဘလီဖာမိုက်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကိုဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကိုချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Blephamide (ဘလီဖာမိုက်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဆေးတိုင်းသည် ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သော်လည်းလူတဦးနှင့်တဦးအပေါ်မူတည်ပြီး မတူညီပါ။ အောက်ပါ ဘေးထွက်ဆိုကျိုးများဖြစ်လာပါက ဆရာဝန်နှင့် ပြသပါ။

  • ခဏတာ ပူစပ်ပူလောင်ဖြစ်ခြင်း

အောက်ပါပြင်းထန်သော ဆိုးကျိုးများခံစားရပါက ဆရာဝန်နှင့် ပြသရမည်ဖြစ်သည်။

  • အနီဖုများထွက်ခြင်း
  • အင်ပြင်ထခြင်း
  • ယားယံလာခြင်း
  • အသက်ရှုကျပ်လာခြင်း
  • ရင်ကျပ်ခြင်း
  • နှုတ်ခမ်း၊လျှာနှင့်လည်းချောင်းများရောင်ရမ်းလာခြင်း
  • အမြင် အာရုံများပြောင်းလဲလာခြင်း
  • မျက်စိနာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ အနာများဖြစ်ခြင်း
  • ချမ်းတုန်ဖျားခြင်း၊ လည်ချောင်းနာခြင်း
  • ရေပြားပေါ်တွင် နီရဲရောင်ရမ်းပြီး အရည်ကြည်ဖုများပေါက်ခြင်း
  • ပြင်းထန်စွာ၊ တသက်လုံး မျက်စိဝါးခြင်း
  • မောပန်းခြင်း၊ အားနည်းခြင်း
  • မျက်လုံးနှင့် အသားများ ဝါလာခြင်း

(ယေဘူယျအသိပေးချက်ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာတစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Blephamide (ဘလီဖာမိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Blephamide® ဟာသင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲသောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကိုအမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲသောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Blephamide®တွင် ပါဝင်သော Silver nitrate သည် ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်ချေကို ပိုဆိုးစေပါသည်။

အစားအသောက်တွေနဲ့ အရက်က Blephamide (ဘလီဖာမိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလား

Blephamide® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကိုမေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Blephamide (ဘလီဖာမိုက်ဒ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Blephamide® ဟာသင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကိုပိုဆိုးသွားစေတာဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကိုသင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုအသိပေးဖို့ အရေးကြီပါတယ်။ }

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Blephamide (ဘလီဖာမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

  • သတ်မှတ်ထားသော ပမာဏမှာ ၄ နာရီခြား ၂ စက်

သို့မဟုတ်

  • တနေ့လျှင် ၃-၄ ကြိမ် သို့မဟုတ် ညအိပ်ရာမဝင်မီ ၁-၂ ကြိမ် မျက် စဉ်းခတ်နိုင်သည်။
  • သက်သာလာသည်နှင့် အမျှ အများဆုံး ၂၀ မီလီ သို့မဟုတ် ၈ ဂရမ် အထိ ဆေးပမာဏညှိပြီး အသုံးပြုနိုင်သည်။

အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

ကလေးတွေအတွက် Blephamide (ဘလီဖာမိုက်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာဘယ်လောက်အချိုးအစားပေးရမလဲဆိုတာအတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာစိတ်ချရမှုအနေအထားကိုအပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ)

Blephamide (ဘလီဖာမိုက်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Blephamide® ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • မျက်စိအစက်ချဆေးရည် – ၅ မီလီပါဆေးဘူး
  • မျက်စိအစက်ချဆေးရည် – ၁၅ မီလီပါဆေးဘူး
  • Sulfacetamide sodium ၁၀၀ မီလီဂရမ်/ ၁ မီလီ နှင့် prednisolone acetate ၂ မီလီဂရမ်/ ၁ မီလီ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာအရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Blephamide® ကိုသုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာအမြန်ဆုံးသုံးပါ။ သို့သော်လည်းနောက်တစ်ကြိမ်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကိုကျော်ပြီးပုံမှန်အချိန်မှာပဲ သုံးလိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးတာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတ် 20, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 30, 2017