backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Bisolvon (ဘိုင်ဆိုဗွန် )


Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Bisolvon (ဘိုင်ဆိုဗွန် ) ကို ဘာအတွက်အသုံးပြုကြသလဲ

ပုံမှန်မဟုတ်တဲ့ချွဲတွေထွက်ခြင်းနှင့် ပို့ဆောင်မှုပုံမှန်မဟုတ်ခြင်းတွေနဲ့အတူတွေ့ရတဲ့ ယာယီနဲ့ နာတာရှည်လေပြွန်ရောဂါတွေမှာ အသုံးပြုနိုင်ပါတယ်။

Bisolvon (ဘိုင်ဆိုဗွန် ) ဘယ်လိုသောက်သုံးသင့်သလဲ

ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း သောက်နိုင်ပါတယ်။

Bisolvon (ဘိုင်ဆိုဗွန် ) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့

စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။ ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။ ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့ ်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Bisolvon (ဘိုင်ဆိုဗွန် ) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရရင်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Bisolvon® သို့ အခြားသောဆေးများနဲ့ ဓါတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Bisolvon (ဘိုင်ဆိုဗွန် ) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    Bisolvon (ဘိုင်ဆိုဗွန် ) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    ဒီဆေးကိုအသုံးပြုခြင်းကြောင့် အောက်ပါဘေးထွက်ဆိုးကျိုးတွေ တွေ့နိုင်ပါတယ်။

    အူလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်ခြင်း

    သွေးရည်ကြည် transaminaseပမာဏယာယီတက်ခြင်း

    လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    ဘယ်ဆေးတွေက Bisolvon (ဘိုင်ဆိုဗွန် ) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

    အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

    • Erythromycin အရစ်သရိုမိုင်ဆင်
    • Cephalexin ကဖယ်လဆင်
    • Amoxycillin

    အစားအသောက်တွေနဲ့ အရက်က Bisolvon (ဘိုင်ဆိုဗွန် ) နဲ့ ဓါတ်ပြုနိုင်သလား

    အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးုဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်ရောဂါအခြေအနေတွေက Bisolvon (ဘိုင်ဆိုဗွန် ) နဲ့ ဓါတ်ပြုနိုင်သလဲ

    သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

  • အဆုတ်ကုူးစက်ပိုးဝင်ရောဂါ
  • အနားယူချိန် အသက်ရှူရခက်ခြင်း
  • ချွဲထဲသွေးပါခြင်း
  • ဖျားခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နာတာရှည်လေပြွန်ပိတ်ရောဂါ
  • ပြင်းထန်အဆင့် ပန်းနာရင်ကျပ်ရောဂါ
  • အစာအိမ်နာ
  • အသည်းကျောက်ကပ်ပြဿနာများ
  • သောက်သုံးရန်အညွှန်း

    ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

    အရွယ်ရောက်ပြီးသူတွေအတွက် Bisolvon (ဘိုင်ဆိုဗွန် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အရွယ်ရောက်ပြီးသူတွေနဲ့ အသက်၁၂နှစ်အောက်ကလေးများအတွက် 10 mL (8 mg)

    ကလေးတွေအတွက် Bisolvon (ဘိုင်ဆိုဗွန် ) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    အသက်၇နှစ်မှ၁၂နှစ်အထိ 5 mL (4 mg).

    အသက်၂နှစ်မှ၆နှစ်အထိ 2.5 mL (2 mg).

    အသက်၂နှစ်အောက် 1.25 mL (1 mg).

    Bisolvon (ဘိုင်ဆိုဗွန် ) ကိုဘယ်လိုရရှိနိုင်သလဲ

    အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

    ဆေးပြား 8mg, 16mg, 24mg

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Hello Sayarwon မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement