Generic Name: Betaserc (ဘီတာဟစ်တင်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Betaserc (ဘီတာဟစ်တင်း) ကို ဘာအတွက်အသုံးပြုကြသလဲ

နားအတွင်းပိုင်း သာမန်ထက်များလာတဲ့အရည်တွေရဲ ဖိအားကြောင့် တဖြည်းဖြည်းနားလေးလာပြီး ခေါင်းမူးခြင်းနှင့်နားအူခြင်းတို့ ဖြစ်သောရောဂါ အတွက်သုံးပါတယ်။

Betaserc (ဘီတာဟစ်တင်း) ဘယ်လိုသောက်သုံးသင့်သလဲ

ရေလုံလုံလောက်လောက် (တစ်ဖန်ခွက်စာ) နဲ့အတူ တစ်ခုလုံးမျိုချရမှာဖြစ်ပါတယ်။ အစာနဲ့တွဲပြီး သို့ အစားစားပြီးသောက်သင့်ပါတယ်။

Betaserc (ဘီတာဟစ်တင်း) ဘယ်လိုသိမ်းဆည်းရမလဲ

အလင်းရောင်တိုက်ရိုက်ကျရောက်တဲ့နေရာနဲ့စိုထိုင်းဆရှိတဲ့နေရာတွေနဲ့ဝေးဝေး အခန်းအပူချိန်မှာထားသင့်အပါတယ်။

ဆေးမပျက်စီးအောင် ကာကွယ်ဖို့ ရေချိုးခန်းရေခဲသေတ္တာစတာတွေထဲမှာ မသိမ်းသင့်ပါဘူး။ အမျိုးအစားပေါ်မူတည်ပြီး သိမ်းဆည်းနိုင်တဲ့ပုံစံတွေလည်း ကွဲနိုင်ပါတယ်။ ဆေးညွှန်းမှာပါတဲ့အတိုင်း သေချာသိမ်းဖို့ အရေးကြီးပါတယ်။

ကလေးတွေနဲ့အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးဝေးမှာ ထားသင့်ပါတယ်။ ရေမြောင်းတွေအိမ်သာစတာတွေထဲကို ညွှန်ထားထားခြင်းမရှိဘူးဆိုရင် သွန်ပစ်ခြင်းမျိုးမလုပ်သင့်ပါဘူး။ သတ်မှတ်ထားတဲ့အသုံးပြုနိုင်တဲ့နေ့ရက်ကျော်သွားပြီဆိုရင် သို့်မလိုအပ်တော့ဘူးဆိုရင် သေချစွန့်ပစ်သင့်ပါတယ်။ ဘယ်လိုစိတ်ချလက်ချစွန့်ပစ်နိုင်လဲဆိုတာတွေကို  ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်နိုင်ပါတယ်။

 

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Betaserc (ဘီတာဟစ်တင်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

 မသုံးခင်မှာ အောက်ပါအချက်တွေရှိခဲ့မယ်ဆိုရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ဆောင်မိခင် သို့ နို့တိုက်မိခင်ဖြစ်ခဲ့ရင်
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ဆေးကိုသာ သောက်သင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
  • အခြားဆေးတွေမှီဝဲနေရ၇င်
  • ဆရာဝန်ညွှန်ကြားခြင်းမရှိဘဲ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖြည့်စွက်ဆေးစတဲ့ မည်သို့သောဆေးမျိုးမဆို ပါဝင်ပါတယ်။
  • Betaserc® သို့ အခြားသောဆေးများနဲ့ ဓာတ်မတည့်မှုတွေရှိခဲ့မယ်ဆိုရင်
  • အခြားသောမကျန်းမာမှုတွေရှိခဲ့မယ်ဆိုရင်

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Betaserc (ဘီတာဟစ်တင်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့်တိုက်ကျွေးနေချိန်မှာ စိတ်ချလက်ချသုံးနိုင်တယ်လို့တော့ မပြောနိုင်သေးပါဘူး။ မသုံးခင်မှာ ရလာနိုင်တဲ့အကျိုးဆက်တွေကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Betaserc (ဘီတာဟစ်တင်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။

  • မအီမသာဖြစ်ခြင်း
  • အော့အန်ခြင်း
  • အစာမကျေခြင်း
  • ဗိုက်အောင့်ခြင်း
  • လေပွခြင်း
  • ခေါင်းကိုက်ခြင်း
  • သွေးပေါင်ကျခြင်း
  • အနေအထားပြောင်းသွေးပေါင်ကျခြင်း ( ထိုင်နေရာမှ လဲလျောင်းနေရာမှ ရုတ်တရက်ထလိုက်ခြင်းကြောင့် သွေးပေါင်ရုတ်တရက်ထိုးကျခြင်း)
  • ဓာတ်မတည့်ခြင်း

လူတိုင်းတော့ မကြုံရနိုင်ပါဘူး။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောဘေးထွက်ဆိုးကျိုးတွေလည်းရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Betaserc (ဘီတာဟစ်တင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

သင်လတ်တလောမှီဝဲနေတဲ့အခြားဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးတွေ ပိများလာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဒါတွေကို ရှောင်နိုင်ဖို့အတွက်ဆိုရင်တော့ သင်မှီဝဲနေတဲ့ ဆေးစာရင်းတွေကို ဆရာဝန်တွေဆေးဝါးတတ်ကျွမ်းနားလည်သူတွေကိုပြော ပြထားသင့်ပါတယ်။ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးရပ်လိုက်တာမျိုးတွေဆေးစသောက်တာမျိုးတွေ ဆေးပမာဏပြောင်းတာမျိုးတွေ မလုပ်သင့်ပါဘူး။

အောက်ဖော်ပြပါဆေးတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။

  • မိုကလိုဘီမိုဒ်
  • Selegiline
  • Isocarboxazid
  • Phenelzine
  • Dimenhydrinate
  • Diphenhydramine
  • Cinnarizine
  • Cetirizineနဲု Selegiline
  • Isocarboxazid
  • Phenelzine
  • Dimenhydrinate
  • Diphenhydramine
  • Cinnarizine

•       Cetirizineနဲ့ အခြားသောဆေးများ

အစားအသောက်တွေနဲ့ အရက်က Betaserc (ဘီတာဟစ်တင်း) နဲ့ ဓာတ်ပြုနိုင်သလား

အပြန်အလှန်သက်ရာက်မှုတွေကြောင့် ဆေးအာနိသင်ပြောင်းသွားတာတွေ ဘေးထွက်ဆိုးကျိုးပိုများလာတွေ တွေ့နိုင်ပါတယ်။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ရလာနိုင်တဲ့အကျိုးဆက်တွေကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်ရောဂါအခြေအနေတွေက Betaserc (ဘီတာဟစ်တင်း) နဲ့ ဓာတ်ပြုနိုင်သလဲ

သင့်ကျန်းမာရေးအခြေအနေတွေကို သက်ရောက်နိုင်ပါတယ်။ သင့်ကျန်းမာရးအခြေအနေပိုဆိုးသွားတာမျိုး ဆေးအာနိသင်ပြောင်းသွာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လတ်တလောကျန်းမာရေးအခြေအနေတွေ မှန်သမျှကို သင့်ဆရာဝန်နဲ့ တတ်ကျွမ်းနားလည်သူတွေကို ပြောပြထားသင့်ပါတယ်။

  • Phaeochromocytoma ( အဒရီနယ်ဂလင်းဆိုင်ရာအကျိတ်ဖြစ်ခြင်းကြောင့် သွေးပေါင်တက်ခြင်း)
  • အစာအိမ်အူအနာဖြစ်ခြင်း
  • ပန်းနာရင်ကျပ်ရောဂါ
  • အရေပြားအရည်ကြည်အိတ်လေးများပေါ်ခြင်း

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Betaserc (ဘီတာဟစ်တင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

တစ်နေ့သုံးကြိမ် 8 mg

 

 

 

 

ကလေးတွေအတွက် Betaserc (ဘီတာဟစ်တင်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးတွေအတွက် ပမာဏကိုသတ်မှတ်မထားပါဘူး။ ကလေးတွေအတွက် စိတ်မချရမှုတွေဖြစ်နိုင်ပါတယ်။ အသုံးမပြုခင်မှာ စိတ်ချရမှုနဲ့ပတ်သက်ပြီး ပြည့်ပြည့်ဝဝနားလည်ထားသင့်ပါတယ်။ ပိုပြီးသိလိုတာတွေကို သင့်ဆရာဝန်တတ်ကျွမ်းနားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Betaserc (ဘီတာဟစ်တင်း) ကိုဘယ်လိုရရှိနိုင်သလဲ

အောက်ပါပုံစံတွေနဲ့ ရနိုင်ပါတယ်။

ဆေးပြား 8mg, 16mg, 24mg

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဒီလိုအခြေအနေမျိုးတွေမှာ ပြည်တွင်းကျန်းမာရေးဝန်ဆောင်မှုတွေ သို့မဟုတ် အနီးဆုံးအရးပေါ်ခန်းတွေကို ဆက်သွယ်သင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

တတ်နိုင်သမျှမြန်မြန် မှီဝဲသင့်ပါတယ်။ နောက်တစ်ကြိမ်မှီဝဲရမယ့်အချိန်နဲ့ နီးကပ်နေမယ်ဆိုရင် လွတ်သွားတဲ့ပမာဏကို ကျော်ပြီး အချိန်စာရင်းအတိုင်း ပုံမှန်ဆက်သောက်သင့်ပါတယ်။ နှစ်ကြိမ်အသုံးပြုဖို့မလိုပါဘူး။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ နိုဝငျဘာ 16, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝငျဘာ 16, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ