Betamethasone (ဘီတာမီသစုန်း) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Generic Name: Betamethasone (ဘီတာမီသစုန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Betamethasone (ဘီတာမီသစုန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

Betamethasone ကို အရေပြားရောဂါတွေဖြစ်တဲ့ နှင်းခူနာ၊ Psoriasis သို့ ဓါတ်မတည့်ခြင်းတွေအတွက် အသုံးပြုကြပါတယ်။ Betamethasone ဟာ ရောင်ရမ်းခြင်း၊ ယားယံခြင်းနဲ့ နီမြန်းခြင်းတွေကို သက်သာစေပါတယ်။

Betamethasone (ဘီတာမီသစုန်း) ဘယ်လိုသောက်သုံးသင့်သလဲ

Betamethasone ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း (သို့) အညွှန်းထဲမှာ ရေးထားတဲ့အတိုင်း လိမ်းပေးသင့်ပါတယ်။
• Betamethasone ကို အရေပြားပေါ်မှာ လိမ်းပါ။
• မျက်နှာ၊ ပေါင်ခြံ၊ လက်မောင်းအောက် သို့ diaper rash တွေအတွက်လိုမျိုး အထိမခံတဲ့ အသားအရည်တွေမှာလိမ်းမယ်ဆို ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
• ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။
• ဆရာဝန်ညွှန်ကြားထားတဲ့အချိန်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။
• နှစ်ပတ်ကြာပြီး မသက်သာရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။
• ဆေးမလိမ်းခင် အနာဖြစ်တဲ့နေရာဟာ သန့်ရှင်းခြောက်သွေ့နေဖို့ လိုအပ်ပါတယ်။
• ဆေးထားတဲ့လက်နဲ့ အနာဖြစ်ရာနေရာကို Betamethasone ပါးလွှာစွာ လိမ်းပေးပြီး ငြင်သာစွာ ပွတ်ပေးသင့်ပါတယ်။
• အနာဖြစ်ရာနေရာကို သန့်ရှင်းအောင် ထားသင့်ပါတယ်။
• ဆရာဝန်ညွှန်ကြားမှု မရှိရင် အနာကို ကာထားခြင်း၊ ပတ်တီးစည်းခြင်းတွေ မပြုလုပ်သင့်ပါဘူး။
• ဒီဆေးကို အရည်ပုံစံနဲ့ အသုံးပြုမယ်ဆိုရင် မသုံးခင် ပုလင်းကို လှုပ်သင့်ပါတယ်။
• ရေတိမ်ကို ဖြစ်စေ (သို့) ပိုဆိုးစေတာကြောင့် မျက်စိထဲမဝင်စေသင့်ပါဘူး။ မျက်စိထဲဝင်သွားရင် ရေအများကြီးနဲ့ ဆေးသင့်ပါတယ်။
• ဒီဆေးကို နှာခေါင်း (သို့) ပါးစပ်အတွင်း

  • ဝင်ရောက်ခြင်းကလည်း ရှောင်ကျဉ်သင့်ပါတယ်။ ဒီနေရာတွေကို ထိမိသွားရင်လည်း ရေများများနဲ့ ဆေးသင့်ပါတယ်။

Betamethasone (ဘီတာမီသစုန်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Betamethasone ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Betamethasone ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Betamethasone ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Betamethasone ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Betamethasone (ဘီတာမီသစုန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ဓါတ်မတည့်ရင် – Betamethasone, Betamethasone ပါဝင်ပစ္စည်းများ၊ ဒီအကြောင်းကို ဆေးညွှန်းထဲမှာ အသေးစိတ်ဖေါ်ပြထားပါတယ်။
  • အခြားဆေးတွေ၊ အစားအသောက်တွေ၊ ဆိုးဆေးတွေ၊ ထပ်ထည့်ဆေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်ရင်
  • ကလေးတွေမှာ – အသက် ၆ နှစ်အောက်ကလေးတွေမှာ ဆရာဝန်ညွှန်ကြားချက်မရှိပဲ အသုံးမပြုသင့်ပါဘူး။
  • အခြားကျန်းမာရေးအခြေအနေတွေ ရှိရင်
  • ကင်ဆာဆေးတွေ၊ အခြားလိမ်းဆေးတွေ၊ ဗီတာမင်၊ အရေပြားရောဂါ၊ ဆီးချို၊ ရေတိမ်၊ cataracts၊ သွေးရောဂါ (သို့) ကိုယ်ခံအားဆိုင်ရာ ဆေးတွေ သောက်နေရင်
  • ကိုယ်ဝန်ဆောင် (သို့) နို့တိုက်ခြင်း

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Betamethasone (ဘီတာမီသစုန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယေဘူယျအသိပေးချက်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။

ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Betamethasone (ဘီတာမီသစုန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Betamethasone အသုံးပြုရင် အဖြစ်များတဲ့ ဆိုးကျိုးတွေကတော့ ပူလောင်ခြင်း၊ ယားယံခြင်း၊ လိမ်းထားတဲ့ နေရာမှာ ကိုက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ်။ အဖြစ်နည်းတဲ့ ဆိုးကျိုးတွေကတော့ ဆံပင်ကျွတ်ခြင်း (သို့) ဆံပင်ပါးခြင်းတို့ပဲဖြစ်ပါတယ်။
အခြားဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့
• အရည်ကြည်ဖု ထခြင်း၊ ပူလောင်ခြင်း၊ အရေခွံကွာခြင်း၊ ခြောက်သွေ့ခြင်း
• ယားယံခြင်း
• နီမြန်းခြင်း၊ နာခြင်း၊ အရေပြားရောင်ခြင်း
• ပါးစပ်တစ်ပတ်လည်မှာ နီရဲခြင်း၊ အရေခွံကွာခြင်း
• အရေပြားပါလွှာခြင်း၊ အညိုအမဲစွဲလွယ်ြခ်ငး
ဒီဆေးဟာ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ခဲပါတယ်။ ဒါပေမယ့် သင့်မှာ အောက်ပါ ပြင်းထန်တဲ့ လက္ခဏာတွေ ကြုံနေရရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
• ပူလောင်ခြင်း၊ ယားယံခြင်း၊ ထုံကျင်ခြင်း
• ဝက်ခြံပေါက်ခြင်း
• အရေပြားမှာ ပင်အပ်အရွယ် အရေကြည်ဖုပေါက်ပြီး ပူလောင်ယားယံခြင်း
• အမွှေးပေါက်တဲ့နေရာမှာ ပူလောင် ယားယံ နာကျင်ခြင်း
• နဖူး၊ နောက်ကျော၊ လက်၊ ခြေထောက်တွေမှာ အမွှေးပိုပေါက်လာခြင်း
• အသားပိုဖြူလာခြင်း
• ညိုနေတဲ့ ကုသထားတဲ့အသားပိုဖြူလာခြင်း
• လက်၊ မျက်နှာ၊ ခြေထောက်၊ ကိုယ်ခန္ဓါ၊ ပေါက်ခြံတွေမှာ ခရမ်းရောင် အကြောင်းတွေ ဖြစ်ခြင်း
• အသားပျော့လာခြင်း
ယေဘူယျအသိပေးချက် – ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Betamethasone (ဘီတာမီသစုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Betamethasone ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
Betamethasone ဟာ အောက်ပါဆေးတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ ActoPlus Met (metformin / pioglitazone); ActoPlus Met XR (metformin / pioglitazone); Actos (pioglitazone); Afrezza (insulin inhalation, rapid acting); albiglutide; alogliptin; alogliptin / metformin; alogliptin / pioglitazone; Amaryl (glimepiride); Apidra (insulin glulisine); Apidra Solostar (insulin glulisine); Avandamet (metformin / rosiglitazone); Avandaryl (glimepiride / rosiglitazone); Avandia (rosiglitazone); Basaglar (insulin glargine); Bydureon (exenatide); Byetta (exenatide); canagliflozin; canagliflozin / metformin; chlorpropamide; dapagliflozin; dapagliflozin / metformin; DiaBeta (glyburide); Diabinese (chlorpropamide); Duetact (glimepiride / pioglitazone); dulaglutide; Dymelor (acetohexamide); empagliflozin; empagliflozin / linagliptin; empagliflozin / metformin; exenatide; Exubera (insulin inhalation, rapid acting); Farxiga (dapagliflozin); Fortamet (metformin); glimepiride; glimepiride / pioglitazone; glimepiride / rosiglitazone; glipizide; GlipiZIDE XL (glipizide); glipizide / metformin; Glucophage (metformin); Glucophage XR (metformin); Glucotrol (glipizide); Glucotrol XL (glipizide); Glucovance (glyburide / metformin); Glumetza (metformin); glyburide; glyburide / metformin; Glycron (glyburide); Glynase (glyburide); Glynase PresTab (glyburide); Glyset (miglitol); Glyxambi (empagliflozin / linagliptin); Humalog (insulin lispro); Humalog KwikPen (insulin lispro); Humalog Mix 50 / 50 (insulin lispro / insulin lispro protamine); Humalog Mix 50 / 50 KwikPen (insulin lispro / insulin lispro protamine); Humalog Mix 50 / 50 Pen (insulin lispro / insulin lispro protamine); Humalog Mix 75 / 25 (insulin lispro / insulin lispro protamine); Humalog Mix 75 / 25 KwikPen (insulin lispro / insulin lispro protamine); Humalog Mix 75 / 25 Pen (insulin lispro / insulin lispro protamine); Humalog Pen (insulin lispro); Humulin 50 / 50 (insulin isophane / insulin regular); Humulin 70 / 30 (insulin isophane / insulin regular); Humulin 70 / 30 Pen (insulin isophane / insulin regular); Humulin L (insulin zinc); Humulin N (insulin isophane); Humulin N Pen (insulin isophane); Humulin R (insulin regular); Humulin R U-500 (Concentrated) (insulin regular); Humulin R U-500 KwikPen (insulin regular); Humulin U (insulin zinc extended); Iletin II Lente Pork (insulin zinc); Iletin II NPH Pork (insulin isophane); Iletin II Regular Pork (insulin regular); Iletin Lente (insulin zinc); Iletin NPH (insulin isophane); Iletin Regular (insulin regular); insulin; insulin aspart; insulin aspart protamine; insulin aspart / insulin aspart protamine; insulin aspart / insulin degludec; insulin degludec; insulin detemir; insulin glargine; insulin glulisine; insulin inhalation, rapid acting; insulin isophane; insulin isophane / insulin regular; Insulin Lente Pork (insulin zinc); insulin lispro; insulin lispro protamine; insulin lispro / insulin lispro protamine; Insulin Pork Mix (insulin isophane / insulin regular); Insulin Purified NPH Pork (insulin isophane); Insulin Purified Regular Pork (insulin regular); insulin regular; insulin zinc; insulin zinc extended; Invokamet (canagliflozin / metformin); Invokana (canagliflozin); Janumet (metformin / sitagliptin); Janumet XR (metformin / sitagliptin); Januvia (sitagliptin); Jardiance (empagliflozin); Jentadueto (linagliptin / metformin); Jentadueto XR (linagliptin / metformin); Juvisync (simvastatin / sitagliptin); Kazano (alogliptin / metformin); Kombiglyze XR (metformin / saxagliptin); Lantus (insulin glargine); Lantus OptiClik Cartridge (insulin glargine); Lantus Solostar (insulin glargine); Lente Iletin II (insulin zinc); Levemir (insulin detemir); linagliptin; linagliptin / metformin; liraglutide; Metaglip (glipizide / metformin); metformin; metformin / pioglitazone; metformin / repaglinide; metformin / rosiglitazone; metformin / saxagliptin; metformin / sitagliptin; Micronase (glyburide); miglitol; nateglinide; Nesina (alogliptin); Novolin 70 / 30 (insulin isophane / insulin regular); Novolin 70 / 30 Innolet (insulin isophane / insulin regular); Novolin 70 / 30 PenFill (insulin isophane / insulin regular); Novolin L (insulin zinc); Novolin N (insulin isophane); Novolin N Innolet (insulin isophane); Novolin N PenFill (insulin isophane); Novolin R (insulin regular); Novolin R Innolet (insulin regular); Novolin R PenFill (insulin regular); Novolog (insulin aspart); NovoLog FlexPen (insulin aspart); NovoLog Mix 50 / 50 (insulin aspart / insulin aspart protamine); NovoLog Mix 70 / 30 (insulin aspart / insulin aspart protamine); NovoLog Mix 70 / 30 FlexPen (insulin aspart / insulin aspart protamine); Novolog Mix 70 / 30 PenFill (insulin aspart / insulin aspart protamine); NovoLog PenFill (insulin aspart); NPH Insulin (insulin isophane); Onglyza (saxagliptin); Orinase (tolbutamide); Oseni (alogliptin / pioglitazone); pioglitazone; pramlintide; PrandiMet (metformin / repaglinide); Prandin (repaglinide); Precose (acarbose); Relion Novolin 70 / 30 Innolet (insulin isophane / insulin regular); Relion Novolin N (insulin isophane); ReliOn / Humulin R (insulin regular); ReliOn / Novolin 70 / 30 (insulin isophane / insulin regular); ReliOn / Novolin R (insulin regular); repaglinide; Rezulin (troglitazone); Riomet (metformin); rosiglitazone; Ryzodeg 70 / 30 (insulin aspart / insulin degludec); saxagliptin; Saxenda (liraglutide); simvastatin / sitagliptin; sitagliptin; Starlix (nateglinide); Symlin (pramlintide); Symlin Pen (pramlintide); SymlinPen 120 (pramlintide); SymlinPen 60 (pramlintide); Synjardy (empagliflozin / metformin); Tanzeum (albiglutide); Tol-Tab (tolbutamide); tolazamide; tolbutamide; Tolinase (tolazamide); Toujeo (insulin glargine); Toujeo Solostar (insulin glargine); Tradjenta (linagliptin); Tresiba (insulin degludec); troglitazone; Trulicity (dulaglutide); Velosulin BR (insulin regular); Victoza (liraglutide); Xigduo XR (dapagliflozin / metformin).

အစားအသောက်တွေနဲ့ အရက်က Betamethasone (ဘီတာမီသစုန်း) နဲ့ ဓါတ်ပြုနိုင်သလား

ယေဘူယျအသိပေးချက် – Betamethasone က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Betamethasone (ဘီတာမီသစုန်း) နဲ့ ဓါတ်ပြုနိုင်သလဲ

ယေဘူယျအသိပေးချက် – Betamethasone ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ဆီးချို
• Diaper rash
• Hyperadrenocorticism
• အခြားကူးစက်ရောဂါများ
• မျက်လုံးပြဿနာများ

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Betamethasone (ဘီတာမီသစုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Dermatitis အတွက် လူကြီးတွေမှာ

  • ခရင်မ်၊ ဂျယ်၊ လိမ်းဆေး – တစ်နေ့ကို အနာကို တစ်ခေါက် (သို့) နှစ်ခေါက်လိမ်းပေးနိုင်ပါတယ်။
  • လိုးရှင်း – တစ်နေ့ကို နှစ်ကြိမ်လိမ်းနိုင်ပါတယ်။
  • တစ်ပတ်ကို 45g ထက်ကျော်ပြီး အသုံးမပြုသင့်ပါဘူး

နှစ်ပတ်ကြာပြီး အသက်သာရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

ကလေးတွေအတွက် Betamethasone (ဘီတာမီသစုန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

Dermatitis အတွက် ကလေးတွေမှာ

  • အသက် ၁၂ နှစ်ကစပြီး
  • ခရင်မ်၊ ဂျယ်၊ လိမ်းဆေး – တစ်နေ့ကို အနာကို တစ်ခေါက် (သို့) နှစ်ခေါက်လိမ်းပေးနိုင်ပါတယ်။
  • လိုးရှင်း – တစ်နေ့ကို နှစ်ကြိမ်လိမ်းနိုင်ပါတယ်။
  • တစ်ပတ်ကို 45g ထက်ကျော်ပြီး အသုံးမပြုသင့်ပါဘူး
  • နှစ်ပတ်ကြာပြီး အသက်သာရင် ဆရာဝန်ကို အကြောင်းကြားသင့်ပါတယ်။

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Betamethasone (ဘီတာမီသစုန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Betamethasone ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • Betamethasone Dipropionate အရည် USP (Augmented), 0.05%
  • Betamethasone Dipropionate ခရင်မ် (Augmented), 0.05%

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ယေဘူယျအသိပေးချက် – အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးအကုန်ကို အရေးပေါ်အခြေအနေတွေမှာ ပြသနိုင်ရန်အတွက် ချရေးထားသင့်ပါတယ်။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

ယေဘူယျအသိပေးချက် – Betamethasone ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဇွန် 26, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 14, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။