Generic Name: Bacitracin (ဘက်စီထရာစင်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Bacitracin ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Bacitracin ကို ရှမိခြင်း၊ ပွန်းပဲ့ခြင်းနဲ့ မီးလောင်ဒဏ်ရာတွေကြောင့် ဖြစ်တဲ့ အရေပြားကူးစက်ရောဂါတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ Bacitracin ဟာ အချို့ဘက်တီးရီးယားပိုးတွေ ပွားခြင်းကို ရပ်တန့်ပေးပါတယ်။ သူဟာ ပိုးသတ်ဆေး အနွယ်ဝင်ဖြစ်ပါတယ်။
Bacitracin ဟာ ဘက်တီးရီးယားတွေကိုသာ ကာကွယ်ပေးပြီး ဗိုင်းရပ်စ်တွေနဲ့ မှိုရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ပိုးသတ်ဆေးကို မလိုအပ်ပဲသုံးခြင်း (သို့) လိုတာထက်ပို သုံးခြင်းတွေဟာ အာနိသင်လျော့ကျစေနိုင်ပါတယ်။
Bacitracin ကို ကိုယ်ခန္ဓာရဲ့ ကြီးမားတဲ့နေရာတွေမှာ အသုံးမပြုသင့်ပါဘူး။ ပြင်းထန်တဲ့ အရေပြားရောဂါတွေအတွက်လည်း အသုံးမပြုသင့်ပါဘူး။ ပြင်းထန်တဲ့အရေပြားရောဂါတွေအတွက် (နက်တဲ့အနာတွေ၊ တိရိစ္ဆာန်ကိုက်ခြင်း၊ ပြင်းထန်သော မီးလောင်ဒဏ်ရာတွေ)အသုံးပြုလိုတယ်ဆိုရင် ဆရာဝန်ကို အရင် တိုင်ပင်သင့်ပါတယ်။ ဒီအခြေအနေတွေကိုကုသဖို့ မတူညီတဲ့ ကုသမှုတွေ လိုအပ်နိုင်ပါတယ်။
ဒီဆေးကို အရေပြားပေါ်သာ လိမ်းသင့်ပါတယ်။ ကိုယ်တိုင်ကုသမယ်ဆိုရင် ထုတ်ပိုးမှုပေါ်က ဆေးအညွှန်းကို သေချာစွာဖတ်ပြီး လိုက်နာသင့်ပါတယ်။ မသေချာတာရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

ဆေးလိမ်းနည်း နှင့် သိမ်းဆည်းနည်း

Bacitracin ကို ဘယ်လိုလိမ်းသင့်ပါသလဲ။

အသုံးမပြုခင် လက်ဆေးပါ။ ထိခိုက်မိရာနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ ဆေးအနည်းငယ်ကို ယူပြီး ပါးလွှာစွာလိမ်းပါ။ တစ်ကြိမ်ကနေ သုံးကြိမ် (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်း လိမ်းနိုင်ပါတယ်။ တကယ်လို့ ဖြန်းဆေးကို အသုံးပြုနေတယ်ဆိုရင် အသုံးမပြုခင် သေချာစွာ လှုပ်ခါပါ။ သန့်တဲ့ ပတ်တီးနဲ့စည်းပေးသင့်ပါတယ်။ အသုံးပြုအပြီးမှာ လက်သေချာဆေးပါ။
ဒီဆေးကိုမျက်လုံး၊ နှာခေါင်း၊ ပါးစပ်ထဲဝင်ခြင်းကနေ ရှောင်ရှားသင့်ပါတယ်။ မတော်တဆ ဝင်သွားခဲ့ရင်လည်း ရေနဲ့စင်အောင် ဆေးသင့်ပါတယ်။
အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့စဉ်မှန်မှန် အသုံးပြုသင့်ပါတယ်။ ဆေးကို အများကြီး မလိမ်းသင့်ပါဘူး။ လိုအပ်တဲ့အကြိမ်ထက် ပိုအသုံးပြုခြင်း (သို့) ရှည်ကြာစွာ အသုံးပြုခြင်းတွေလည်း မပြုလုပ်သင့်ပါဘူး။ သင့်အခြေအနေ ပိုမကောင်းလာပဲ ဆိုးကျိုးတွေပိုဖြစ်လာနိုင်ပါတယ်။ ဒီဆေးကို ဆရာဝန်ညွှန်ကြားချက်မပါပဲ တစ်ပတ်ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။

Bacitracin ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Bacitracin ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Bacitracin ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Bacitracin ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ ပုံစံကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Bacitracin ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Bacitracin ကိုမလိမ်းခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Bacitracin ကို အသုံးမပြုခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
• Bacitracin (သို့) Bacitracin ပါဝင်ပစ္စည်းတွေ (သို့) ဇင့် (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
• အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ herbal ထုတ်ကုန်တွေ အသုံးပြုနေရင်၊ ဆရာဝန်ဟာ ဆေးပမာဏကို ညှိပေးမှာဖြစ်ပြီး ဆိုးကျိုးတွေကို သေချာစွာ စောင့်ကြည့်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ လိမ်းဖို့ စိတ်ချရရဲ့လား။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Bacitracin က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

Bacitracin မှာ ယေဘုယျအားဖြင့် ဆိုးကျိုးမရှိတတ်ပါဘူး။ ပုံမှန်မဟုတ်တဲ့ အရာတွေ ခံစားရရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
တကယ်လို့ ဆရာဝန်က ဒီဆေးကို အသုံးပြုစေတယ်ဆိုရင် ဒီဆေးရဲ့ ကောင်းကျိုးဟာ ဆိုးကျိုးထက်ပိုများလို့ပဲဖြစ်ပါတယ်။ ဒီဆေးအသုံးပြုနေသူ အတော်များများမှာ ဆိုးကျိုးခံစားရခြင်း မရှိပါဘူး။
ရှားပါးစွာပဲ ဒီဆေးကိုအချိန်အကြာကြီး (သို့) မကြာခဏ အသုံးပြုနေသူတွေမှာ အခြားအရေပြားရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် သင့်အခြေအနေ တိုးတက်မလာပဲ ပုံမှန်မဟုတ်တဲ့ အရေပြားလက္ခဏာတွေ ပေါ်လာပြီဆိုရင် ဆရာဝန်ကို ပြသသင့်ပါတယ်။
ပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်တာ ရှားပါးပါတယ်။ ဒါပေမယ့် ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Bacitracin နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Bacitracin ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။
ဒီဆေးကို အခြားဆေးတွေ (သို့) အပင်ထုတ်ကုန်တွေနဲ့တစ်ချိန်တည်း အသုံးပြုခြင်းဟာ ဆေးအစွမ်းထက်မှုကိုပြောင်းလဲစေနိုင်ပါတယ်။ ဆိုးကျိုးတွေ ပိုများလာခြင်း (သို့) ဆေးအာနိသင် ကောင်းစွာ မရခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆေးအချင်းချင်း ဓါတ်ပြုခြင်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်တော့ မဖြစ်တတ်ပါဘူး။ ဆေးအသုံးပြုပုံတွေ (သို့) စောင့်ကြည့်မှုတွေ ပြုလုပ်ပြီး သင့်ဆရာဝန်က ဓါတ်ပြုမှုတွေကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
ဆရာဝန်ကို သောက်နေတဲ့ ဆေးအကုန်ကို ပြောပြထားသင့်ပါတယ်။ ဆေးသောက်နေစဉ် ဆရာဝန်ညွှန်ကြားချက်မပါပဲ အခြားဆေးတွေရဲ့ စတင်ခြင်း၊ ရပ်ခြင်း၊ ဆေးပမာဏပြောင်းလဲခြင်းတွေ မပြုလုပ်သင့်ပါဘူး။
သောက်နေတဲ့ဆေးအကုန်ကို ချရေးထားပြီး ဆရာဝန်ကို ပေးထားသင့်ပါတယ်။

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Bacitracin နဲ့ ဓာတ်ပြုနိုင်ပါသလား။

Bacitracin က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Bacitracin နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Bacitracin ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှု ပုံစံပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

ဆေးလိမ်းရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Bacitracin ကိုလိမ်းရမယ့်အချိုးအစားက ဘယ်လောက်လဲ။

အရေပြားရောဂါပိုးဝင်ခြင်း
လိမ်းဆေးဆီ – လက်ထိပ်လောက်ရှိတဲ့ လိမ်းဆေးဆီကို ရောဂါဖြစ်တဲ့နေရာမှာ တစ်နေ့ကို တစ်ကြိမ်ကနေ သုံးကြိမ်အထိ လိမ်းပေးနိုင်ပါတယ်။

ပေါင်ဒါ – တစ်နေ့ကို တစ်ကြိမ်ကနေ သုံးကြိမ်အထိ လိမ်းပေးနိုင်ပါတယ်။

ကလေးငယ်တွေမှာ Bacitracin ကို လိမ်းရမယ့်အချိုးအစားက ဘယ်လောက်လဲ။
ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် လိမ်းရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

 

Bacitracin ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

  • Bacitracin ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
  • လိမ်းဆေးဆီ၊ လိမ်းရန် – 500 units/g
  • ပေါင်ဒါ၊ လိမ်းရန် – 500 units/g

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးလိမ်းဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Bacitracin ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဩဂုတျ 14, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 14, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ