Generic Name: Axid (အဆစ်ဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Axid (အဆစ်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပေါ်သော အနာများကို ကုသရန် နှင့် အဆိုပါ အနာများ ပျောက်ကင်းသက်သာပြီးနောက် တဖန်ပြန်ဖြစ်မလာစေရန်အတွက် Axid ကို အများဆုံးအသုံးပြုကြပါသည်။

အစာရေမြိုရောင်ခြင်း၊အစာချေရည်များ လည်ချောင်းထဲ ပြန်ဆန်တက်ခြင်း အစရှိသည့် အစာအိမ်နှင့် လည်ချောင်းပြဿနာများကို ကုသရန်အတွက်လည်း အသုံးပြုပါသည်။Axid သည် အစာအိမ်မှ အစာချေအက်ဆစ်ရည်များ ထုတ်လုပ်ခြင်းကို လျော့နည်းစေခြင်းဖြင့် အာနိသင်ပြပါသည်။

ထို့အပြင် ကာလရှည်ချောင်းဆိုးခြင်း၊ဗိုက်နာဗိုက်အောင့်ခြင်း၊ရင်ပူခြင်း နှင့် အစာမြိုရခက်ခြင်း အစရှိသည့် လက္ခဏာများကိုလည်း သက်သာစေပါသည်။Axid ကို အခြားသော အခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါသည်။အသေးစိတ်ကို ထပ်မံသိရှိလိုလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းပါ။

Axid (အဆစ်ဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

axid ကို အစာရှိသည်ဖြစ်စေ၊အစာမရှိသည်ဖြစ်စေ ဆရာဝန်ညွှန်ကြားသည့်အတိုင်း တနေ့လျှင် ၁ကြိမ် သို့မဟုတ် ၂ကြိမ် သောက်နိုင်ပါသည်။အကယ်၍ တနေ့ကို တကြိမ်သာသောက်လျှင် ညအိပ်ယာမဝင်မီ အချိန်တွင် သောက်ရပါမည်။axid ကို သောက်သုံးခြင်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များရှိပါက သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါသည်။

Axid (အဆစ်ဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

Axid ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့

စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ axid ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ axid ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Axid ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Axid ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Axid (အဆစ်ဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

  • သင့်တွင် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် ကလေးနို့တိုက်နေလျှင်။အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိနေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သုံးစွဲသင့်သောကြောင့် ဖြစ်ပါသည်။
    • အခြားသော ဆေးများကို သုံးစွဲနေလျှင်(ဆရာဝန်ဆေးစာမပါဘဲ သုံးစွဲနိုင်သောဆေးများ ဖြစ်ကြသည့် သဘာဝသစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော ဆေးများ သို့မဟုတ် တိုင်းရင်းဆေးများလည်း ပါဝင်ပါသည်)။
    • axid သို့မဟုတ် အခြားဆေးများနှင့် ဓာတ်မတည့်ခြင်းများရှိလျှင်။
    • အခြားသော ဖျားနာမှု၊ရောဂါဝေဒနာ သို့မဟုတ် ကျန်းမာရေးပြဿနာများရှိလျှင်။

    အခြားသော အစားအစာများ၊အစားအစာသုံး ဆိုးဆေးများ၊အစားအစာများကို တာရှည်ခံအောင် အသုံးပြုသော ဓာတုပစ္စည်းများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓာတ်မတည့်ခြင်းများ ရှိလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Axid (အဆစ်ဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။

    •         N=အခြေအနေကို မသိရသေးပါ။ကလေးနို့တိုက်ချိန်

    ဤဆေးသည် မိခင်နို့ထဲတွင် ပါလာနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Axid (အဆစ်ဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အောက်ပါဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါသည်။

  • ခေါင်းကိုက်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဗိုက်နာ/ဗိုက်အောင့်ခြင်း။
  • အသားဝါခြင်း၊မျက်ဖြူသားများ ဝါခြင်း။
  • ဆီးမည်းခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • (အမျိုးသားများတွင်) ရင်သားတင်းခြင်း၊ရောင်ရမ်းနာကျင်ခြင်း။
  • သွေးခြေဥလွယ်၊သွေးထွက်လွယ်ခြင်း။
  • ပိုးဝင်ခြင်း လက္ခဏာများ (ကာလကြာရှည်စွာ လည်ချောင်းနာခြင်း၊ချမ်းတုန်ဖျားခြင်း)။
  • နှလုံးခုန်မြန်ခြင်း။
  • မူမမှန်စွာ ပင်ပန်းနွမ်းနယ်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Axid (အဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Axid ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

axid ကို အခြားသော ဆေးများနှင့် တွဲဖက်သုံးစွဲပါက ဆေးဝါးဓာတ်ပြုမှု အချို့ ဖြစ်လာနိုင်ပါသည်။

  • အချို့သော ဆေးဝါးများကို ခန္ဓာကိုယ်မှ ကောင်းမွန်ပြည့်ဝစွာ စုပ်ယူနိုင်ရန်အတွက် အစာအိမ်အက်ဆစ်ဓာတ်လိုအပ်ပါသည်။Nizatidine သည် အစာအိမ်မှ အက်ဆစ်ထုတ်လုပ်မှုကို လျော့နည်းစေသည့်အတွက် အဆိုပါဆေးဝါးများ၏ အာနိသင်ကို သွယ်ဝိုက်သောနည်းဖြင့် လျော့ကျစေပါသည် (ဥပမာ ။ ။ atazanavir, dasatinib, delavirdine,မှိုစွဲရောဂါတွင် အသုံးပြုသော ဆေးများ (itraconazole, ketoconazole စသည်)၊pazopanib နှင့် အခြားသော ဆေးဝါးများ၏ အာနိသင်ကို လျော့ကျစေပါသည်)။
  • nizatidine သို့မဟုတ် အခြားသော H2 blocker ဆေးများ (cimetidine, famotidine, ranitidine) နှင့် ဤဆေးကို တွဲဖက်အသုံးမပြုပါနှင့်။

ဤဆေးသည် ဆီးတွင်း ပရိုတင်းဓာတ်ကို

  • စစ်ဆေးမှုအပါအဝင် အချို့သော ဓာတ်ခွဲစစ်ဆေးမှုများ ၏ ရလာဒ်ကို မှားယွင်းစေနိုင်သောကြောင့် သင့်အနေဖြင့် ဤဆေးကို သုံးစွဲလျက်ရှိကြောင်း ဆရာဝန်နှင့် ဓာတ်ခွဲခန်းတာဝန်ရှိသူကို အသိပေးပါ။

အစားအသောက်တွေနဲ့ အရက်က Axid (အဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Axid က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Axid (အဆစ်ဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Axid ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  • ခုခံအားစနစ်ဆိုင်ရာ ပြဿနာများ။
  • ကျောက်ကပ်၊အသည်း ပြဿနာများ။
  • အချို့သော အဆုတ်ရောဂါများ။

(ကင်ဆာကျိတ်ကဲ့သို့သော) အစာအိမ် ပြဿနာများ။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Axid (အဆစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အူသိမ်အနာဖြစ်နေခြင်းအတွက် :

  • ၃၀၀ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင်နေ့စဉ်တနေ့တကြိမ် သောက်ရပါမည်။

သို့မဟုတ် တခါသောက်လျှင် ၁၅၀ မီလီဂရမ်စီဖြင့် နေ့စဉ် တနေ့လျှင် နှစ်ကြိမ်ခွဲသောက်နိုင်ပါသည်။

အူသိမ်အနာကောင်းသွားပြီးနောက်(နောက်တဖန် ပြန်မဖြစ်စေရန်) ထိန်းသိမ်းထားခြင်း အတွက် :

၁၅၀ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်တွင် နေ့စဉ်တနေ့တကြိမ် သောက်ရပါမည်။

အစာခြေအက်ဆစ်ရည်များလည်ချောင်းထဲသို့ ဆန်တက်ခြင်းအတွက် :

၁၅၀ မီလီဂရမ်ကို နေ့စဉ် တနေ့လျှင် နှစ်ကြိမ်သောက်ရပါမည်။

အစာအိမ်အနာ ဖြစ်နေခြင်းအတွက် :

စုစုပေါင်း ဆေးပမာဏ ၃၀၀ မီလီဂရမ်ကို ညအိပ်ယာဝင်ချိန်၌ တကြိမ်တည်းဖြစ်စေ၊၁၅၀မီလီဂရမ်ကိုနှစ်ကြိမ်ခွဲ၍ဖြစ်စေ သောက်နိုင်သည်။

ကင်ဆာကျိတ် မဟုတ်ကြောင်းသေချာစေရန် ဆေးမသုံးစွဲမီ ကြိုတင်၍ စစ်ဆေးထားသင့်သည်။

ကလေးတွေအတွက် Axid (အဆစ်ဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

5-10 mg/kg/day ကို ၁၂နာရီခြားတခါ သောက်နိုင်သည် (လေ့လာမှုအချက်အလက် အနည်းငယ်သာ ရှိပါသည်)

Axid (အဆစ်ဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

axid ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးတောင့် : ၁၅၀ မီလီဂရမ် Nizatidine

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Axid ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ ဩဂုတျ 30, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတျ 30, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ