Generic Name: Atarax (အေတရပ်စ်) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Atarax (Hydroxyzine) ကို မည်သည့်အကြောင်းအရာ များအတွက် အသုံးပြုကြပါသလဲ။

Atarax (Hydroxyzine) ကို အများဆုံးအသုံးပြုကြသည်မှာ စိတ်ဂနာမငြိမ်ခြင်း၊ စိတ်ဖိစီးမှုများခြင်း ကိုကုသရန် စိတ်ငြိမ်ဆေး၊ အိပ်ဆေး အနေဖြင့် အသုံးပြု သည်။ မေ့ဆေးပေးရာတွင် အသုံးပြုသော ဆေးများနှင့်လည်း တွဲပြီးအသုံးပြုနိုင်သည်။

ထို့ပြင်အရေပြား ဓာတ်မတည့်မှု ဖြစ်ခြင်း၊ ရောင်ရမ်းခြင်း တွင်လည်းအသုံးပြုကြသည်။

 

Atarax (Hydroxyzine) ကို ဘယ်လိုသောက်သုံးသင့်ပါ သလဲ။

Atarax ဆေးပြား၊ဆေးရည်ကို အစာ (သို့) အစာမပါဘဲ ဆေးတစ်ဖန်ခွက်အပြည့်နှင့် သောက်သုံးပါ။ Atarax ဆေးရည်ကို တိုင်းတာဖို့ ဆေးရည်ပမာဏတိုင်း အထူးဇွန်း နဲ့  သာတိုင်းပါ။

သိမ်းဆည်းနည်း

Atarax (Hydroxyzine) ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထား သင့်ပါသလဲ။

 Atarax ကို အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။ ဆေးကို တိုက်ရိုက်နေ ရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထား တာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ် ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထား ပျက်ယွင်း မှုတွေမဖြစ်အောင်လို့ ဆေးကို ရေချိုးခန်းထဲမှာ သိမ်းဆည်း တာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြု လုပ်ပါနဲ့။ ဆေး အမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲ ပြားမှုပေါ်မူ တည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင် ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်း မှုညွှန် ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေး ၀ါး ကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ် ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေး တိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ် ချတာနဲ့ ရေထွက်ပေါက်တွေထဲက နေ ဆေးချတာမျိုးကို မလုပ် သင့်ပါဘူး။ ဆေးဝါးတွေကိုမလို အပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံး သွားတဲ့အ ခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါး များကို စနစ်တကျဘယ်လိုစွန့်ပစ် ရမယ်ဆိုတာနဲ့ပတ်သက် လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာ ရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Atarax (Hydroxyzine) ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

သင့်တွင်အောက်ပါအခြေအနေများရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ပါ။

  • ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်နေချိန် နှင့် ကလေးယူမယ်ဆိုလျှင် ဆရာဝန်ခွင့်ပြုချက်ရမှ သောက်သင့်ပါသည်
  • အခြားဆေးဝါးများ၊ တိုင်းရင်းဆေးများ၊ ဖြည့်စွက်စာများ စားသုံးနေသူ
  • ဆေးနှင့်ဓာတ်မတည့်သောသူ
  • အတက်ရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါ

 

ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်ချိန်တွင်စိတ်ချရပါသလား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေ ချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အ တွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေး မသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများ အားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည် ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ် မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။ ယခုဆေးသည် နို့ရည်တွင်ပါနိုင်သောကြောင့်နို့တိုက်မိခင်တွင် မသောက်သုံးသင့်ပါဘူး။

ဘေးထွက် ဆိုးကျိုးများ

Atarax (Hydroxyzine) က ဘယ်လိုဘေးထွက်ဆိုးကျိုး တွေရှိနိုင်လဲ။

မူးဝေခြင်း၊ အိပ်ငိုက်ခြင်း၊ ၀မ်းချုပ်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ အမြင်ေ၀၀ါးခြင်း တို့ဖြစ်နိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့် တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေး ထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများ လည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူ ပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Atarax  (Hydroxyzine)နဲ့ ဓာတ်ပြုမှု တွေဖြစ်နိုင်သလဲ။

Atarax® (Hydroxyzine) ဆေးဟာ သင်အခုလောလော ဆယ် သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှု တွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေး ထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင် ပါ တယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာ အောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံး ရဲ့စာရင်းကို လုပ်ထားပါ။ (စာရင်းလုပ်တဲ့အခါမှာ ဆရာ ၀န်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာ တွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

Atarax ဆေးကို အခြားအိပ်ဆေး၊ ကြွှက်သားပြေလျော့ဆေး၊ အနာပျောက်ဆေးများနှင့် တွဲသောက်ခြင်းမပြုပါနှင့်။

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Atarax (Hydroxyzine) ဆေးနဲ့ ဓာတ်ပြုနိုင်ပါသလား။

Atarax ဆေးက အစားအသောက် ဒါမှမဟုတ် အရက်သေ စာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက် မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှု တွေဖြစ်နိုင်ပါ တယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Atarax® (Hydroxyzine) နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Atarax ဆေးဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေး အခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက် ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို အထူးသဖြင့်

  • အတက်ရောဂါ
  • ပန်းနာရင်ကြပ်ရောဂါ
  • ရေတိမ်ရောဂါ
  • နှလုံး၊ သွေးတိုးရောဂါ
  • လေနာရောဂါ၊ အစာအိမ်နှင့် အူတွင်ပိတ်ဆို့ခြင်း
  • အသည်းရောဂါ
  • ကျောက်ကပ်ရောဂါ
  • ဆီးကျိတ်ရောဂါ
  • သိုင်းရွိုက်ဂလန်း ရောဂါ များရှိလျှင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီးပါတယ်။

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Atarax (Hydroxyzine) ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

စိတ်ဂနာမငြိမ်ခြင်းအတွက် ။ တစ်ရက်ကို ၅၀ မှ ၁၀၀ မီလီဂရမ်

ယားနာအတွက် ။ ပထမဆုံးအကြိမ်တွင် ၂၅ မီလီဂရမ် ညဖက် တစ်ကြိမ်သောက်သုံးခြင်းနှင့် စသည်။နောက်ပိုင်းလိုအပ်သလှို တစ် ရက်လျှင် ၂၅ မီလီဂရမ်ကို ၃ကြိမ် မှ ၄ကြိမ်ထိ တိုးပြီးသောက်သုံးနိုင်ပါသည်။

   

ကလေးငယ်တွေမှာ Atarax (Hydroxyzine) ကို သောက်သုံးရမယ့် အချိုးအစားက ဘယ်လောက်လဲ။

ကိုယ်အလေးချိန်၄၀ ကီလိုဂရမ်အထိ ကလေးငယ်များတွင် 2mg/kg/day နှုန်းအထိ အများဆုံးပေးနိုင်ပါသည်။

၄၀ ကီလိုဂရမ်အထက်ကလေးများတွင် တစ် ရက်ကို ၁၀၀ မီလီဂရမ်အထိ အများဆုံးပေးနိုင်ပါသည်။

၆လ မှ ၆နှစ်အထိကလေးများတွင် ၅-၁၅မီလီဂရမ် ကို ကလေး ကိုယ်အလေးချိန်ပေါ်မူတည်၍ပေးနိုင်ပါသည်။

၆ နှစ်အထက်ကလေးများတွင် ၁၅-၂၅မီလီဂရမ် မှ ၅၀-၁၀၀ မီလီဂရမ် အထိကလေးကိုယ်အလေးချိန်ပေါ်မူတည်၍ ပေးနိုင်ပါသည်။

 

Atarax (Hydroxyzine) ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ ရရှိနိုင်မလဲ။

Atarax ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးပြား 25 mg
  • Film-coated ဆေးပြား 10mg
  • ဆေးရည် 200ml
  • ထိုးဆေး 100mg/2ml

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေ အနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Atarax ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 29, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ