Ascortonyl (အက်စ်ကော့တိုနီလ်) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Generic Name: Ascortonyl (အက်စ်ကော့တိုနီလ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Ascortonyl (အက်စ်ကော့တိုနီလ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Ascortonyl® ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဗီတာမင်စီချို့တဲ့ခြင်း၊အနာကျက်နှေးခြင်း၊အရိုးဆက်နှေးခြင်းနှင့် ဆီးတွင်းအက်ဆစ်ဓါတ်မညီမျှခြင်းများကို ကုသရန် အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် Ascortonyl® ဟာ ဗိုင်းရပ်စ်ပိုးမွှားတွေကို သုတ်သင်ရှင်းလင်းရာမှာ အာနိသင်ထိရောက်ကောင်းမွန်တဲ့ ဆေးတမျိုးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

Ascortonyl (အက်စ်ကော့တိုနီလ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဝါးစားနိုင်တဲ့ ဆေးပြားပုံစံကို အသုံးပြုမယ်ဆိုရင် မြိုမချခင် ကျေညက်စွာ ဝါးစားရပါမယ်။ ပြီးရင် ရေများများသောက်ရပါမယ်။ အာနိသင်ကြာရှည်စွာပြတဲ့ ဆေးပြားပုံစံကို အသုံးပြုမယ်ဆိုရင် ဆေးပြားကို ချိုးဖဲ့ခြင်း၊ဝါးစားခြင်း၊နှစ်ခြမ်းခြမ်းခြင်းတွေ မလုပ်ဘဲ တပြားလုံးကို မြိုချရပါမယ်။ ဆေးရည်ပုံစံကို သောက်မယ်ဆိုရင်တော့ ချင်တွယ်ဖို့အထူးပြုလုပ်ထားတဲ့ ဇွန်း သို့မဟုတ် ခွက်တို့ကို အသုံးပြုပြီး ချင်တွယ်ရမှာ ဖြစ်ပါတယ်။ သင့်မှာ ချင်တွယ်စရာ ပစ္စည်းမရှိဖူးဆိုရင်တော့ ဆေးဆိုင်ကနေ တောင်းယူနိုင်ပါတယ်။

Ascortonyl (အက်စ်ကော့တိုနီလ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Ascortonyl® ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Ascortonyl® ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Ascortonyl® ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Ascortonyl® ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Ascortonyl® ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Ascortonyl (အက်စ်ကော့တိုနီလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Ascortonyl ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓါတ်မတည့်မှုတွေရှိနေရင် ဆရာဝန်ကို ကြိုတင်အသိပေးရပါမယ်။ အောက်ပါ အခြေအနေတွေ ရှိနေရင် ဆရာဝန်နဲ့ ဦးစွာ ဆွေးနွေးတိုင်ပင်ပါ။

  • ခန္ဓါကိုယ်အတွင်း သံဓါတ်များပြားလွန်းတဲ့ မျိုးဗီဇဆိုင်ရာ ပြဿနာရှိခြင်း။
  • ဆေးလိပ်သောက်ခြင်း (ဆေးလိပ်ဟာ ဆေးရဲ့ အာနိသင်ကို နည်းပါးစေပါတယ်)။
  • ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ သုံးစွဲရမယ့် ဆေးပမာဏ အနည်းငယ် အပြောင်းအလဲရှိနိုင်တဲ့အတွက် အဆိုပါ အနေအထားမျိုးတွေမှာ ဆရာဝန်ရဲ့ လမ်းညွှန်ချက်မရှိဘဲ ဒီဆေးကို မသုံးစွဲပါနဲ့။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Ascortonyl (အက်စ်ကော့တိုနီလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Ascortonyl (အက်စ်ကော့တိုနီလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

  • ရင်ပူခြင်း။
  • ဗိုက်နာဗိုက်အောင့်ခြင်း။
  • ပျို့အန်မအီမသာဖြစ်ခြင်း။
  • ဝမ်းလျှောခြင်း။
  • ဗိုက်ရစ်ပြီးနာခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ လက္ခဏာတွေ ဖြစ်ပေါ်လာရင် ဆေးသုံးစွဲခြင်းကို ချက်ချင်းရပ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

  • အဆစ်အမြစ်များ နာကျင်ခြင်း။
  • အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။
  • ကိုယ်အလေးချိန်ကျဆင်းခြင်း။
  • ဗိုက်နာခြင်း။
  • ချမ်းတုန်ဖျားခြင်း။
  • ဆီးရွှင်ခြင်း။
  • ဆီးကျင်ခြင်း၊ဆီးသွားရခက်ခြင်း။
  • ခါးနာခြင်း။
  • ဆီးထဲသွေးပါခြင်း။

အင်ပြင်များထွက်ခြင်း၊အသက်ရှုရခက်ခြင်း၊မျက်နှာ၊နှုတ်ခမ်း၊လျှာ၊လည်ချောင်းစသည်တို့ ဖောင်းကားရောင်ရမ်းခြင်း အစရှိတဲ့ ဓါတ်မတည့်ခြင်း လက္ခဏာတွေ ပေါ်ပေါက်လာခဲ့ရင် အရေးပေါ်ဆေးဝါးကုသမှုကို ခံယူရမှာ ဖြစ်ပါတယ်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Ascortonyl (အက်စ်ကော့တိုနီလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ascortonyl® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်။

ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Ascortonyl (အက်စ်ကော့တိုနီလ်) နဲ့ ဓါတ်ပြုနိုင်သလား

Ascortonyl® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Ascortonyl (အက်စ်ကော့တိုနီလ်) နဲ့ ဓါတ်ပြုနိုင်သလဲ

Ascortonyl® ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့် သင့်မှာ ကျောက်ကပ်ရောဂါရှိနေတာ ဒါမှမဟုတ် ဆီးကျောက်တည်ဖူးတာ စတဲ့ အခြေအနေတွေမှာပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Ascortonyl (အက်စ်ကော့တိုနီလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

မနက်တကြိမ် နေ့လည်တကြိမ်နှုန်းနဲ့ တနေ့ကို နှစ်ကြိမ်သောက်ရပါမယ်။ စုစုပေါင်း ရက်သတ္တပတ် လေးပတ်လောက် သောက်ရပါမယ်။

ကလေးတွေအတွက် Ascortonyl (အက်စ်ကော့တိုနီလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အဝနားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Ascortonyl (အက်စ်ကော့တိုနီလ်) ကိုဘယ်လိုရရှိနိုင်သလဲ

Ascortonyl® ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Ascortonyl® Tube ပုံစံ

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Ascortonyl® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 15, 2018

ရင်းမြစ်များ