backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Arginine Veyron (အာဂျင်နင်း ဗီရွန်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Arginine Veyron (အာဂျင်နင်း ဗီရွန်) ကို ဘာအတွက်အသုံးပြုကြသလဲ

Arginine Veyron သည် L-Arginine ဟုခေါ်သော အမိုင်နိုအက်ဆစ်ပါဝင်သည့် ဆေးရည်တမျိုးဖြစ်ပါသည်။၎င်းသည် သည်းခြေရည်ထုတ်လုပ်မှုကို များစေသည့်အပြင် အဆိုပါ သည်းခြေရည်ကို အစာခြေလမ်းကြောင်းအတွင်းသို့ စစ်ထုတ်မှုကို အားပေးသည့်အတွက် အစာမကြေသော ပြဿနာများကို သက်သာပျောက်ကင်းသွားစေနိုင်ပါသည်။

Arginine veyron ကို အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ၎င်းတို့၏ လက္ခဏာများ ဖြစ်ကြသော ပျို့အန်မအီမသာဖြစ်ခြင်း၊လေထခြင်း၊လေပွခြင်း၊အစာမကြေခြင်း စသည်တို့အား သက်သာစေရန် အသုံးပြုပါသည်။ မွေးရာပါရောဂါတခုခုကြောင့် သွေးထဲတွင် အမိုးနီးယားဓါတ်များပြားနေသော အခြေအနေတမျိုးကို ဖြေရှင်းရန်အတွက်လည်း Arginine veyron ကို အသုံးပြုနိုင်ပါသည်။

Arginine Veyron (အာဂျင်နင်း ဗီရွန်) ဘယ်လိုသောက်သုံးသင့်သလဲ

အောက်ပါအချက်များကို လိုက်နာပါ။

  • arginine veyron ကို ဆရာဝန်ညွှန်ကြားထားသော ပမာဏ၊အကြိမ်ရေ၊ဆေးသောက်ရမည့်အချိန် စသည်တို့ကို အတိအကျလိုက်နာပြီး သောက်ရပါမည်။
  • arginine veyron အား အသုံးမပြုမီ ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။

ဆေးညွှန်းတွင် သင်နားမလည်သော အချက်များ

Arginine Veyron (အာဂျင်နင်း ဗီရွန်) ဘယ်လိုသိမ်းဆည်းရမလဲ

အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Arginine Veyron ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Arginine Veyron ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Arginine Veyron ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။

လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

Arginine Veyron ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။

ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Arginine Veyron ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက်ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Arginine Veyron (အာဂျင်နင်း ဗီရွန်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

arginine veyron ကို မသောက်သုံးမီ အောက်ပါအချက်များရှိပါက ဆရာဝန်ကို အသိပေးပါ။

arginine veyron နှင့် ဓါတ်မတည့်လျှင်။

အခြားသော ဆေးများ၊အစားအစာများ၊အစားအသောက်ဆိုးဆေးများ၊အစားအစာများ တာရှည်ခံအောင် သုံးသည့်ဆေးဝါးများ သို့မဟုတ် တိရ စ္ဆာန်များနှင့် ဓါတ်မတည့်ခြင်းများရှိလျှင်။

arginine veyron ကို အသက်ခြောက်နှစ်အောက် ကလေးများတွင် မသုံးစွဲရပါ။

အခြားသော ကျန်းမာရေးအခြေအနေများရှိလျှင် သို့မဟုတ် arginine veyron နှင့် ဆေးဝါးချင်း ဓါတ်ပြုနိုင်သော ဆေးများကို သုံးစွဲနေရလျှင်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Arginine Veyron (အာဂျင်နင်း ဗီရွန်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Arginine Veyron (အာဂျင်နင်း ဗီရွန်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

အခြားသော ဆေးများနည်းတူ arginine veyron သည်လည်း ဘေးထွက်ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ပါသည်။ သို့သော် အဆိုပါ ဆိုးကျိုးအများစုမှာ ဖြစ်ခဲသည့်အပြင် ဖြစ်ပေါ်လာပါကလည်း ထူးထူးထွေထွေ ကုသစရာလိုအပ်လေ့ မရှိပါ။

သို့သော် ဆေးသောက်ပြီးနောက် တစုံတရာ ပြဿနာပေါ်ပေါက်လာပါက ဆရာဝန်ကို အသိပေးရန် အလွန်အရေးကြီးပါသည်။ အထူးသဖြင့် ဆေးလွန်သွားသော အခြေအနေမျိုးတွင် သင့်အနေဖြင့် ဝမ်းလျှောနိုင်ပါသည်။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Arginine Veyron (အာဂျင်နင်း ဗီရွန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Arginine Veyron ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓါတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓါတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။)

အစားအသောက်တွေနဲ့ အရက်က Arginine Veyron (အာဂျင်နင်း ဗီရွန်) နဲ့ ဓါတ်ပြုနိုင်သလား

Arginine Veyron က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓါတ်ပြုမှုတွေဖြစ်ပြီးဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဓါတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Arginine Veyron (အာဂျင်နင်း ဗီရွန်) နဲ့ ဓါတ်ပြုနိုင်သလဲ

Arginine Veyron ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Arginine Veyron (အာဂျင်နင်း ဗီရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

arginine veyron ကို သောက်သုံးရမည့် ပမာဏနှင့်ပတ်သက်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်မေးမြန်းပါ။ ဆရာဝန်မှ ညွှန်ကြားလေ့ရှိသော ဆေးပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အစာခြေလမ်းကြောင်းပြဿနာများအတွက် : ဆေးပုလင်းတောင့် ၁ – ၂ တောင့် သို့မဟုတ် လက်ဖက်ရည်ဇွန်း ၁ – ၂ ဇွန်း ကို တနေ့လျှင် သုံးကြိမ် အစာမစားမီအချိန်တွင် သောက်ရပါမည်။ ပင်ပန်းနွမ်းနယ်ခြင်းအတွက် : ဆေးပုလင်းတောင့် ၁ တောင့် သို့မဟုတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အနေ့လျှင် ၂ကြိမ် သို့မဟုတ် ၃ကြိမ်သောက်နိုင်ပါသည်။ ဆေးသုံးစွဲရသော ကာလမှာ ၁လထက် မပိုရပါ။

ကလေးတွေအတွက် Arginine Veyron (အာဂျင်နင်း ဗီရွန်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

arginine veyron ကို သောက်သုံးရမည့် ပမာဏနှင့်ပတ်သက်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်မေးမြန်းပါ။

အသက် ၆နှစ် နှင့်အထက် : သတ်မှတ်ထားသော ပမာဏမှာ ဆေးပုလင်းတောင့် ၁ တောင့် သို့မဟုတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို အနေ့လျှင် ၂ကြိမ် သို့မဟုတ် ၃ကြိမ်သောက်နိုင်ပါသည်။ ဆေးသုံးစွဲရသော ကာလမှာ ၁လထက် မပိုရပါ။

Arginine Veyron (အာဂျင်နင်း ဗီရွန်) ကိုဘယ်လိုရရှိနိုင်သလဲ

Arginine Veyron ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

သောက်ဆေးရည် : L-Arginine Hydrochloride ၁ ဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Arginine Veyron ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement