Generic Name: Apo Amilzide (အပို-အမီလဇိုဒ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Apo Amilzide (အပို-အမီလဇိုဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ

နှလုံးကောင်းစွာ အလုပ်မလုပ်ခြင်း ဒါမှမဟုတ် အချို့သော အသည်းရောဂါတွေခံစားရခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဖောရောင်မှုကို သက်သာစေဖို့အတွက် Apo-Amilzide ကို အများဆုံးအသုံးပြုလေ့ရှိကြပါတယ်။Apo-Amilzide ကို သွေးပေါင်ချဖို့အတွက်လည်း သုံးနိုင်ပါတယ်။

Apo Amilzide (အပို-အမီလဇိုဒ်) ဘယ်လိုသောက်သုံးသင့်သလဲ

Apo-Amilzide ကို သောက်သုံးဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • Apo-Amilzide ကို သောက်ဆေးအဖြစ် သုံးစွဲရမှာဖြစ်ပြီး ဆေးဗူးနဲ့အတူပါလာတဲ့ ဆေးညွှန်းစာရွက်မှာ ရေးထားတာတွေ အားလုံးကို အတိအကျ လိုက်နာရမှာ ဖြစ်ပါတယ်။

မသေချာတဲ့ အချက်အလက်တွေရှိတယ်ဆိုရင် သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Apo Amilzide (အပို-အမီလဇိုဒ်) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Apo-Amilzide ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Apo-Amilzide ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

Apo-Amilzide ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Apo-Amilzide ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

Apo-Amilzide ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Apo Amilzide (အပို-အမီလဇိုဒ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Apo-Amilzide ကို မသုံးစွဲခင် အောက်ပါအချက်အလက်တွေရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြပါ။

  • amiloride, hydrochlorothiazide, sulfonamide တို့ပါဝင်တဲ့ ဆေးတွေ၊အခြားဆေးတွေ ဒါမှမဟုတ် amiloride နဲ့ hydrochlorothiazide ဆေးပြားတွေရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်။
  • (သွားနဲ့ခံတွင်းဆိုင်ရာ ခွဲစိတ်မှုတွေ အပါအဝင်) ခွဲစိတ်ကုသမှုခံယူရတော့မယ်ဆိုရင် သင့်အနေနဲ့ amiloride နဲ့ hydrochlorothiazide ဆေးတွေ သုံးစွဲနေရကြောင်း ဆရာဝန်ကို ကြိုတင်ပြောပါ။

သင့်အနေနဲ့ အောက်ပါအချက်တွေကိုလည်း သိထားသင့်ပါတယ်။

  • amiloride နဲ့ hydrochlorothiazide တို့ဟာ မူးဝေခြင်းကို ဖြစ်စေနိုင်ပြီး လှဲနေရာကနေ ရုတ်တရက်ထလိုက်ရင်လည်း မိုက်ခနဲဖြစ်သွားတာ၊မေ့လဲသွားတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ဒီလိုဖြစ်တာမျိုးဟာ သင့်အနေနဲ့ ဒီဆေးကို စတင်သုံးစွဲခါစမှာ ပိုမိုအဖြစ်များပါတယ်။ဒါကြောင့် သင့်အနေနဲ့ လှဲနေရာက ထတဲ့အခါ ချက်ချင်းမတ်တပ်မရပ်လိုက်ဘဲ ဖြည်းဖြည်းချင်းထပြီး ကုတင်ပေါ်မှာ မိနစ်အနည်းငယ် ထိုင်နေမယ်ဆိုရင် အဆိုပါပြဿနာကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။အရက်ဟာ amiloride နဲ့ hydrochlorothiazide တို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပိုလာစေပါလိမ့်မယ်။
  • တကယ်လို့ သင့်အနေနဲ့ ဆားလျှော့စားသင့်တယ် ၊ဆိုဒီယမ်ဓာတ်ပါဝင်တဲ့အစားအစာတွေကို လျှော့စားသင့်တယ် ဒါမှမဟုတ် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ (ဥပမာ ငှက်ပျောသီး၊ဆီးသီးခြောက်၊စပျစ်ခြောက်၊လိမ္မော်ရည်

စသဖြင့်)ကို ပိုစားသင့်တယ်လို့ သင့်ဆရာဝန်က ညွှန်ကြားခဲ့ရင် သင့်အနေနဲ့ အဆိုပါ ညွှန်ကြားချက်တွေကို အတိအကျ လိုက်နာရပါမယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Apo Amilzide (အပို-အမီလဇိုဒ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် B ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Apo Amilzide (အပို-အမီလဇိုဒ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Apo-Amilzide က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဒီဆေးဟာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။တကယ်လို့ အဆိုပါ ဘေးထွက်ဆိုးကျိုးတွေက ပိုဆိုးလာရင် ဒါမှမဟုတ် ပျောက်မသွားဖူးဆိုရင် ဆရာဝန်ကို အသိပေးပါ။

  • ဗိုက်နာခြင်း၊ဗိုက်အောင့်ခြင်း။
  • ဝမ်းလျှောခြင်း။
  • အစားအသောက်ပျက်ခြင်း။
  • ဗိုက်အောင့်ခြင်း။
  • လေထခြင်း။
  • ခေါင်းကိုက်ခြင်း။

အောက်ဖော်ပြပါ ဆိုးရွားတဲ့ ဘေးထွက်လက္ခဏာတွေကို ခံစားရတယ်ဆိုရင်တော့ သင့်အနေနဲ့ အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။

  • အာခြောက်ခြင်း။
  • ရေဆာခြင်း။
  • ပျို့အန်၊မအီမသာဖြစ်ခြင်း။
  • အားနည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း။
  • အိပ်ချင်ငိုက်မျဉ်းခြင်း။
  • ဂဏှာမငြိမ်ဖြစ်ခြင်း။
  • စိတ်ရှုပ်ထွေးခြင်း။
  • ကြွက်သားအားနည်းခြင်း၊နာကျင်ခြင်း၊ကြွက်တက်ခြင်း။
  • နှလုံးခုန်မြန်ခြင်း၊ရေဓာတ်ခမ်းခြောက်ခြင်း နှင့် electrolyte ဓာတ်များ မညီမမျှဖြစ်ခြင်းရဲ့ လက္ခဏာတွေကို ခံစားရခြင်း။
  • နှလုံးခုန်နှေးခြင်း၊မမှန်ခြင်း။
  • ပုံမှန်မဟုတ်စွာ သွေးယိုစီးခြင်း၊သွေးခြေဥခြင်း။
  • အသားဝါခြင်း၊မျက်ဖြူသားဝါခြင်း။
  • အနီစက်များထွက်ခြင်း။
  • အင်ပျဉ်များထွက်ခြင်း။
  • ယားယံခြင်း။
  • အသက်ရှုရခက်ခြင်း၊ (အစာ၊ရေစသည်တို့) မြိုချရခက်ခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Apo Amilzide (အပို-အမီလဇိုဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Apo-Amilzide ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။

မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်)

ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။အထူးသဖြင့်

 Diazoxide

 Digitalis glycosides

 Loop diuretics (e.g., furosemide)

 Sulfonylureas (e.g., chlorpropamide)

 Spironolactone (Aldactone, in Aldactazide), triamterene ပါဝင်သော ဆေးများ,  potassium ဖြည့်စွက်အားဆေးများ သို့မဟုတ်  potassium ပါဝင်သော ဆေးများ။

 Angiotensin-converting enzyme (ACE) inhibitors —>  benazepril (Lotensin, in Lotrel), captopril (Capoten), fosinopril, lisinopril (Prinzide, Zestoretic), moexipril (Univasc, Uniretic), perindopril (Aceon), quinapril

(Accupril, in Accuretic), ramipril (Altace), and trandolapril (Mavik, in Tarka)

 Angiotensin II receptor antagonists (ARB) —-> azilsartan (Edarbi, Edarbyclor), candesartan (Atacand, in Atacand HCT), eprosartan (Teveten, in Teveten HCT), irbesartan (Avapro, in Avalide), losartan (Cozaar, in Hyzaar),olmesartan (Benicar, in Azor, Benicar HCT), telmisartan (Micardis, in Micardis HCT), and valsartan (Diovan, in Diovan HCT, Exforge)

 Barbiturates —-> phenobarbital and secobarbital (Seconal)

 Corticosteroids —->  betamethasone (Celestone), budesonide (Entocort),cortisone (Cortone), dexamethasone (Decadron, others), fludrocortisone (Floriner), hydrocortisone (Cortef, Hydrocortone), methylprednisolone (Medrol), prednisolone (Prelone, others), prednisone (Rayos), and triamcinolone (Aristocort, Azmacort); corticotropin (ACTH H.P., Acthar Gel)

 Cyclosporine (Gengraf, Neoral, Sandimmune)

 Digoxin (Lanoxin)

 Insulin နှင့် အခြားသော ဆီးချိုသောက်ဆေးများ။

 Lithium (Lithobid);

 သွေးကျဆေးများ။

 စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ —-> ibuprofen (Advil, Motrin, others), indomethacin (Indocin), and naproxen (Aleve, Naprosyn, others)

 Tacrolimus (Astagraf XL, Prograf)

အစားအသောက်တွေနဲ့ အရက်က Apo Amilzide (အပို-အမီလဇိုဒ်) နဲ့ ဓာတ်ပြုနိုင်သလား

Apo-Amilzide က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Apo Amilzide (အပို-အမီလဇိုဒ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Apo-Amilzide ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။အဆိုပါ ကျန်းမာရေးအခြေအနေတွေကတော့

  • သွေးတွင်းပိုတက်ဆီယမ်ဓာတ်များပြားခြင်း။
  • ကျောက်ကပ်ရောဂါ။
  • ဆီးချို။
  • ဂေါက်ရောဂါ။

အသည်းရောဂါ စတာတွေပဲ ဖြစ်ပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Apo Amilzide (အပို-အမီလဇိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

သတ်မှတ်ထားတဲ့ပမာဏကတော့ နေ့စဉ်ဆေးပြား တပြား သို့မဟုတ် နှစ်ပြားကို ထမင်းစားပြီးချိန်မှာ သောက်နိုင်ပါတယ်။

ကလေးတွေအတွက် Apo Amilzide (အပို-အမီလဇိုဒ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

Apo Amilzide (အပို-အမီလဇိုဒ်) ကိုဘယ်လိုရရှိနိုင်သလဲ

Apo-Amilzide ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

ဆေးပြား ၅၅ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။ဆေးပမာဏလွန်တဲ့ လက္ခဏာတွေကတော့

  • ရေဓာတ်ခမ်းခြောက်ခြင်း။
  • Electrolyte ဓာတ်များ မညီမမျှဖြစ်ခြင်း (ဥပမာ သွေးတွင်းပိုတက်ဆီယမ်ဓာတ် များပြားခြင်း)။

Electrolyte ဓာတ်များ ကုန်ခမ်းခြင်း (ဥပမာ သွေးတွင်းပိုတက်ဆီယမ်ဓာတ်၊ကလိုရင်းဓာတ်၊ဆိုဒီယမ်ဓာတ်များ နည်းပါးခြင်း)။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Apo-Amilzide ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 15, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 15, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ