Generic Name: Anacaine® (အန်နာကိန်း) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Anacaine® (အန်နာကိန်း) ကို ဘာအတွက်အသုံးပြုကြသလဲ

သာမန်အရေပြားထိခိုက်ခြင်း၊လည်ချောင်းနာခြင်း၊နေလောင်ခြင်း၊သွားပေါက်၍နာကျင်ခြင်း၊ယောနိ သို့မဟုတ် စအိုမှ သွေးယိုစီးခြင်း၊ခြေသည်းအတွင်းဖက်သို့ ပြောင်းပြန်ပေါက်ခြင်း၊လိပ်ခေါင်းဖြစ်ခြင်း အပါအဝင် ခန္ဓာကိုယ်အပေါ်ယံ နာကျင်ခြင်း အများအပြားအတွက် Anacaine®  ကို အများဆုံးအသုံးပြုကြပါတယ်။

Anacaine® (အန်နာကိန်း) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးလိမ်းမယ့်နေရာကို ကြိုတင်ပြီး သန့်စင်အောင် ဆေးကြောကာ ခြောက်သွေ့အောင် ပြန်သုတ်ရပါမယ်။ပြီးရင် နာကျင်နေတဲ့ အရေပြားနေရာကို ညွှန်ကြားထားတဲ့အတိုင်း ဆေးခပ်ပါးပါးလိမ်းရမှာပါ။လက်ကို ဆေးလိမ်းရတဲ့ အခြေအနေမျိုးမှတပါး ဆေးလိမ်းပြီးတာနဲ့ လက်ကို စင်ကြယ်စွာ ဆေးရပါမယ်။မျက်လုံး၊နှာခေါင်း သို့မဟုတ် ပါးစပ်ထဲ ဆေးမဝင်ပါစေနဲ့။တကယ်လို့ အဆိုပါနေရာတွေနဲ့ ဆေးထိတွေ့မိရင် ရေများများနဲ့ဆေးပစ်ပါ။

Anacaine® (အန်နာကိန်း) ဘယ်လိုသိမ်းဆည်းရမလဲ

ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။

Anacaine®  ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Anacaine®  ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Anacaine®  ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Anacaine®  ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Anacaine®  ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Anacaine® (အန်နာကိန်း) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါအချက်တွေ ရှိနေရင် သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

  • သင့်မှာ ကိုယ်ဝန်ရှိနေခြင်း သို့မဟုတ် ကလေးနို့တိုက်နေခြင်း။ဘာလို့လဲဆိုတော့ ဒီလို အခြေအနေတွေမှာ ဆရာဝန် ညွှန်ကြားထားတဲ့ ဆေးဝါးတွေကိုပဲ သုံးစွဲသင့်တဲ့အတွက် ဖြစ်ပါတယ်။
  • အခြားသော ဆေးဝါးတွေကို သုံးစွဲနေရခြင်း။အခြားသော ဆေးဝါးတွေ ဆိုရာမှာ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်တဲ့ ဆေးဖက်ဝင်သဘာဝအပင်တွေ၊ဖြည့်စွက်အားဆေးတွေလည်း ပါဝင်ပါတယ်။

 

Anacaine® သို့မဟုတ် အခြားသော ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်း။

  •          ဆီးချို၊သွေးကြောဆိုင်ရာ ပြဿနာများ၊အရေပြား ဓာတ်မတည့်မှုများ၊သွေးအားနည်းရောဂါ၊ပန်းနာရင်ကျပ်ရောဂါ၊လေပြွန်ရောင်ရောဂါ၊အဆုတ်တွင်းရှိ လေအိတ်ကလေးများ ကပ်ခဲသောရောဂါ၊နှလုံးရောဂါ၊ဆေးထည့်မည့် နေရာတွင် ပိုးဝင်ခြင်း၊ကြီးကြီးမားမား အနာရှိခြင်း၊အရေပြားပေါက်ပြဲနေခြင်း၊ဆေးထည့်မည့်နေရာတွင် ထိခိုက်ဒါဏ်ရာ ရထားခြင်း စတဲ့ အခြားသော ပြဿနာတွေ ရှိနေခြင်း။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Anacaine® (အန်နာကိန်း) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ခွဲစိတ်ကုသမှု ခံယူခြင်း

ခွဲစိတ်ကုသမှု မခံယူခင်မှာ သင်လက်ရှိသုံးစွဲနေတဲ့ ဆေးဝါးတွေအားလုံး(ဆရာဝန်ညွှန်ကြားတဲ့ဆေး၊မိမိဖာသာ သုံးစွဲနေတဲ့ဆေး၊သဘာဝဆေးဖက်ဝင်ဆေး စသဖြင့်)အကြောင်းကို ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်ကို ကြိုတင်အသိပေးပါ။

ကိုယ်ဝန်ဆောင်ချိန်

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။)

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။)

ကလေးနို့တိုက်ချိန်

ဒီဆေးကို နို့ရည်မှတဆင့် စွန့်ပစ်မှုရှိမရှိ သေချာစွာ မသိရသေးတဲ့အတွက် သတိထားပြီး သုံးစွဲသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

Anacaine® (အန်နာကိန်း) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

Anacaine®ဟာ အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

  • အသက်ရှုနှေးခြင်း၊ခပ်မျှင်းမျှင်းသာ အသက်ရှုနိုင်ခြင်း။
  • နှလုံးခုန်နှေးခြင်း၊မမှန်ခြင်း။
  • တက်ခြင်း။
  • ဓာတ်မတည့်လက္ခဏာများ ခံစားလာရခြင်း ဥပမာ အနီစက်များ၊အင်ပြင်များထွက်ခြင်း၊ယားယံခြင်း/ရောင်ရမ်းခြင်း (အထူးသဖြင့် မျက်နှာ/လျှာ/လည်ချောင်းတို့တွင်)၊အလွန်အမင်း ငိုက်မျဉ်းခြင်း၊အသက်ရှုရခက်လာခြင်း။

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။)

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Anacaine® (အန်နာကိန်း) နဲ့ ဓာတ်ပြုနိုင်သလဲ

Anacaine® ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

အစားအသောက်တွေနဲ့ အရက်က Anacaine® (အန်နာကိန်း) နဲ့ ဓာတ်ပြုနိုင်သလား

Anacaine® က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

 

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Anacaine® (အန်နာကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ပျားတုပ်ခြင်း၊အသေးစားမီးလောင်ဒါဏ်ရာရခြင်း၊နေလောင်ခြင်း၊အင်းဆက်ကိုက်ခြင်း၊အပူလောင်ခြင်း : ဖြစ်တဲ့နေရာကို ၆-၈ နာရီခြားတခါ လိမ်းပေးပါ။(ပျားတုပ်ခံရတာဆိုရင်တော့ ဆေးမလိမ်းခင်မှာ ပျားနှုတ်သီးအစွယ်ကို ဦးစွာ ဖယ်ရှားရပါမယ်)။

ကလေးတွေအတွက် Anacaine® (အန်နာကိန်း) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

အသက်၂နှစ်အောက် ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ။

အသက်၂နှစ်အထက် ကလေးများ :

ပျားတုပ်ခြင်း၊အသေးစားမီးလောင်ဒါဏ်ရာရခြင်း၊နေလောင်ခြင်း၊အင်းဆက်ကိုက်ခြင်း၊အပူလောင်ခြင်း : ဖြစ်တဲ့နေရာကို ၆-၈ နာရီခြားတခါ လိမ်းပေးပါ။(ပျားတုပ်ခံရတာဆိုရင်တော့ ဆေးမလိမ်းခင်မှာ ပျားနှုတ်သီးအစွယ်ကို ဦးစွာ ဖယ်ရှားရပါမယ်)။

Anacaine® (အန်နာကိန်း) ကိုဘယ်လိုရရှိနိုင်သလဲ

Anacaine®  ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Anacaine® 10 % လိမ်းဆေး။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Anacaine® ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ မတျ 27, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း မတျ 27, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ