Generic Name: Amlodipine (အမ်လိုဒပင်း) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Amlodipine ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Amlodipine ကို သွေးပေါင်တက်ခြင်းကိုကုသဖို့ တစ်မျိုးတည်းသော်လည်းကောင်း၊ အခြားဆေးတွေနဲ့ ပေါင်းစပ်ပြီးသော်လည်းကောင်း အသုံးပြုကြပါတယ်။ သွေးပေါင်ကျစေခြင်းဟာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ Amlodipine ဟာ calcium channel blockers တစ်မျိုးဖြစ်ပါတယ်။ သူဟာ သွေးကြောနံရံတွေကို ကျယ်စေတာမို့ သွေးပိုမိုလွယ်ကူစွာ စီးဆင်းစေပါတယ်။
Amlodipine ကို ရင်ဘတ်အောင့်ခြင်းအချို့ကို ကာကွယ်ဖို့ အတွက်လည်း အသုံးပြုပါတယ်။ သူဟာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်စွမ်းကို ကူညီပေးပြီး ရင်ဘတ်အောင့်ခြင်းကို လျော့ကျစေပါတယ်။ Amlodipine ကို ရင်ဘတ်အောင့်တဲ့ အချိန်တွေမှာတော့ ကုသဖို့ အသုံးမပြုသင့်ပါဘူး။ အခြားဆေးတွေဖြစ်တဲ့ sublingual nitroglycerin ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ရင်ဘတ်အောင့်ခြင်းကို ကုသဖို့ အသုံးပြုသင့်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Amlodipine ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Amlodipine ကို သောက်ဆေးအဖြစ် အစာနှင့်သော်လည်းကောင်း၊ အစာမပါပဲသော်လည်းကောင်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်ပါတယ်။ ဆေးပမာဏဟာ သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။ ဆိုးကျိုးတွေကို လျော့ကျစေဖို့ သင့်ဆရာဝန်က ဒီဆေးကို ပမာဏအနည်းဆုံးကနေ စပေးပြီး တဖြည်းဖြည်း တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချကိကို လိုက်နာသင့်ပါတယ်။
Amlodipine ကို အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့တိုင်းအချိန်မှန်သောက်သင့်ပါတယ်။ သွေးပေါင်တက်နေတဲ့ လူနာတွေဟာ နေမကောင်းတဲ့ လက္ခဏာတွေ မခံစားရတတ်တာကြောင့် နေကောင်းနေတယ်ဆိုပြီး ဆေးရပ်ခြင်း မပြုလုပ်သင့်ပါဘူး။
ရင်ဘတ်အောင့်ခြင်းကို ကာကွယ်ဖို့အတွက် Amlodipine ကို ပုံမှန်သောက်သင့်ပါတယ်။ ရင်ဘတ်အောင့်တဲ့ အခါမှ မသောက်သင့်ပါဘူး။ အခြားဆေးတွေ ဖြစ်တဲ့ sublingual nitroglycerin ကို အသုံးပြုနိုင်ပါတယ်။ အသေးစိတ်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။ (ဥပမာ – သွေးပေါင်တက်နေတုံး (သို့) ရင်ဘတ်အောင့်ခြင်း မသက်သာရင် (သို့) ပိုဆိုးလာရင်)

 

Amlodipine ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်။
Amlodipine ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amlodipine ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amlodipine ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Amlodipine ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Amlodipine ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Amlodipine မသောက်သုံးခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။
• Amlodipine (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
• အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ herbal ထုတ်ကုန်တွေ သောက်နေတာ ရှိရင်
• နှလုံးရောဂါ၊ အသည်းရောဂါရှိရင်
• ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ဆေးသောက်နေစဉ် ကိုယ်ဝန် ရှိသွားရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။

 

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
• A=ဆိုးကျိုးမရှိပါ။
• B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
• C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
• D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
• X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
• N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်းဆိုးကျိုးများ

Amlodipine က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။

အောက်ဖေါ်ပြပါ ပြင်းထန် လက္ခဏာတွေ ရှိရင် ဆရာဝန်ကို ချက်ချင်း ခေါ်သင့်ပါတယ်။
• မေ့လဲတော့ မလို ခံစားရခြင်း
• လက်၊ ခြေခြင်းဝတ်၊ ခြေထောက်ရောင်ခြင်း
• နှလုံးခုန်မြန်ခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း
• ရင်ဘတ်အောင့်ခြင်း၊ လက်မောင်း၊ ပုခုံး နာကျင်ခြင်း၊ ပျို့ခြင်း၊ ချွေးထွက်ခြင်း၊ နေမကောင်းခြင်း
မပြင်းထန်တဲ့ လက္ခဏာတွေကတော့
• ခေါင်းကိုက်ခြင်း
• ခေါင်းမူးခြင်း၊ အိပ်ငိုက်ခြင်း
• ပင်ပန်းခြင်း
• ဗိုက်နာခြင်း
• နီရဲခြင်း၊ ပူလောင်ခြင်း၊ ထုံကျင်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Amlodipine နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Amlodipine ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

ဒီဆေးကို အောက်ဖေါ်ပြပါဆေးတွေနဲ့ တွဲဖက်သောက်သုံးခြင်းဟာ ဘေးထွကဆိုးကျိုးတွေကို ပိုဆိုးစေနိုင်ပေမယ့် တွဲသောက်ခြင်းဟာ သင့်အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။ ဆေးနှစ်ခုလုံးအတူသောက်ရင် သင့်ဆရာဝန်က ဆေးပမာဏနဲ့ ဆေးသောက်ပုံတွေကို ပြောင်းလဲပေးနိုင်ပါတယ်။
• Simvastatin (Zocor, Simcor, Vytorin);
• အခြား နှလုံးရောဂါ၊ သွေးပေါင်ကျဆေးများ

 

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Amlodipine နဲ့ ဓာတ်ပြုနိုင်ပါသလား။

Amlodipine က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Amlodipine နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။

Amlodipine ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်
• ရင်ဘတ်အောင့်ခြင်း
• နှလုံးရပ်ခြင်း
• နှလုံးသွေးကြောကျဉ်းရောဂါ
• သွေးပေါင်ကျခြင်း
• နှလုံးရောဂါ၊ အခြားနှလုံးပြဿနာများ
• အသည်းရောဂါ

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များ နေရာတွင်အစားထိုးရန် မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

 

အရွယ်ရောက်ပြီးသူတွေမှာ Amlodipine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးတိုးရောဂါ အတွက် လူကြီးသောက်ရန်
Initial dose: 5 mg သောက်ဆေးတစ်ရက်တစ်ကြိမ်
Maintenance dose: 5 to 10 mg သောက်ဆေးတစ်ရက်တစ်ကြိမ်
ခန္ဓာကိုယ်သေးသောပိန်သောလူနာများအတွက် 2.5 mg သောက်ဆေးတစ်ရက်တစ်ကြိမ်နဲ့  စတင်ကောင်းစတင်နိုင်သည်။

 

Angina Pectoris အတွက် လူကြီးသောက်ရန်

Chronic stable (သို့ ) vasospastic angina လူနာ (သို့) နှလုံးသွေးကြောကျဉ်းရှိပေမယ့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအထိမဖြစ်သေးသော ejection fraction ၄၀ ရာခိုင်နှုန်း အောက်လူနာများအတွက်: 5 to 10 mg သောက်ဆေးတစ်ရက်တစ်ကြိမ်
chronic stable (သို့) vasospastic angina လူနာအများစု လုံလောက်သောအာနိသင်ရရှိရန် 10 mg လိုအပ်သည်။ လေ့လာမှုများအရ နှလုံးသွေးကြောကျဉ်းလူနာအများစုသည် 10 mg ဆေးပမာဏလောက်လိုအပ်သည်။

 

နှလုံးသွေးကြောကျဉ်းရောဂါအတွက် လူကြီးသောက်ရန်

Chronic stable (သို့ ) vasospastic angina လူနာ (သို့) နှလုံးသွေးကြောကျဉ်းရှိပေမယ့် နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းအထိမဖြစ်သေးသော ejection fraction ၄၀ ရာခိုင်နှုန်း အောက်လူနာများအတွက်: 5 to 10 mg သောက်ဆေးတစ်ရက်တစ်ကြိမ်
chronic stable (သို့) vasospastic angina လူနာအများစု လုံလောက်သောအာနိသင်ရရှိရန် 10 mg လိုအပ်သည်။ လေ့လာမှုများအရ နှလုံးသွေးကြောကျဉ်းလူနာအများစုသည် 10 mg ဆေးပမာဏလောက်လိုအပ်သည်။

ကလေးငယ်တွေမှာ Amlodipine ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

သွေးတိုးရောဂါအတွက် အတွက် ကလေးသောက်ရန်
၆ နှစ် မှ ၁၇ နှစ်အထိ: 2.5 mg to 5 mg သောက်ဆေး တစ်ရက်တစ်ကြိမ်။
ကလေးလူနာများတွင် နေ့စဉ် တစ်ရက်ကို 5mg ထက်ပိုပေးခြင်းကို လေ့လာထားချက်များမရှိပါ။
Amlodipine ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။
Amlodipine ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား: 2.5 mg, 5 mg, 10 mg.

 

 

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။
ဆေးလွန်ခြင်း လက္ခဏာတွေကတော့
• အိပ်ငိုက်ခြင်း
• သတိလစ်ခြင်း
• နှလုံးခုန်မြန်ခြင်း တို့ပဲဖြစ်ပါတယ်။

 

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amlodipine ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ