Generic Name: Amitriptyline (အေမီထရစ်တလင်း) Brand Name(s): Generics only. No brands available.

အသုံးပြုနည်း

Amitriptyline ကို မည်သည့်အကြောင်းအရာများအတွက် အသုံးပြုကြပါသလဲ။

Amitriptyline ကို စိတ်ကျခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ သူဟာ စိတ်ကို ကြည်လင်စေပြီး စိတ်ပူမှု၊ စိတ်တင်းကျပ်မှုတွေကို လျော့ကျစေကာ သင့်ကို ပိုမို အိပ်ပျော်အောင် လုပ်ပေးနိုင်ပါတယ်။ အားအင်ကိုလည်း တိုးတက်စေပါတယ်။ Amitriptyline ဟာ tricyclic antidepressant တစ်မျိုးဖြစ်ပါတယ်။ သူဟာ ဦးနှောက်ထဲက သဘာဝအတိုင်း ထွက်တဲ့ ဓါတုပစ္စည်းတွေကို ထိန်းညှိပေးပါတယ်။

အခြားအသုံးဝင်ပုံများ – Amitriptyline ကို ဆေးပညာ လမ်းညွှန်စာအုပ်များမှာ ဖေါ်ပြခြင်းမရှိတဲ့ အခြားအကြောင်းအရာများအတွက်လဲ အသုံးပြုခြင်း ရှိနိုင်ပါတယ်။
ဒီဆေးကို အာရုံကြောနာကျင်မှုတွေ ဖြစ်တဲ့ အစွန်အဖျားအာရုံကြောရောဂါ (peripheral neuropathy)၊ ရေယုန်ပြီးနောက် အာရုံကြောနာကျင်မှု (postherpetic neuralgia)၊ အစားအလွန်အကျွံစားပြီးနောက် ကိုယ့်ကိုယ်ကို အပြစ်တင်ကာ အစာငတ်ခံတတ်သော စိတ်ရောဂါ (bulimia) နဲ့ အခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကုသဖို့ (သို့) ခေါင်းကိုက်ခြင်းကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။

သောက်သုံးနည်း နှင့် သိမ်းဆည်းနည်း

Amitriptyline ကို ဘယ်လိုသောက်သုံးသင့်ပါသလဲ။

Amitriptyline ကိုသောက်ဆေးအဖြစ် တစ်နေ့ကို တစ်ကြိမ်မှ လေးကြိမ်အထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။ တစ်နေ့မှာ တစ်ကြိမ်ပဲသောက်မယ်ဆိုရင် အိပ်ငိုက်ခြင်းဖြစ်စေတာကြောင့် အိပ်ချိန်ရောက်မှသာ သောက်သုံးသင့်ပါတယ်။ ဆေးပမာဏဟာ သင့်ကျန်းမာရေးအခြေအနေနဲ့ ကုသမှုကို တုန့်ပြန်မှုပေါ်မှာမူတည်ပါတယ်။

ဆိုးကျိုးတွေကို လျော့ကျစေဖို့ (အိပ်ငိုက်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ခေါင်းမူးခြင်း) သင့်ဆရာဝန်က ဒီဆေးကို ပမာဏအနည်းဆုံးကနေ စပေးပြီး တဖြည်းဖြည်း တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချကိကို လိုက်နာသင့်ပါတယ်။
Amitriptyline ကို အစွမ်းအထက်ဆုံးဖြစ်စေဖို့ နေ့တိုင်းအချိန်မှန်သောက်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတာထက်ပိုပြီး တိုးသောက်ခြင်း၊ အချိန်ကြာရှည်စွာ သောက်ခြင်းတွေ မပြုလုပ်သင့်ပါဘူး။ သင့်အခြေအနေ ပိုမြန်မြန်သက်သာလာမှာ မဟုတ်ပဲ ဆိုးကျိုးတွေသာ ပိုများလားပါလိမ့်မယ်။

နေကောင်းရင်တောင် ဆေးကို စွဲသောက်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်ကို မတိုင်ပင်ပဲ ဆေးမရပ်သင့်ပါဘူး။ ဆေးရပ်လိုက်ရင် အချို့အခြေအနေတွေဟာ ပိုဆိုးလာတတ်ပါတယ်။ စိတ်ပြောင်းလဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အိပ်စက်ပုံပြောင်းလဲခြင်း အစရှိတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေကို ကာကွယ်ဖို့ ဆရာဝန်က ဆေးပမာဏကို ဖြည်းဖြည်းချင်း လျှော့သွားပေးမှာဖြစ်ပါတယ်။ အသစ်ဖြစ်လာတဲ့ ပိုဆိုးလာတဲ့ လက္ခဏာတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဒီဆေးဟာ ချက်ချင်း အစွမ်းမပြပါဘူး။ ဆေးစွမ်းပြဖို့ တစ်ပတ်လောက် ကြာမြင့်နိုင်ပါတယ်။ ဆေးအာနိသင် အပြည့်ရဖို့ လေးပတ်လောက်ကြာမြင့်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေ မသက်သာ ရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

 

 

Amitriptyline ကိုဘယ်လိုသိုလှောင်သိမ်းဆည်းထားသင့်ပါသလဲ။

ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်
Amitriptyline ကို တိုက်ရိုက်နေရောင်ခြည် မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံး သိုလှောင်သိမ်းဆည်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amitriptyline ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amitriptyline ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။
Amitriptyline ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

Amitriptyline ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

Amitriptyline မသောက်ခင် အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • Amitriptyline (သို့) အခြားဆေးတွေနဲ့ ဓါတ်မတည့်ရင်
  • cisapride (Propulsid) (သို့) monoamine oxidase (MAOI) ဥပမာ- isocarboxazid (Marplan)၊ phenelzine (Nardil), selegiline (Eldepryl၊ Emsam၊ Zelapar)၊ tranylcypromine (Parnate) တွေ သောက်နေရင် (သို့) MAOI ကို လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း သောက်ခဲ့ဖူးရင်
  •  အခြားဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ၊ဘယဆေးတွေ သောက်နေတာ ရှိရင်
  •  အောက်ဖေါ်ပြပါဆေးတွေ သောက်နေရင်

antihistamines ၊ cimetidine (Tagamet) ၊ ဆီးဆေး ၊ disulfiram (Antabuse)၊ guanethidine (Ismelin)၊ ipratropium (Atrovent)၊ quinidine (Quinidex)၊ နှလုံးစည်းချက်မမှန်ခြင်းအတွက်ပေးသောဆေးများ (ဥပမာ- flecainide (Tambocor) နဲ့ propafenone (Rythmol)) ၊ စိုးရိမ်ပူပန်မှုကို လျော့နည်းစေသောဆေးများ၊ ပန်းနာရင်ကျပ်ဆေး ၊ အဖျားပျောက်ဆေး၊ စိတ်ရောဂါကုဆေးများ၊ ပျို့ အန်မှုကို သက်သာစေသောဆေးများ၊ ပါကင်ဆန်ရောဂါဆေးများ၊ အတက်ရောဂါ၊ အနာ နှင့် ဆီးလမ်းကြောင်းပြဿနာများအတွက် သုံးသောဆေးများ၊ အခြား စိတ်ကျရောဂါကုဆေးများ၊ phenobarbital (Bellatal, Solfoton)၊ အိပ်ဆေး၊ selective serotonin reuptake inhibitors (SSRIs) ဥပမာ- citalopram (Celexa)၊ fluoxetine (Prozac၊ Sarafem)၊ fluvoxamine (Luvox)၊ paroxetine (Paxil) နဲ့ sertraline (Zoloft)၊ စိတ်ငြိမ်ဆေး ၊ သိုင်းရွိုက်ရောဂါအတွက်ပေးသောဆေးများ။

  •  နှလုံးရပ်ခြင်း မကြာသေးမီက ဖြစ်ဖူးရင်
  • အရက်သောက်ရင် (သို့) ရေတိမ်ရှိရင်၊ ဆီးကျိတ်ကြီးရင်၊ ဆီးသွားရခက်ခြင်း၊ တက်ခြင်း၊ စိတ်ကစဥ့်ကလျားရောဂါ၊ အသည်း၊ ကျောက်ကပ်၊ နှလုံးရောဂါတွေရှိရင်
  •  ကိုယ်ဝန်ရှိရင်၊ ကိုယ်ဝန်ယူဖို့ စိတ်ကူးရှိရင်၊ ကလေးနို့တိုက်နေရင်။ ဆေးသောက်နေစဉ် ကိုယ်ဝန် ရှိသွားရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။ ဆေးသောက်နေစဉ် ကလေးနို့မတိုက်သင့်ပါဘူး။
  • အသက် ၆၅ နှစ်နဲ့ အထက်ဖြစ်ရင် ဒီဆေးရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်နဲ့ မေးမြန်းတိုင်ပင်သင့်ပါတယ်။အသက်ကြီးသူတွေမှာ ဒီဆေးဟာ အခြားဆေးတွေလောက် လုံခြုံစိတ်ချမှုနှင့် အစွမ်းအာနိသင်မရှိတာကြောင့် မသောက်သုံးသင့်ပါဘူး။
  •  ခွဲစိတ်မှု (သို့) သွားခွဲစိတ်မှု ပြုလုပ်တော့မယ်ဆိုရင်
  •  ဒီဆေးဟာ အိပ်ငိုက်ခြင်းကို ဖြစ်စေတာကြောင့် ဆေးသောက်ထားရင် ကားမောင်းခြင်း (သို့) စက်ကိရိယာတစ်ခုခု အသုံးပြုခြင်းကို မပြုလုပ်သင့်ပါဘူး။
  • အရက်ဟာ ဒီဆေးကြောင့် ဖြစ်တဲ့ အိပ်ငိုက်ခြင်းကို ပိုဆိုးစေပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေတဲ့အချိန်မှာ သောက်ဖို့ စိတ်ချရရဲ့လား။

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် C ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  •  A=ဆိုးကျိုးမရှိပါ။
  •  B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
  •  C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  •  D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  •  X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  •  N=အခြေအနေကို မသိရသေးပါ။

ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်များတွင် စိတ်ချရမှုရှိမရှိကို မသိရသေးသည့် ဆေးဝါးများနှင့်ပတ်သက်၍ ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုများအမြဲလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Amitriptyline က ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အိပ်ငိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ဝမ်းချုပ်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ဆီးသွားရခက်ခဲခြင်းတွေ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေတွေ ဆက်ရှိနေရင် (သို့) ပိုဆိုးလာရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ခေါင်းမူးခြင်းနဲ့ ရီဝေဝေဖြစ်ခြင်းကို လျှော့ချဖို့ ထိုင်နေရာက (သို့) လှဲနေရာက ထရင် ဖြည်းညင်းစွာ ထသင့်ပါတယ်။ ပါးစပ်ခြောက်ခြင်းကို သက်သာစေဖို့ သကြားမပါတဲ့ သကြားလုံး၊ ရေခဲ၊ သကြားမပါတဲ့ ပီကေတွေကို စားနိုင်ပြီး ရေသောက်ခြင်း (သို့) တံတွေးအစားထိုး ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့ အတွက် အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကိုစားခြင်း၊ ရေများစွာသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီဆေးသောက်နေတုံး ဝမ်းချုပ်ရင် ဆရာဝန်ကို ဝမ်းသွားဆေး ပေးဖို့ တိုင်ပင်နိုင်ပါတယ်။

သင့်ဆရာဝန်က ဒီဆေးပေးဖို့ ဆုံးဖြတ်ခြင်းဟာ ရတဲ့ ကောင်းကျိုးက ဖြစ်နိုင်ချေရှိတဲ့ဆိုးကျိုးတွေထက် ပိုများနေလို့ပဲဖြစ်ပါတယ်။ ဒီဆေးသောက်နေတဲ့ လူအတော်များများမှာတော့ ပြင်းထန်တဲ့ ဆိုးကျိုးတွေ ခံစားရခြင်း မရှိပါဘူး။
ရှားပါးပေမယ့် ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အညိုအမဲ စွဲလွယ်ခြင်း၊ ရင်ပူခြင်း၊ ရင်တုန်ခြင်း၊ မျက်နှာဖုံးတပ်ထားသလို မျက်နှာဖေါ်ပြမှုများ၊ ကြွက်သားဆတ်ခနဲ တုန်ခြင်း၊ ဗိုက်နာခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊ ရင်သားနာကျင်ခြင်းတွေ ဖြစ်ရင် ဆရာဝန်ကို ချက်ခြင်း ပြောပြသင့်ပါတယ်။

ရှားပါးပေမယ့် ပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဝမ်းမည်းမည်းသွားခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ပြင်းထန်စွာ ခေါင်းမူခြင်း၊ မေ့လဲခြင်း၊ တက်ခြင်း တွေ ဖြစ်ရင် ဆရာဝန်ကို ချက်ခြင်း အကြောင်းကြားသင့်ပါတယ်။

ဒီဆေးဟာ အလွန်ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ neuroleptic malignant syndrome (NMS) ကို ရှားပါးစွာ ဖြစ်စေနိုင်ပါတယ်။ အောက်ဖေါ်ပြပါ လက္ခဏာတွေ ရှိရင် အရေးပေါ်ကုသမှု ယူသင့်ပါတယ်။ ဖျားခြင်း၊ ကြွက်သား တောင့်တင်းခြင်း၊ စိတ်ရှုပ်ခြင်း၊ ချွေးထွက်ခြင်း၊ ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်း။

ပြင်းထန်စွာ ဓါတ်မတည့်မှုကတော့ ရှားပါးပေမယ့် ဓါတ်မတည့်မှု လက္ခဏာတွေဖြစ်တဲ့ အနီကွက်ထခြင်း၊ အသက်ရှူကျပ်ခြင်း၊ မျက်နှာ၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း ရောင်ရမ်းခြင်းတွေဖြစ်ရင် အရေးပေါ်ကုသမှု ခံယူသင့်ပါတယ်။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။

ထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဝါးဓာတ်ပြုမှုများ

ဘယ်ဆေးဝါးတွေက Amitriptyline နဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်သလဲ။

Amitriptyline ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။

တုတ်ကွေးပျောက်ဆေး၊ ဓါတ်မတည့်မှုအတွက် ဆေး၊ စိတ်ငြိမ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အိပ်ဆေး၊ ကြွက်သားတင်းမှု လျော့ဆေး၊ အတက်ပျောက်ဆေး၊ စိတ်ပူမှု ပျောက်ဆေးတွေဟာ ဒီဆေးကြောင့်ဖြစ်တဲ့ အိပ်ငိုက်ခြင်းကို ပိုဆိုးစေပါတယ်။ အထက်ဖေါ်ပြပါဆေးတွေ (သို့) အခြားစိတ်ကျခြင်းအတွက် သောက်နေတဲ့ ဆေးတွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဒီဆေးမသောက်ခင်မှာ SSRI anti-depressants ကို လွန်ခဲ့တဲ့ ငါးပတ်အတွင်းသောက်ခဲ့ရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ဥပမာ citalopram (Celexa), escitalopram (Lexapro)၊ fluoxetine (Prozac၊ Sarafem၊ Symbyax)၊ fluvoxamine (Luvox)၊ paroxetine (Paxil) (သို့) sertraline (Zoloft)။

သင်သောက်နေတဲ့ ဆေးအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အထူးသဖြင့်

• Cimetidine (Tagamet)
• Isoniazid (for treating tuberculosis)
• Methimazole (Tapazole)
• Nicardipine (Cardene)
• Ropinirole (Requip)
• St. John’s wort
• Ticlopidine (Ticlid)
•ပိုးသတ်ဆေး ဥပမာ- terbinafine (Lamisil)
• ငှက်ဖျားဆေးများ – chloroquine (Arelan) ၊ pyrimethamine (Daraprim) ၊ quinine (Qualaquin)
• HIV / AIDS ဆေးများ ။ ဥပမာ- delavirdine (Rescriptor) (သို့) ritonavir (Norvir, Kaletra)
• စိတ်ရောဂါကုဆေးများ ။ ဥပမာ- aripiprazole (Abilify), chlorpromazine (Thorazine), clozapine (Clozaril, fazaclo), fluphenazine (Permitil, Prolixin), haloperidol (Haldol), perphenazine (Trilafon),  thioridazine (Mellaril);
• နှလုံးစည်းချက်မှန်စေသော ဆေးများ။ ဥပမာ- amiodarone (Cordarone, Pacerone), dofetilide (Tikosyn), ibutilide (Corvert), or sotalol (Betapace)၊ disopyramide (Norpace), dronedarone (Multaq), flecainide (Tambocor), mexiletine (Mexitil), procainamide (Pronestyl), propafenone (Rythmol), or quinidine (Quin-G).

အစားအသောက် ဒါမှမဟုတ် အရက်သေစာတွေက Amitriptyline နဲ့ ဓာတ်ပြုနိုင်ပါသလား။

Amitriptyline က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။ အထူးသဖြင့်

  •  ဆေးလိပ်
  •  Ethanol

ဘယ်လိုကျန်းမာရေးအခြေအနေတွေက Amitriptyline နဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိမလဲ။Amitriptyline ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

  •  စိတ်အတက်အကျမြန်ရောဂါ
  •  နှလုံးရပ်ခြင်း
  •  ဆီးချို
  •  ရေတိမ်
  •  နှလုံးရောဂါ
  •  သိုင်းရွိုက်ဂလင်း အလုပ်အလွန်အကျွံလုပ်ခြင်း
  •  စိတ်ကစဉ့်ကလျားရောဂါ
  •  တက်ခြင်း
  •  ဆီးကျန်ခြင်း
  •  အသည်းရောဂါ

ဆေးသောက်သုံးရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးဝါးကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

အရွယ်ရောက်ပြီးသူတွေမှာ Amitriptyline ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

စိတ်ကျခြင်း အတွက် လူကြီးသောက်ရန်
Initial dose: 25 to 100 mg သောက်ဆေးကို တစ်ရက် ၃ -၄ ကြိမ်ခွဲသောက်ရန် (သို့) 50 to 100 mg

ညဖက်အိပ်ခါနီးအချိန်သောက်ချိန်

Maintenance dose: 25 to 150 mg တစ်ရက်ကို တစ်ကြိမ် (သို့) ၃-၄ ကြိမ်ခွဲသောက်ရန်။ ရာသီမလာခင် စိတ်ဓါတ်ကျခြင်းအတွက် ညဖက်အိပ်ချိန်တစ်ရက်ကိုတစ်ကြိမ် 25 mgသောက်ရန်။ ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ဆေးရုံတက်နေတဲ့လူနာတွေမှာ တစ်နေ့ကို 300mg သာ လိုအပ်ပါတယ်။ ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ပမာဏအများကြီးသောက်နေတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက်ကို ၄ ကြိမ်ထိပေးနိုင်သည်။ ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

ခေါင်းကိုက်ခြင်း ကာကွယ်ဖို့ အတွက် လူကြီးသောက်ရန်

10 mg တစ်ရက်တစ်ကြိမ်ညဖက်အိပ်ချိန်သောက်ရန်

Dysthymia အတွက် လူကြီးသောက်ရန်

Initial dose: 75 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။
Maintenance dose: 150 to 300 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။ ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။

ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ပမာဏအများကြီးသောက်နေတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက် ၄ ကြိမ်ထိတိုးပြီးပေးနိုင်သည်။ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

နာကျင်မှု အတွက် လူကြီးသောက်ရန်

Initial dose: 75 mg သောက်ဆေးတစ်ရက်တစ်ကြိမ် (သို့) ခွဲပေးနိုင်သည်။
Maintenance dose: 150 to 300 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။ ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ပမာဏအများကြီးသောက်နေတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက် ၄ ကြိမ်ထိတိုးပြီးပေးနိုင်သည်။ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

ဒဏ်ရာရအပြီး စိတ်ရောဂါ အတွက် လူကြီးသောက်ရန်

Initial dose: 75 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။
Maintenance dose: 150 to 300 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။ ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ပမာဏအများကြီးသောက်နေတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက် ၄ ကြိမ်ထိတိုးပြီးပေးနိုင်သည်။ ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

Somatoform Pain Disorder အတွက် လူကြီးသောက်ရန်

Initial dose: 75 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။
Maintenance dose: 150 to 300 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) အကြိမ်ရေခွဲပြီးသောက်နိုင်သည်။
ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ပမာဏအများကြီးသောက်နေတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက် ၄ ကြိမ်ထိတိုးပြီးပေးနိုင်သည်။ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

ကလေးငယ်တွေမှာ Amitriptyline ကို သောက်သုံးရမယ့်အချိုးအစားက ဘယ်လောက်လဲ။

စိတ်ကျခြင်း အတွက် ကလေးသောက်ရန်

၉ နှစ် မှ ၁၂ နှစ်ကြား ။
Initial dose: 1 mg/kg/day သောက်ဆေးကို ၃ကြိမ်ခွဲပြီးသောက်ရန်။
Maintenance dose: 1 to 5 mg/kg/day ၃ကြိမ်ခွဲပေးရန်. ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ECG၊ သွေးပေါင်၊ နှလုံးစစ်ဆေးခြင်းတွေကို ဆေးပမာဏ 3 mg/kg/day ထက်ပိုတဲ့ လူနာတွေမှာ ပြုလုပ်သင့်ပါတယ်။
၁၂ နှစ် မှ ၁၈ နှစ်ကြား ။
Initial dose: 25 to 50 mg သောက်ဆေး တစ်ရက်တစ်ကြိမ် (သို့) ၃-၄ ကြိမ်ခွဲပေးနိုင်သည်။
Maintenance dose: တစ်ရက်ကို ပမာဏ 20 to 200 mg ကို အကြိမ်ရေများခွဲပေးနိုင်သည်။ 3 mg/kg/day ဆေးပမာဏကို တဖြည်းဖြည်းချင်း မြှင့်တင်သင့်ပါတယ်။ ဆေးဒဏ်မခံနိုင်တဲ့ လူနာတွေအတွက် 10mg တစ်နေ့သုံးကြိမ် (သို့) ညအချိန်မှာ 20mg သောက်ခြင်းဟာ လုံလောက်ပါတယ်။
20 to 30 mg အသားဆေး တစ်ရက်ကို ၄ကြိမ် ။ ဖြစ်နိုင်သမျှမြန်မြန်လူနာကို သောက်ဆေးပြောင်းပေးသင့်သည်။

နာကျင်မှု အတွက် ကလေးသောက်ရန်

၁ နှစ် မှ ၁၂ နှစ်ကြား ။
Initial dose: 0.1 mg/kg သောက်ဆေးညဖက်အိပ်ချိန်တွင်ပေးရန် ။
Maintenance dose: ခံနိုင်ရည်အားပေါ်မူတည်ပြီး ၂-၃ ပတ်တွင် 0.5 to 2 mg/kg ညဖက်အိပ်ချိန်တွင်ပေးရန်ဆေးပမာဏတိုးနိုင်သည်။
၁၂ နှစ် မှ ၁၈ နှစ်အကြား ။
Initial dose: 25 mg နေ့စဉ် တစ်ရက်နှစ်ကြိမ်
Maintenance dose:တစ်ရက်ကို 50 to 200 mg ခွဲပြီးပေးနိုင်သည်။ ဆေးပမာဏတိုးခြင်းကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သင့်သည်။

ခေါင်းကိုက်ခြင်း ကာကွယ်ဖို့ အတွက် ကလေးသောက်ရန်

၆ နှစ်မှ ၁၂ နှစ်ကြား။ 0.25 to 1.5 mg/kg/day နေ့စဉ် တစ်ရက်တစ်ကြိမ်ညဖက်အိပ်ချိန်ပေး၇န်။ ဆေးပမာဏတိုးခြင်းကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သင့်သည်။
၁၂ နှစ် မှ ၁၈ နှစ်အကြား ။
Initial dose: 25 mg နေ့စဉ် တစ်ရက်နှစ်ကြိမ်
Maintenance dose: တစ်ရက် ကို 50 to 200 mg ပမာဏခွဲပြီးပေးရန်။ ဆေးပမာဏတိုးခြင်းကို ဖြည်းဖြည်းချင်းသာ လုပ်ဆောင်သင့်သည်။

ဆီးမထိန်းနိုင်ခြင်းအတွက် အတွက် ကလေးသောက်ရန်

၂ နှစ်မှ ၆ နှစ်ကြားကလေး ။ 10 mg သောက်ဆေး ညဖက်အိပ်ရာဝင်ခါနီးအချိန် ပေးရန်။

Amitriptyline ကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

Amitriptyline ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
သောက်ဆေးပြား: 10 mg, 25 mg, 50 mg, 75 mg, 100 mg, 150 mg

အရေးပေါ်အခြေအနေတွေ၊ ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးလွန်တဲ့ လက္ခဏာတွေကတော့

• နှလုံးခုန်မမှန်ခြင်း
• တက်ခြင်း
• ကိုမာဝင်ခြင်း
• စိတ်ရှုပ်ခြင်း
• အာရုံစိုက်ရခက်ခြင်း
• ဂယောင်ကတမ်းဖြစ်ခြင်း
• စိတ်တိုခြင်း
• အိပ်ငိုက်ခြင်း
• ကြွက်သားမာတောင့်ခြင်း
• အန်ခြင်း
• ဖျားခြင်း
• ကိုယ်ခန္ဓာ အေးခြင်း တွေပဲ ဖြစ်ပါတယ်။

ဆေးသောက်ဖို့ လွတ်သွားခဲ့ရင် (မေ့သွားခဲ့ရင်) ဘာလုပ်ရမလဲ။

Amitriptyline ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

တည်းဖြတ်သည့်နေ့ ဇူလိုငျ 27, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဇူလိုငျ 27, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ