Generic Name: Amitase (အမိုင်တေ့စ်) Brand Name(s): Generics only. No brands available.

အသုံးပြုပုံများ

Amitase (အမိုင်တေ့စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

ခါးနာခြင်း၊ကျောအောင့်ခြင်း၊အရိုးအဆစ်များနာကျင်ခြင်း၊ရူမတွိုက်အဆစ်ရောင်ရောဂါ၊အရိုးပွရောဂါ၊ကြွက်သားနာကျင်ခြင်း၊carpel tunnel syndrome ဟုခေါ်သော ရောဂါတမျိုး၊ခေါင်းတခြမ်းကိုက်ခြင်း၊ခေါင်းတဆစ်ဆစ်ထိုးကိုက်ခြင်း စတဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက် Amitase ကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ထိပ်ခတ်နာဖြစ်ခြင်း၊အသံအိုးရောင်ခြင်း၊လည်ချောင်းနာခြင်း၊နားပိုးဝင်ခြင်း၊ခွဲစိတ်ပြီးနောက် ရောင်ရမ်းခြင်း၊သွေးပြန်ကြောရောင်ရမ်းပြီး သွေးခဲခြင်း၊ulcerative colitis နဲ့Crohn’s disease ကဲ့သို့သော အူလမ်းကြောင်းရောင်ရမ်းခြင်း အစရှိတဲ့ ရောင်ရမ်းနာကျင်ခြင်းတွေအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

နှလုံးရောဂါနဲ့ သွေးကြောကျဉ်းခြင်း၊မာခြင်းတွေအတွက်လည်း serrapeptase ကို အသုံးပြုနိုင်ပါသေးတယ်။ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်တွေ၊နို့တိုက်မိခင်တွေမှာ ဖြစ်လေ့ရှိတဲ့ ရင်သားရောင်ရမ်းခြင်းတွေကို ကုသဖို့အတွက်လည်း သုံးစွဲနိုင်ပါတယ်။ဆီးချို၊ခြေထောက်အနာဖြစ်ခြင်း၊ပန်းနာရင်ကျပ်ရောဂါ၊ပြည်တည်နာ စတာတွေကို ပျောက်ကင်းသက်သာဖို့ ဒီဆေးကို အသုံးပြုနိုင်ပါတယ်။

Amitase (အမိုင်တေ့စ်) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးညွှန်းမှာဖော်ပြထားတာတွေကို အတိအကျ လိုက်နာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ပမာဏထက်ပိုသောက်ခြင်း၊သတ်မှတ်ထားတဲ့ ကာလထက်ပိုပြီး စွဲသောက်ခြင်းတို့ကို မပြုလုပ်ရပါဘူး။ဆေးပြားအနေနဲ့ လာလေ့ရှိပြီး အစာရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ သုံးစွဲနိုင်ပါတယ်။

Amitase (အမိုင်တေ့စ်) ဘယ်လိုသိမ်းဆည်းရမလဲ

[ယေဘူယျ အသိပေးချက် – ဆေးအများစုမှာ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်ပါတယ်)

Amitase ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားတာက အကောင်းဆုံးသိုလှောင်သိမ်းဆည်းတဲ့နည်းပဲဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်တာနဲ့ ဆေးအနေအထားပျက်ယွင်းမှုတွေမဖြစ်အောင်လို့ Amitase ကို ရေချိုးခန်းထဲမှာသိမ်းဆည်းတာနဲ့ ရေခဲအောင် သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။ Amitase ဆေးအမျိုးအစားနဲ့၊ ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူကို မေးမြန်းတာမျိုးကိုအမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။)

Amitase ကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ ဆေးချတာမျိုးကို မလုပ်သင့်ပါဘူး။ ဆေးဝါးတွေကိုမလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးများကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ပတ်သက်လို့ သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပါ။

(ယေဘူယျအသိပေးချက် – ဆေးဝါးအများစုကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းနိုင်ပါတယ်။ ရေခဲအောင် သိမ်းဆည်းခြင်းတော့ မပြုလုပ်ရပါ)

Amitase ကိုရေခဲသေတ္တာထဲတွင် သိမ်းဆည်းခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဆေးအာနိသင်ပျက်ပြယ်နိုင်တဲ့အတွက် ရေခဲအောင်မလုပ်ရပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Amitase (အမိုင်တေ့စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Amitase ကိုမသောက်သုံးခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အသည်း သို့မဟုတ် ကျောက်ကပ်ရောဂါရှိဖူးသူတွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေသူတွေမှာ သတိထားပြီးသုံးစွဲသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Amitase (အမိုင်တေ့စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိကို ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သော လေ့လာစမ်းသပ်ချက်များမရှိပါ။ ဆေးမသောက်သုံးမီတွင် ဖြစ်နိုင်ချေကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

ဘေးထွက်ဆိုးကျိုးများ

Amitase (အမိုင်တေ့စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

သွေးပြဿနာများ : Serrapeptase ဟာ သွေးခဲခြင်းကို နှောင့်ယှက်နိုင်တဲ့အတွက် သွေးထွက်လွန်ခြင်း၊သွေးယိုစီးခြင်းတွေကို ပိုဆိုးစေနိုင်ပါတယ်။ဒါကြောင့် သင့်မှာ သွေးနဲ့ပတ်သက်တဲ့ ပြဿနာတွေရှိနေရင် Serrapeptase ကို မသုံးစွဲခင် ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်သင့်ပါတယ်။

ခွဲစိတ်မှု : Serrapeptase ဟာ သွေးခဲခြင်းကို နှောင့်ယှက်နိုင်တဲ့အတွက် ခွဲစိတ်မှုပြုလုပ်နေချိန်နဲ့ ခွဲစိတ်အပြီးမှာ သွေးထွက်လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် နှစ်ပတ်အလိုလောက်ကစပြီး Serrapeptase သုံးစွဲခြင်းကို ရပ်ဆိုင်းထားရပါမယ်။

 

ဆေးဓာတ်ပြုမှုများ

ဘယ်ဆေးတွေက Amitase (အမိုင်တေ့စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Amitase ဟာ သင်အခုလောလောဆယ်သောက်သုံးနေတဲ့တခြားသော ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေအားလုံးရဲ့စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေအားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ ဆေးဝါးကျွမ်းကျင်သူကို အမြဲပြောပြပါ။ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မပါဘဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏကိုပြောင်းလဲခြင်းတွေမပြုလုပ်ပါနဲ့။သွေးခဲခြင်းကို နှေးစေတဲ့ ဆေးတွေ (သွေးကျဲဆေးတွေ၊သွေးမွှားဥဆန့်ကျင်ဆေးတွေ)ဟာ SERRAPEPTASE နဲ့ ဓာတ်ပြုနိုင်ပါတယ်။

Serrapeptase ဟာ သွေးခဲခြင်းကို လျော့နည်းစေနိုင်ပါတယ်။ဒါကြောင့် သွေးခဲခြင်းကို နှေးစေတဲ့ အခြားသော ဆေးတွေနဲ့ ပူးတွဲသုံးစွဲမယ်ဆိုရင် သွေးခြေဥခြင်း၊သွေးယိုစီးခြင်းတွေ ဖြစ်လာဖို့ အခွင့်အလမ်းများစေပါလိမ့်မယ်။အဆိုပါ ဆေးဝါးတွေကတော့ အက်စ်ပရင်၊clopidogrel (Plavix),diclofenac (Voltaren, Cataflam, others), ibuprofen (Advil, Motrin, others), naproxen (Anaprox, Naprosyn, others), dalteparin (Fragmin), enoxaparin (Lovenox), heparin, warfarin (Coumadin) နဲ့ အခြားဆေးများစွာ ဖြစ်ကြပါတယ်။

အစားအသောက်တွေနဲ့ အရက်က Amitase (အမိုင်တေ့စ်) နဲ့ ဓာတ်ပြုနိုင်သလား

Amitase က အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါးတွေအကျိုးသက်ရောက်မှုပုံစံနဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ချေ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေမဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Amitase (အမိုင်တေ့စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

Amitase ဟာ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓာတ်ပြုမှုတွေရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးသက်ရောက်မှုပုံစံပြောင်းလဲသွားတာတွေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးဖို့ အရေးကြီပါတယ်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Amitase (အမိုင်တေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

ဦးခေါင်းခွံတွင်းရှိ လေပေါက်များကို ခွဲစိတ်ကုသမှုပြုလုပ်ပြီးတဲ့အခါ ပါးရောင်ရမ်းခြင်းကို လျှော့ချရန် : serrapeptase ၁၀မီလီဂရမ်ကို ခွဲစိတ်မှုမပြုလုပ်ခင်နေ့မှာ သုံးကြိမ်၊ခွဲစိတ်ပြီးစ ညနေမှာ တကြိမ်၊ခွဲစိတ်ပြီး ငါးရက်တိတိ တနေ့ကို သုံးကြိမ်နှုန်းနဲ့ သုံးစွဲရပါမယ်။

ကလေးတွေအတွက် Amitase (အမိုင်တေ့စ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

{ယေဘူယျအသိပေးချက် – ကလေးလူနာများမှာ ဘယ်လောက်အချိုးအစားပေးရမလဲဆိုတာ အတည်မပြုရသေးပါ။ သင့်ကလေးငယ်အတွက် သောက်သုံးရန် စိတ်ချရမှုရှိချင်မှရှိနိုင်ပါလိမ့်မယ်။ ဘယ်ဆေးဝါးမဆို အသုံးမပြုရသေးခင်မှာ စိတ်ချရမှုအနေအထားကို အပြည့်အ၀နားလည်ဖို့ လိုအပ်ပါလိမ့်မယ်။ အချက်အလက်များ ထပ်မံရရှိရန်အတွက် သင့်ရဲ့ ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေးပါ

Amitase (အမိုင်တေ့စ်) ကိုဘယ်လိုရရှိနိုင်သလဲ

Amitase ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

Serratiopeptidase ၁၀ မီလီဂရမ်။

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Amitase ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သောက်သုံးရမယ့်အချိန်နဲ့ နီးကပ်နေပြီဆိုရင်တော့ လွတ်သွားတဲ့အကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်မှာပဲ သောက်လိုက်ပါ။ ဆေးပမာဏကို နှစ်ဆတိုးသောက်တာမျိုးမလုပ်ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ ဇနျနဝါရီ 15, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဇနျနဝါရီ 15, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ