အသုံးပြုပုံများ
Aminosteril (အမိုင်နိုစတီရဲလ်) ကို ဘာအတွက်အသုံးပြုကြသလဲ
Aminosteril® ကို ပါးစပ်မှအစာမစားနိုင်သော ကလေး များတွင် ပရိုတိန်းချို့တဲ့ခြင်းကို ကာကွယ်ရန် နှင့် ကုသရန် သုံးနိုင်သည်။
Aminosteril (အမိုင်နိုစတီရဲလ်) ဘယ်လိုသောက်သုံးသင့်သလဲ
Aminosteril® ကို ဆရာဝန်မှ သင့်သွေးကြောတွင်းသို့ ထိုးသွင်းပေးသည်။
Aminosteril (အမိုင်နိုစတီရဲလ်) ဘယ်လိုသိမ်းဆည်းရမလဲ
Aminosteril® ကို အခန်းအပူချိန်တွင် တိုက်ရိုက်အလင်း နှင့် စိုထိုင်းမှုတို့မှ ကင်းဝေးအောင် သိမ်းဆည်းရမည်။ ဆေးပျက်စီးခြင်းမှ ကာကွယ်ရန် Aminosteril® ကို ရေချိုးခန်း သို့မဟုတ် ရေခဲ သေတ္တာတွင် မသိမ်းဆည်းပါနှင့်။
Aminosteril® တွင် မတူညီသော ကုန်တံဆိပ်များစွာရှိသည်။ တံဆိပ်ပေါ် မူတည်ပြီး သိမ်းဆည်းမှုပုံစံ ကွဲပြားနိုင်သည်။ သိမ်းဆည်းမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များအတွက် ဆေး၏ ဘူးကို အမြဲစစ်ရန် အရေး ကြီးသည်။ သို့မဟုတ် ဆေးရောင်းသူနှင့် တိုင်ပင်ပါ။ ဆေးများအားလုံးကို ကလေးနှင့် အိမ်မွေး တိရစ္ဆာန်များမှ ဝေးရာနေရာတွင် ထားပါ။
ညွှန်ကြားထားခြင်းမရှိဘဲ Aminosteril® ကို အိမ်သာထဲ ထည့်ခြင်း၊ ရေဆင်းပိုက်ထဲ ထည့်ခြင်း မပြုပါနှင့်။ သက်တမ်းကုန်သွားပါက သို့မဟုတ် မလိုအပ်တော့ပါက ထိုထုတ်ကုန်ကို သင့်တော်စွာ စွန့်ပစ်ရန် အရေးကြီးသည်။ ထုတ်ကုန်ကို ဘေးကင်းစွာ စွန့်ပစ်နိုင်ရန် ဆေးဝါး ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Aminosteril (အမိုင်နိုစတီရဲလ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ
ဤဆေးကို မသုံးမီ အောက်ပါတို့ကို သိသင့်သည်။
- အလွန်မြန်စွာ သွင်းပါက ကျောက်ကပ်မှ ဆုံးရှုံး ခြင်းဖြစ်နိုင်ပြီး အမိုင်နိုအက်စစ် မမျှတမှုကို ဖြစ် စေသည်။
- Urea-N, အက်စစ် ဘေ့စ် မျှခြေ , သွေးရည် ကြည် ionogram, အသည်းအင်ဇိုင်းများ, အဆီ ပမာဏ, ရေမျှခြေ ကို ပုံမှန်စောင့်ကြည့်ပါ။ လိုအပ်ပါက သွေးရည်ကြည် အမိုင်နို အက်စစ် ကိုပါ စောင့်ကြည့်ပါ။
- အမိုင်နိုအက်စစ် ဇီဝကမ္မ ဖြစ်စဉ် ချို့ယွင်းခြင်း၊ သွေးတွင်း အက်စစ်ဓာတ်များခြင်း၊ ရေဓာတ် များခြင်း၊ ပိုတက်စီယမ်နည်းခြင်း
- ဆိုဒီယမ် နည်းခြင်း
- အသည်း သို့မဟုတ် ကျောက်ကပ် မကောင်းခြင်း
ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Aminosteril (အမိုင်နိုစတီရဲလ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား
ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်စဉ်တွင် Aminosteril® သုံးခြင်းသည် ဘေးကင်းသလား သေချာ မသိရှိပါ။ Aminosteril® မသောက်မီ ဖြစ်ပေါ်နိုင်သော ကောင်းကျိုး နှင့် ဆိုးကျိုးကို ချိန်ညှိရန် ဆရာဝန် နှင့် အမြဲ တိုင်ပင်ပါ။
ဘေးထွက်ဆိုးကျိုးများ
Aminosteril (အမိုင်နိုစတီရဲလ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
ဘေးထွက်ဆိုးကျိုးအချို့မှာ-
- အရေပြား နီရဲ၍ ရောင်ခြင်း
- သွေးပြန်ကြော ရောင်ခြင်း
လူတိုင်းတွင် ထိုဘေးထွက်ဆိုးကျိုးများ မဖြစ်နိုင်ပါ။ အထက်တွင် ဖော်ပြမထားသော ဘေးထွက်ဆိုးကျိုးများ လည်း ရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးများကို စိုးရိမ်ပါက ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓာတ်ပြုမှုများ
ဘယ်ဆေးတွေက Aminosteril (အမိုင်နိုစတီရဲလ်) နဲ့ ဓာတ်ပြုနိုင်သလဲ
Aminosteril® သည် လက်ရှိသောက်နေသော အခြားဆေးများနှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏အလုပ်လုပ်ပုံကို ပြောင်းလဲစေနိုင်သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။
ဖြစ်ပေါ်လာနိုင်သော ဆေး တုံ့ပြန်မှုများ ကို ရှောင်ရန် သင်အသုံးပြုနေသော ဆေးများ အားလုံးကို စာရင်းပြုပြီး ဆရာဝန်၊ ဆေးဝါးပညာရှင်အား ပြပါ။ ဘေးကင်း စေရန် ဆရာဝန် သဘောတူမှုမပါဘဲ ဆေးပမာဏ ကို ပြောင်းခြင်း၊ ရပ်ခြင်း၊ စတင်ခြင်း မပြုပါနှင့်။
အစားအသောက်တွေနဲ့ အရက်က Aminosteril (အမိုင်နိုစတီရဲလ်) နဲ့ ဓာတ်ပြုနိုင်သလား
Aminosteril® သည် အစာ သို့မဟုတ် အရက် နှင့် ဓာတ်ပြုနိုင်ပြီး ဆေး၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေ သည်။ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ချေကို မြင့်စေသည်။ ဆေးမသောက်မီ အစာ သို့မဟုတ် အရက်နှင့် ဓာတ်ပြုခြင်း ဖြစ်နိုင်သလားကို ဆရာဝန်၊ ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ဘယ်ရောဂါအခြေအနေတွေက Aminosteril (အမိုင်နိုစတီရဲလ်) နဲ့ ဓာတ်ပြုနိုင်သလဲ
Aminosteril® သည် သင့်ကျန်းမာရေး အခြေ အနေများနှင့် အပြန်အလှန်သက်ရောက်မှုရှိသည်။ ထိုသက်ရောက်မှုသည် သင့်ကျန်းမာရေး အခြေအနေကို ပိုဆိုးစေခြင်း သို့မဟုတ် ဆေး၏အလုပ်လုပ်ပုံ ပြောင်းသွားခြင်း ကိုဖြစ်စေနိုင် သည်။ သင့်တွင် လက်ရှိ ရှိနေသော ကျန်းမာရေး အခြေအနေ အားလုံးကို ဆရာဝန်နှင့် ဆေးဝါးပညာရှင်အား အသိပေးထား ရန် အရေးကြီးသည်။
သောက်သုံးရန်အညွှန်း
ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်
အရွယ်ရောက်ပြီးသူတွေအတွက် Aminosteril (အမိုင်နိုစတီရဲလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
အရွယ်ရောက်သူများအတွက် ဆေးပမာဏကို အတိ အကျ သတ်မှတ်ထားခြင်း မရှိပါ။ အသုံးမပြုခင် ဘေးကင်းမှုကို အပြည့်နားလည်ရန် အရေးကြီးသည်။ ပိုမို သော အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နှင့် တိုင်ပင်ပါ။
ကလေးတွေအတွက် Aminosteril (အမိုင်နိုစတီရဲလ်) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ
တစ်နေ့ အများဆုံးသွေးကြောတွင်းထိုးသော ပမာဏသည်
- ၁၁-၁၄ နှစ်ကလေး။ ၁၀ ဂရမ်/ ကီလိုဂရမ် ကိုယ်အလေးချိန်
- ၆-၁၀ နှစ်ကလေး။ ၁ ဂရမ်/ ကီလိုဂရမ် ကိုယ် အလေးချိန်
- ၂-၅ နှစ်ကလေး။ ၁.၅ ဂရမ်/ ကီလိုဂရမ် ကိုယ် အလေးချိန်
- ၁ နှစ်ကလေး။ ၁.၅ – ၂.၅ ဂရမ်/ ကီလိုဂရမ် ကိုယ် အလေးချိန်
အများဆုံးနှုန်း။ ၀.၁ ဂရမ်/ ကီလိုဂရမ် ကိုယ်အလေးချိန်/ နာရီ သို့မဟုတ် ၁.၆၇ မီလီလီတာ/ကီလိုဂရမ် ကိုယ်အလေး ချိန်/ နာရီ
Aminosteril (အမိုင်နိုစတီရဲလ်) ကိုဘယ်လိုရရှိနိုင်သလဲ
Aminosteril® ကို အောက်ပါ ပုံစံ၊ ပြင်းအား များဖြင့် ရနိုင်ပါ သည်။
- Aminosteril® Infant 6% soln for infusion 100ml
အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။
အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးအလွန်အကျွံ သောက်မိပါက ဒေသတွင်း အရေးပေါ်ဌာနကို ခေါ်ပါ။ သို့ မဟုတ် အနီးဆုံး အရေးပေါ်အခန်းကို သွားပါ။
ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။
Aminosteril® သောက်ရန် မေ့သွားပါက တတ်နိုင် သလောက် မြန်မြန်ပြန် သောက်ပါ။ သို့သော်လည်း နောက်တစ်ကြိမ် သောက်ရန် အချိန်ရောက်သွားပါက မေ့သွားသော အကြိမ်ကို ကျော်ပြီး ပုံမှန်အတိုင်း ဆက်သောက်ပါ။ နှစ်ကြိမ် ထပ်မသောက်ပါနှင့်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
တည်းဖြတ်သည့်နေ့ အောကျတိုဘာ 19, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောက်တိုဘာ 19, 2017